ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း Garth Crooks က ပဲလေစ့်နဲ့ပွဲမှာ မြင်ခဲ့ရမှုအရ ဝါရင့်တောင်ပံသမား ဝီလီယမ်က ချယ်ဆီးရဲ့ အဓိကကျတဲ့ ကစားသမားဖြစ်နေတာကို မြင်တွေ့ခဲ့ရပါတယ်လို့ သုံးသပ်မှု ပြုလုပ်သွားခဲ့ပါတယ်။

ဘရာဇီးသားဟာ လန်ဒန်ဒါဘီပွဲမှာ ချယ်ဆီးအသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့တာပါ။ ကလပ်ရဲ့ ခေါင်းဆောင်တွေဖြစ်တဲ့ ကွီတာ အရန်စာရင်းမှာပဲ ရှိနေချိန်မှာ ဂျော်ဂျင်ဟိုကလည်း ပွဲပယ်ခံထားရတာဖြစ်တယ်။ ဝီလီယမ်ဟာ ချယ်ဆီးတို့ ၂-၀ နဲ့ အနိုင်ရမှုမှာ တိုက်စစ်အတွက် ထောက်တိုင်ဖြစ်ခဲ့သလို ခံစစ်ထိဆင်းပြီးလည်း အသင်းအတွက် ဘောလုံးပြန်ဆယ်ပေးဖို့ ကြိုးစားအားထုတ်ပေးခဲ့ပါတယ်။

အေဘရာဟမ်ရဲ့ အဖွင့်ဂိုးကလည်း ကိုဗာဆစ်ထံက လက်ခံရတဲ့ ဘောလုံးကို ဝီလီယမ် အကောင်းဆုံး ပံ့ပိုးပေးနိုင်မှုကနေ ရခဲ့တာဖြစ်တယ်။ ကွတ်ခ်ကတော့ ချယ်ဆီးရဲ့ အမှတ်ပေးပွဲ ၆ ပွဲဆက် အနိုင်မှာ အသက် ၃၁ နှစ်အရွယ် ဝီလီယမ်ရဲ့ အရေးပါမှုကို ချီးကျူးခဲ့ပြီး အခွင့်အရေး ဖန်တီးမှု ၄ ကြိမ်ထိ လုပ်နိုင်ခဲ့တဲ့ တောင်ပံတိုက်စစ်သမားဟာ လက်ရှိ ချယ်ဆီးအသင်းမှာ ကန်တေထက်တောင်မှ ပိုမိုအရေးပါတယ်လို့ သုံးသပ်ခဲ့ပါတယ်။

” ဝီလီယမ်ကို အသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးတာက လမ်းပတ်က ထူးချွန်တဲ့ လုပ်ဆောင်မှုကို လုပ်ပြခဲ့တာပါပဲ။ ဘရာဇီးသားက ချယ်ဆီးရဲ့ အဓိက ခေါင်းဆောင်တစ်ဦးဖြစ်ပြီး လူငယ်ကစားသမားတွေကို ဦးဆောင်မှုပေးဖို့ ပြည့်စုံတဲ့ ကစားသမားလည်းဖြစ်တယ်။ သူက ချယ်ဆီးရဲ့ အကောင်းဆုံး ကစားသမားလည်းဖြစ်ပြီး ကန်တေလို လေးစားလောက်တဲ့ အရည်အချင်းရှိတဲ့ အသင်းဖော်တွေကို တောင်းဆိုနိုင်ရုံတင်မကပဲ အတွေ့အကြုံနုနယ်တဲ့ လူငယ်တွေကိုလည်း ဦးဆောင်နိုင်ခဲ့ပါတယ်။

ပဲလေစ့်ရဲ့ ဧရိယာထဲမှာ အေဘရာဟမ် ဂိုးသွင်းနိုင်ဖို့အတွက် ဝီလီယမ်ရဲ့ ဖန်တီးပေးပို့ခဲ့မှုက တကယ်ကို အံ့မခန်းပါပဲ။ သူက အရမ်းကြီး မြန်ဆန်တဲ့ ကစားသမား မဟုတ်ပေမယ့် ပွဲအတွင်းမှာ သူ့ရဲ့ မြန်ဆန်လွန်းတဲ့ ပေးမှုတွေနဲ့ ဘောလုံးဖြန့်ပေးနိုင်မှုအတွက် တကယ်ကို ကျေးဇူးတင်ရမှာပဲ ဖြစ်ပါတယ် ” လို့ ကွတ်ခ်က သုံးသပ်ခဲ့တာဖြစ်တယ်။

ဒီရာသီစမှာ ဟာဇက်ရဲ့ ကျောနံပါတ် ၁၀ ကို ဆက်ခံခဲ့မှုအတွက် ဝီလီယမ်ဟာ ဝေဖန်ခံရမှုတွေ ရှိခဲ့သေးပေမယ့် ဘရာဇီးသားဟာ ပူလာဆစ်၊ အေဘရာဟမ်၊ မောင့်နဲ့ အိုဒွိုင်းလို ကစားသမားတွေကို ကလပ်အသင်း တိုက်စစ်မှာ နေရာကျလာဖို့ ကူညီပေးတဲ့ စီနီယာဖြစ်ပြီး သူနဲ့ ထိုက်တန်တဲ့ နံပါတ်ကို လွဲပြောင်းယူခြင်းဖြစ်ကြောင်း သက်သေထူလာခဲ့ပြီဖြစ်ပါတယ်။

ZAWGYI

ပရီးမီးယားလိဂ္ တိုက္စစ္မွဴးေဟာင္း Garth Crooks က ပဲေလစ့္နဲ႔ပြဲမွာ ျမင္ခဲ့ရမႈအရ ဝါရင့္ေတာင္ပံသမား ဝီလီယမ္က ခ်ယ္ဆီးရဲ႕ အဓိကက်တဲ့ ကစားသမားျဖစ္ေနတာကို ျမင္ေတြ႔ခဲ့ရပါတယ္လို႔ သံုးသပ္မႈ ျပဳလုပ္သြားခဲ့ပါတယ္။

ဘရာဇီးသားဟာ လန္ဒန္ဒါဘီပြဲမွာ ခ်ယ္ဆီးအသင္းရဲ႕ အသင္းေခါင္းေဆာင္အျဖစ္ တာဝန္ယူခဲ့တာပါ။ ကလပ္ရဲ႕ ေခါင္းေဆာင္ေတြျဖစ္တဲ့ ကီြတာ အရန္စာရင္းမွာပဲ ရွိေနခ်ိန္မွာ ေဂ်ာ္ဂ်င္ဟိုကလည္း ပြဲပယ္ခံထားရတာျဖစ္တယ္။ ဝီလီယမ္ဟာ ခ်ယ္ဆီးတို႔ ၂-၀ နဲ႔ အႏုိင္ရမႈမွာ တိုက္စစ္အတြက္ ေထာက္တိုင္ျဖစ္ခဲ့သလို ခံစစ္ထိဆင္းျပီးလည္း အသင္းအတြက္ ေဘာလံုးျပန္ဆယ္ေပးဖို႔ ၾကိဳးစားအားထုတ္ေပးခဲ့ပါတယ္။

ေအဘရာဟမ္ရဲ႕ အဖြင့္ဂိုးကလည္း ကိုဗာဆစ္ထံက လက္ခံရတဲ့ ေဘာလံုးကို ဝီလီယမ္ အေကာင္းဆံုး ပံ့ပိုးေပးႏုိင္မႈကေန ရခဲ့တာျဖစ္တယ္။ ကြတ္ခ္ကေတာ့ ခ်ယ္ဆီးရဲ႕ အမွတ္ေပးပြဲ ၆ ပြဲဆက္ အႏုိင္မွာ အသက္ ၃၁ ႏွစ္အရြယ္ ဝီလီယမ္ရဲ႕ အေရးပါမႈကို ခ်ီးက်ဴးခဲ့ျပီး အခြင့္အေရး ဖန္တီးမႈ ၄ ၾကိမ္ထိ လုပ္ႏိုင္ခဲ့တဲ့ ေတာင္ပံတိုက္စစ္သမားဟာ လက္ရွိ ခ်ယ္ဆီးအသင္းမွာ ကန္ေတထက္ေတာင္မွ ပိုမိုအေရးပါတယ္လို႔ သံုးသပ္ခဲ့ပါတယ္။

” ဝီလီယမ္ကို အသင္းေခါင္းေဆာင္အျဖစ္ တာဝန္ေပးတာက လမ္းပတ္က ထူးခၽြန္တဲ့ လုပ္ေဆာင္မႈကို လုပ္ျပခဲ့တာပါပဲ။ ဘရာဇီးသားက ခ်ယ္ဆီးရဲ႕ အဓိက ေခါင္းေဆာင္တစ္ဦးျဖစ္ျပီး လူငယ္ကစားသမားေတြကို ဦးေဆာင္မႈေပးဖို႔ ျပည့္စံုတဲ့ ကစားသမားလည္းျဖစ္တယ္။ သူက ခ်ယ္ဆီးရဲ႕ အေကာင္းဆံုး ကစားသမားလည္းျဖစ္ျပီး ကန္ေတလို ေလးစားေလာက္တဲ့ အရည္အခ်င္းရွိတဲ့ အသင္းေဖာ္ေတြကို ေတာင္းဆိုႏုိင္ရံုတင္မကပဲ အေတြ႔အၾကံဳႏုနယ္တဲ့ လူငယ္ေတြကိုလည္း ဦးေဆာင္ႏုိင္ခဲ့ပါတယ္။

ပဲေလစ့္ရဲ႕ ဧရိယာထဲမွာ ေအဘရာဟမ္ ဂိုးသြင္းႏုိင္ဖုိ႔အတြက္ ဝီလီယမ္ရဲ႕ ဖန္တီးေပးပို႔ခဲ့မႈက တကယ္ကို အံ့မခန္းပါပဲ။ သူက အရမ္းၾကီး ျမန္ဆန္တဲ့ ကစားသမား မဟုတ္ေပမယ့္ ပြဲအတြင္းမွာ သူ႔ရဲ႕ ျမန္ဆန္လြန္းတဲ့ ေပးမႈေတြနဲ႔ ေဘာလံုးျဖန္႔ေပးႏိုင္မႈအတြက္ တကယ္ကို ေက်းဇူးတင္ရမွာပဲ ျဖစ္ပါတယ္ ” လို႔ ကြတ္ခ္က သံုးသပ္ခဲ့တာျဖစ္တယ္။

ဒီရာသီစမွာ ဟာဇက္ရဲ႕ ေက်ာနံပါတ္ ၁၀ ကို ဆက္ခံခဲ့မႈအတြက္ ဝီလီယမ္ဟာ ေဝဖန္ခံရမႈေတြ ရွိခဲ့ေသးေပမယ့္ ဘရာဇီးသားဟာ ပူလာဆစ္၊ ေအဘရာဟမ္၊ ေမာင့္နဲ႔ အိုဒိြဳင္းလို ကစားသမားေတြကို ကလပ္အသင္း တိုက္စစ္မွာ ေနရာက်လာဖို႔ ကူညီေပးတဲ့ စီနီယာျဖစ္ျပီး သူနဲ႔ ထိုက္တန္တဲ့ နံပါတ္ကို လြဲေျပာင္းယူျခင္းျဖစ္ေၾကာင္း သက္ေသထူလာခဲ့ျပီျဖစ္ပါတယ္။