ပီတာခရော့ချ်က ထရန့်အလက်ဇန်းဒါး အာနိုးရဲ့ ဖန်တီးနိုင်စွမ်းကို လီဗာပူး ဂန္တဝင် စတီဗင် ဂျရတ်၊ ဇာဘီအလွန်ဆို တို့နဲ့ ခိုင်းနှိုင်းလိုက်ပြီး ကလပ်အနေနဲ့ ကမ္ဘာ့အကောင်းဆုံး ခံစစ်အတွဲ အတွက် ဂုဏ်ယူစရာပဲလို့ ပြောဆိုလိုက်ပါတယ်။

ခံစစ်ကစားသမား နှစ်ယောက်ဟာ ချီးကျူးလောက်စရာ အရည်အချင်းတွေကို စီးတီးနဲ့ပွဲမှာ ထပ်မံ ပြသခဲ့တာပါ။ ဖာဘင်ဟိုရဲ့ အစောပိုင်း သွင်းဂိုးအပြီး အာနိုးနဲ့ ရောဘတ်ဆန်တို့က ဒုတိယ ဂိုးအတွက် ပူးပေါင်းကူညီခဲ့ကြပါတယ်။ လီဗာပူး ညာနောက်ခံလူကနေ ဘယ်နောက်ခံလူထံ ဖြတ်တင်ပေးပို့မှုကနေ တဆင့် ဆာလက်က ခေါင်းတိုက်သွင်းခဲ့တာ ဖြစ်ပါတယ်။

ရောဘတ်ဆန်အတွက် အထင်ကြီးစရာ နောက်ထပ် ဖန်တီးမှု တစ်ကြိမ် ရခဲ့တာ ဖြစ်ပြီး အာနိုးကတော့ သူ့ဖန်တီးမှု များစွာနဲ့အတူ ဆက်လက် ပါဝင်ကူညီပေးခဲ့တာပါ။

ခရော့က ပြောရာမှာ ” လီဗာပူးအတွက် ရော်ဘတ်ဆန်နဲ့ ထရန့်တို့က တိုက်စစ်ကို လိုက်ပါပြီး သူတို့က အများကြီး ခြိမ်းခြောက်မှု ပေးခဲ့တယ်။ ဒါပေမယ့် အခု သူတို့က တစ်ယောက်နဲ့တစ်ယောက်လဲ ဘောလုံးပေးပို့မှု လုပ်ပါတယ်။ လီဗာပူး အတွက် ကျနော် ကစားတုန်းက နောက်ခံလူတွေဟာ ထောင့်ဖြတ်ဘောလုံးပေးပြီး ကစားမယ့် ဇာဘီ အလွန်ဆို ဒါမှမဟုတ် ဂျရတ်ကို ဘောလုံးပေးပို့ခဲ့ကြပါတယ်။

ထရန့်က အခု သူ့နေရာကနေ ဒါမျိုး လုပ်နေတာပါ။ ဂျရတ်တို့ အလွန်ဆိုတို့လို ကောင်းကောင်း ကစားပြနိုင်ခဲ့ပါတယ်။ ရောဘတ်ဆန် ဆိုရင်လဲ တိုက်စစ်ကစားသမား တွေနဲ့ အချိတ်အဆက် ရှိပြီး ဆာလက်ရဲ့ဂိုးအတွက် သူ လုပ်ခဲ့သလိုမျိုး အခွင့်အရေး တွေ ဖန်တီးတယ်။ သူတို့တွေက တကယ်ကို သိပ်တော်တဲ့ သူတွေပါ။ အခုချိန်မှာ သူတို့ထက် ပိုတော်တဲ့ ခံစစ်အတွဲကို ကျနော် မသိဘူး။ လီဗာပူး အသင်းက ရပ်တန့်ဖို့ ခက်ခဲရတဲ့ အကြောင်းရင်းထဲမှာ သူတို့လဲ ပါပါတယ်။ ” လို့ လီဗာပူး တိုက်စစ်မှူးဟောင်းက ဆိုပါတယ်။

လက်ရှိချန်ပီယံ မန်စီးတီးကို အနိုင်ရခဲ့တာကြောင့် လီဗာပူးဟာ ပထမရာသီဝက်ကို အပြီးသတ်ဖို့ ၇ ပွဲအလိုမှာ ကြီး ၆ ကြီး ပြိုင်ဘက်တွေနဲ့ ဒီရာသီခြေစွမ်းတက်နေတဲ့ လက်စတာတို့ကို ယှဉ်ပြိုင်ထားအပြီး အမှတ်ပေးဇယားမှာ ၈ မှတ် ဖြတ်ထားပြီး ဦးဆောင်နေပါတယ်။

Zawgyi

ပီတာခေရာ့ခ်္က ထရန္႔အလက္ဇန္းဒါး အာႏိုးရဲ႕ ဖန္တီးႏိုင္စြမ္းကို လီဗာပူး ဂႏၲဝင္ စတီဗင္ ဂ်ရတ္၊ ဇာဘီအလြန္ဆို တို႔နဲ႔ ခိုင္းႏႈိင္းလိုက္ၿပီး ကလပ္အေနနဲ႔ ကမာၻ႔အေကာင္းဆုံး ခံစစ္အတြဲ အတြက္ ဂုဏ္ယူစရာပဲလို႔ ေျပာဆိုလိုက္ပါတယ္။

ခံစစ္ကစားသမား ႏွစ္ေယာက္ဟာ ခ်ီးက်ဴးေလာက္စရာ အရည္အခ်င္းေတြကို စီးတီးနဲ႔ပြဲမွာ ထပ္မံ ျပသခဲ့တာပါ။ ဖာဘင္ဟိုရဲ႕ အေစာပိုင္း သြင္းဂိုးအၿပီး အာႏိုးနဲ႔ ေရာဘတ္ဆန္တို႔က ဒုတိယ ဂိုးအတြက္ ပူးေပါင္းကူညီခဲ့ၾကပါတယ္။ လီဗာပူး ညာေနာက္ခံလူကေန ဘယ္ေနာက္ခံလူထံ ျဖတ္တင္​ေပးပို႔မႈကေန တဆင့္ ဆာလက္က ေခါင္းတိုက္သြင္းခဲ့တာ ျဖစ္ပါတယ္။

ေရာဘတ္ဆန္အတြက္ အထင္ႀကီးစရာ ေနာက္ထပ္ ဖန္တီးမႈ တစ္ႀကိမ္ ရခဲ့တာ ျဖစ္ၿပီး အာႏိုးကေတာ့ သူ႔ဖန္တီးမႈ မ်ားစြာနဲ႔အတူ ဆက္လက္ ပါဝင္ကူညီေပးခဲ့တာပါ။

ခေရာ့က ေျပာရာမွာ ” လီဗာပူးအတြက္ ေရာ္ဘတ္ဆန္နဲ႔ ထရန္႔တို႔က တိုက္စစ္ကို လိုက္ပါၿပီး သူတို႔က အမ်ားႀကီး ၿခိမ္းေျခာက္မႈ ေပးခဲ့တယ္။ ဒါေပမယ့္ အခု သူတို႔က တစ္ေယာက္နဲ႔တစ္ေယာက္လဲ ေဘာလုံးေပးပို႔မႈ လုပ္ပါတယ္။ လီဗာပူး အတြက္ က်ေနာ္ ကစားတုန္းက ေနာက္ခံလူေတြဟာ ေထာင့္ျဖတ္ေဘာလုံးေပးၿပီး ကစားမယ့္ ဇာဘီ အလြန္ဆို ဒါမွမဟုတ္ ဂ်ရတ္ကို ေဘာလုံးေပးပို႔ခဲ့ၾကပါတယ္။

ထရန္႔က အခု သူ႔ေနရာကေန ဒါမ်ိဳး လုပ္ေနတာပါ။ ဂ်ရတ္တို႔ အလြန္ဆိုတို႔လို ေကာင္းေကာင္း ကစားျပႏိုင္ခဲ့ပါတယ္။ ေရာဘတ္ဆန္ ဆိုရင္လဲ တိုက္စစ္ကစားသမား ေတြနဲ႔ အခ်ိတ္အဆက္ ရွိၿပီး ဆာလက္ရဲ႕ဂိုးအတြက္ သူ လုပ္ခဲ့သလိုမ်ိဳး အခြင့္အေရး ေတြ ဖန္တီးတယ္။ သူတို႔ေတြက တကယ္ကို သိပ္ေတာ္တဲ့ သူေတြပါ။ အခုခ်ိန္မွာ သူတို႔ထက္ ပိုေတာ္တဲ့ ခံစစ္အတြဲကို က်ေနာ္ မသိဘူး။ လီဗာပူး အသင္းက ရပ္တန္႔ဖို႔ ခက္ခဲရတဲ့ အေၾကာင္းရင္းထဲမွာ သူတို႔လဲ ပါပါတယ္။ ” လို႔ လီဗာပူး တိုက္စစ္မႉးေဟာင္းက ဆိုပါတယ္။

လက္ရွိခ်န္ပီယံ မန္စီးတီးကို အႏိုင္ရခဲ့တာေၾကာင့္ လီဗာပူးဟာ ပထမရာသီဝက္ကို အျပီးသတ္ဖို႔ ၇ ပြဲအလိုမွာ ၾကီး ၆ ၾကီး ျပိဳင္ဘက္ေတြနဲ႔ ဒီရာသီေျခစြမ္းတက္ေနတဲ့ လက္စတာတို႔ကို ယွဥ္ျပိဳင္ထားအျပီး အမွတ္ေပးဇယားမွာ ၈ မွတ္ ျဖတ္ထားၿပီး ဦးေဆာင္ေနပါတယ္။