အန်ဖီးကွင်းမှာ လီဗာပူးက မန်စီးတီးကို ၃-၁ နဲ့ အနိုင်ရခဲ့ပြီးနောက်မှာ မာဆေးဆိုဒ်ပရိသတ်တွေကြား ပွက်လောရိုက်စေခဲ့တဲ့ ဗီဒီယိုဖိုင်နှစ်ခုအနက် တစ်ခုက ပြိုင်ဘက်အသင်းသား စတာလင်ကို ဂိုးမက်စ်ရဲ့ တုန့်ပြန်မှုဖြစ်ပြီး နောက်တစ်ခုကတော့ ဆာလက်၊ ဒီဘရိုင်းနဲ့ ကလော့ပ်ကြား စကားနေမှု ဗီဒီယိုဖြစ်ပါတယ်။

ပွဲအပြီး နောက်ကွယ်က အခြေအနေတွေမှာတော့ အန်ဖီးကွင်းက နှစ်ဘက်အသင်း အဝတ်လဲခန်းကြားမှာ ဘယ်ဂျီယံ ကွင်းလယ်ဖန်တီးရှင်ဟာ လီဗာပူးတိုက်စစ်သမားနဲ့ အချိန်အကြာကြီး စကားပြောနေခဲ့ပြီး ခဏအကြာမှာ မန်နေဂျာယာဂင်ကလော့ပ်ပါ ရောက်လာခဲ့ခြင်းဖြစ်ကာ သုံးယောက်သား စကားပြောနေခဲ့တာဖြစ်တယ်။ ကလော့ပ်က ဆာလက်ကို ပုခုံးဘက်ပြီး ဒီဘရိုင်းကို စကားပြောမှုတွေ ဆက်လက် လုပ်ဆောင်နေခဲ့တာဖြစ်ပါတယ်။

အဆိုပါ ဗီဒီယို တက်လာမှုမှာ အချို့ ပရိသတ်တွေက ချယ်ဆီးကစားသမားဟောင်းတွေဖြစ်တဲ့ ဆာလက်နဲ့ ဒီဘရိုင်းတို့ အတိတ်က ခင်မင်မှုကြောင့် စကားပြောနေခြင်းဖြစ်နိုင်သလို ကလော့ပ်ကလည်း ဘွန်ဒက်လီဂါကတည်းက ဝုဒ်ဘတ်မှာ သိခဲ့တဲ့ ဒီဘရိုင်းနဲ့ ရင်းရင်းနှီးနှီး စကားပြောခြင်းလို့ သုံးသပ်ကြတယ်။ တကယ်တမ်းကတော့ ဆာလက်နဲ့ ဒီဘရိုင်းတို့ဟာ ချယ်ဆီးမှာ လုံးဝ မဆုံခဲ့ဖူးကြပဲ ဒီဘရိုင်း ထွက်ခွာသွားပြီး ၅ ရက်အကြာမှာမှ ဆာလက်က ချယ်ဆီးကို ရောက်ခဲ့တာ ဖြစ်ပါတယ်။

ပရော်ဖက်ရှင်နယ်က သူတို့ရဲ့ အလုပ်ကို အကောင်းဆုံး လုပ်ဆောင်ခဲ့ပြီး ပွဲအပြီမှာ တွေ့ဆုံမှု လုပ်ခဲ့ကြတာ ဖြစ်ပေမယ့်လည်း ဒီကိစ္စက လီဗာပူးပရိသတ်တွေကြားမှာတော့ ပွဲဆူခဲ့ပါတယ်။ လီဗာပူးပရိသတ်တွေက ကွင်းလယ်ဖန်တီးရှင်ကောင်းတစ်ဦးကို အလိုရှိနေတာ အချိန်ကြာခဲ့ပြီဖြစ်ပြီး ဒီဘရိုင်းကွင်းလယ်က ဖန်တီးပေးမှုနဲ့ ရော်ဘတ်ဆန်၊ ဆာလက်တို့ တောင်ပံတွေကနေ ဖန်တီးပေးနိုင်မှုနဲ့ဆိုရင် ပြိုင်စံရှား အသင်းဖြစ်ပြီလို့လည်း မှတ်ချက်ပြုနေကြတယ်။

အဆိုပါ ဗီဒီယို ထွက်ပေါ်ပြီး မကြာခင်မှာပဲ ဒီဘရိုင်းလို ကွင်းလယ်လူကို ရမယ်ဆိုရင် အမ်ဘတ်ပီထက်တောင် ပိုလိုချင်ပါတယ်ဆိုတဲ့ မှတ်ချက်တွေလည်း များခဲ့တဲ့ထိ ပွဲဆူခဲ့ပါတယ်။ ဒါပေမယ့်လို့ ပြိုင်ဘက် မန်စီးတီးလို ဓနအင်အားတောင့်တင်းတဲ့ ကလပ်အသင်းမှ မြင့်မားတဲ့ လုပ်ခပိုင်ရှင်ကို ရဖို့ဆိုတာက လွယ်ကူတဲ့ ကိစ္စမဟုတ်ပဲ လက်တွေ့လည်း မကျလှပါဘူး။

အခုချိန်ထိတော့ ဆာလက်၊ ဒီဘရိုင်းနဲ့ ယာဂင်ကလော့ပ်တို့ ဥမင်ထဲမှာ ရင်းရင်းနှီးနှီးနဲ့ အချိန်ကြာကြီး ပြုံးရွှင်စွာ စကားပြောခဲ့ကြတဲ့ ကိစ္စရဲ့ အကြောင်းရင်းခံကို မသိရသေးပါဘူး။ ဒါပေမယ့်လည်း လီဗာပူးကို ငယ်စဉ်က အားပေးခဲ့တယ်လို့ ဝန်ခံထားတဲ့ ဒီဘရိုင်းကို အနီရောင်ဂျာစီနဲ့ ပြောင်းလဲမြင်တွေ့ရဖို့ ဆိုတာမျိုးကိုတော့ လီဗာပူးပရိသတ်တွေက ဆန္ဒရှိနေပါကြောင်း တုန့်ပြန်နေကြတာပဲဖြစ်ပါတယ်။

ZAWGYI

အန္ဖီးကြင္းမွာ လီဗာပူးက မန္စီးတီးကို ၃-၁ နဲ႔ အႏုိင္ရခဲ့ျပီးေနာက္မွာ မာေဆးဆိုဒ္ပရိသတ္ေတြၾကား ပြက္ေလာရိုက္ေစခဲ့တဲ့ ဗီဒီယိုဖိုင္ႏွစ္ခုအနက္ တစ္ခုက ျပိဳင္ဘက္အသင္းသား စတာလင္ကို ဂိုးမက္စ္ရဲ႕ တုန္႔ျပန္မႈျဖစ္ျပီး ေနာက္တစ္ခုကေတာ့ ဆာလက္၊ ဒီဘရိုင္းနဲ႔ ကေလာ့ပ္ၾကား စကားေနမႈ ဗီဒီယိုျဖစ္ပါတယ္။

ပြဲအျပီး ေနာက္ကြယ္က အေျခအေနေတြမွာေတာ့ အန္ဖီးကြင္းက ႏွစ္ဘက္အသင္း အဝတ္လဲခန္းၾကားမွာ ဘယ္ဂ်ီယံ ကြင္းလယ္ဖန္တီးရွင္ဟာ လီဗာပူးတိုက္စစ္သမားနဲ႔ အခ်ိန္အၾကာၾကီး စကားေျပာေနခဲ့ျပီး ခဏအၾကာမွာ မန္ေနဂ်ာယာဂင္ကေလာ့ပ္ပါ ေရာက္လာခဲ့ျခင္းျဖစ္ကာ သံုးေယာက္သား စကားေျပာေနခဲ့တာျဖစ္တယ္။ ကေလာ့ပ္က ဆာလက္ကို ပုခံုးဘက္ျပီး ဒီဘရိုင္းကို စကားေျပာမႈေတြ ဆက္လက္ လုပ္ေဆာင္ေနခဲ့တာျဖစ္ပါတယ္။

အဆိုပါ ဗီဒီယို တက္လာမႈမွာ အခ်ိဳ႔ ပရိသတ္ေတြက ခ်ယ္ဆီးကစားသမားေဟာင္းေတြျဖစ္တဲ့ ဆာလက္နဲ႔ ဒီဘရိုင္းတို႔ အတိတ္က ခင္မင္မႈေၾကာင့္ စကားေျပာေနျခင္းျဖစ္ႏုိင္သလို ကေလာ့ပ္ကလည္း ဘြန္ဒက္လီဂါကတည္းက ဝုဒ္ဘတ္မွာ သိခဲ့တဲ့ ဒီဘရိုင္းနဲ႔ ရင္းရင္းႏွီးႏွီး စကားေျပာျခင္းလို႔ သံုးသပ္ၾကတယ္။ တကယ္တမ္းကေတာ့ ဆာလက္နဲ႔ ဒီဘရိုင္းတို႔ဟာ ခ်ယ္ဆီးမွာ လံုးဝ မဆံုခဲ့ဖူးၾကပဲ ဒီဘရိုင္း ထြက္ခြာသြားျပီး ၅ ရက္အၾကာမွာမွ ဆာလက္က ခ်ယ္ဆီးကို ေရာက္ခဲ့တာ ျဖစ္ပါတယ္။

ပေရာ္ဖက္ရွင္နယ္က သူတို႔ရဲ႕ အလုပ္ကို အေကာင္းဆံုး လုပ္ေဆာင္ခဲ့ျပီး ပြဲအျပီမွာ ေတြ႔ဆံုမႈ လုပ္ခဲ့ၾကတာ ျဖစ္ေပမယ့္လည္း ဒီကိစၥက လီဗာပူးပရိသတ္ေတြၾကားမွာေတာ့ ပြဲဆူခဲ့ပါတယ္။ လီဗာပူးပရိသတ္ေတြက ကြင္းလယ္ဖန္တီးရွင္ေကာင္းတစ္ဦးကို အလိုရွိေနတာ အခ်ိန္ၾကာခဲ့ျပီျဖစ္ျပီး ဒီဘရိုင္းကြင္းလယ္က ဖန္တီးေပးမႈနဲ႔ ေရာ္ဘတ္ဆန္၊ ဆာလက္တို႔ ေတာင္ပံေတြကေန ဖန္တီးေပးနုိင္မႈနဲ႔ဆိုရင္ ျပိဳင္စံရွား အသင္းျဖစ္ျပီလို႔လည္း မွတ္ခ်က္ျပဳေနၾကတယ္။

အဆိုပါ ဗီဒီယို ထြက္ေပၚျပီး မၾကာခင္မွာပဲ ဒီဘရိုင္းလို ကြင္းလယ္လူကို ရမယ္ဆိုရင္ အမ္ဘတ္ပီထက္ေတာင္ ပိုလိုခ်င္ပါတယ္ဆိုတဲ့ မွတ္ခ်က္ေတြလည္း မ်ားခဲ့တဲ့ထိ ပြဲဆူခဲ့ပါတယ္။ ဒါေပမယ့္လို႔ ျပိဳင္ဘက္ မန္စီးတီးလို ဓနအင္အားေတာင့္တင္းတဲ့ ကလပ္အသင္းမွ ျမင့္မားတဲ့ လုပ္ခပိုင္ရွင္ကို ရဖို႔ဆိုတာက လြယ္ကူတဲ့ ကိစၥမဟုတ္ပဲ လက္ေတြ႔လည္း မက်လွပါဘူး။

အခုခ်ိန္ထိေတာ့ ဆာလက္၊ ဒီဘရိုင္းနဲ႔ ယာဂင္ကေလာ့ပ္တို႔ ဥမင္ထဲမွာ ရင္းရင္းႏွီးႏွီးနဲ႔ အခ်ိန္ၾကာၾကီး ျပံဳးရႊင္စြာ စကားေျပာခဲ့ၾကတဲ့ ကိစၥရဲ႕ အေၾကာင္းရင္းခံကို မသိရေသးပါဘူး။ ဒါေပမယ့္လည္း လီဗာပူးကို ငယ္စဥ္က အားေပးခဲ့တယ္လို႔ ဝန္ခံထားတဲ့ ဒီဘရိုင္းကို အနီေရာင္ဂ်ာစီနဲ႔ ေျပာင္းလဲျမင္ေတြ႔ရဖို႔ ဆိုတာမ်ိဳးကိုေတာ့ လီဗာပူးပရိသတ္ေတြက ဆႏၵရွိေနပါေၾကာင္း တုန္႔ျပန္ေနၾကတာပဲျဖစ္ပါတယ္။