လီဗာပူးအသင်းဟာ တိုက်စစ်သမား ဆာလက် အသေးစားဒဏ်ရာရမှုက မပျောက်နိုင်ပဲ ထပ်ထပ်ဖြစ်နေတဲ့ အနေအထားမှာ ဒဏ်ရာက ပိုဆိုးလာပြီး ကာလရှည် အနေအထားဖြစ်သွားမှာကို စိုးထိတ်နေတယ်လို့ သိရပါတယ်။

မန်စီးတီးကို ရင်ဆိုင်ကစားတဲ့ပွဲပထမပိုင်းမှာ ဖာနန်ဒင်ဟိုရဲ့ ဖျက်ထုတ်မှုကြောင့် ဒဏ်ရာပြန်ပေါ်ခဲ့တာဖြစ်ကာ ကုသမှုလုပ်ဖို့ လိုအပ်နေတာဖြစ်တယ်။ ဆာလက်ရဲ့ ခြေထောက်ဒဏ်ရာက အစောတည်းက အကင်းမပျောက်သေးတာဖြစ်ပေမယ့် ပြင်းပြင်းထန်ထန် ဒဏ်ရာတော့ မဟုတ်ခဲ့ပါဘူး။ နိုင်ငံတကာ သီတင်းပတ်အဖြစ် ကလပ်အသင်းပြင်ပကို ရောက်နေမယ့် အနေအထားမှာ ဒဏ်ရာရဲ့ အသေးစိတ် အြခေအနေကို သိရဖို့ လီဗာပူးဘက်က စစ်ဆေးမှုတွေရဲ့ အဖြေကို စောင့်နေပါတယ်။

အသက် ၂၇ နှစ် အရွယ် ဆာလက်ဟာ အစောတည်းက ဘယ်ဘက်ခြေကျင်းဝတ်မှာ ဒဏ်ရာရနေတာဖြစ်ပြီး ဒီအပတ်ထဲမှာ အာဖရိကဖလားပြိုင်ပွဲအဖြစ် ကင်ညာနဲ့ ကစားရဖို့ ရှိနေပါတယ်။ လောလောဆယတော့ အီဂျစ်အသင်းနဲ့ ပူးပေါင်းမယ့် ဆာလက်ဟာ ဒဏ်ရာအခြေအနေ စစ်ဆေးဖို့ ကိုင်ရိုမှပဲာ ရက်ချိန်းယူထားတယ်လို့ သိရတယ်။

လက်စတာနဲ့ပွဲမှာ ရခဲ့တဲ့ ဒဏ်ရာကနေ စတင်ခဲ့ကာ အဆိုပါပွဲအပြီး အိုထရတ်ဖိုဒ့်က ယူနိုက်တက်ကို သရေကျတဲ့ပွဲဟာ ဆာလက် မပါဝင်နိုင်တဲ့ တစ်ပွဲတည်းသော ပရီးမီးယားလိဂ်ပွဲ ဖြစ်ခဲ့တယ်။ ဒဏ်ရာက ကာလတစ်ခုထိ ရောက်လာခဲ့ပြီး ဆာလက် ပွဲကစားနေပေမယ့် ကြံ့ခိုင်မှု ရာနှုန်းပြည့်ကောင်းတဲ့ အနေအထားတော့ မဟုတ်ပါဘူး။ ဒီအခြေအနေက ပိုဆိုးသွားမှာကို ကလပ်ဘက်က စိုးရိမ်နေတာဖြစ်တယ်။

နိုဝင်ဘာလ ၂၃ ရက်မှာ လီဗာပူးက ပဲလေစ့်နဲ့ အဝေးကွင်းပွဲ ကစားရဖို့ ရှိနေပြီး ဆာလက် အခြေအနေကောင်းနေဖို့ မျှော်လင့်နေတာဖြစ်တယ်။ ဒါကြောင့်လည်း လက်ရွေးစင်ပွဲ မတိုင်ခင် ကစားသမားကို စကန်ဖတ်မှု အရင်လုပ်စေပြီး ဒဏ်ရာ ပြင်းထန်မှု အနေအထားကို အတည်ပြုနိုင်ဖို့လည်း မျှော်လင့်နေပါတယ်။ လီဗာပူးဘက်ကတော့ သတင်းဆိုး မကြားရဖို့ မျှော်လင့်နေတယ်လို့ သိထားရတာဖြစ်ပါတယ်။

နောက်ထပ် ဒဏ်ရာသတင်းမှာတော့ ရော်ဘတ်ဆန်ဟာ ခြေကျင်းဝတ် ပြဿနာကြောင့် စကော်တလန်လက်ရွေးစင်ကနေ နုတ်ထွက်ခဲ့ပြီဖြစ်ပါတယ်။ သူ့ဒဏ်ရာက ဆာလက်နဲ့ ဆင်တူတယ်လို့ သိရတပြီး လီဗာပူးဘက်ကတော့ ပဲလေစ့်နဲ့ပွဲမှာ ဆာလက်အပြင် ရော်ဘတ်ဆန်ကိုပါ လက်လွတ်ရမယ့် အနေအထားကို ရင်ဆိုင်နေရတယ်လို့ James Pearce ဖော်ပြသွားပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ တိုက္စစ္သမား ဆာလက္ အေသးစားဒဏ္ရာရမႈက မေပ်ာက္ႏုိင္ပဲ ထပ္ထပ္ျဖစ္ေနတဲ့ အေနအထားမွာ ဒဏ္ရာက ပိုဆိုးလာျပီး ကာလရွည္ အေနအထားျဖစ္သြားမွာကို စိုးထိတ္ေနတယ္လို႔ သိရပါတယ္။

မန္စီးတီးကို ရင္ဆုိင္ကစားတဲ့ပြဲပထမပိုင္းမွာ ဖာနန္ဒင္ဟိုရဲ႕ ဖ်က္ထုတ္မႈေၾကာင့္ ဒဏ္ရာျပန္ေပၚခဲ့တာျဖစ္ကာ ကုသမႈလုပ္ဖို႔ လိုအပ္ေနတာျဖစ္တယ္။ ဆာလက္ရဲ႕ ေျခေထာက္ဒဏ္ရာက အေစာတည္းက အကင္းမေပ်ာက္ေသးတာျဖစ္ေပမယ့္ ျပင္းျပင္းထန္ထန္ ဒဏ္ရာေတာ့ မဟုတ္ခဲ့ပါဘူး။ ႏုိင္ငံတကာ သီတင္းပတ္အျဖစ္ ကလပ္အသင္းျပင္ပကို ေရာက္ေနမယ့္ အေနအထားမွာ ဒဏ္ရာရဲ႕ အေသးစိတ္ အျေခအေနကို သိရဖို႔ လီဗာပူးဘက္က စစ္ေဆးမႈေတြရဲ႕ အေျဖကို ေစာင့္ေနပါတယ္။

အသက္ ၂၇ ႏွစ္ အရြယ္ ဆာလက္ဟာ အေစာတည္းက ဘယ္ဘက္ေျခက်င္းဝတ္မွာ ဒဏ္ရာရေနတာျဖစ္ျပီး ဒီအပတ္ထဲမွာ အာဖရိကဖလားျပိဳင္ပြဲအျဖစ္ ကင္ညာနဲ႔ ကစားရဖို႔ ရွိေနပါတယ္။ ေလာေလာဆယေတာ့ အီဂ်စ္အသင္းနဲ႔ ပူးေပါင္းမယ့္ ဆာလက္ဟာ ဒဏ္ရာအေျခအေန စစ္ေဆးဖို႔ ကိုင္ရိုမွပဲာ ရက္ခ်ိန္းယူထားတယ္လို႔ သိရတယ္။

လက္စတာနဲ႔ပြဲမွာ ရခဲ့တဲ့ ဒဏ္ရာကေန စတင္ခဲ့ကာ အဆိုပါပြဲအျပီး အိုထရတ္ဖိုဒ့္က ယူႏုိက္တက္ကို သေရက်တဲ့ပြဲဟာ ဆာလက္ မပါဝင္ႏုိင္တဲ့ တစ္ပြဲတည္းေသာ ပရီးမီးယားလိဂ္ပြဲ ျဖစ္ခဲ့တယ္။ ဒဏ္ရာက ကာလတစ္ခုထိ ေရာက္လာခဲ့ျပီး ဆာလက္ ပြဲကစားေနေပမယ့္ ၾကံ႕ခိုင္မႈ ရာႏႈန္းျပည့္ေကာင္းတဲ့ အေနအထားေတာ့ မဟုတ္ပါဘူး။ ဒီအေျခအေနက ပိုဆိုးသြားမွာကို ကလပ္ဘက္က စိုးရိမ္ေနတာျဖစ္တယ္။

ႏိုဝင္ဘာလ ၂၃ ရက္မွာ လီဗာပူးက ပဲေလစ့္နဲ႔ အေဝးကြင္းပြဲ ကစားရဖို႔ ရွိေနျပီး ဆာလက္ အေျခအေနေကာင္းေနဖို႔ ေမွ်ာ္လင့္ေနတာျဖစ္တယ္။ ဒါေၾကာင့္လည္း လက္ေရြးစင္ပြဲ မတိုင္ခင္ ကစားသမားကို စကန္ဖတ္မႈ အရင္လုပ္ေစျပီး ဒဏ္ရာ ျပင္းထန္မႈ အေနအထားကို အတည္ျပဳႏုိင္ဖို႔လည္း ေမွ်ာ္လင့္ေနပါတယ္။ လီဗာပူးဘက္ကေတာ့ သတင္းဆိုး မၾကားရဖို႔ ေမွ်ာ္လင့္ေနတယ္လို႔ သိထားရတာျဖစ္ပါတယ္။

ေနာက္ထပ္ ဒဏ္ရာသတင္းမွာေတာ့ ေရာ္ဘတ္ဆန္ဟာ ေျခက်င္းဝတ္ ျပႆနာေၾကာင့္ စေကာ္တလန္လက္ေရြးစင္ကေန ႏုတ္ထြက္ခဲ့ျပီျဖစ္ပါတယ္။ သူ႔ဒဏ္ရာက ဆာလက္နဲ႔ ဆင္တူတယ္လို႔ သိရတျပီး လီဗာပူးဘက္ကေတာ့ ပဲေလစ့္နဲ႔ပြဲမွာ ဆာလက္အျပင္ ေရာ္ဘတ္ဆန္ကိုပါ လက္လြတ္ရမယ့္ အေနအထားကို ရင္ဆုိင္ေနရတယ္လုိ႔ James Pearce ေဖာ္ျပသြားပါတယ္။