ချယ်ဆီးရဲ့ ကြယ်ပွင့် လူငယ်ကစားသမားဖြစ်ပြီး ညာအစွန်လူလည်းဖြစ်တဲ့ ရိစ်ဂျိမ်းဟာ အနာဂတ်မှာ သူ့စိတ်ကြိုက်နေရာကနေ အခြားသော နေရာကို ေြာင်းကစားတာမျိုး ဖြစ်လာနိုင်ပါတယ်လို့ မန်နေဂျာလမ်းပတ်က သတိပေးမှုတစ်ခုကို ထုတ်ဖော်ပြောဆိုပါတယ်။

အသက် ၁၉ နှစ်အရွယ် ညာအစွန်လူဟာ သီတင်းပတ်အကုန်က ပဲလေစ့်ကို ရင်ဆိုင်ကစားတဲ့ပွဲမှာ အသင်းခေါင်းဆောင် ကီတာကို ကျော်ဖြတ်ပြီး နေရာရခဲ့တယ်။ ကီတာကို မလေးစားစွာ ပြောဆိုလိုခြင်း မဟုတ်ပေမယ့် ရိစ်ဟာ ညာအစွန်နေရာမှာ အထူးချွန်ဆုံး ကစားပြခဲ့တာဖြစ်ပြီး လိဂ်ရဲ့ အကောင်းဆုံး တောင်ပံတွေထဲက တစ်ဦးဖြစ်တဲ့ ဇာဟာကို လုပ်မရအောင်ကို အပြည့်အဝ ထိန်းချုပ်နိုင်စွမ်း ရှိခဲ့ပါတယ်။

ရိစ်ဟာ ညာအစွန်နေရာမှာ တောက်ပနေပေမယ့် မန်နေဂျာလမ်းပတ်ကတော့ သူ့ကို အဆိုပါနေရာမှာပဲ အမြဲတမ်း ကစားခိုင်းမှာ မဟုတ်ပဲ အခြားသော ကစားနိုင်မယ့် နေရတွေမှာ အသုံးပြုနိုင်မယ့် အနေအထားကိုလည်း ရှာဖွေဦးမယ်လို့ ဆိုတယ်။ လမ်းပတ်ကတော့ ရိစ်ကို ကွင်းလယ်မှာ ကစားခိုင်းဖို့လည်း စိတ်ကူးရှိနေဟန်တူပြီး တောင်ပံတိုက်စစ်ထိ တင်ကစားဖို့ပါ ရည်မှန်းချက် ထားနေတာဖြစ်ပါတယ်။

လမ်းပတ်က “ အညာအစွန်လူနေရာကတော့ ရိစ်ရဲ့ စိတ်ကြိုက်နေရာဖြစ်ပါတယ်။ သူက ညာတောင်ပံနဲ့ ညာခြမ်း နေရာသုံးခုလုံးကိုလည်း ကစားနိုင်တယ်။ သူအသင်းကို ရောက်လာတော့ သူ့ကို ညာအစွန်လူအဖြစ် ကျနော် မြင်ခဲ့တယ်။ ဒါပေမယ့် သူက လိုအပ်မယ်ဆိုရင် တောင်ပံနဲ့ ကွင်းလယ်လို နေရာမှာလည်း ကျင်လယ်စွာ ကစားနိုင်စွမ်း ရှိသူဆိုတာကို ကျနေ်ာတို့ကို ပြသခဲ့ပါတယ်။

ဒီအခြေအနေမှာတော့ ကျနော်တို့မှာ သက်ဆိုင်ရာ နေရာတွေအတွက် အကောင်းဆုံး ကစားနိုင်တဲ့ ကစားသမားကောင်းတွေ ရှိနေပါတယ်။ ဒါပေမယ့်လို့ ရိစ်က အမြဲတမ်း သူ့ရဲ့ ကစားသမားဘဝအတွက် အကောင်းဆုံးဖြစ်မယ့် အနေအထားတွေကို လေ့လာ သုံးသပ်နေရမှာပါ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

ခ်ယ္ဆီးရဲ႕ ၾကယ္ပြင့္ လူငယ္ကစားသမားျဖစ္ျပီး ညာအစြန္လူလည္းျဖစ္တဲ့ ရိစ္ဂ်ိမ္းဟာ အနာဂတ္မွာ သူ႔စိတ္ၾကိဳက္ေနရာကေန အျခားေသာ ေနရာကို ေျာင္းကစားတာမ်ိဳး ျဖစ္လာႏုိင္ပါတယ္လုိ႔ မန္ေနဂ်ာလမ္းပတ္က သတိေပးမႈတစ္ခုကို ထုတ္ေဖာ္ေျပာဆိုပါတယ္။

အသက္ ၁၉ ႏွစ္အရြယ္ ညာအစြန္လူဟာ သီတင္းပတ္အကုန္က ပဲေလစ့္ကို ရင္ဆုိင္ကစားတဲ့ပြဲမွာ အသင္းေခါင္းေဆာင္ ကီတာကို ေက်ာ္ျဖတ္ျပီး ေနရာရခဲ့တယ္။ ကီတာကို မေလးစားစြာ ေျပာဆိုလိုျခင္း မဟုတ္ေပမယ့္ ရိစ္ဟာ ညာအစြန္ေနရာမွာ အထူးခၽြန္ဆံုး ကစားျပခဲ့တာျဖစ္ျပီး လိဂ္ရဲ႕ အေကာင္းဆံုး ေတာင္ပံေတြထဲက တစ္ဦးျဖစ္တဲ့ ဇာဟာကို လုပ္မရေအာင္ကို အျပည့္အဝ ထိန္းခ်ဳပ္ႏုိင္စြမ္း ရွိခဲ့ပါတယ္။

ရိစ္ဟာ ညာအစြန္ေနရာမွာ ေတာက္ပေနေပမယ့္ မန္ေနဂ်ာလမ္းပတ္ကေတာ့ သူ႔ကို အဆိုပါေနရာမွာပဲ အျမဲတမ္း ကစားခိုင္းမွာ မဟုတ္ပဲ အျခားေသာ ကစားႏုိင္မယ့္ ေနရေတြမွာ အသံုးျပဳႏုိင္မယ့္ အေနအထားကိုလည္း ရွာေဖြဦးမယ္လို႔ ဆိုတယ္။ လမ္းပတ္ကေတာ့ ရိစ္ကို ကြင္းလယ္မွာ ကစားခိုင္းဖို႔လည္း စိတ္ကူးရွိေနဟန္တူျပီး ေတာင္ပံတိုက္စစ္ထိ တင္ကစားဖို႔ပါ ရည္မွန္းခ်က္ ထားေနတာျဖစ္ပါတယ္။

လမ္းပတ္က “ အညာအစြန္လူေနရာကေတာ့ ရိစ္ရဲ႕ စိတ္ၾကိဳက္ေနရာျဖစ္ပါတယ္။ သူက ညာေတာင္ပံနဲ႔ ညာျခမ္း ေနရာသံုးခုလံုးကိုလည္း ကစားႏုိင္တယ္။ သူအသင္းကို ေရာက္လာေတာ့ သူ႔ကို ညာအစြန္လူအျဖစ္ က်ေနာ္ ျမင္ခဲ့တယ္။ ဒါေပမယ့္ သူက လိုအပ္မယ္ဆိုရင္ ေတာင္ပံနဲ႔ ကြင္းလယ္လို ေနရာမွာလည္း က်င္လယ္စြာ ကစားႏုိင္စြမ္း ရွိသူဆိုတာကို က်ေန္ာတုိ႔ကို ျပသခဲ့ပါတယ္။

ဒီအေျခအေနမွာေတာ့ က်ေနာ္တို႔မွာ သက္ဆုိင္ရာ ေနရာေတြအတြက္ အေကာင္းဆံုး ကစားႏုိင္တဲ့ ကစားသမားေကာင္းေတြ ရွိေနပါတယ္။ ဒါေပမယ့္လို႔ ရိစ္က အျမဲတမ္း သူ႔ရဲ႕ ကစားသမားဘဝအတြက္ အေကာင္းဆံုးျဖစ္မယ့္ အေနအထားေတြကို ေလ့လာ သံုးသပ္ေနရမွာပါ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။