လီဗာပူး ဗဟိုခံစစ်မှူး ဗန်ဒိုက်က မန်စီးတီးဘက် ဦးဆောင်ဂိုး သွင်းလိုက်တဲ့ ဖာဘင်ညိုရဲ့ အဖွင့်ဂိုးကို အောင်ပွဲ မခံလိုက်ဖြစ်တဲ့ အကြောင်းအရင်းကို ဖွင့်ဟဝန်ခံမှု ပြုလုပ်လာပါတယ်။ ဟော်လန်သားဟာ ထိုစဉ်က VAR ရဲ့ စိစစ်မှု ရှိမလားနဲ့ အဖြေကို စောင့်ကြည့် နေခဲ့တာ ဖြစ်ကြောင်း ပြောဆိုလာပါတယ်။

မာဆေးဆိုဒ်ကလပ်ဟာ အနီးကပ်ပြိုင်ဘက် မန်စီးတီးကို အနိုင်ရခဲ့ပြီးတဲ့နောက် အမှတ်ပေးဇယားမှာ မန်ချက်စတာမြို့ခံအသင်းကို ၉ မှတ် ဖြတ်ခဲ့သလို လက်စတာနဲ့ ချယ်ဆီးကို ၈ မှတ်ထိ ဖြတ်ထားနိုင်ခဲ့ပြီဖြစ်တယ်။ ဒီရလဒ်တွေက အဆင့်ကောင်းမှာ လီဗာပူးကို ကာလရှည် ဆက်ရှိနေဖို့ အခွင့်အရေး ပေးလာခဲ့ပါပြီ။

လီဗာပူးရဲ့ အဖွင့်ဂိုးရတဲ့ အနေအထားမှာ ဖာဘင်ညို ဂိုးသွင်းခဲ့တာဖြစ်ပေမယ့် ဗန်ဒိုက်က အောင်ပွဲခံဖို့ စောင့်ဆိုင်းနေခဲ့တယ်။ ကွင်းလယ်ဒိုင် မိုက်ကယ်အိုလီဗာက VAR အဆုံးအဖြတ်ကို နားထောင်နေပြီး သွင်းဂိုးအဖြစ် အတည်ပြုပေးမှပဲ ဗန်ဒိုက်က စိတ်ပေါ့ပါးစွာ အောင်ပွဲခံနိုင်ခဲ့ပါတယ်။

ဗန်ဒိုက်က ‘ သွင်းဂိုးတိုင်းက ဂိုးဖြစ်မဖြစ်ဆိုတာ အချိန်ပေးဖို့ လိုပါတယ်။ ဒီတော့ ဂိုးအဖြစ် ခွင့်ပြုလားဆိုတာကို သိရဖို့ ကျနော် စောင့်နေခဲ့ပြီး အောင်ပွဲမခံခဲ့တာပါ။ ဒါပေမယ့် VAR က သွင်းဂိုးအဖြစ် သက်မှတ်ပေးပြီဆိုရင်တော့ အောင်ပွဲခံနိုင်ပါပြီ။ ဒါကို ဘယ်လိုမှ ပြောင်းလဲလို့ မရတော့ပါဘူး။ လက်ထိတဲ့ အနေအထားမှာ ဘာနာတိုက အရင်ထိတာလို့ ကျနေ်ာ မြင်ခဲ့တယ်။ အဲ့နောက် ထရန့်ကို ထိမိပါတယ်။ ကျနော် ဘာပြောနိုင်မလဲ။ အများကြီး ပြောလို့ ရပါတယ်။ ဒါပေမယ့် VAR က ဆုံးဖြတ်ပေးပြီဆိုရင် လက်ခံလိုက်ဖို့ပဲ ရှိပါတယ်။ ’ လို့ ဆိုခဲ့တယ်။

လီဗာပူးဟာ အမှတ်ပေးဇယားကို ရမှတ်အသာစီး ယူထားနိုင်ပေမယ့် စိတ်ကျေနပ်နေရမယ်လို့ ဗန်ဒိုက်က မထင်ပါဘူး။ ဆုဖလားနဲ့ ပက်သက်လို့ အမှန်တကယ် ဆုံးဖြတ်တဲ့ ကာလက မေလမှာဖြစ်ပြီး အဲ့သည်အချိန်ထိ ကလပ်အသင်းဟာ အကောင်းဆုံး ခြေစွမ်းတွေနဲ့ ဆက်သွားနိုင်ဖို့ လိုအပ်မယ်လို့ ဗန်ဒိုက်က မြင်ပါတယ်။

နယ်သာလန်သားကြီးက ‘ ကျနေ်ာတို့ အားလုံး သိရှိ ခံစားမိတာက ပွဲတွေ အများကြီး ကစားဖို့ ကျန်ပါတယ်။ အခုချိန်ကနေ မေလအတွင်းမှာ ဖြစ်နိုင်တာတွေ အများကြီးရှိတယ်။ ဒီတေ့ ကျနေ်ာတို့ အားလုံး ကြံ့ခိုင်နေဖို့ အကောင်းဆုံးလုပ်ဖို့ လိုပြီး လုပ်နိုင်ဖို့လည်း မျှော်လင့်ပါတယ်။ အခု ရောက်နေတဲ့ အဆင့်အတွက်တော့ ကျနေ်ာတို့ တကယ်ကို ပျော်ပါတယ်။ ဒါပေမယ့် တစ်ပွဲပြီး တစ်ပွဲ ကျနော်တို့ ဆက်လက် ကြိုးစားဖို့ လိုပါတယ် ’ လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

လီဗာပူး ဗဟိုခံစစ္မွဴး ဗန္ဒိုက္က မန္စီးတီးဘက္ ဦးေဆာင္ဂိုး သြင္းလိုက္တဲ့ ဖာဘင္ညိဳရဲ႕ အဖြင့္ဂိုးကို ေအာင္ပြဲ မခံလိုက္ျဖစ္တဲ့ အေၾကာင္းအရင္းကို ဖြင့္ဟ၀န္ခံမႈ ျပဳလုပ္လာပါတယ္။ ေဟာ္လန္သားဟာ ထိုစဥ္က VAR ရဲ႕ စိစစ္မႈ ရွိမလားနဲ႕ အေျဖကို ေစာင့္ၾကည့္ ေနခဲ့တာ ျဖစ္ေၾကာင္း ေျပာဆိုလာပါတယ္။

မာေဆးဆိုဒ္ကလပ္ဟာ အနီးကပ္ျပိဳင္ဘက္ မန္စီးတီးကို အႏုိင္ရခဲ့ျပီးတဲ့ေနာက္ အမွတ္ေပးဇယားမွာ မန္ခ်က္စတာျမိဳ႕ခံအသင္းကို ၉ မွတ္ ျဖတ္ခဲ့သလို လက္စတာနဲ႔ ခ်ယ္ဆီးကို ၈ မွတ္ထိ ျဖတ္ထားႏုိင္ခဲ့ျပီျဖစ္တယ္။ ဒီရလဒ္ေတြက အဆင့္ေကာင္းမွာ လီဗာပူးကို ကာလရွည္ ဆက္ရွိေနဖို႔ အခြင့္အေရး ေပးလာခဲ့ပါျပီ။

လီဗာပူးရဲ႕ အဖြင့္ဂိုးရတဲ့ အေနအထားမွာ ဖာဘင္ညိဳ ဂိုးသြင္းခဲ့တာျဖစ္ေပမယ့္ ဗန္ဒိုက္က ေအာင္ပြဲခံဖို႔ ေစာင့္ဆိုင္းေနခဲ့တယ္။ ကြင္းလယ္ဒိုင္ မိုက္ကယ္အိုလီဗာက VAR အဆံုုးအျဖတ္ကို နားေထာင္ေနျပီး သြင္းဂိုးအျဖစ္ အတည္ျပဳေပးမွပဲ ဗန္ဒိုက္က စိတ္ေပါ့ပါးစြာ ေအာင္ပြဲခံႏုိင္ခဲ့ပါတယ္။

ဗန္ဒိုက္က ‘ သြင္းဂိုးတိုင္းက ဂိုးျဖစ္မျဖစ္ဆိုတာ အခ်ိန္ေပးဖို႔ လိုပါတယ္။ ဒီေတာ့ ဂိုးအျဖစ္ ခြင့္ျပဳလားဆိုတာကို သိရဖို႔ က်ေနာ္ ေစာင့္ေနခဲ့ျပီး ေအာင္ပြဲမခံခဲ့တာပါ။ ဒါေပမယ့္ VAR က သြင္းဂိုးအျဖစ္ သက္မွတ္ေပးျပီဆိုရင္ေတာ့ ေအာင္ပြဲခံႏုိင္ပါျပီ။ ဒါကို ဘယ္လိုမွ ေျပာင္းလဲလို႔ မရေတာ့ပါဘူး။ လက္ထိတဲ့ အေနအထားမွာ ဘာနာတိုက အရင္ထိတာလို႔ က်ေန္ာ ျမင္ခဲ့တယ္။ အဲ့ေနာက္ ထရန္႔ကို ထိမိပါတယ္။ က်ေနာ္ ဘာေျပာႏုိင္မလဲ။ အမ်ားၾကီး ေျပာလို႔ ရပါတယ္။ ဒါေပမယ့္ VAR က ဆံုးျဖတ္ေပးျပီဆိုရင္ လက္ခံလိုက္ဖို႔ပဲ ရွိပါတယ္။ ’ လို႔ ဆိုခဲ့တယ္။

လီဗာပူးဟာ အမွတ္ေပးဇယားကို ရမွတ္အသာစီး ယူထားႏုိင္ေပမယ့္ စိတ္ေက်နပ္ေနရမယ္လို႔ ဗန္ဒိုက္က မထင္ပါဘူး။ ဆုဖလားနဲ႔ ပက္သက္လို႔ အမွန္တကယ္ ဆံုးျဖတ္တဲ့ ကာလက ေမလမွာျဖစ္ျပီး အဲ့သည္အခ်ိန္ထိ ကလပ္အသင္းဟာ အေကာင္းဆံုး ေျခစြမ္းေတြနဲ႔ ဆက္သြားႏုိင္ဖို႔ လိုအပ္မယ္လို႔ ဗန္ဒိုက္က ျမင္ပါတယ္။

နယ္သာလန္သားၾကီးက ‘ က်ေန္ာတို႔ အားလံုး သိရွိ ခံစားမိတာက ပြဲေတြ အမ်ားၾကီး ကစားဖို႔ က်န္ပါတယ္။ အခုခ်ိန္ကေန ေမလအတြင္းမွာ ျဖစ္ႏုိင္တာေတြ အမ်ားၾကီးရွိတယ္။ ဒီေတ့ က်ေန္ာတုိ႔ အားလံုး ၾကံ႕ခိုင္ေနဖို႔ အေကာင္းဆံုးလုပ္ဖို႔ လိုျပီး လုပ္ႏုိင္ဖို႔လည္း ေမွ်ာ္လင့္ပါတယ္။ အခု ေရာက္ေနတဲ့ အဆင့္အတြက္ေတာ့ က်ေန္ာတို႔ တကယ္ကို ေပ်ာ္ပါတယ္။ ဒါေပမယ့္ တစ္ပြဲျပီး တစ္ပြဲ က်ေနာ္တုိ႔ ဆက္လက္ ၾကိဳးစားဖို႔ လိုပါတယ္ ’ လို႔ ဆိုခဲ့တာျဖစ္ပါတယ္။