လက်ရှိ မန်စီးတီးမှာ ကစားနေပြီ ဖြစ်တဲ့ တောင်ပံတိုက်စစ်သမား မာရက်ဇ်က ၎င်းဟာ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့လုနီးပါး ရှိခဲ့ကြောင်း ဝန်ခံလိုက်ပြီး ထိုစဉ်က လက်စတာအသင်းရဲ့ တားဆီးမှုကြောင့် ပျက်ပြယ်ခဲ့ရကြောင်း ဝန်ခံ ပြောဆိုခဲ့ပါတယ်။ လက်စတာအသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်လာပြီးနောက် ကြယ်ပွင့် ကစားသမားတွေကို လက်လွှတ်ရဖို့ ကြုံခဲ့ပါတယ်။

ကန်တေက ချယ်ဆီးသို့ ပြောင်းရွှေ့သွားပြီးနောက် ဗာဒီနဲ့ မာရက်ဇ်ကလည်း အာဆင်နယ်ရဲ့ ချိတ်ဆက်မှု ခံယူခဲ့ရပါတယ်။ ၂၀၁၆ မှာ မာရက်ဇ် အာဆင်နယ်သို့ ပြောင်းရွှေ့ဖို့ ဖြစ်မြောက်လုနီးပါး ရှိခဲ့ပေမယ့် အယ်လ်ဂျီးရီးယားသားရဲ့ အဆိုအရ လက်စတာက တားဆီးခဲ့တာကြောင်း ပျက်ခဲ့ရာကာ ၎င်းလည်း အမျက်ထွက်ခဲ့ရကြောင်း ဝန်ခံပြောဆိုလာပါတယ်။။

” အမှတ်ပေးဖလား ဗိုလ်စွဲပြီးတဲ့နောက် ကျနော်သာ ထိပ်သီး အသင်း တစ်သင်းသင်းကို ပြောင်းရွှေ့ ဖြစ်ခဲ့ရင် အခြေအနေက တမျိုးမျိုး ဖြစ်သွားနိုင်ပါတယ်။ ကျနော့် အတွက်တော့ ခြေစွမ်း အမြင့်ဆုံး နှစ်နှစ်တာလောက် ပျောက်ဆုံးသွားတယ်။ နှစ်နှစ်လောက် ပလုံသွားတာနော်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော် မန်စီးတီးကို ရောက်တော့ ၂၇ နှစ်။ ကျနော် အသင်းကြီး တစ်သင်းသင်းဆီ ၂၄၊ ၂၅ လောက်တည်းက ရောက်နှင့် နေရမှာ။ ”

” လက်စတာက တားဆီး ပိတ်ပင်ခဲ့တယ်။ မင်း မသွားရဘူး သွားလို့ မဖြစ်ဘူးပေါ့။ ကျနော့် အေးဂျင့်က ကျနော့်ကို အတော် အလိုရှိနေတဲ့ အာဆင်ဝင်းဂါးနဲ့ ပြောဆိုပြီးနေပြီ။ ၂၀၁၆ တုန်းက ကျနော် အာဆင်နယ်ကို သွားဖို့ အားလုံး ပြင်ဆင်ပြီး ဖြစ်နေခဲ့တာပါ။ တော်တော် ဒေါသထွက်ခဲ့ရတယ်။ ”

” ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမား အဖြစ်ကနေ တန်းဆင်းဇုန်မှာ ရုန်းကန်ရတဲ့ အသင်း တစ်သင်း အသင်းသား ပြန်ဖြစ်သွားခဲ့တာက မလွယ်ပါဘူး။ အဲဒါက အရင်လို မဟုတ်တော့ဘူး။ လူတိုင်းက ကိုယ့်အသင်းကို ဖြုတ်ချဖို့ပဲ ကြည့်နေတာပါ။ ” လို့ မာရက်ဇ်က ဖွင့်ဟခဲ့ပါတယ်။

မာရက်ဇ်ဟာ နောက်ဆုံးမှာတော့ သူလိုလားတဲ့ ထိပ်သီးအသင်းကြီး တစ်သင်း ဖြစ်တဲ့ မန်စီးတီးထံ ပေါင် သန်း ၆၀ နဲ့ ပြောင်းရွှေ့ နိုင်ခဲ့ပါတယ်။ မန်စီးတီးမှာတော့ ကြယ်ပွင့် ကစားသမား အများအပြား ရှိတာကြောင့် မာရက်ဇ်က အစွမ်းပြဖို့ ပြိုင်ဆိုင်မှုတွေ ပြင်းထန်နေဆဲပါ။

Zawgyi

လက္ရွိ မန္စီးတီးမွာ ကစားေနျပီ ျဖစ္တဲ့ ေတာင္ပံတိုက္စစ္သမား မာရက္ဇ္က ၄င္းဟာ အာဆင္နယ္အသင္းထံ ေျပာင္းေရႊ႕လုနီးပါး ရွိခဲ့ေၾကာင္း ၀န္ခံလိုက္ျပီး ထိုစဥ္က လက္စတာအသင္းရဲ႕ တားဆီးမႈေၾကာင့္ ပ်က္ျပယ္ခဲ့ရေၾကာင္း ၀န္ခံ ေျပာဆိုခဲ့ပါတယ္။ လက္စတာအသင္းဟာ ပရီးမီးယားလိဂ္ ခ်န္ပီယံ ျဖစ္လာျပီးေနာက္ ၾကယ္ပြင့္ ကစားသမားေတြကို လက္လႊတ္ရဖို႔ ၾကံဳခဲ့ပါတယ္။

ကန္ေတက ခ်ယ္ဆီးသို႔ ေျပာင္းေရႊ႕သြားျပီးေနာက္ ဗာဒီနဲ႕ မာရက္ဇ္ကလည္း အာဆင္နယ္ရဲ႕ ခ်ိတ္ဆက္မႈ ခံယူခဲ့ရပါတယ္။ ၂၀၁၆ မွာ မာရက္ဇ္ အာဆင္နယ္သို႔ ေျပာင္းေရႊ႕ဖို႔ ျဖစ္ေျမာက္လုနီးပါး ရွိခဲ့ေပမယ့္ အယ္လ္ဂ်ီးရီးယားသားရဲ႕ အဆိုအရ လက္စတာက တားဆိီးခဲ့တာေၾကာင္း ပ်က္ခဲ့ရာကာ ၄င္းလည္း အမ်က္ထြက္ခဲ့ရေၾကာင္း ၀န္ခံေျပာဆိုလာပါတယ္။။

” အမွတ္ေပးဖလား ဗိုလ္စြဲျပီးတဲ့ေနာက္ က်ေနာ္သာ ထိပ္သီး အသင္း တစ္သင္းသင္းကို ေျပာင္းေရႊ႕ ျဖစ္ခဲ့ရင္ အေျခအေနက တမ်ိဳးမ်ိဳး ျဖစ္သြားနုိင္ပါတယ္။ က်ေနာ့္ အတြက္ေတာ့ ေျခစြမ္း အျမင့္ဆံုး နွစ္နွစ္တာေလာက္ ေပ်ာက္ဆံုးသြားတယ္။ နွစ္နွစ္ေလာက္ ပလံုသြားတာေနာ္။ ဘာျဖစ္လို႔လဲဆိုေတာ့ က်ေနာ္ မန္စီးတီးကို ေရာက္ေတာ့ ၂၇ နွစ္။ က်ေနာ္ အသင္းၾကီး တစ္သင္းသင္းဆီ ၂၄၊ ၂၅ ေလာက္တည္းက ေရာက္နွင့္ ေနရမွာ။ ”

” လက္စတာက တားဆီး ပိတ္ပင္ခဲ့တယ္။ မင္း မသြားရဘူး သြားလို႔ မျဖစ္ဘူးေပါ့။ က်ေနာ့္ ေအးဂ်င့္က က်ေနာ့္ကို အေတာ္ အလိုရွိေနတဲ့ အာဆင္၀င္းဂါးနဲ႕ ေျပာဆိုျပီးေနျပီ။ ၂၀၁၆ တုန္းက က်ေနာ္ အာဆင္နယ္ကို သြားဖို႔ အားလံုး ျပင္ဆင္ျပီး ျဖစ္ေနခဲ့တာပါ။ ေတာ္ေတာ္ ေဒါသထြက္ခဲ့ရတယ္။ ”

” ပရီးမီးယားလိဂ္ အေကာင္းဆံုး ကစားသမား အျဖစ္ကေန တန္းဆင္းဇုန္မွာ ရုန္းကန္ရတဲ့ အသင္း တစ္သင္း အသင္းသား ျပန္ျဖစ္သြားခဲ့တာက မလြယ္ပါဘူး။ အဲဒါက အရင္လို မဟုတ္ေတာ့ဘူး။ လူတိုင္းက ကိုယ့္အသင္းကို ျဖဳတ္ခ်ဖို႔ပဲ ၾကည့္ေနတာပါ။ ” လို႔ မာရက္ဇ္က ဖြင့္ဟခဲ့ပါတယ္။

မာရက္ဇ္ဟာ ေနာက္ဆံုးမွာေတာ့ သူလိုလားတဲ့ ထိပ္သီးအသင္းၾကီး တစ္သင္း ျဖစ္တဲ့ မန္စီးတီးထံ ေပါင္ သန္း ၆၀ နဲ႕ ေျပာင္းေရႊ႕ နုိင္ခဲ့ပါတယ္။ မန္စီးတီးမွာေတာ့ ၾကယ္ပြင့္ ကစားသမား အမ်ားအျပား ရွိတာေၾကာင့္ မာရက္ဇ္က အစြမ္းျပဖို႔ ျပိဳင္ဆိုင္မႈေတြ ျပင္းထန္ေနဆဲပါ။