တနင်္ဂနွေနေ့မှာ လီဗာပူးက မန်စီးတီးကို အနိုင်ရတဲ့နောက် အမှတ်ပေးဇယားကို ၈ မှတ် ဖြတ်နိုင်ခဲ့ပြီဖြစ်ပြီး ဒီရာသီ ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်ဖို့အတွက် အလားအလာကောင်းတွေကို ဆက်လက် ပြသနိုင်ခဲ့ပြီဖြစ်တယ်။

လီဗာပူး နိုင်ပွဲတွေရနေခြင်းမှာ အဓိက ကျနေတာက ထရန့်နဲ့ ရော်ဘတ်ဆန်အတွဲဖြစ်ပြီး မန်စီးတီးနဲ့ပွဲမှာ ရော်ဘတ်ဆန်ဟာ အသင်းဖော် တိုက်စစ်သမား ဆာလက် ဂိုးသွင်းနိုင်ဖို့ ဂိုးထောက်ပံ့မှု တစ်ကြိမ် လုပ်နိုင်ခဲ့ပါသေးတယ်။ ဒါကြောင့်လည်း ထရန့်နဲ့ ရော်ဘတ်ဆန်အတွဲဟာ ၂၀၁၈-၂၀၁၉ ဘောလုံးရာသီကနေ စတင်ပြီး ရေတွက်မယ်ဆိုရင် ဂိုးထောက်ပံ့မှု အကြိမ် ၃၀ လုပ်နိုင်ခဲ့ပြီဖြစ်ပြီး ဥရောပမှာတော့ သူတို့နှစ်ဦးလို ဂိုးထောက်ပံ့မှု အများဆုံး လုပ်နိုင်တာဆိုလို ဘာစီလိုနာပဲ ရှိပါတော့တယ်။

ဘာစီလိုနာ တိုက်စစ်သမားတွေဖြစ်တဲ့ မက်ဆီ၊ ဆွာရက်စ်နဲ့ ဒမ်ဘီလီတို့ဟာ ဂိုးထောက်ပံ့မှု အကြိမ် ၃၀ လုပ်ထားနိုင်ပြီး နောက်ထပ် အတွဲအဖြစ်ကတော့ အမ်ဘတ်ပီ၊ နေမာ၊ ကာဗာနီအတွဲက ဂိုးထောက်ပံ့မှု ၂၆ ကြိမ်ထိ လုပ်ထားနိုင်တာဖြစ်တယ်။ ဒီရာသီ ခြေစွမ်းကောင်းနေတဲ့ ဘိုင်ယန်က လီဝမ်ဒေါစကီး၊ ကော်တင်ညိုနဲ့ ဂနာဘီတို့ကလည်း ဂိုးထောက်ပံ့မှု ၂၅ ကြိမ်ပဲ လုပ်ထားနိုင်ပါတယ်။ နှစ်ဦးတွဲထဲမှာတော့ ထရန့်နဲ့ ရော်ဘတ်ဆန်ရဲ့ ဂိုးထောက်ပံ့မှုကို မှီတဲ့အတွဲ ဥရောပမှာ မရှိသေးတာဖြစ်ပါတယ်။

ထရန့် ရော်ဘတ်ဆန်ဟာ ခံစစ်သမားတွေဖြစ်ပေမယ့် တိုက်စစ်ကို လိုက်ပါမှုမှာ အထူးကောင်းမွန်တာကြောင့် ကမ္ဘာကျော် တိုက်စစ်အတွဲတွေကို ပုခုံးချင်း ယှဉ်နိုင်တဲ့ မှတ်တမ်းကောင်းကို ပိုင်ဆိုင်နေတာဖြစ်တယ်။ သူတို့နှစ်ဦးဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး အစွန်လူတွေအဖြစ် သက်မှတ်ခံထားရသလို ဥရောပမှာလည်း အကောင်းဆုံး အစွန်တွေထဲမှာ ပါဝင်နေကြတာဖြစ်တယ်။

မနှစ်ကရာသီမှာတုန်းက ထရန့်ဟာ ဂိုးထောက်ပံံ့မှု ၁၂ ကြိမ်ပြုလုပ်ကာ ရော်ဘတ်ဆန်ထက် တစ်ကြိမ် ပိုများခဲ့ပြီး ခံစစ်သမားတွေထဲ အမြင့်ဆုံး ဂိုးထောက်ပံံ့မှု လုပ်နိုင်သူအဖြစ် မှတ်တမ်းဝင်ခဲ့တယ်။ ဒီရာသီမှာတော့ ရော်ဘတ်ဆန်က ထရန့်ထက် တစ်ကြိမ် ပိုများပြီး ဂိုးထောက်ပံ့မှု ၄ ကြိမ်ထိ လုပ်ထားနိုင်ပြီဖြစ်ပါတယ်။

ZAWGYI

တနဂၤေႏြေန႔မွာ လီဗာပူးက မန္စီးတီးကို အႏုိင္ရတဲ့ေနာက္ အမွတ္ေပးဇယားကို ၈ မွတ္ ျဖတ္ႏုိင္ခဲ့ျပီျဖစ္ျပီး ဒီရာသီ ပရီးမီးယားလိဂ္ဖလားကို စိန္ေခၚဖို႔အတြက္ အလားအလာေကာင္းေတြကို ဆက္လက္ ျပသႏုိင္ခဲ့ျပီျဖစ္တယ္။

လီဗာပူး ႏုိင္ပြဲေတြရေနျခင္းမွာ အဓိက က်ေနတာက ထရန္႔နဲ႔ ေရာ္ဘတ္ဆန္အတြဲျဖစ္ျပီး မန္စီးတီးနဲ႔ပြဲမွာ ေရာ္ဘတ္ဆန္ဟာ အသင္းေဖာ္ တိုက္စစ္သမား ဆာလက္ ဂိုးသြင္းႏုိင္ဖို႔ ဂိုးေထာက္ပံ့မႈ တစ္ၾကိမ္ လုပ္ႏုိင္ခဲ့ပါေသးတယ္။ ဒါေၾကာင့္လည္း ထရန္႔နဲ႔ ေရာ္ဘတ္ဆန္အတြဲဟာ ၂၀၁၈-၂၀၁၉ ေဘာလံုးရာသီကေန စတင္ျပီး ေရတြက္မယ္ဆိုရင္ ဂိုးေထာက္ပံ့မႈ အၾကိမ္ ၃၀ လုပ္ႏုိင္ခဲ့ျပီျဖစ္ျပီး ဥေရာပမွာေတာ့ သူတို႔ႏွစ္ဦးလို ဂိုးေထာက္ပံ့မႈ အမ်ားဆံုး လုပ္ႏုိင္တာဆိုလို ဘာစီလိုနာပဲ ရွိပါေတာ့တယ္။

ဘာစီလိုနာ တိုက္စစ္သမားေတြျဖစ္တဲ့ မက္ဆီ၊ ဆြာရက္စ္နဲ႔ ဒမ္ဘီလီတို႔ဟာ ဂိုးေထာက္ပံ့မႈ အၾကိမ္ ၃၀ လုပ္ထားႏုိင္ျပီး ေနာက္ထပ္ အတြဲအျဖစ္ကေတာ့ အမ္ဘတ္ပီ၊ ေနမာ၊ ကာဗာနီအတြဲက ဂိုးေထာက္ပံ့မႈ ၂၆ ၾကိမ္ထိ လုပ္ထားႏုိင္တာျဖစ္တယ္။ ဒီရာသီ ေျခစြမ္းေကာင္းေနတဲ့ ဘိုင္ယန္က လီဝမ္ေဒါစကီး၊ ေကာ္တင္ညိဳနဲ႔ ဂနာဘီတို႔ကလည္း ဂိုးေထာက္ပံ့မႈ ၂၅ ၾကိမ္ပဲ လုပ္ထားႏုိင္ပါတယ္။ ႏွစ္ဦးတြဲထဲမွာေတာ့ ထရန္႔နဲ႔ ေရာ္ဘတ္ဆန္ရဲ႕ ဂိုးေထာက္ပံ့မႈကို မွီတဲ့အတြဲ ဥေရာပမွာ မရွိေသးတာျဖစ္ပါတယ္။

ထရန္႔ ေရာ္ဘတ္ဆန္ဟာ ခံစစ္သမားေတြျဖစ္ေပမယ့္ တိုက္စစ္ကို လိုက္ပါမႈမွာ အထူးေကာင္းမြန္တာေၾကာင့္ ကမၻာေက်ာ္ တိုက္စစ္အတြဲေတြကို ပုခံုးခ်င္း ယွဥ္ႏုိင္တဲ့ မွတ္တမ္းေကာင္းကို ပိုင္ဆိုင္ေနတာျဖစ္တယ္။ သူတို႔ႏွစ္ဦးဟာ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆံုး အစြန္လူေတြအျဖစ္ သက္မွတ္ခံထားရသလို ဥေရာပမွာလည္း အေကာင္းဆံုး အစြန္ေတြထဲမွာ ပါဝင္ေနၾကတာျဖစ္တယ္။

မႏွစ္ကရာသီမွာတုန္းက ထရန္႔ဟာ ဂိုးေထာက္ပံံ့မႈ ၁၂ ၾကိမ္ျပဳလုပ္ကာ ေရာ္ဘတ္ဆန္ထက္ တစ္ၾကိမ္ ပိုမ်ားခဲ့ျပီး ခံစစ္သမားေတြထဲ အျမင့္ဆံုး ဂိုးေထာက္ပံံ့မႈ လုပ္ႏုိင္သူအျဖစ္ မွတ္တမ္းဝင္ခဲ့တယ္။ ဒီရာသီမွာေတာ့ ေရာ္ဘတ္ဆန္က ထရန္႔ထက္ တစ္ၾကိမ္ ပိုမ်ားျပီး ဂိုးေထာက္ပံ့မႈ ၄ ၾကိမ္ထိ လုပ္ထားႏုိင္ျပီျဖစ္ပါတယ္။