ချယ်ဆီးဟာ စနေနေ့က ခရစ္စတယ်ပဲလေ့စ်ကို ၂-၀ နဲ့ အနိုင်ယူပြီးနောက် ပရီးမီးယားလိဂ် အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။ တနင်္ဂနွေနေ့ပွဲမှာတော့ လက်စတာက အာဆင်နယ်ကို အနိုင်ရခဲ့ပြီး လီဗာပူးက မန်စီးတီးကို အနိုင်ရခဲ့ခြင်းကြောင့် အဆိုပါ အဆင့်မှာပဲ ဆက်လက် ရပ်တည်ခဲ့တယ်။

နိုဝင်ဘာလ နိုင်ငံတကာသီတင်းပတ်ကြောင့် ပရီးမီးယားလိဂ်ပွဲတွေ ရပ်နားမှာဖြစ်ပြီး ခြင်္သေ့ပြာတွေဟာ ၁၂ပွဲ ကစားပြီးချိန်မှာ ဦးဆောင်သူ လီဗာပူးနဲ့ ၈ မှတ်အကွာ၊ ဒုတိယနေရာက လက်စတာနဲ့ ရမှတ်အတူတူ ၂၆ မှတ် ရရှိထားတာပါ။ ဒါပေမယ့်လဲ လမ်းပတ်က ချယ်ဆီးဟာ လီဗာပူး၊ မန်စီးတီးတို့နဲ့ ယှဉ်ပြိုင်သွားမာ့် အမှတ်ပေးဖလား စိန်ခေါ်နိုင်တဲ့သူတွေ မဟုတ်ဘူးလို့ ဆိုကာ ဖိအားတွေကို လျော့ချခဲ့ပါတယ်။

မနှစ်က လမ်းပတ်ဟာ ဒါဘီအသင်းကို ချန်ပီယံရှစ် play off အဆင့်ရောက်အောင် ပို့ဆောင်ပေးခဲ့ပြီးနောက် ကစားသမား ဘဝနဲ့ အောင်မြင်ခဲ့တဲ့ မိခင်ကလပ်ထံ နည်းပြအဖြစ် ပြန်လာခဲ့တာပါ။ ဒါပေမယ့်လဲ ဂန္တဝင် လမ်းပတ်က ကလပ်ဟာ အဓိက ကစားသမား ဟာဇက်ကို ရောင်းချခဲ့ရပြီး အပြောင်းအရွှေ့ ၂ ခု ပိတ်ပင်ခံထားရတာနဲ့အတူ သူက ခက်ခဲတဲ့ အခြေအနေတွေမှာ တာဝန်ယူခဲ့ရတယ်ဆိုတာ သိခဲ့ပါတယ်။

လမ်းပတ်က ” ကျနော်တို့က ဖလားပြိုင်ဆိုင်နဲ့ထဲ ပါဝင်နေတဲ့သူတွေပါလို့ ပြောဖို့က လိုပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ အခုက ရာသီရဲ့ ၃ ပုံ ၁ ပုံတောင် မရှိသေးပါဘူး။ ဒီခြေစွမ်းနဲ့ ရလဒ်တွေကို ဆက်ထိန်းသိမ်းနိုင်မယ်ဆိုရင် သူတို့နဲ့ ကွာဟချက်ကို ကျဉ်းမြောင်းအောင် လုပ်နိုင်မယ်။ ဒါက ပထမအဆင့်ပါ။

ကျနော်တို့ဟာ ဖလားလမ်းကြောင်းထဲ ရှိနေတယ်လို့ ပြောမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့က အသင်းသစ်လို ဖြစ်နေပြီး လူငယ်ကစားသမား တွေနဲ့အတူ အပြောင်းအလဲကို လုပ်နေတာပါ။ ” လို့ ပြောပါတယ်။

ချယ်ဆီးဟာ နွေရာသီမှာ ဘာကစားသမားမှ မခေါ်ယူနိုင်ခဲ့ပေမယ့် ဇန်နဝါရီမှာတော့ ခေါ်ယူခွင့်ရစေမယ့် အယူခံအောင်မြင်ဖို့ကို မျှော်လင့်နေပါတယ်။ ဒါပေမယ့် အပြောင်းအရွှေ့ ပိတ်ပင်ခံရမှုက လမ်းပတ်အတွက် လူငယ်ကစားသမားတွေကို အခွင့်အရေး ပေးဖို့ ဖြစ်စေခဲ့ပြီး ရလဒ်ကောင်းတွေ ရစေခဲ့တယ်လို့လည်း ဆိုရမှာ ဖြစ်ပါတယ်။

ZAWGYI

ခ်ယ္ဆီးဟာ စေနေန႔က ခရစၥတယ္ပဲေလ့စ္ကို ၂-၀ နဲ႔ အႏိုင္ယူၿပီးေနာက္ ပရီးမီးယားလိဂ္ အဆင့္ ၃ ေနရာမွာ ရပ္တည္ေနပါတယ္။ တနဂၤေႏြေန႔ပြဲမွာေတာ့ လက္စတာက အာဆင္နယ္ကို အႏုိင္ရခဲ့ျပီး လီဗာပူးက မန္စီးတီးကို အႏုိင္ရခဲ့ျခင္းေၾကာင့္ အဆိုပါ အဆင့္မွာပဲ ဆက္လက္ ရပ္တည္ခဲ့တယ္။

ႏိုဝင္ဘာလ ႏုိင္ငံတကာသီတင္းပတ္ေၾကာင့္ ပရီးမီးယားလိဂ္ပြဲေတြ ရပ္နားမွာျဖစ္ျပီး ျခေသၤ့ျပာေတြဟာ ၁၂ပြဲ ကစားၿပီးခ်ိန္မွာ ဦးေဆာင္သူ လီဗာပူးနဲ႔ ၈ မွတ္အကြာ၊ ဒုတိယေနရာက လက္စတာနဲ႔ ရမွတ္အတူတူ ၂၆ မွတ္ ရရွိထားတာပါ။ ဒါေပမယ့္လဲ လမ္းပတ္က ခ်ယ္ဆီးဟာ လီဗာပူး၊ မန္စီးတီးတို႔နဲ႔ ယွဥ္ျပိဳင္သြားမာ့္ အမွတ္ေပးဖလား စိန္ေခၚႏိုင္တဲ့သူေတြ မဟုတ္ဘူးလို႔ ဆိုကာ ဖိအားေတြကို ေလ်ာ့ခ်ခဲ့ပါတယ္။

မႏွစ္က လမ္းပတ္ဟာ ဒါဘီအသင္းကို ခ်န္ပီယံရွစ္ play off အဆင့္ေရာက္ေအာင္ ပို႔ေဆာင္ေပးခဲ့ၿပီးေနာက္ ကစားသမား ဘဝနဲ႔ ေအာင္ျမင္ခဲ့တဲ့ မိခင္ကလပ္ထံ နည္းျပအျဖစ္ ျပန္လာခဲ့တာပါ။ ဒါေပမယ့္လဲ ဂႏၲဝင္ လမ္းပတ္က ကလပ္ဟာ အဓိက ကစားသမား ဟာဇက္ကို ေရာင္းခ်ခဲ့ရၿပီး အေျပာင္းအေ႐ႊ႕ ၂ ခု ပိတ္ပင္ခံထားရတာနဲ႔အတူ သူက ခက္ခဲတဲ့ အေျခအေနေတြမွာ တာဝန္ယူခဲ့ရတယ္ဆိုတာ သိခဲ့ပါတယ္။

လမ္းပတ္က ” က်ေနာ္တို႔က ဖလားၿပိဳင္ဆိုင္နဲ႔ထဲ ပါဝင္ေနတဲ့သူေတြပါလို႔ ေျပာဖို႔က လိုပါေသးတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အခုက ရာသီရဲ႕ ၃ ပုံ ၁ ပုံေတာင္ မရွိေသးပါဘူး။ ဒီေျခစြမ္းနဲ႔ ရလဒ္ေတြကို ဆက္ထိန္းသိမ္းႏိုင္မယ္ဆိုရင္ သူတို႔နဲ႔ ကြာဟခ်က္ကို က်ဥ္းေျမာင္းေအာင္ လုပ္ႏိုင္မယ္။ ဒါက ပထမအဆင့္ပါ။

က်ေနာ္တို႔ဟာ ဖလားလမ္းေၾကာင္းထဲ ရွိေနတယ္လို႔ ေျပာမွာ မဟုတ္ပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ က်ေနာ္တို႔က အသင္းသစ္လို ျဖစ္ေနၿပီး လူငယ္ကစားသမား ေတြနဲ႔အတူ အေျပာင္းအလဲကို လုပ္ေနတာပါ။ ” လို႔ ေျပာပါတယ္။

ခ်ယ္ဆီးဟာ ေႏြရာသီမွာ ဘာကစားသမားမွ မေခၚယူႏိုင္ခဲ့ေပမယ့္ ဇန္နဝါရီမွာေတာ့ ေခၚယူခြင့္ရေစမယ့္ အယူခံေအာင္ျမင္ဖို႔ကို ေမွ်ာ္လင့္ေနပါတယ္။ ဒါေပမယ့္ အေျပာင္းအေ႐ႊ႕ ပိတ္ပင္ခံရမႈက လမ္းပတ္အတြက္ လူငယ္ကစားသမားေတြကို အခြင့္အေရး ေပးဖို႔ ျဖစ္ေစခဲ့ၿပီး ရလဒ္ေကာင္းေတြ ရေစခဲ့တယ္လို႔လည္း ဆိုရမွာ ျဖစ္ပါတယ္။