လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့ရာသီက နာကျင်ခဲ့ရတဲ့ သင်ခန်းစာတွေကို သင်ယူခဲ့ရပြီး ဖြစ်ကာ ဒီရာသီမှာ ထပ်မံ လွဲချော်ဖို့ ခွင့်ပြုတော့မှာ မဟုတ်ကြောင်း လီဗာပူး ခံစစ်မှူး ဗန်ဒိုက်က ထုတ်ဖော် ပြောဆိုလာပါတယ်။ ဒီရာသီ ပရီးမီးယာလိဂ်မှာ ရှုံးပွဲ မရှိအောင် ထိန်းထားနိုင်ဆဲ ဖြစ်တဲ့ လီဗာပူးက လက်ရှိ ချန်ပီယံ မန်စီးတီးထက် ၉ မှတ် အသာ ရထားပြီ ဖြစ်ပါတယ်။

လီဗာပူးက ပြီးခဲ့တဲ့ ရာသီ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ တစ်မှတ်တည်းနဲ့ လွဲခဲ့ရသလို တစ်ရာသီလုံး တစ်ပွဲတည်းသော ရှုံးပွဲကလည်း အီတီဟတ်မှာ မန်စီးတီးကို ရှုံးခဲ့တာ ဖြစ်ပါတယ်ယ။ ဒါ့အပြင် မန်ချက်စတာယူနိုက်တက်၊ အဲဗာတန်တို့နဲ့ တွေ့စဉ်မှာ အရေးကြီးတဲ့ ရမှတ်များ ဆုံးရှုံးမှု ရှိခဲ့ပါတယ်။ ထို အတွေ့အကြုံတွေ သင်ခန်းစာတွေက ဒီတချိန် လီဗာပူးကို အကူအညီ တွန်းအားပေးနေပြီလို့ ဟော်လန်သားက ယုံကြည်နေပါတယ်။

” မနှစ်က ကျနော်တို့ အတွေ့အကြုံတွေ အများကြီး ရခဲ့တယ်။ ကောင်းတဲ့ အရာတွေလည်း ရှိခဲ့သလို ပိုကောင်းအောင် လုပ်နိုင်တာတွေလည်း ရှိတယ်ဆိုတာ သိလာခဲ့တယ်။ ဒီတကြိမ်မှာတော့ ကျနော်တို့ ပိုမိုကောင်းမွန်စွာ တုန့်ပြန်နိုင်မယ် မျှော်လင့်တယ်။ တရာသီလုံး တောက်လျောက် ကံကောင်းမှုလည်း နည်းနည်းနဲ့ ကောင်းမွန်စွာ ကျော်ဖြတ်ဖို့ လိုတယ်။ လောလောဆယ်တော့ ပျော်ရွှင်နေရတာပေါ့။ ကျနောတို့ တစ်ပွဲပဲ သရေ ကျထားပြီး ကျန်တဲ့ ပွဲ အကုန် နိုင်ထားတယ်။ ဒီအတိုင်း ဆက်သွားနိုင်ဖို့ မျှော်လင့်တယ်။ ”

” ကျနော်တု့ိ အားလုံး ဖြစ်နိုင်လာအောင် လုပ်ပြခဲ့ပြီ။ မနှစ်က ကိစ္စတွေကို နောင်တ ရ မနေသင့်ဘူး။ မန်စီးတီးက သိပ်ထူးချွန်လွန်းခဲ့တာပါ။ ကျနော်တို့ ဆက်တိုက် ဖိအားပေးခဲ့ပေမယ့် သူတို့က လုံး၀ လမ်းကြောင်း မလွဲသွားခဲ့ဘူး။ ဒါကို လေးစား အသိအမှတ်ပြုရမှာ ဖြစ်တယ်။ ဒီနှစ်ကတော့ အသင်းတွေ ပြိုင်ဆိုင်မှု ပိုများလာခဲ့တယ်။ ခက်ခက်တဲ့ ပွဲစဉ်တွေ ပြိုင်ပွဲတွေ ခရီးစဉ်တွေ အများကြီးက စောင့်နေသေးတယ်။ ဒီတော့ ဒဏ်ရာတွေ ဖျားနာမှုတွေ ဘာမှ မဖြစ်ဖို့ မျှော်လင့်ရတယ်။ ဘာမဆို ဖြစ်သွားနိုင်သေးတဲ့ အနေအထားမှာပဲ ရှိနေသေးတယ်။ ”

” ဒါပေမယ့် ကျနော်တို့ တခြားအသင်းတွေကို သိပ် ကြည့်မနေသင့်ဘူး။ ကိုယ်ရင်ဆိုင်ရမယ့် အသင်းကိုသာ ဂရုစိုက်ရမှာ။ မန်စီးတီးက ချန်ပီယံအသင်းဖြစ်တယ် ဒီအသင်းကို ကောင်းစွာ ယှဉ်ပြိုင်ခဲ့ပြီးပြီ။ နောက်ပွဲတွေ နောက်အသင်းတွေကိုလည်း ဒီအတိုင်း ရင်ဆိုင်သွားဖို့သာ လိုတာပါ။ ” လို့ ဗန်ဒိုက်က ပြောဆိုသွားခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ဒီဇင်ဘာလထဲမှာ ပွဲကြပ်များအပြင် ကလပ်အသင်းများ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာပါ ပါဝင်ဖို့ ရှိတာကြောင့် များပြားတဲ့ ပွဲစဉ်တွေ ပြိုင်ပွဲတွေက စောင့်ကြိုနေပါတယ်။

Zawgyi

လီဗာပူးအသင္းဟာ ျပီးခဲ့တဲ့ရာသီက နာက်င္ခဲ့ရတဲ့ သင္ခန္းစာေတြကို သင္ယူခဲ့ရျပီး ျဖစ္ကာ ဒီရာသီမွာ ထပ္မံ လြဲေခ်ာ္ဖို႔ ခြင့္ျပဳေတာ့မွာ မဟုတ္ေၾကာင္း လီဗာပူး ခံစစ္မွဴး ဗန္ဒိုက္က ထုတ္ေဖာ္ ေျပာဆိုလာပါတယ္။ ဒီရာသီ ပရီးမီးယာလိဂ္မွာ ရွံဳးပြဲ မရွိေအာင္ ထိန္းထားနုိင္ဆဲ ျဖစ္တဲ့ လီဗာပူးက လက္ရွိ ခ်န္ပီယံ မန္စီးတီးထက္ ၉ မွတ္ အသာ ရထားျပီ ျဖစ္ပါတယ္။

လီဗာပူးက ျပီးခဲ့တဲ့ ရာသီ ပရီးမီးယားလိဂ္ ခ်န္ပီယံ ျဖစ္ဖို႔ တစ္မွတ္တည္းနဲ႕ လြဲခဲ့ရသလို တစ္ရာသီလံုုး တစ္ပြဲတည္းေသာ ရွဳံးပြဲကလည္း အီတီဟတ္မွာ မန္စီးတီးကို ရွံဳးခဲ့တာ ျဖစ္ပါတယ္ယ။ ဒါ့အျပင္ မန္ခ်က္စတာယူနိုက္တက္၊ အဲဗာတန္တုိ႔နဲ႕ ေတြ႔စဥ္မွာ အေရးၾကီးတဲ့ ရမွတ္မ်ား ဆံုးရွံဳးမႈ ရွိခဲ့ပါတယ္။ ထို အေတြ႔အၾကံဳေတြ သင္ခန္းစာေတြက ဒီတခ်ိန္ လီဗာပူးကို အကူအညီ တြန္းအားေပးေနျပီလို႔ ေဟာ္လန္သားက ယံုၾကည္ေနပါတယ္။

” မနွစ္က က်ေနာ္တို႔ အေတြ႔အၾကံဳေတြ အမ်ားၾကီး ရခဲ့တယ္။ ေကာင္းတဲ့ အရာေတြလည္း ရွိခဲ့သလို ပိုေကာင္းေအာင္ လုပ္နိုင္တာေတြလည္း ရွိတယ္ဆိုတာ သိလာခဲ့တယ္။ ဒီတၾကိမ္မွာေတာ့ က်ေနာ္တို႔ ပိုမိုေကာငး္မြန္စြာ တုန္႔ျပန္နုိင္မယ္ ေမွ်ာ္လင့္တယ္။ တရာသီလံုး ေတာက္ေလ်ာက္ ကံေကာင္းမႈလည္း နည္းနည္းနဲ႕ ေကာင္းမြန္စြာ ေက်ာ္ျဖတ္ဖို႕ လိုတယ္။ ေလာေလာဆယ္ေတာ့ ေပ်ာ္ရႊင္ေနရတာေပါ့။ က်ေနာတို႔ တစ္ပြဲပဲ သေရ က်ထားျပီး က်န္တဲ့ ပြဲ အကုန္ နုိင္ထားတယ္။ ဒီအတိုင္း ဆက္သြားနိုင္ဖို႔ ေမွ်ာ္လင့္တယ္။ ”

” က်ေနာ္တု႔ိ အားလံုး ျဖစ္နိုင္လာေအာင္ လုပ္ျပခဲ့ျပီ။ မနွစ္က ကိစၥေတြကို ေနာင္တ ရ မေနသင့္ဘူး။ မန္စီးတီးက သိပ္ထူးခၽြန္လြန္းခဲ့တာပါ။ က်ေနာ္တို႔ ဆက္တိုက္ ဖိအားေပးခဲ့ေပမယ့္ သူတို႔က လံုး၀ လမ္းေၾကာင္း မလြဲသြားခဲ့ဘူး။ ဒါကို ေလးစား အသိအမွတ္ျပဳရမွာ ျဖစ္တယ္။ ဒီနွစ္ကေတာ့ အသင္းေတြ ျပိဳင္ဆိုင္မႈ ပိုမ်ားလာခဲ့တယ္။ ခက္ခက္တဲ့ ပြဲစဥ္ေတြ ျပိဳင္ပြဲေတြ ခရီးစဥ္ေတြ အမ်ားၾကီးက ေစာင့္ေနေသးတယ္။ ဒီေတာ့ ဒဏ္ရာေတြ ဖ်ားနာမႈေတြ ဘာမွ မျဖစ္ဖို႔ ေမွ်ာ္လင့္ရတယ္။ ဘာမဆို ျဖစ္သြားနုိင္ေသးတဲ့ အေနအထားမွာပဲ ရွိေနေသးတယ္။ ”

” ဒါေပမယ့္ က်ေနာ္တို႔ တျခားအသင္းေတြကို သိပ္ ၾကည့္မေနသင့္ဘူး။ ကိုယ္ရင္ဆိုင္ရမယ့္ အသင္းကိုသာ ဂရုစိုက္ရမွာ။ မန္စီးတီးက ခ်န္ပီယံအသင္းျဖစ္တယ္ ဒီအသင္းကို ေကာင္းစြာ ယွဥ္ျပိဳင္ခဲ့ျပီးျပီ။ ေနာက္ပြဲေတြ ေနာက္အသင္းေတြကိုလည္း ဒီအတိုင္း ရင္ဆိုင္သြားဖို႕သာ လိုတာပါ။ ” လို႔ ဗန္ဒိုက္က ေျပာဆိုသြားခဲ့ပါတယ္။

လီဗာပူးအသင္းဟာ ဒီဇင္ဘာလထဲမွာ ပြဲၾကပ္မ်ားအျပင္ ကလပ္အသင္းမ်ား ကမၻာ့ဖလား ျပိဳင္ပြဲမွာပါ ပါ၀င္ဖို႔ ရွိတာေၾကာင့္ မ်ားျပားတဲ့ ပြဲစဥ္ေတြ ျပိဳင္ပြဲေတြက ေစာင့္ၾကိဳေနပါတယ္။