တနင်္ဂနွေနေ့က လီဗာပူးနဲ့ မန်စီးတီးတို့ အန်ဖီးမှာ ယှဉ်ပြိုင်ကစားပြီး အိမ်ရှင် လီဗာပူးက ၃-၁ နဲ့ အနိုင်ရခဲ့ကာ ရံှူးပွဲမရှိ စံချိန်ကို ဆက်လက် ထိန်းသိမ်းပြီး အမှတ်ပေးဇယားကို ၈ မှတ်အသာနဲ့ ဦးဆောင်နေဆဲဖြစ်ပါတယ်။

အဆိုပါပွဲမှာ လူစားဝင်ကစားသမား ဂိုးမက်စ်နဲ့ မန်စီးတီးတောင်ပံသမား စတာလင်တို့ အချင်းများမှု ဖြစ်ပွားခဲ့ပြီး လီဗာပူးအသင်းသားတွေဖြစ်တဲ့ မီလ်နာနဲ့ ဝိုက်နယ်ဒမ်တို့ တွန်းထုတ်မှုကြောင့် ခပ်မြန်မြန်ပဲ အဆုံးသတ်သွားခဲ့တယ်။ နောက်တစ်ရက်မှာတော့ အင်္ဂလန်အသင်းနဲ့ လူစာရင်းပူးပေါင်းမှုအတွင်း အင်္ဂလန်အသင်းကန်တင်းမှာတော့ စတာလင်က ဂိုးမက်စ်ကို စတင်ရန်စရာက ရန်တစ်ပွဲ ထပ်ဖြစ်ခဲ့ပြန်ပါတယ်။

ကလပ်အသင်းပြဿနာကို နိုင်ငံအသင်းထံ ယူဆောင်လာတာကို အက်ဖ်အေက အရေးယူဖို့ ဆုံးဖြတ်ခဲ့ပြီး ရန်စခဲ့တဲ့ စတာလင်ကို မွန်တီနီဂရိုးနဲ့ပွဲမှာ မထည့်သွင်းဖို့ စီစဉ်ခဲ့တယ်။ ဒါပေမယ့် လူစာရင်းကနေ ထုတ်ပယ်မှာတော့ မဟုတ်ပဲ ကိုဆိုဗိုပွဲမှာတော့ ပြန်လည် ထည့်သွင်းပါမယ်။ ဂိုးမက်စ်ကိုတော့ မည်သည့် ပြစ်ဒဏ်မှ ပေးတာ မတွေ့ရှိရပဲ ခံစစ်မှူးကတော့ မွန်တီနီဂရိုးပွဲ ပွဲနေ့လူစာရင်းအတွက် ရွေးချယ်ခံဖို့ အဆင်သင့်ဖြစ်နေပါမယ်။

စတာလင်က ဂိုးမက်စ်နဲ့ အင်္ဂလန်အသင်းကို တရားဝင် တောင်းပန်ခဲ့ပြီး ဂိုးမက်စ်ကော အင်္ဂလန်အသင်းကပါ လက်ခံခဲ့တယ်လို့ သိရတယ်။ ထပ်ပြီးလည်း စတာလင်က တွစ်တာကနေတစ်ဆင့် သူ့ရဲ့ အပြုအမှုအတွက် တောင်းပန်မှုကို ထပ်မံ လုပ်ဆောင်သွားခဲ့ပါတယ်။

ဖြစ်စဉ် အသေးစိတ်မှာတော့ ဂိုးမက်စ်ဟာ နောက်ကျမှ ကန်တင်းကို ရောက်လာတာဖြစ်ပြီး အင်္ဂလန်အသင်းဖော်တွေနဲ့ လိုက်လံ နုတ်ဆက်နေခဲ့တာပါ။ စတာလင်ထံ အရောက်မှာတော့ နောက်ကျောကနေ လက်ပင်ကိုကျော်ပြီး ပွေ့ဖက် နုတ်ဆက်ဖို့ လုပ်တဲ့အချိန်မှာ စတာလင်က ဂိုးမက်စ်ကို တွန်းထိုးမှုဖြစ်ခဲ့တာလို့ သိရတယ်။ အင်္ဂလန်အသင်းဖော်တွေက စနောက်နေတယ် ထင်ခဲ့ကြပေမယ့် စတာလင် အမှန်တကယ် အချင်းများလိုနေတာလို့ ရိပ်မိကြတဲ့အတွက် ဖြန့်ဖြေပေးခဲ့ကြရပါတယ်။

အင်္ဂလန်အသင်းမှာ ချယ်ဆီး၊ လီဗာပူး၊ မန်စီးတီးနဲ့ စပါးအသင်းမှ ကစားသမားတွေ အများအပြားအပြင် လက်စတာအသင်းမှ အသင်းသားတွေလည်း လက်ရွေးစင်အတွက် အရွေးချယ်ခံထားရတာဖြစ်ပါတယ်။

ZAWGYI

တနဂၤေႏြေန႔က လီဗာပူးနဲ႔ မန္စီးတီးတို႔ အန္ဖီးမွာ ယွဥ္ျပိဳင္ကစားျပီး အိမ္ရွင္ လီဗာပူးက ၃-၁ နဲ႔ အႏုိင္ရခဲ့ကာ ရံွဴးပြဲမရွိ စံခ်ိန္ကို ဆက္လက္ ထိန္းသိမ္းျပီး အမွတ္ေပးဇယားကို ၈ မွတ္အသာနဲ႔ ဦးေဆာင္ေနဆဲျဖစ္ပါတယ္။

အဆိုပါပြဲမွာ လူစားဝင္ကစားသမား ဂိုးမက္စ္နဲ႔ မန္စီးတီးေတာင္ပံသမား စတာလင္တို႔ အခ်င္းမ်ားမႈ ျဖစ္ပြားခဲ့ျပီး လီဗာပူးအသင္းသားေတြျဖစ္တဲ့ မီလ္နာနဲ႔ ဝိုက္နယ္ဒမ္တုိ႔ တြန္းထုတ္မႈေၾကာင့္ ခပ္ျမန္ျမန္ပဲ အဆံုးသတ္သြားခဲ့တယ္။ ေနာက္တစ္ရက္မွာေတာ့ အဂၤလန္အသင္းနဲ႔ လူစာရင္းပူးေပါင္းမႈအတြင္း အဂၤလန္အသင္းကန္တင္းမွာေတာ့ စတာလင္က ဂိုးမက္စ္ကို စတင္ရန္စရာက ရန္တစ္ပြဲ ထပ္ျဖစ္ခဲ့ျပန္ပါတယ္။

ကလပ္အသင္းျပႆနာကို ႏုိင္ငံအသင္းထံ ယူေဆာင္လာတာကို အက္ဖ္ေအက အေရးယူဖို႔ ဆံုးျဖတ္ခဲ့ျပီး ရန္စခဲ့တဲ့ စတာလင္ကို မြန္တီနီဂရိုးနဲ႔ပြဲမွာ မထည့္သြင္းဖို႔ စီစဥ္ခဲ့တယ္။ ဒါေပမယ့္ လူစာရင္းကေန ထုတ္ပယ္မွာေတာ့ မဟုတ္ပဲ ကိုဆိုဗိုပြဲမွာေတာ့ ျပန္လည္ ထည့္သြင္းပါမယ္။ ဂိုးမက္စ္ကိုေတာ့ မည္သည့္ ျပစ္ဒဏ္မွ ေပးတာ မေတြ႔ရွိရပဲ ခံစစ္မွဴးကေတာ့ မြန္တီနီဂရိုးပြဲ ပြဲေန႔လူစာရင္းအတြက္ ေရြးခ်ယ္ခံဖို႔ အဆင္သင့္ျဖစ္ေနပါမယ္။

စတာလင္က ဂိုးမက္စ္နဲ႔ အဂၤလန္အသင္းကို တရားဝင္ ေတာင္းပန္ခဲ့ျပီး ဂိုးမက္စ္ေကာ အဂၤလန္အသင္းကပါ လက္ခံခဲ့တယ္လို႔ သိရတယ္။ ထပ္ျပီးလည္း စတာလင္က တြစ္တာကေနတစ္ဆင့္ သူ႔ရဲ႕ အျပဳအမႈအတြက္ ေတာင္းပန္မႈကို ထပ္မံ လုပ္ေဆာင္သြားခဲ့ပါတယ္။

ျဖစ္စဥ္ အေသးစိတ္မွာေတာ့ ဂိုးမက္စ္ဟာ ေနာက္က်မွ ကန္တင္းကို ေရာက္လာတာျဖစ္ျပီး အဂၤလန္အသင္းေဖာ္ေတြနဲ႔ လိုက္လံ ႏုတ္ဆက္ေနခဲ့တာပါ။ စတာလင္ထံ အေရာက္မွာေတာ့ ေနာက္ေက်ာကေန လက္ပင္ကိုေက်ာ္ျပီး ေပြ႔ဖက္ ႏုတ္ဆက္ဖို႔ လုပ္တဲ့အခ်ိန္မွာ စတာလင္က ဂိုးမက္စ္ကို တြန္းထိုးမႈျဖစ္ခဲ့တာလို႔ သိရတယ္။ အဂၤလန္အသင္းေဖာ္ေတြက စေနာက္ေနတယ္ ထင္ခဲ့ၾကေပမယ့္ စတာလင္ အမွန္တကယ္ အခ်င္းမ်ားလိုေနတာလို႔ ရိပ္မိၾကတဲ့အတြက္ ျဖန္႔ေျဖေပးခဲ့ၾကရပါတယ္။

အဂၤလန္အသင္းမွာ ခ်ယ္ဆီး၊ လီဗာပူး၊ မန္စီးတီးနဲ႔ စပါးအသင္းမွ ကစားသမားေတြ အမ်ားအျပားအျပင္ လက္စတာအသင္းမွ အသင္းသားေတြလည္း လက္ေရြးစင္အတြက္ အေရြးခ်ယ္ခံထားရတာျဖစ္ပါတယ္။