လီဗာပူးဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ ဘုန်းမောက်မှ တောင်ပံသမား ရွိုင်ယန် ဖရေဆာနဲ့ မိုချန်ဂလာဘတ်မှ ကွင်းလယ်လူ Denis Zakaria ကို ခေါ်ယူမယ်လို့ သတင်းထွက်လာခဲ့ပြီး မာဆေးဆိုဒ် သတင်းဌာနတွေကတော့ အဆိုပါ အပြောင်းအရွှေ့ ကိစ္စကို ငြင်းဆန်ခဲ့ပါတယ်။

ဘုန်းမောက်ဟာ ဒီနွေမှာ စာချုပ်ကုန်ပြီဖြစ်ပြီး စာချုပ်သစ်ကိစ္စလည်း မစတင်ထားတာကြောင့် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာသွားခြင်း မရှိအောင် ဇန်နဝါရီမှာတင် ရောင်းထုတ်မယ်လို့ သတင်းထွက်လာတယ်။ လီဗာပူးဟာ စကော်တလန်လက်ရွေးစင်ကို ယခင်တည်းက နှစ်သက်နေတာဖြစ်ပြီး တောင်ပံတိုက်စစ်ပိုင်းတွေကို အင်အားဖြည့်ဖို့ ဖရေဆာကို ခေါ်ယူနိုင်ကြောင်း အင်္ဂလန်သတင်းတွေက ဖော်ပြလာခဲ့ပါတယ်။

မနှစ်ကရာသီမှာ ပရီးမီးယားလိဂ် အဆင့် ၁၄ နေရာမှာ ရပ်တည်ခဲ့တဲ့ ဘုန်းမောက်အသင်းအတွက် ကိုယ်တိုင် ၇ ဂိုးသွင်းပြီး ဂိုးထောက်ပံ့မှု ၁၄ ကြိမ်ထိ လုပ်နိုင်ခဲ့တဲ့ အသက် ၂၅ နှစ်အရွယ် ကစားသမားကို လီဗာပူးအပြင် အာဆင်နယ်ကလည်း စိတ်ဝင်စားခဲ့ပါတယ်။ မန်နေဂျာယာဂင်ကလော့ပ်ဟာ လီဗာပူးအသင်းမှာ ရှိနေတဲ့ လေးနှစ်အတွင်းမှာ ဗန်ဒိုက် တစ်ဦးကိုပဲ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ခေါ်ယူထားဖူးတာဖြစ်တယ်။

လီဗာပူးဘက်က ဇန်နဝါရီမှာ စတင်လာမယ့် ပွဲကြပ်ကာလအတွင်း အသင်းကို အင်အားဖြည့်ဖို့ လုပ်ဆောင်လိုခြင်း ရှိမရှိက စိတ်ဝင်စားဖွယ် မေးခွန်းဖြစ်နေဆဲပါ။ ဂလာဘတ်မှာ ခြေစွမ်းထက်နေတဲ့ Denis Zakaria သတင်းကိုလည်း မာဆေးဆိုဒ်သတင်းဌာနတွေနဲ့ သတင်းထောက် James Pearce က ယာဂင်ကလော့ပ်ဟာ လက်ရှိ ကွင်းလယ်ကို ကျေနပ်မှုရှိတယ်လို့ သတင်းထုတ်ပြန်ထားပေးပါတယ်။

ဒီရာသီ ဘွန်ဒက်လီဂါမှာ ခြေစွမ်းကောင်းတွေ ပြသနေတဲ့ Denis Zakaria ကို ခေါ်ယူဖို့ကို အက်သလက်တီကိုမက်ဒရစ်နဲ့ အင်တာမီလန်တို့ကလည်း စိတ်ဝင်စားနေပြီး အသက် ၂၂ နှစ်အရွယ် ဆွစ်ဇလန်ကွင်းလယ်လူကို ယာဂင်ကလော့ပ် ခေါ်ယူမယ်ဆိုတဲ့ ခိုင်မာတဲ့ သတင်းတွေတော့ ထွက်မလာသေးပါဘူး။

ZAWGYI

လီဗာပူးဟာ ဇန္နဝါရီအေျပာင္းအေရႊ႔မွာ ဘုန္းေမာက္မွ ေတာင္ပံသမား ရိြဳင္ယန္ ဖေရဆာနဲ႔ မိုခ်န္ဂလာဘတ္မွ ကြင္းလယ္လူ Denis Zakaria ကို ေခၚယူမယ္လို႔ သတင္းထြက္လာခဲ့ျပီး မာေဆးဆိုဒ္ သတင္းဌာနေတြကေတာ့ အဆိုပါ အေျပာင္းအေရႊ႔ ကိစၥကို ျငင္းဆန္ခဲ့ပါတယ္။

ဘုန္းေမာက္ဟာ ဒီေႏြမွာ စာခ်ဳပ္ကုန္ျပီျဖစ္ျပီး စာခ်ဳပ္သစ္ကိစၥလည္း မစတင္ထားတာေၾကာင့္ အလြတ္ေျပာင္းေရႊ႔ေၾကးနဲ႔ ထြက္ခြာသြားျခင္း မရွိေအာင္ ဇန္နဝါရီမွာတင္ ေရာင္းထုတ္မယ္လုိ႔ သတင္းထြက္လာတယ္။ လီဗာပူးဟာ စေကာ္တလန္လက္ေရြးစင္ကို ယခင္တည္းက ႏွစ္သက္ေနတာျဖစ္ျပီး ေတာင္ပံတိုက္စစ္ပိုင္းေတြကို အင္အားျဖည့္ဖို႔ ဖေရဆာကို ေခၚယူႏုိင္ေၾကာင္း အဂၤလန္သတင္းေတြက ေဖာ္ျပလာခဲ့ပါတယ္။

မႏွစ္ကရာသီမွာ ပရီးမီးယားလိဂ္ အဆင့္ ၁၄ ေနရာမွာ ရပ္တည္ခဲ့တဲ့ ဘုန္းေမာက္အသင္းအတြက္ ကိုယ္တိုင္ ၇ ဂိုးသြင္းျပီး ဂိုးေထာက္ပံ့မႈ ၁၄ ၾကိမ္ထိ လုပ္ႏုိင္ခဲ့တဲ့ အသက္ ၂၅ ႏွစ္အရြယ္ ကစားသမားကို လီဗာပူးအျပင္ အာဆင္နယ္ကလည္း စိတ္ဝင္စားခဲ့ပါတယ္။ မန္ေနဂ်ာယာဂင္ကေလာ့ပ္ဟာ လီဗာပူးအသင္းမွာ ရွိေနတဲ့ ေလးႏွစ္အတြင္းမွာ ဗန္ဒိုက္ တစ္ဦးကိုပဲ ဇန္နဝါရီ အေျပာင္းအေရႊ႔မွာ ေခၚယူထားဖူးတာျဖစ္တယ္။

လီဗာပူးဘက္က ဇန္နဝါရီမွာ စတင္လာမယ့္ ပြဲၾကပ္ကာလအတြင္း အသင္းကို အင္အားျဖည့္ဖို႔ လုပ္ေဆာင္လိုျခင္း ရွိမရွိက စိတ္ဝင္စားဖြယ္ ေမးခြန္းျဖစ္ေနဆဲပါ။ ဂလာဘတ္မွာ ေျခစြမ္းထက္ေနတဲ့ Denis Zakaria သတင္းကိုလည္း မာေဆးဆိုဒ္သတင္းဌာနေတြနဲ႔ သတင္းေထာက္ James Pearce က ယာဂင္ကေလာ့ပ္ဟာ လက္ရွိ ကြင္းလယ္ကို ေက်နပ္မႈရွိတယ္လုိ႔ သတင္းထုတ္ျပန္ထားေပးပါတယ္။

ဒီရာသီ ဘြန္ဒက္လီဂါမွာ ေျခစြမ္းေကာင္းေတြ ျပသေနတဲ့ Denis Zakaria ကို ေခၚယူဖို႔ကို အက္သလက္တီကိုမက္ဒရစ္နဲ႔ အင္တာမီလန္တို႔ကလည္း စိတ္ဝင္စားေနျပီး အသက္ ၂၂ ႏွစ္အရြယ္ ဆြစ္ဇလန္ကြင္းလယ္လူကို ယာဂင္ကေလာ့ပ္ ေခၚယူမယ္ဆိုတဲ့ ခိုင္မာတဲ့ သတင္းေတြေတာ့ ထြက္မလာေသးပါဘူး။