ယူနိုက်တက်ကွင်းလယ်လူ တော်မီနေးဟာ ဘရိုက်တန်နဲ့ပွဲမှာ ဒဏ်ရာရခဲ့တာကြောင့် ကာလတစ်ခု အနားယူနေရဖို့ ရှိနေပြီး နိုင်ငံတကာ သီတင်းပတ်အပြီးမှာ ပြန်ကစားရမယ့် ရှက်ဖီး၊ ဗီလာပွဲကနေမှ စပါးနဲ့ပွဲထိကို လွဲချော်သွားနိုင်တယ်လို့ သိရပါတယ်။

တော်မီနေးဟာ အဆိုပါပွဲ အပါအဝင် ရှက်ဖီး၊ အက်စတာနာနဲ့ အက်စတွန်ဗီလာပွဲတွေထိကိုပါ ခြေကျင်းဝတ်ဒဏ်ရာကြောင့် လွဲချော်သွားနိုင်ပါတယ်။ စကော်တလန်ကွင်းလယ်လူ ရရှိခဲ့တဲ့ ဒဏ်ရာအခြေအနေ အသေးစိတ်ကို သိရဖို့က နောက်ထပ် ၇၂ နာရီထိ စောင့်ကြည့်ရမှာ ဖြစ်ပေမယ့် ဒဏ်ရာက လေးပတ်လောက်ထိ အနားယူရနိုင်တယ်လို့ ကနဦး တွက်ချက်ထားရတာဖြစ်ပါတယ်။

ဘရိုက်တန်နဲ့ပွဲအပြီးမှာ မန်နေဂျာဆိုးရှားက သူတုန်းက တူညီတဲ့ ဒဏ်ရာပြဿနာမျိုးကို နှစ်လလောက်ထိ အနားယူခဲ့ရဖူးတယ်လို့ ဆိုထားခဲ့တယ်။ ကစားသမားရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုအရ ဒဏ်ရာက နှစ်လလောက်တော့ အနားမယူရဖို့ မျှော်လင့်ရပါတယ်။ ဒီရာသီမှာ ယူနိုက်တက်ရဲ့ စွမ်းဆောင်ရည် အတည်ငြိမ်ဆုံးလို ဆိုနိုင်တဲ့ ကွင်းလယ်လူဟာ ကလပ်ရဲ့ ပွဲထွက်ခွင့် အများဆုံး ကစားသမား စာရင်းမှာ မက်ဂွဲရားနောက် ဒုတိယနေရာက ရပ်တည်နေတာဖြစ်တယ်။

သတင်းကောင်း တစ်ခုကတော့ ယူနိုက်တက် ကွင်းလယ်လူ ပေါ့ဘာဟာ ဒဏ်ရာကို ပြန်ဖြေခဲ့ပြီဖြစ်ပြီး နိုင်ငံတကာ သီတင်းပတ်မှာပဲ ခြေကျင်းဝတ်ဒဏ်ရာကနေ ပြန်သက်သာလာခဲ့ပြီဖြစ်တယ်။ စက်တင်ဘာလက အာဆင်နယ်ကို ၁-၁ သရေကျတဲ့ပွဲနောက်ပိုင်း ယူနိုက်တက်ရဲ့ ပွဲ ၈ ပွဲထိကို ခြေထောက်ဒဏ်ရာကြောင့် ပေါ့ဘာ မပါဝင်ပေးနိုင်ခဲ့ပဲ အနားယူနေခဲ့ရတာဖြစ်ပါတယ်။

အစောပိုင်းတုန်းက ဒီဇင်ဘာထိ အနားယူရမယ်လို့ ထင်ထားခဲ့ရပေမယ့် နိုင်ငံတကာ သီတင်းပတ်အကုန်မှာ ပေါ့ဘာကို ပြန်သုံးနိုင်လို့ တော်မီနေး ဒဏ်ရာရနေချိန်မှာ ကွင်းလယ်ကနေ ပါဝင်ပေးဖို့ ပေါ့ဘာကို ပြန်ရလာတာက ယူနိုက်တက်အတွက် စိတ်သက်သာရာ ရစေတဲ့ သတင်းလည်း ဖြစ်လာခဲ့ပါတယ်။

ZAWGYI

ယူႏုိက္တက္ကြင္းလယ္လူ ေတာ္မီေနးဟာ ဘရိုက္တန္နဲ႔ပြဲမွာ ဒဏ္ရာရခဲ့တာေၾကာင့္ ကာလတစ္ခု အနားယူေနရဖို႔ ရွိေနျပီး ႏုိင္ငံတကာ သီတင္းပတ္အျပီးမွာ ျပန္ကစားရမယ့္ ရွက္ဖီး၊ ဗီလာပြဲကေနမွ စပါးနဲ႔ပြဲထိကို လြဲေခ်ာ္သြားႏုိင္တယ္လို႔ သိရပါတယ္။

ေတာ္မီေနးဟာ အဆိုပါပြဲ အပါအဝင္ ရွက္ဖီး၊ အက္စတာနာနဲ႔ အက္စတြန္ဗီလာပြဲေတြထိကိုပါ ေျခက်င္းဝတ္ဒဏ္ရာေၾကာင့္ လြဲေခ်ာ္သြားႏိုင္ပါတယ္။ စေကာ္တလန္ကြင္းလယ္လူ ရရွိခဲ့တဲ့ ဒဏ္ရာအေျခအေန အေသးစိတ္ကို သိရဖို႔က ေနာက္ထပ္ ၇၂ နာရီထိ ေစာင့့္ၾကည့္ရမွာ ျဖစ္ေပမယ့္ ဒဏ္ရာက ေလးပတ္ေလာက္ထိ အနားယူရႏုိင္တယ္လို႔ ကနဦး တြက္ခ်က္ထားရတာျဖစ္ပါတယ္။

ဘရိုက္တန္နဲ႔ပြဲအျပီးမွာ မန္ေနဂ်ာဆိုးရွားက သူတုန္းက တူညီတဲ့ ဒဏ္ရာျပႆနာမ်ိဳးကို ႏွစ္လေလာက္ထိ အနားယူခဲ့ရဖူးတယ္လို႔ ဆိုထားခဲ့တယ္။ ကစားသမားရဲ႕ ရုပ္ပိုင္းဆိုင္ရာ ၾကံ႕ခိုင္မႈအရ ဒဏ္ရာက ႏွစ္လေလာက္ေတာ့ အနားမယူရဖို႔ ေမွ်ာ္လင့္ရပါတယ္။ ဒီရာသီမွာ ယူႏုိက္တက္ရဲ႕ စြမ္းေဆာင္ရည္ အတည္ျငိမ္ဆံုးလို ဆိုႏုိင္တဲ့ ကြင္းလယ္လူဟာ ကလပ္ရဲ႕ ပြဲထြက္ခြင့္ အမ်ားဆံုး ကစားသမား စာရင္းမွာ မက္ဂြဲရားေနာက္ ဒုတိယေနရာက ရပ္တည္ေနတာျဖစ္တယ္။

သတင္းေကာင္း တစ္ခုကေတာ့ ယူႏုိက္တက္ ကြင္းလယ္လူ ေပါ့ဘာဟာ ဒဏ္ရာကို ျပန္ေျဖခဲ့ျပီျဖစ္ျပီး ႏုိင္ငံတကာ သီတင္းပတ္မွာပဲ ေျခက်င္းဝတ္ဒဏ္ရာကေန ျပန္သက္သာလာခဲ့ျပီျဖစ္တယ္။ စက္တင္ဘာလက အာဆင္နယ္ကို ၁-၁ သေရက်တဲ့ပြဲေနာက္ပိုင္း ယူႏုိက္တက္ရဲ႕ ပြဲ ၈ ပြဲထိကို ေျခေထာက္ဒဏ္ရာေၾကာင့္ ေပါ့ဘာ မပါဝင္ေပးႏုိင္ခဲ့ပဲ အနားယူေနခဲ့ရတာျဖစ္ပါတယ္။

အေစာပိုင္းတုန္းက ဒီဇင္ဘာထိ အနားယူရမယ္လို႔ ထင္ထားခဲ့ရေပမယ့္ ႏုိင္ငံတကာ သီတင္းပတ္အကုန္မွာ ေပါ့ဘာကို ျပန္သံုးႏုိင္လုိ႔ ေတာ္မီေနး ဒဏ္ရာရေနခ်ိန္မွာ ကြင္းလယ္ကေန ပါဝင္ေပးဖို႔ ေပါ့ဘာကို ျပန္ရလာတာက ယူႏုိက္တက္အတြက္ စိတ္သက္သာရာ ရေစတဲ့ သတင္းလည္း ျဖစ္လာခဲ့ပါတယ္။