ကာရာဘောင်းနဲ့ ကလပ်များကမ္ဘာဖလားမှာ ဘယ်ပြိုင်ပွဲကို ရွေးမလဲဆိုတာက လီဗာပူးပရိသတ်တွေကြားမှာ မေးခွန်းထုတ်နေရတဲ့ ကိစ္စတစ်ခုဖြစ်ပြီး အများစုကတော့ ကလပ်များကမ္ဘာဖလားကိုပဲ အာရုံစိုက်လိုကြောင်း ဖွင့်ဟနေတဲ့ အနေအထားမှာ ကလော့ပ်ကလည်း သူ့အမြင်ကို ပွင့်ပွင့်လင်းလင်း ထုတ်ပြောလာပါတယ်။

ကာရာဘောင်းဖလားသမိုင်းမှာ လီဗာပူးက အောင်မြင်မှု အများဆုံးဖြစ်သလို ကလပ်များကမ္ဘာဖလားကလည်း ချန်ပီယံလိဂ်ဖလားအနိုင်ရသူနဲ့ ယူရိုပါလိဂ်ဖလား အနိုင်ရသူတို့ ဗိုလ်လုပြီး အနိုင်ရတဲ့ ချန်ပီယံကပဲ ကိုယ်စားပြု ယှဉ်ပြိုင်ရတဲ့ ပြိုင်ပွဲဖြစ်တယ်။ ပြည်တွင်းဖလားကို ဂရုမစိုက်ခဲ့ရင် လီဗာပူးအပေါ် ဝေဖန်မှုတွေ ပုံကျလာနိုင်တဲ့ အနေအထားမှာ ကလော့ပ်ကတော့ ကလပ်နဲ့ ပရိသတ်အလိုကိုပဲ လိုက်ဖို့ ရည်ရွယ်နေပါတယ်။

ကလပ်ကမ္ဘာ့ဖလားအပေါ် ကလော့ပ်ရဲ့အမြင်ကတော့ “ဒါကို ကျနော်တို့ ဦးစားပေးရမလားဆိုတာ မသေချာပါဘူး။ ကောင်လေးတွေက အဲ့ဒါကို ကစားချင်တယ်။ ဒါကြောင့် အဲ့ဒါက ဘဝမှာ တစ်ကြိမ်သာ ရတဲ့ အခွင့်အရေး မဟုတ်ဖို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် အဲ့ဒါကို ပြိုင်ဆိုင်နိုင်ဖို့ဆိုရင် မင်း ချန်ပီယံလိဂ် အောင်မြင်ဖို့ လိုတာကြောင့် မကြာခဏ ရတဲ့ အခွင့်အရေးတော့ မဟုတ်ပါဘူး။ ပြီးတော့ ကာရာဘောင်း ဖလား ကစားရဦးမယ်။ နှစ်ပွဲကစားရမှာဆိုတော့ မတူညီတဲ့ နည်းနဲ့ လုပ်လို့မရဘူး။

ကျနော်တို့ က လီဗာပူးပါ။ ဒါကြောင့် ကျနော်တို့ လိုချင်တာ၊ ပရိသတ်တွေ လိုချင်တာကိုပဲ လုပ်မှာပါ။ ကာရာဘောင်း ဖလားမှာ ကျနော်တို့ အောင်မြင်မှာလားဆိုတာ မသိခဲ့ဘူး။ ဘာကြောင့်လဲဆိုတော့ အာဆင်နယ်နဲ့က ခက်ခဲတဲ့ သရေပွဲ ဖြစ်ခဲ့တယ်လေ။ ကျနော်တို့ဟာ အများကြီး ပြောင်းလဲပြီး လူငယ်တွေနဲ့ ကစားခဲ့တယ်။ သူတိုလုပ်ခဲ့တာ အရမ်းကောင်းတယ်။ အခု သူတို့အတွက် နောက်တစ်ဆင့် ကစားဖို့ အခွင့်အရေး တစ်ခုအဖြစ် မြင်ပါတယ်။

ကျနော်တို့ မှာ ကစားသမား ၄၀ မရှိဘူး။ ဒါကြောင့် အကောင်းဆုံး ဆုံးဖြတ်ချက်ကို ချရမယ်။ လူတွေ ကျနော်တို့ ရဲ့ ဆုံးဖြတ်ချက် ကို ဝေဖန်မလားမသိပေမယ့် ကျနော်က ဂရုမစိုက်ပါဘူး။ ကလပ်အတွက် အကောင်းဆုံး ဖြစ်အောင် ကြိုးစားမယ်။ ဒါပေမယ့် ကျနော်တို့က နှစ်ကိုယ်ခွဲပြီး တစ်ချိန်ထဲမှာ နှစ်ပွဲကစားလို့မရဘူးလေ။ ကိုယ်က ပြိုင်ပွဲစုံ ကစားရတဲ့အခါ ဒါက ဖြစ်တတ်တယ်။

အလုပ်မဖြစ်ခဲ့ပေမယ့် ဘယ်သူမှ ဒါကို မပြောင်းလဲခဲ့ကြဘူး။ ကျနော်တို့မှာ ပွဲတွေအများကြီး ကစားဖို့ရှိတယ်။ ဒါပေမယ့် လူတိူင်း အတွက် အကောင်းဆုံး ဖြစ်မယ့် အဖြေကို ကျနော်တို့ ရှာဖွေသွားမှာပါ။ ” ဆိုပြီးဖြစ်ပါတယ်။

ZAWGYI

ကာရာေဘာင္းနဲ႔ ကလပ္မ်ားကမၻာဖလားမွာ ဘယ္ျပိဳင္ပြဲကို ေရြးမလဲဆိုတာက လီဗာပူးပရိသတ္ေတြၾကားမွာ ေမးခြန္းထုတ္ေနရတဲ့ ကိစၥတစ္ခုျဖစ္ျပီး အမ်ားစုကေတာ့ ကလပ္မ်ားကမၻာဖလားကိုပဲ အာရံုစိုက္လိုေၾကာင္း ဖြင့္ဟေနတဲ့ အေနအထားမွာ ကေလာ့ပ္ကလည္း သူ႔အျမင္ကို ပြင့္ပြင့္လင္းလင္း ထုတ္ေျပာလာပါတယ္။

ကာရာေဘာင္းဖလားသမိုင္းမွာ လီဗာပူးက ေအာင္ျမင္မႈ အမ်ားဆံုးျဖစ္သလို ကလပ္မ်ားကမၻာဖလားကလည္း ခ်န္ပီယံလိဂ္ဖလားအႏုိင္ရသူနဲ႔ ယူရိုပါလိဂ္ဖလား အႏုိင္ရသူတို႔ ဗိုလ္လုျပီး အႏုိင္ရတဲ့ ခ်န္ပီယံကပဲ ကိုယ္စားျပဳ ယွဥ္ျပိဳင္ရတဲ့ ျပိဳင္ပြဲျဖစ္တယ္။ ျပည္တြင္းဖလားကို ဂရုမစိုက္ခဲ့ရင္ လီဗာပူးအေပၚ ေဝဖန္မႈေတြ ပံုက်လာႏုိင္တဲ့ အေနအထားမွာ ကေလာ့ပ္ကေတာ့ ကလပ္နဲ႔ ပရိသတ္အလိုကိုပဲ လိုက္ဖို႔ ရည္ရြယ္ေနပါတယ္။

ကလပ္ကမာၻ႔ဖလားအေပၚ ကေလာ့ပ္ရဲ႕အျမင္ကေတာ့ “ဒါကို က်ေနာ္တို႔ ဦးစားေပးရမလားဆိုတာ မေသခ်ာပါဘူး။ ေကာင္ေလးေတြက အဲ့ဒါကို ကစားခ်င္တယ္။ ဒါေၾကာင့္ အဲ့ဒါက ဘဝမွာ တစ္ႀကိမ္သာ ရတဲ့ အခြင့္အေရး မဟုတ္ဖို႔ ေမွ်ာ္လင့္ပါတယ္။ ဒါေပမယ့္ အဲ့ဒါကို ျပိဳင္ဆိုင္ႏုိင္ဖို႔ဆိုရင္ မင္း ခ်န္ပီယံလိဂ္ ေအာင္ျမင္ဖို႔ လိုတာေၾကာင့္ မၾကာခဏ ရတဲ့ အခြင့္အေရးေတာ့ မဟုတ္ပါဘူး။ ၿပီးေတာ့ ကာရာေဘာင္း ဖလား ကစားရဦးမယ္။ ႏွစ္ပြဲကစားရမွာဆိုေတာ့ မတူညီတဲ့ နည္းနဲ႔ လုပ္လို႔မရဘူး။

က်ေနာ္တို႔ က လီဗာပူးပါ။ ဒါေၾကာင့္ က်ေနာ္တို႔ လိုခ်င္တာ၊ ပရိသတ္ေတြ လိုခ်င္တာကိုပဲ လုပ္မွာပါ။ ကာရာေဘာင္း ဖလားမွာ က်ေနာ္တို႔ ေအာင္ျမင္မွာလားဆိုတာ မသိခဲ့ဘူး။ ဘာေၾကာင့္လဲဆိုေတာ့ အာဆင္နယ္နဲ႔က ခက္ခဲတဲ့ သေရပြဲ ျဖစ္ခဲ့တယ္ေလ။ က်ေနာ္တို႔ဟာ အမ်ားႀကီး ေျပာင္းလဲၿပီး လူငယ္ေတြနဲ႔ ကစားခဲ့တယ္။ သူတိုလုပ္ခဲ့တာ အရမ္းေကာင္းတယ္။ အခု သူတို႔အတြက္ ေနာက္တစ္ဆင့္ ကစားဖို႔ အခြင့္အေရး တစ္ခုအျဖစ္ ျမင္ပါတယ္။

က်ေနာ္တို႔ မွာ ကစားသမား ၄၀ မရွိဘူး။ ဒါေၾကာင့္ အေကာင္းဆုံး ဆုံးျဖတ္ခ်က္ကို ခ်ရမယ္။ လူေတြ က်ေနာ္တို႔ ရဲ႕ ဆံုးျဖတ္ခ်က္ ကို ေဝဖန္မလားမသိေပမယ့္ က်ေနာ္က ဂ႐ုမစိုက္ပါဘူး။ ကလပ္အတြက္ အေကာင္းဆုံး ျဖစ္ေအာင္ ႀကိဳးစားမယ္။ ဒါေပမယ့္ က်ေနာ္တို႔က ႏွစ္ကိုယ္ခြဲၿပီး တစ္ခ်ိန္ထဲမွာ ႏွစ္ပြဲကစားလို႔မရဘူးေလ။ ကိုယ္က ၿပိဳင္ပြဲစုံ ကစားရတဲ့အခါ ဒါက ျဖစ္တတ္တယ္။

အလုပ္မျဖစ္ခဲ့ေပမယ့္ ဘယ္သူမွ ဒါကို မေျပာင္းလဲခဲ့ၾကဘူး။ က်ေနာ္တို႔မွာ ပြဲေတြအမ်ားႀကီး ကစားဖို႔ရွိတယ္။ ဒါေပမယ့္ လူတိူင္း အတြက္ အေကာင္းဆုံး ျဖစ္မယ့္ အေျဖကို က်ေနာ္တို႔ ရွာေဖြသြားမွာပါ။ ” ဆိုျပီးျဖစ္ပါတယ္။