ပဲလေစ့်နဲ့ပွဲမှာ ဂျော်ဂျင်ဟို ပွဲပယ်ခံထားရလို့ ကွင်းလယ်မှာ ဒဏ်ရာကပြန်သက်သာလာတဲ့ ကန်တေကို တိုက်ရိုက် ထည့်သုံးခဲ့နိုင်ပြီး ချယ်ဆီးပရိသတ်တွေကြားမှာ မေးခွန်းတစ်ခုက မေ့လျော့နေခဲ့ပါတယ်။

ချယ်ဆီးနဲ့ ပဲလေစ့်ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ လမ်းပတ်က ကွင်းလယ်မှာ ကန်တေ ကစားနိုင်တဲ့နေရာကို ဝေဖန်သုံးသပ်ခဲ့ပြီး ဒီရာသီမှာ အဝါကဒ် ငါးကဒ်ထိပြီး ပွဲပယ်ခံရတဲ့ ဂျော်ဂျင်ဟိုအတွက် သူ့ကို တိုက်ရိုက် အစားထိုး နိုင်မလားမေးခွန်းနဲ့ ပတ်သက်ပြီး အဖြေပြန်ခဲ့တယ်။ ဒါဟာ အနာဂတ်မှာ ကန်တေကို ဘယ်နေရာက ကစားစေမယ်ဆိုတာအတွက် အဓိက ကျလာခဲ့ပါတယ်။

” လူတွေက သူဟာ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ခံစစ် တစ်ယောက်လို့ ပြောတဲ့အခါ ဒါက သူ့ရဲ့ ထူးချွန်မှုကို အပြည့်အစုံ ဖော်ပြနိုင်မှုလို့ ကျနော် မထင်ဘူး။ အဲ့ထက်ပိုတာ ရှိသေးတယ်။ ကျနော့်စိတ်ထဲက ခံစစ်ကစားသမားဆိုတာ နောက်တန်း လေးယောက် ဒါမှမဟုတ် သုံးယောက်ရဲ့ အရှေ့မှာပါ။ သူက အဲ့ဒါထက် အများကြီး ပိုပါတယ်။

ဘယ်သူ့အတွက် ကစားကစား သူက လွန်ခဲ့တဲ့ လေးနှစ်ထဲက အဲ့အရည်အချင်းတွေ အားလုံးကို ပြသခဲ့ပါတယ်။ ကန်တေနဲ့ ဂျော်ဂျင်ဟို က မတူညီတဲ့ အရည်အချင်းတွေ ရှိကြပေမယ့် ကျနော်တို့ ကွင်းလယ်ကို တည်ဆောက်တဲ့ခါ ဒီနှစ်ယောက်က တူညီမှ ာမဟုတ်ပါဘူး။ တစ်ယောက်ချင်း အစားထိုးမှုထက် ကျနော်တို့က စုစုစည်းစည်းနဲ့ အသင်းကို တည်ဆောက်မှာ ဖြစ်တယ်။ ” လို့ လမ်းပတ်က ပြောဆိုခဲ့ပါတယ်။

လမ်းပတ်ရဲ့ ပြောဆိုမှုအရ အနာဂတ်မှာ ချယ်ဆီးကွင်းလယ်ကို တည်ဆောက်တဲ့အခါ ဂျော်ဂျင်ဟိုနဲ့ ကန်တေကို တစ်လှည့်စီ ကွင်းလယ်ခံစစ်နေရာကနေ ပါဝင်စေတာထက် ဂျော်ဂျင်ဟို၊ ကိုဗာဆစ်နဲ့ ကန်တေအတွဲကို အသစ်အဖြစ် တည်ဆောက်မယ်လို့ လမ်းပတ် အရိပ်အမြွက်ပြောခဲ့ခြင်းလို့ ယူဆရတယ်။ ဂျော်ဂျင်ဟိုကို အထိုင်ကစားစေပြီး ကိုဗာဆစ်နဲ့ ကန်တေရဲ့ ကွင်းလယ်နဲ့ တိုက်စစ်ကြား ချိတ်ဆက်မှုက ဘယ်လောက်ထိ အလုပ်ဖြစ်နိုင်မလဲဆိုတာကို လာမယ့် မန်စီးတီးနဲ့ပွဲမှာ မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။

ZAWGYI

ပဲေလစ့္နဲ႔ပြဲမွာ ေဂ်ာ္ဂ်င္ဟို ပြဲပယ္ခံထားရလို႔ ကြင္းလယ္မွာ ဒဏ္ရာကျပန္သက္သာလာတ့ဲ ကန္ေတကို တိုက္ရိုက္ ထည့္သံုးခဲ့ႏုိင္ျပီး ခ်ယ္ဆီးပရိသတ္ေတြၾကားမွာ ေမးခြန္းတစ္ခုက ေမ့ေလ်ာ့ေနခဲ့ပါတယ္။

ခ်ယ္ဆီးနဲ႔ ပဲေလစ့္ပြဲမတိုင္ခင္ သတင္းစာရွင္းလင္းပြဲမွာ လမ္းပတ္က ကြင္းလယ္မွာ ကန္ေတ ကစားႏိုင္တဲ့ေနရာကို ေဝဖန္သုံးသပ္ခဲ့ၿပီး ဒီရာသီမွာ အဝါကဒ္ ငါးကဒ္ထိၿပီး ပြဲပယ္ခံရတဲ့ ေဂ်ာ္ဂ်င္ဟိုအတြက္ သူ႔ကို တိုက္႐ိုက္ အစားထိုး ႏိုင္မလားေမးခြန္းနဲ႔ ပတ္သက္ၿပီး အေျဖျပန္ခဲ့တယ္။ ဒါဟာ အနာဂတ္မွာ ကန္ေတကို ဘယ္ေနရာက ကစားေစမယ္ဆိုတာအတြက္ အဓိက က်လာခဲ့ပါတယ္။

” လူေတြက သူဟာ ကမာၻ႔အေကာင္းဆုံး ကြင္းလယ္ခံစစ္ တစ္ေယာက္လို႔ ေျပာတဲ့အခါ ဒါက သူ႔ရဲ႕ ထူးခၽြန္မႈကို အျပည့္အစုံ ေဖာ္ျပႏုိင္မႈလို႔ က်ေနာ္ မထင္ဘူး။ အဲ့ထက္ပိုတာ ရွိေသးတယ္။ က်ေနာ့္စိတ္ထဲက ခံစစ္ကစားသမားဆိုတာ ေနာက္တန္း ေလးေယာက္ ဒါမွမဟုတ္ သုံးေယာက္ရဲ႕ အေရွ႕မွာပါ။ သူက အဲ့ဒါထက္ အမ်ားႀကီး ပိုပါတယ္။

ဘယ္သူ႔အတြက္ ကစားကစား သူက လြန္ခဲ့တဲ့ ေလးႏွစ္ထဲက အဲ့အရည္အခ်င္းေတြ အားလုံးကို ျပသခဲ့ပါတယ္။ ကန္ေတနဲ႔ ေဂ်ာ္ဂ်င္ဟို က မတူညီတဲ့ အရည္အခ်င္းေတြ ရွိၾကေပမယ့္ က်ေနာ္တို႔ ကြင္းလယ္ကို တည္ေဆာက္တဲ့ခါ ဒီႏွစ္ေယာက္က တူညီမွ ာမဟုတ္ပါဘူး။ တစ္​ေယာက္ခ်င္း အစားထိုးမႈထက္ က်ေနာ္တို႔က စုစုစည္းစည္းနဲ႔ အသင္းကို တည္ေဆာက္မွာ ျဖစ္တယ္။ ” လို႔ လမ္းပတ္က ေျပာဆိုခဲ့ပါတယ္။

လမ္းပတ္ရဲ႕ ေျပာဆိုမႈအရ အနာဂတ္မွာ ခ်ယ္ဆီးကြင္းလယ္ကို တည္ေဆာက္တဲ့အခါ ေဂ်ာ္ဂ်င္ဟိုနဲ႔ ကန္ေတကို တစ္လွည့္စီ ကြင္းလယ္ခံစစ္ေနရာကေန ပါဝင္ေစတာထက္ ေဂ်ာ္ဂ်င္ဟို၊ ကိုဗာဆစ္နဲ႔ ကန္ေတအတြဲကို အသစ္အျဖစ္ တည္ေဆာက္မယ္လုိ႔ လမ္းပတ္ အရိပ္အျမြက္ေျပာခဲ့ျခင္းလို႔ ယူဆရတယ္။ ေဂ်ာ္ဂ်င္ဟိုကို အထိုင္ကစားေစျပီး ကိုဗာဆစ္နဲ႔ ကန္ေတရဲ႕ ကြင္းလယ္နဲ႔ တိုက္စစ္ၾကား ခ်ိတ္ဆက္မႈက ဘယ္ေလာက္ထိ အလုပ္ျဖစ္ႏုိင္မလဲဆိုတာကို လာမယ့္ မန္စီးတီးနဲ႔ပြဲမွာ ျမင္ေတြ႔ရမွာပဲ ျဖစ္ပါတယ္။