အင်္ဂလန်အသင်းနဲ့ ပူူးပေါင်းစဉ် ဂိုးမက်စ်နဲ့ စတာလင်တို့ အချင်းများမှုတစ်ခု ဖြစ်ပွားခဲ့ပြီး အဆိုပါဖြစ်ရပ်ကို အင်္ဂလန်လူစာရင်းနဲ့ မပူးပေါင်းရသေးတဲ့ လက်ရွေးစင်အသင်း လက်ထောက်အသင်းခေါင်းဆောင် ဟန်ဒါဆန်က ကြားဝင် ဖြန့်ဖြေသူအဖြစ် လုပ်ဆောင်သွားခဲ့ရတယ်လို့ သိရပါတယ်။

အန်ဖီးကွင်းက လီဗာပူးနဲ့ မန်စီးတီးပွဲပြီး နောက်တစ်ရက်မှာ အင်္ဂလန်အသင်းသားတွေ St George’s Park မှာ စုဝေးကြစဉ် အဆိုပါကိစ္စ ဖြစ်ပွားခဲ့တာပါ။ ဂိုးမက်စ်က စတာလင်ကို နုတ်ဆက်မှုအလုပ်မှာ စတာလင်က ကိုယ်ထိလက်ရောက် ကျူးလွန်မှုကို လုပ်ခဲ့တာဖြစ်ပြီး ဂိုးမက်စ် ညာဘက်မျက်လုံးမှာ အသေးစား ဒဏ်ရာရခဲ့တဲ့ အနေအထားဖြစ်တယ်လို့ သိရပါတယ်။

စတာလင်က သူ့ရဲ့အမှားကို တရားဝင် ပြန်တောင်းပန်ခဲ့ပြီး သူနဲ့ ဂိုးမက်စ်ကြား ပြေလည်မှု ရခဲ့သလို သူ့ရဲ့ တောင်းပန်မှုကို ဂိုးမက်စ်နဲ့တကွ အင်္ဂလန်အသင်းက လက်ခံခဲ့တယ်လို့ သိရတယ်။ မန်နေဂျာဆောက်ဂိတ်ကတော့ စတာလင်ရဲ့ အပြုအမှုအတွက် ရွေးချယ်စရာ နည်းလမ်းသုံးခုတည်းက တစ်ခုအဖြစ် မွန်တီနီဂရိုးနဲ့ပွဲကနေ ဖယ်ထုတ်တဲ့ ပြစ်ဒဏ်ကို ပေးခဲ့တာလည်း ဖြစ်ပါတယ်။

ယူရို ၂၀၂၀ ခြေစစ်ပွဲအဖြစ် မွန်တီနီဂရိုးနဲ့ ယှဉ်ပြိုင်ရမယ့်ပွဲမှာ ပွဲပယ်ပြစ်ဒဏ်ကြောင့် ဟန်ဒါဆန် ပါဝင်နိုင်မှာ မဟုတ်သလို သူကလည်း အသင်းနဲ့ ပူးပေါင်းဖို့ မလိုသေးတာဖြစ်တယ်။ ဒါပေမယ့် အဆိုပါကိစ္စကြောင့် လီဗာပူးအသင်းခေါင်းဆောင်က ကြားဝင်လာခဲ့ပြီး ကစားသမားနှစ်ဦးကို သီးသန့်တွေ့ဆုံဖို့ ခေါ်ယူခဲ့ကာ လက်ဆွဲနုတ်ဆက်စေခဲ့ပြီး သူတို့နှစ်ဦးကြား ပြေလည်မှုကို သေချာစေခဲ့တယ်လို့ သိရတယ်။

ဟန်ဒါဆန်ဟာ အင်္ဂလန်အသင်းရဲ့ လက်ရှိအသင်းသားတွေထဲမှာ သမ္ဘာအရင့်ဆုံး အသင်းသားဖြစ်သလို စတာလင်နဲ့လည်း လီဗာပူးမှာ အတူကစားခဲ့ဖူးကာ အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်ခဲ့သေးတာပါ။ ဒါကြောင့် ဟန်ဒါဆန်ရဲ့ ခေါ်ယူမှုကို စတာလင်ဘက်က လက်ခံခဲ့ပြီး ဂိုးမက်စ်နဲ့ ပြေလည်မှုကို သီးသန့်တွေ့ဆုံမှုမှာ ရယူခဲ့တယ်လို့ သိရတယ်။ ဂိုးမက်စ် အသေးစားဒဏ်ရာရခဲ့ပေမယ့် စတာလင်နဲ့အတူ လေ့ကျင့်ရေးမှာ ပြန်လည် ပါဝင်သွားခဲ့တယ်လို့လည်း သိရပါတယ်။

ZAWGYI

အဂၤလန္အသင္းနဲ႔ ပူူးေပါင္းစဥ္ ဂိုးမက္စ္နဲ႔ စတာလင္တို႔ အခ်င္းမ်ားမႈတစ္ခု ျဖစ္ပြားခဲ့ျပီး အဆိုပါျဖစ္ရပ္ကို အဂၤလန္လူစာရင္းနဲ႔ မပူးေပါင္းရေသးတ့ဲ လက္ေရြးစင္အသင္း လက္ေထာက္အသင္းေခါင္းေဆာင္ ဟန္ဒါဆန္က ၾကားဝင္ ျဖန္႔ေျဖသူအျဖစ္ လုပ္ေဆာင္သြားခဲ့ရတယ္လို႔ သိရပါတယ္။

အန္ဖီးကြင္းက လီဗာပူးနဲ႔ မန္စီးတီးပြဲျပီး ေနာက္တစ္ရက္မွာ အဂၤလန္အသင္းသားေတြ St George’s Park မွာ စုေဝးၾကစဥ္ အဆိုပါကိစၥ ျဖစ္ပြားခဲ့တာပါ။ ဂိုးမက္စ္က စတာလင္ကို ႏုတ္ဆက္မႈအလုပ္မွာ စတာလင္က ကိုယ္ထိလက္ေရာက္ က်ဴးလြန္မႈကို လုပ္ခဲ့တာျဖစ္ျပီး ဂိုးမက္စ္ ညာဘက္မ်က္လံုးမွာ အေသးစား ဒဏ္ရာရခဲ့တဲ့ အေနအထားျဖစ္တယ္လို႔ သိရပါတယ္။

စတာလင္က သူ႔ရဲ႕အမွားကို တရားဝင္ ျပန္ေတာင္းပန္ခဲ့ျပီး သူနဲ႔ ဂိုးမက္စ္ၾကား ေျပလည္မႈ ရခဲ့သလို သူ႔ရဲ႕ ေတာင္းပန္မႈကို ဂိုးမက္စ္နဲ႔တကြ အဂၤလန္အသင္းက လက္ခံခဲ့တယ္လို႔ သိရတယ္။ မန္ေနဂ်ာေဆာက္ဂိတ္ကေတာ့ စတာလင္ရဲ႕ အျပဳအမႈအတြက္ ေရြးခ်ယ္စရာ နည္းလမ္းသံုးခုတည္းက တစ္ခုအျဖစ္ မြန္တီနီဂရိုးနဲ႔ပြဲကေန ဖယ္ထုတ္တဲ့ ျပစ္ဒဏ္ကို ေပးခဲ့တာလည္း ျဖစ္ပါတယ္။

ယူရို ၂၀၂၀ ေျခစစ္ပြဲအျဖစ္ မြန္တီနီဂရိုးနဲ႔ ယွဥ္ျပိဳင္ရမယ့္ပြဲမွာ ပြဲပယ္ျပစ္ဒဏ္ေၾကာင့္ ဟန္ဒါဆန္ ပါဝင္ႏုိင္မွာ မဟုတ္သလို သူကလည္း အသင္းနဲ႔ ပူးေပါင္းဖို႔ မလိုေသးတာျဖစ္တယ္။ ဒါေပမယ့္ အဆုိပါကိစၥေၾကာင့္ လီဗာပူးအသင္းေခါင္းေဆာင္က ၾကားဝင္လာခဲ့ျပီး ကစားသမားႏွစ္ဦးကို သီးသန္႔ေတြ႔ဆံုဖို႔ ေခၚယူခဲ့ကာ လက္ဆြဲႏုတ္ဆက္ေစခဲ့ျပီး သူတို႔ႏွစ္ဦးၾကား ေျပလည္မႈကို ေသခ်ာေစခဲ့တယ္လို႔ သိရတယ္။

ဟန္ဒါဆန္ဟာ အဂၤလန္အသင္းရဲ႕ လက္ရွိအသင္းသားေတြထဲမွာ သမၻာအရင့္ဆံုး အသင္းသားျဖစ္သလို စတာလင္နဲ႔လည္း လီဗာပူးမွာ အတူကစားခဲ့ဖူးကာ အသင္းေခါင္းေဆာင္အျဖစ္ ဦးေဆာင္ခဲ့ေသးတာပါ။ ဒါေၾကာင့္ ဟန္ဒါဆန္ရဲ႕ ေခၚယူမႈကို စတာလင္ဘက္က လက္ခံခဲ့ျပီး ဂိုးမက္စ္နဲ႔ ေျပလည္မႈကို သီးသန္႔ေတြ႔ဆံုမႈမွာ ရယူခဲ့တယ္လို႔ သိရတယ္။ ဂိုးမက္စ္ အေသးစားဒဏ္ရာရခဲ့ေပမယ့္ စတာလင္နဲ႔အတူ ေလ့က်င့္ေရးမွာ ျပန္လည္ ပါဝင္သြားခဲ့တယ္လို႔လည္း သိရပါတယ္။