နွေအပြောင်းအရွှေ့မျာ ယူနိုက်တက် လုပ်ဆောင်ခဲ့တဲ့ အမှန်ကန်ဆုံး ခေါ်ယူမှုကတော့ ဆွမ်ဆီးကနေ ဂျိမ်းကို ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ဝေလ်းကစားသမားဟာ အိုထရတ်ဖိုဒ့်က သရဲနီတွေရဲ့ အချစ်တော်လေးအဖြစ် နေရာရလာခဲ့ပြီဖြစ်ပါတယ်။

ချန်ပီယံရှစ်ကလပ်အသင်းက ကစားသမားတစ်ယောက်က ဒီလောက်ထိ ခြေစွမ်းတိုးတက်လာမယ်လို့ ဘယ်သူကမှ မထင်ခဲ့သလို ကလပ်အသင်းကို အကျိုးများစေခဲ့မယ်လို့လည်း မထင်ခဲ့ကြပါဘူး။ လူငယ်တောင်ပံသမားဟာ ပြင်းထန်တဲ့ ကြိုးစားမှုကြောင့် နှစ်သက်ခံရသလိုပဲ သူ့ရဲ့ စိတ်ဓါတ်ကလည်း ကောင်းမွန်တဲ့ ခံယူချက်ရှိကြောင်းကို ကစားသမားရဲ့ အေးဂျင့်က ထုတ်ပြောလာခဲ့တယ်။

ကစားသမားလေးရဲ့ အေးဂျင့်ဖြစ်သူ David Manasseh က ပြောပြရာမှာ “ ယူနိုက်တက်က သူ့ကို စိတ်ဝင်စားနေတယ်လို့ နွေတုန်းက ဂျိမ်းကို ပြောပြတော့ သူက အခြားအသင်းတွေကို ထပ်မပြောနဲ့တော့ အိုထရတ်ဖိုဒ့်ကိုပဲ သွားချင်တယ် ” အပြောင်းအရွှေ့မှာ ယူနိုက်တက်တစ်သင်းတည်းနဲ့ပဲ ဆွေးနွေးပေးဖို့ တောင်းဆိုခဲ့ပါတယ်လို့ ဖြစ်တယ်။

ဒါပေမယ့်လည်း အပြောင်းအရွှေ့ဆိုင်ရာ ညိနှိုင်းမှုတွေ အဆုံးသတ်ခါနီးမှာ ဖခင်ဖြစ်သူ ကွယ်လွန်ခဲ့တာကြောင့် ဂျိမ်းဟာ ဆွေးနွေးမှုတွေကို ရပ်တန့်ခဲ့ပါတယ်။ ယူနိုက်တက်ပရိသတ်တွေကြားမှာ အပြောင်းအရွှေ့ မဖြစ်မြောက်တေ့ာဘူးလို့ ယူဆမှုတွေ ထွက်ပေါ်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဆက်လက်ပြီး အပြီးသတ်မှုတွေကို ညိနှိုင်းခဲ့ကာ ဝေလ်းကစားသမားဟာ သရဲနီအသင်းသား ဖြစ်လာခဲ့တယ်။

ဂျိမ်းဟာ အဖွင့်ပွဲဖြစ်တဲ့ ချယ်ဆီးပွဲမှာတင် သွင်းဂိုးကို စတင်ရခဲ့ပြီး သူ့ရဲ့ တိုးတက်လာမှု၊ နိုင်ပွဲဆာလောင်မှုနဲ့ အားထုတ်မှု ပုံစံကောင်းတွေကြောင့် ကလပ်အသင်း ရလဒ်ဆိုးနေချိန်မှာတော့ ပရိသတ်တွေ မေတ္တာမပျက်ရတဲ့ ကစားသမားဖြစ်ခဲ့ပါတယ်။ ယူနိုက်တက်ဟာ အောက်တိုဘာလမှာ ဘုန်းမောက်ကို အရေးနိမ့်တဲ့ပွဲကလွဲလို့ ရလဒ်ကောင်းတွေ ရခဲ့ပြီး လမ်းကြောင်းမှန်ပေါ် ပြန်တက်ဖို့ ပြင်ဆင်နေပြီဖြစ်ကာ ဒီအတွက်ကတော့ ဂျိမ်းက အဓိကကျတဲ့ ကစားသမားအဖြစ် ပါဝင်နေခဲ့တာပဲ ဖြစ်ပါတယ်။

ZAWGYI

ေႏြအေျပာင္းအေရႊ႔မ်ာ ယူႏုိက္တက္ လုပ္ေဆာင္ခဲ့တဲ့ အမွန္ကန္ဆံုး ေခၚယူမႈကေတာ့ ဆြမ္ဆီးကေန ဂ်ိမ္းကို ေခၚယူခဲ့ျခင္းျဖစ္ျပီး ေဝလ္းကစားသမားဟာ အိုထရတ္ဖိုဒ့္က သရဲနီေတြရဲ႕ အခ်စ္ေတာ္ေလးအျဖစ္ ေနရာရလာခဲ့ျပီျဖစ္ပါတယ္။

ခ်န္ပီယံရွစ္ကလပ္အသင္းက ကစားသမားတစ္ေယာက္က ဒီေလာက္ထိ ေျခစြမ္းတိုးတက္လာမယ္လို႔ ဘယ္သူကမွ မထင္ခဲ့သလို ကလပ္အသင္းကို အက်ိဳးမ်ားေစခဲ့မယ္လို႔လည္း မထင္ခဲ့ၾကပါဘူး။ လူငယ္ေတာင္ပံသမားဟာ ျပင္းထန္တဲ့ ၾကိဳးစားမႈေၾကာင့္ ႏွစ္သက္ခံရသလိုပဲ သူ႔ရဲ႕ စိတ္ဓါတ္ကလည္း ေကာင္းမြန္တဲ့ ခံယူခ်က္ရွိေၾကာင္းကို ကစားသမားရဲ႕ ေအးဂ်င့္က ထုတ္ေျပာလာခဲ့တယ္။

ကစားသမားေလးရဲ႕ ေအးဂ်င့္ျဖစ္သူ David Manasseh က ေျပာျပရာမွာ “ ယူႏုိက္တက္က သူ႔ကို စိတ္ဝင္စားေနတယ္လို႔ ေႏြတုန္းက ဂ်ိမ္းကို ေျပာျပေတာ့ သူက အျခားအသင္းေတြကို ထပ္မေျပာနဲ႔ေတာ့ အိုထရတ္ဖိုဒ့္ကိုပဲ သြားခ်င္တယ္ ” အေျပာင္းအေရႊ႔မွာ ယူႏုိက္တက္တစ္သင္းတည္းနဲ႔ပဲ ေဆြးေႏြးေပးဖို႔ ေတာင္းဆိုခဲ့ပါတယ္လို႔ ျဖစ္တယ္။

ဒါေပမယ့္လည္း အေျပာင္းအေရႊ႔ဆိုင္ရာ ညိႏိႈင္းမႈေတြ အဆံုးသတ္ခါနီးမွာ ဖခင္ျဖစ္သူ ကြယ္လြန္ခဲ့တာေၾကာင့္ ဂ်ိမ္းဟာ ေဆြးေႏြးမႈေတြကို ရပ္တန္႔ခဲ့ပါတယ္။ ယူႏုိက္တက္ပရိသတ္ေတြၾကားမွာ အေျပာင္းအေရႊ႔ မျဖစ္ေျမာက္ေတ့ာဘူးလို႔ ယူဆမႈေတြ ထြက္ေပၚခဲ့ေပမယ့္ ေနာက္ပိုင္းမွာ ဆက္လက္ျပီး အျပီးသတ္မႈေတြကို ညိႏိႈင္းခဲ့ကာ ေဝလ္းကစားသမားဟာ သရဲနီအသင္းသား ျဖစ္လာခဲ့တယ္။

ဂ်ိမ္းဟာ အဖြင့္ပြဲျဖစ္တဲ့ ခ်ယ္ဆီးပြဲမွာတင္ သြင္းဂိုးကို စတင္ရခဲ့ျပီး သူ႔ရဲ႕ တိုးတက္လာမႈ၊ ႏုိင္ပြဲဆာေလာင္မႈနဲ႔ အားထုတ္မႈ ပံုစံေကာင္းေတြေၾကာင့္ ကလပ္အသင္း ရလဒ္ဆိုးေနခ်ိန္မွာေတာ့ ပရိသတ္ေတြ ေမတၱာမပ်က္ရတဲ့ ကစားသမားျဖစ္ခဲ့ပါတယ္။ ယူႏုိက္တက္ဟာ ေအာက္တိုဘာလမွာ ဘုန္းေမာက္ကို အေရးနိမ့္တဲ့ပြဲကလြဲလို႔ ရလဒ္ေကာင္းေတြ ရခဲ့ျပီး လမ္းေၾကာင္းမွန္ေပၚ ျပန္တက္ဖို႔ ျပင္ဆင္ေနျပီျဖစ္ကာ ဒီအတြက္ကေတာ့ ဂ်ိမ္းက အဓိကက်တဲ့ ကစားသမားအျဖစ္ ပါဝင္ေနခဲ့တာပဲ ျဖစ္ပါတယ္။