ချယ်ဆီးတောင်ပံသမား ပူလီဆစ်ဟာ နိုင်ငံတကာသီတင်းပတ်အတွင်း အမေရိကန်အသင်း ယှဉ်ပြိုင်ကစားမယ့် ကနေဒါနဲ့ ကျူးဘားအသင်း ပွဲတွေမှာ ပါဝင်သွားတော့မှာ မဟုတ်ပဲ ဒဏ်ရာကြောင့် နုတ်ထွက်သွားခဲ့ပြီဖြစ်ပါတယ်။

ပူလီဆစ်ဟာ ပဲလေစ့်နဲ့ပွဲမှာ တင်ပါးဒဏ်ရာရရှိခဲ့တာဖြစ်ပြီး နိုင်ငံတကာ သီတင်းပတ်မှာ ကြံ့ခိုင်မှုကို ပြန်တက်ဆောက်ဖို့ လက်ရွေးစင်အသင်းနဲ့ မပူးပေါင်းတာက အကောင်းဆုံးဖြစ်မယ်လို့ ရွေးချယ်ခဲ့တာပါ။ နွေတုန်းက ဒေါ့မွန်ကနေ လန်ဒန်အသင်းထံ ပြောင်းလာပြီးနောက် အထိုင်ကျဖို့ ခက်ခဲစွာ ရုန်းကန်ခဲ့ရတဲ့ ပူလီဆစ်ဟာ နောက်ပိုင်းမှာ ခြေစွမ်းပြသလာပြီး လိဂ်ပွဲ ၃ ပွဲမှာ သွင်းဂိုး ၅ ဂိုး ရထားတာဖြစ်ပါတယ်။

သီတင်းပတ်အကုန်က လန်ဒန်ဒါဘီပွဲမှာ ပဲလေစ့်ကို ၂-၀ နဲ့ အနိုင်ရပြီးနောက် လက်ရွေးစင်အဆင့် ပြိုင်ပွဲအတွက် သူ့ကို ရွေးချယ်မှာ မဟုတ်ကြောင်းကို အမေရိကန်အသင်း နည်းပြချုပ် Gregg Berhalter က ” ပူလီဆစ်က လူစာရင်းကနေ တရားဝင် နုတ်ထွက်ထားပါတယ်။ အဲ့သည်အကြောင်းကို ကျနော်တို့ အတည်ပြုထားပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

” ဆုံးဖြတ်ချက်ကို ကလပ်အသင်းနဲ့ ပူးပေါင်းပြီး လုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ ကစားသမားအတွက် အကောင်းဆုံးဖြစ်မှာကို ဆုံးဖြတ်ပေးလိုက်တာပါ။ အသင်းအတွက် ပူလီဆစ် ရှိနေဖို့က အရေးကြီးတာကြောင့် ဒီဆုံးဖြတ်ချက်ကို လုပ်ဆောင်တာက ခက်ခဲပါတယ်။ ဒါပေမယ့် သူ့ကို ခေါ်ယူဖို့က စွန့်စားရမှုဖြစ်ပြီး ဒီအခြေအနေမှာတော့ ကျနေ်ာတို့ မစွန့်စားလိုပါဘူး ” လို့ အမေရိကန်နည်းပြချုပ်က ပြောဆိုခဲ့တာဖြစ်တယ်။

အမေရိကန်ဟာ ဒေသတွင်းပြိုင်ပွဲဖြစ်တဲ့ အုပ်စု အေမှာတော့ ဒီနိုင်ငံတကာသီတင်းပတ်မှာ ပထမဆုံးအဖြစ် ကနေဒါ နောက်ထပ် လေးရက်အကြာမှာ ကျူဘားတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်တယ်။ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ဖို့ရာ အမေရိကန်အသင်းဟာ နှစ်ပွဲလုံးကို အနိုင်ရဖို့ လိုအပ်နေတာလည်း ဖြစ်ပါတယ်။

ZAWGYI

ခ်ယ္ဆီးေတာင္ပံသမား ပူလီဆစ္ဟာ ႏုိင္ငံတကာသီတင္းပတ္အတြင္း အေမရိကန္အသင္း ယွဥ္ျပိဳင္ကစားမယ့္ ကေနဒါနဲ႔ က်ဴးဘားအသင္း ပြဲေတြမွာ ပါဝင္သြားေတာ့မွာ မဟုတ္ပဲ ဒဏ္ရာေၾကာင့္ ႏုတ္ထြက္သြားခဲ့ျပီျဖစ္ပါတယ္။

ပူလီဆစ္ဟာ ပဲေလစ့္နဲ႔ပြဲမွာ တင္ပါးဒဏ္ရာရရွိခဲ့တာျဖစ္ျပီး ႏုိင္ငံတကာ သီတင္းပတ္မွာ ၾကံ႕ခိုင္မႈကို ျပန္တက္ေဆာက္ဖို႔ လက္ေရြးစင္အသင္းနဲ႔ မပူးေပါင္းတာက အေကာင္းဆံုးျဖစ္မယ္လို႔ ေရြးခ်ယ္ခဲ့တာပါ။ ေႏြတုန္းက ေဒါ့မြန္ကေန လန္ဒန္အသင္းထံ ေျပာင္းလာျပီးေနာက္ အထိုင္က်ဖို႔ ခက္ခဲစြာ ရုန္းကန္ခဲ့ရတဲ့ ပူလီဆစ္ဟာ ေနာက္ပိုင္းမွာ ေျခစြမ္းျပသလာျပီး လိဂ္ပြဲ ၃ ပြဲမွာ သြင္းဂိုး ၅ ဂိုး ရထားတာျဖစ္ပါတယ္။

သီတင္းပတ္အကုန္က လန္ဒန္ဒါဘီပြဲမွာ ပဲေလစ့္ကို ၂-၀ နဲ႔ အႏုိင္ရျပီးေနာက္ လက္ေရြးစင္အဆင့္ ျပိဳင္ပြဲအတြက္ သူ႔ကို ေရြးခ်ယ္မွာ မဟုတ္ေၾကာင္းကို အေမရိကန္အသင္း နည္းျပခ်ဳပ္ Gregg Berhalter က ” ပူလီဆစ္က လူစာရင္းကေန တရားဝင္ ႏုတ္ထြက္ထားပါတယ္။ အဲ့သည္အေၾကာင္းကို က်ေနာ္တုိ႔ အတည္ျပဳထားပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

” ဆံုးျဖတ္ခ်က္ကို ကလပ္အသင္းနဲ႔ ပူးေပါင္းျပီး လုပ္ေဆာင္ခဲ့ျခင္းျဖစ္ကာ ကစားသမားအတြက္ အေကာင္းဆံုးျဖစ္မွာကို ဆံုးျဖတ္ေပးလိုက္တာပါ။ အသင္းအတြက္ ပူလီဆစ္ ရွိေနဖို႔က အေရးၾကီးတာေၾကာင့္ ဒီဆံုးျဖတ္ခ်က္ကို လုပ္ေဆာင္တာက ခက္ခဲပါတယ္။ ဒါေပမယ့္ သူ႔ကို ေခၚယူဖို႔က စြန္႔စားရမႈျဖစ္ျပီး ဒီအေျခအေနမွာေတာ့ က်ေန္ာတို႔ မစြန္႔စားလိုပါဘူး ” လို႔ အေမရိကန္နည္းျပခ်ဳပ္က ေျပာဆိုခဲ့တာျဖစ္တယ္။

အေမရိကန္ဟာ ေဒသတြင္းျပိဳင္ပြဲျဖစ္တဲ့ အုပ္စု ေအမွာေတာ့ ဒီႏုိင္ငံတကာသီတင္းပတ္မွာ ပထမဆံုးအျဖစ္ ကေနဒါ ေနာက္ထပ္ ေလးရက္အၾကာမွာ က်ဴဘားတို႔နဲ႔ ယွဥ္ျပိဳင္ရမွာျဖစ္တယ္။ ေနာက္တစ္ဆင့္ကို တက္ေရာက္ႏုိင္ဖို႔ရာ အေမရိကန္အသင္းဟာ ႏွစ္ပြဲလံုးကို အႏုိင္ရဖို႔ လိုအပ္ေနတာလည္း ျဖစ္ပါတယ္။