ယူနိုက်တက် ကစားသမားဟောင်းကြီး ဂယ်ရီနဗီးက အနာဂတ်အတွက် မျှော်လင့်နိုင်တဲ့ ကစားသမားဆိုလို့ လက်ရှိ အသင်းသားတွေထဲမှ ခုနှစ်ဦးပဲ မြင်မိပါကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

အိုထရတ်ဖိုဒ့်မှာ ဂိုးပြတ်နိုင်ပွဲအဖြစ် ဒီအပတ်မှာ ဘရိုက်တန်ကို အနိုင်ရခဲ့တာကြောင့် ယူနိုက်တက်ဟာ အဆင့် ခုနှစ်ထိ ပြန်တက်လာခဲ့ပြီဖြစ်တယ်။ ပါရဲရားနဲ့ တော်မီနေးတို့ရဲ့ ကန်သွင်းမှုတွေ ပြိုင်ဘက်ကစားသမားတွေနဲ့ ထိခဲ့ပြီးနောက် ဂိုးရခဲ့သလို တိုက်စစ်မှူး ရပ်ဖို့လည်း သွင်းဂိုးတစ်ဂိုး ရခဲ့တဲ့ အနေအထားမှာ ယူနိုက်တက်က နိုင်ပွဲရခဲ့တာဖြစ်ပြီး လမ်းကြောင်းမှန်ပေါ် ပြန်တက်လာဖို့ တာဆူနေခဲ့ပါပြီ။

အကောင်းမြင်နိုင်တဲ့ ခြေစွမ်းတွေကို ပြသခဲ့ပေမယ့် စွမ်းဆောင်ရည် မတည်ငြိမ်ခြင်းက ယူနိုက်တက်ရဲ့ အဓိက ပြဿနာဖြစ်ပြီး အနာဂတ်မှာ ယူနိုက်တက်တို့ တောက်ပလာဖို့ လက်ရှိ အသင်းသားတွေထဲက ခုနှစ်ဦးပဲ အသုံးဝင်မယ်လို့ နဗီးက ယုံကြည်နေတယ်။ အမှတ်ပေးဇယား ဦးဆောင်သူ လီဗာပူးနဲ့ ၁၈ မှတ်၊ ထိပ်ဆုံးလေးသင်း ဝင်ခွင့်နဲ့ ၉ မှတ် ကွာဟနေတဲ့ အနေအထားအပေါ် နဗီးကတော့ အရမ်းကြီး ကျေနပ်နေတာ မဟုတ်ပါဘူး။

နဗီးက “ ဘုန်းမောက်ကို အရေးနိမ့်တဲ့ပွဲကို ဖယ်လိုက်မယ်ဆိုရင် ယူနိုက်တက်အတွက် သိပ်ကောင်းတဲ့လ ဖြစ်ခဲ့ပါတယ်။ ဘုန်းမောက်နဲ့ပွဲကတော့ ခြေလှမ်းအနည်းငယ် ပြန်ဆုတ်ခဲ့တာကြောင့် စိတ်ပျက်စရာဖြစ်ခဲ့တယ်။ ဒါပေမယ့်လို့ အရင်လတွေတုန်းကထက် ပိုကောင်းတဲ့ လတစ်လုဖြစ်ခဲ့တာတော့ သေချာပါတယ်။

ရပ်ဖို့၊ မာရှယ်၊ ဂရင်းဝုဒ်နဲ့ ဂျိမ်းတို့ထံက စိတ်လှုပ်ရှားစရာ တွဲဘက်မှုကို မြင်ခဲ့ရတယ်။ သူတို့က အလုပ်ဖြစ်ခဲ့ပြီး နောက်ထပ်လည်း ခံစစ်က မက်ဂွဲရားနဲ့ ဘစ်ဆာကာတို့က အလုပ်ဖြစ်နိုင်တဲ့ ကစားသမားတွေဖြစ်တယ်။ လူငယ်ကစားသမားလေး ဝီလီယမ်ကလည်း ကျနေ်ာအတွက် မျှော်လင့်ချက်ဆိုတာကို ပေးခဲ့ပါတယ်။

ယူနိုက်တက်က အတွေ့အကြုံရှိတဲ့ ထိပ်တန်းကစားသမား ကစားသမားလေးယောက်၊ ငါးယောက်လောက်ကို ခေါ်ယူဖို့ လိုပါတယ်။ နောက်ထပ် ခံစစ်မှူးတစ်ဦး၊ ဘယ်အစွန်ကစားသမား၊ ကွင်းလယ်လူနှစ်ဦးနဲ့ တိုက်စစ်သမားတစ်ဦးလောက် လိုပါတယ်။ ဒါတွေကို ဇန်နဝါရီတစ်ခုတည်းတင် အပြောင်းအလဲ လုပ်နိုင်မှာတော့ မဟုတ်ဘူး။ ဒါပေမယ့် အပြောင်းအလဲတွေတော့ လုပ်လာရပါမယ် ” လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

ယူႏုိက္တက္ ကစားသမားေဟာင္းၾကီး ဂယ္ရီနဗီးက အနာဂတ္အတြက္ ေမွ်ာ္လင့္ႏုိင္တဲ့ ကစားသမားဆိုလို႔ လက္ရွိ အသင္းသားေတြထဲမွ ခုႏွစ္ဦးပဲ ျမင္မိပါေၾကာင္း ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။

အိုထရတ္ဖိုဒ့္မွာ ဂိုးျပတ္ႏုိင္ပြဲအျဖစ္ ဒီအပတ္မွာ ဘရိုက္တန္ကို အႏုိင္ရခဲ့တာေၾကာင့့္ ယူႏုိက္တက္ဟာ အဆင့္ ခုႏွစ္ထိ ျပန္တက္လာခဲ့ျပီျဖစ္တယ္။ ပါရဲရားနဲ႔ ေတာ္မီေနးတို႔ရဲ႕ ကန္သြင္းမႈေတြ ျပိဳင္ဘက္ကစားသမားေတြနဲ႔ ထိခဲ့ျပီးေနာက္ ဂိုးရခဲ့သလို တိုက္စစ္မွဴး ရပ္ဖို႔လည္း သြင္းဂိုးတစ္ဂိုး ရခဲ့တဲ့ အေနအထားမွာ ယူႏုိက္တက္က ႏုိင္ပြဲရခဲ့တာျဖစ္ျပီး လမ္းေၾကာင္းမွန္ေပၚ ျပန္တက္လာဖို႔ တာဆူေနခဲ့ပါျပီ။

အေကာင္းျမင္ႏုိင္တဲ့ ေျခစြမ္းေတြကို ျပသခဲ့ေပမယ့္ စြမ္းေဆာင္ရည္ မတည္ျငိမ္ျခင္းက ယူႏုိက္တက္ရဲ႕ အဓိက ျပႆနာျဖစ္ျပီး အနာဂတ္မွာ ယူႏုိက္တက္တို႔ ေတာက္ပလာဖို႔ လက္ရွိ အသင္းသားေတြထဲက ခုႏွစ္ဦးပဲ အသံုးဝင္မယ္လို႔ နဗီးက ယံုၾကည္ေနတယ္။ အမွတ္ေပးဇယား ဦးေဆာင္သူ လီဗာပူးနဲ႔ ၁၈ မွတ္၊ ထိပ္ဆံုးေလးသင္း ဝင္ခြင့္နဲ႔ ၉ မွတ္ ကြာဟေနတဲ့ အေနအထားအေပၚ နဗီးကေတာ့ အရမ္းၾကီး ေက်နပ္ေနတာ မဟုတ္ပါဘူး။

နဗီးက “ ဘုန္းေမာက္ကို အေရးနိမ့္တဲ့ပြဲကို ဖယ္လိုက္မယ္ဆိုရင္ ယူႏုိက္တက္အတြက္ သိပ္ေကာင္းတဲ့လ ျဖစ္ခဲ့ပါတယ္။ ဘုန္းေမာက္နဲ႔ပြဲကေတာ့ ေျခလွမ္းအနည္းငယ္ ျပန္ဆုတ္ခဲ့တာေၾကာင့္ စိတ္ပ်က္စရာျဖစ္ခဲ့တယ္။ ဒါေပမယ့္လို႔ အရင္လေတြတုန္းကထက္ ပိုေကာင္းတဲ့ လတစ္လုျဖစ္ခဲ့တာေတာ့ ေသခ်ာပါတယ္။

ရပ္ဖို႔၊ မာရွယ္၊ ဂရင္းဝုဒ္နဲ႔ ဂ်ိမ္းတို႔ထံက စိတ္လႈပ္ရွားစရာ တြဲဘက္မႈကို ျမင္ခဲ့ရတယ္။ သူတို႔က အလုပ္ျဖစ္ခဲ့ျပီး ေနာက္ထပ္လည္း ခံစစ္က မက္ဂြဲရားနဲ႔ ဘစ္ဆာကာတို႔က အလုပ္ျဖစ္ႏုိင္တဲ့ ကစားသမားေတြျဖစ္တယ္။ လူငယ္ကစားသမားေလး ဝီလီယမ္ကလည္း က်ေန္ာအတြက္ ေမွ်ာ္လင့္ခ်က္ဆိုတာကို ေပးခဲ့ပါတယ္။

ယူႏုိက္တက္က အေတြ႔အၾကံဳရွိတဲ့ ထိပ္တန္းကစားသမား ကစားသမားေလးေယာက္၊ ငါးေယာက္ေလာက္ကို ေခၚယူဖို႔ လိုပါတယ္။ ေနာက္ထပ္ ခံစစ္မွဴးတစ္ဦး၊ ဘယ္အစြန္ကစားသမား၊ ကြင္းလယ္လူႏွစ္ဦးနဲ႔ တိုက္စစ္သမားတစ္ဦးေလာက္ လိုပါတယ္။ ဒါေတြကို ဇန္နဝါရီတစ္ခုတည္းတင္ အေျပာင္းအလဲ လုပ္ႏုိင္မွာေတာ့ မဟုတ္ဘူး။ ဒါေပမယ့္ အေျပာင္းအလဲေတြေတာ့ လုပ္လာရပါမယ္ ” လို႔ ဆိုသြားခဲ့တာ ျဖစ္ပါတယ္။