ယူနိုက်တက်ရဲ့ ဝေးစ် တောင်ပံတိုက်စစ်သမား ဒန်နီရယ် ဂျိမ်းစ်က ကလပ်အသင်းဟာ ယူနိုက်တက်အသင်းသားတွေရဲ့ စိတ်ရှည်စွာ အားထုတ်မှုကနေ အကျိုးရလဒ်တွေ မြင်နိုင်ပြီ ဖြစ်ကာ ယုံကြည်မှု အပြည့်ပြန်ရှိနေတာကြောင့် ကျေနပ်ရကြောင်း ထုတ်ဖော် ပြောဆိုလာခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ပွဲတိုင်း နိုင်အောင် ကစားနိုင်ပြီလို့ ယုံကြည်ပြီ ဖြစ်ကြောင်း ဂျိမ်းစ်က ဆိုခဲ့ပြီး အသင်းမှာ လိုအပ်နေတဲ့ အရာတွေ တစတစ ဖြည့်ဆည်းနိုင်ခဲ့ကာ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်နေပြီလို့ ၎င်းက ပြောဆိုခဲ့တာပါ။ ယူနိုက်တက်ဟာ ဒီရာသီ ဘောလုံးရာသီကို ဆိုးဝါးတဲ့ ကနဦးနဲ့ ဖွင့်ထားခဲ့ပေမယ့် နိုင်ပွဲတွေ ပြန်လည် ရယူလာနိုင်ပြီ ဖြစ်ပါတယ်။

နောက်ဆုံး ကစားထားတဲ့ ဘရိုက်တန်နဲ့ ပရီးမီးယားလိဂ်ပွဲမှာ ယူနိုက်တက်က အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ၃-၁ နဲ့ အနိုင်ရရှိထားကာ အမှတ်ပေးဇယား အဆင့် ၇ နေရာသို့ ပြန်တက်လာခဲ့ပါတယ်။ ဝေးစ်သားလေးကတော့ ယူနိုက်တက်အတွက် အကောင်းမြင်စရာတွေ စတင်လာပြီ ဖြစ်တယ်လို့ သတင်းထောက်တွေအား ပြောကြားခဲ့ပါတယ်။

” ကျနေ်ာတို့မှာ ကစားစရာ ပွဲစဉ်တွေ အများကြီး ရှိခဲ့တယ်။ ဖလားပွဲစဉ်တွေ အများအပြားနဲ့ ပရီးမီးယားလိဂ်ရောပဲ။ ကျနေ်ာတို့ အနေနဲ့ တစ်ပွဲချင်း ချဉ်းကပ်ပြီး ခြေစွမ်းပြဖို့ပဲ လိုတာပါ။ အခုဆို ပွဲတိုင်း နိုင်အောင် ကစားနိုင်ပြီလို့ ယုံကြည်နေပြီ ဘာဖြစ်လို့လဲဆိုတော့ အဲဒီလို တကယ် လုပ်လဲ လုပ်နိုင်လို့ပါ။ ” လို့ ဂျိမ်းစ်က ဆိုပါတယ်။

တိုက်စစ်မှူး မာရှယ် ပြန်လာတာကလည်း ယူနိုက်တက် အတွက် ခွန်အားဖြစ်စေခဲ့ပြီး ဘရိုက်တန်နဲ့ ပွဲမှာ မာရှယ်က ကိုယ်တိုင် ဂိုး မသွင်းခဲ့သည်တိုင် ဂိုးထောက်ပံ့မှု ၂ ကြိမ် ပြုလုပ်ခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ နိုင်ငံတကာပွဲစဉ်တွေ အပြီး နိုဝင်ဘာ ၂၄ ရက်နေ့ျွှာတော့ ရှက်ဖီယူနိုက်တက်နဲ့ သွားရောက် ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ်။ အဲဒီနောက် အက်စ်တာနာနဲ့ ယူရိုပါလိဂ်ပွဲ၊ အက်စတွန်ဗီလာ၊ စပါးတို့နဲ့ ပြီးရင် ဒီဇင်ဘာ ၇ ရက်နေ့မှာ စီးတီးနဲ့ မန်ချက်စတာ ဒါဘီပွဲ ယှဉ်ပြိုင် ကစားရတော့မှာပါ။

Zawgyi

ယူနိုက္တက္ရဲ႕ ေ၀းစ္ ေတာင္ပံတိုက္စစ္သမား ဒန္နီရယ္ ဂ်ိမ္းစ္က ကလပ္အသင္းဟာ ယူနုိက္တက္အသင္းသားေတြရဲ႕ စိတ္ရွည္စြာ အားထုတ္မႈကေန အက်ိဳးရလဒ္ေတြ ျမင္နုိင္ျပီ ျဖစ္ကာ ယံုၾကည္မႈ အျပည့္ျပန္ရွိေနတာေၾကာင့္ ေက်နပ္ရေၾကာင္း ထုတ္ေဖာ္ ေျပာဆိုလာခဲ့ပါတယ္။

မန္ခ်က္စတာယူနိုက္တက္ဟာ ပြဲတိုင္း နုိင္ေအာင္ ကစားနိုင္ျပီလို႔ ယံုၾကည္ျပီ ျဖစ္ေၾကာင္း ဂ်ိမ္းစ္က ဆုိခဲ့ျပီး အသင္းမွာ လိုအပ္ေနတဲ့ အရာေတြ တစတစ ျဖည့္ဆည္းနုိင္ခဲ့ကာ လမ္းေၾကာင္းမွန္ေပၚ ျပန္ေရာက္ေနျပီလို႔ ၄င္းက ေျပာဆိုခဲ့တာပါ။ ယူနိုက္တက္ဟာ ဒီရာသီ ေဘာလံုးရာသီကို ဆိုး၀ါးတဲ့ ကနဦးနဲ႕ ဖြင့္ထားခဲ့ေပမယ့္ နိုင္ပြဲေတြ ျပန္လည္ ရယူလာနိုင္ျပီ ျဖစ္ပါတယ္။

ေနာက္ဆံုး ကစားထားတဲ့ ဘရိုက္တန္နဲ႕ ပရီးမီးယားလိဂ္ပြဲမွာ ယူနိုက္တက္က အိမ္ကြင္း အိုးထရက္ဖို႔ဒ္မွာ ၃-၁ နဲ႕ အနိုင္ရရွိထားကာ အမွတ္ေပးဇယား အဆင့္ ၇ ေနရာသို႔ ျပန္တက္လာခဲ့ပါတယ္။ ေ၀းစ္သားေလးကေတာ့ ယူနုိက္တက္အတြက္ အေကာင္းျမင္စရာေတြ စတင္လာျပီ ျဖစ္တယ္လုိ႔ သတင္းေထာက္ေတြအား ေျပာၾကားခဲ့ပါတယ္။

” က်ေန္ာတို႔မွာ ကစားစရာ ပြဲစဥ္ေတြ အမ်ားၾကီး ရွိခဲ့တယ္။ ဖလားပြဲစဥ္ေတြ အမ်ားအျပားနဲ႕ ပရီးမီးယားလိဂ္ေရာပဲ။ က်ေန္ာတို႔ အေနနဲ႕ တစ္ပြဲခ်င္း ခ်ဥ္းကပ္ျပီး ေျခစြမ္းျပဖို႔ပဲ လိုတာပါ။ အခုဆို ပြဲတိုင္း နုိင္ေအာင္ ကစားနုိင္ျပီလို႔ ယံုၾကည္ေနျပီ ဘာျဖစ္လို႔လဲဆိုေတာ့ အဲဒီလို တကယ္ လုပ္လဲ လုပ္နုိင္လို႔ပါ။ ” လို႔ ဂ်ိမ္းစ္က ဆိုပါတယ္။

တိုက္စစ္မွဴး မာရွယ္ ျပန္လာတာကလည္း ယူနိုက္တက္ အတြက္ ခြန္အားျဖစ္ေစခဲ့ျပီး ဘရိုက္တန္နဲ႕ ပြဲမွာ မာရွယ္က ကိုယ္တိုင္ ဂိုး မသြင္းခဲ့သည္တိုင္ ဂိုးေထာက္ပံ့မႈ ၂ ၾကိမ္ ျပဳလုပ္ခဲ့ပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္ဟာ နုိင္ငံတကာပြဲစဥ္ေတြ အျပီး နို၀င္ဘာ ၂၄ ရက္ေန႔ၽြွာေတာ့ ရွက္ဖီယူနိုက္တက္နဲ႕ သြားေရာက္ ရင္ဆိုင္ ကစားရမွာ ျဖစ္ပါတယ္။ အဲဒီေနာက္ အက္စ္တာနာနဲ႕ ယူရိုပါလိဂ္ပြဲ၊ အက္စတြန္ဗီလာ၊ စပါးတို႔နဲ႕ ျပီးရင္ ဒီဇင္ဘာ ၇ ရက္ေန႔မွာ စီးတီးနဲ႕ မန္ခ်က္စတာ ဒါဘီပြဲ ယွဥ္ျပိဳင္ ကစားရေတာ့မွာပါ။