လီဗာပူးမှ ဂျာမန်သားနည်းပြကြီး ယာဂင်ကလော့ပ်က ဗီဒီယို အထောက်အကူပြု VAR စနစ်က တိုးတက်လာနိုင်စရာတွေ ရှိသော်လည်း ဘယ်တော့မှ ပြီးပြည့်စုံတဲ့ စနစ် ဖြစ်လာမှာ မဟုတ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။ မန်စီးတီးနဲ့ပွဲမှာ လီဗာပူးရဲ့ လက်ထိဘောကို VAR နဲ့ ပြန်စစ်ဆေးခဲ့ပေမယ့် ငြင်းပယ်ခဲ့တာကြာင့် ဝေဖန်မှုတွေ ရှိနေပါတယ်။

ပက်ဂွာဒီယိုလာနဲ့ မန်စီးတီးအသင်းသားတွေက ထိုနေ့က အဆုံးအဖြတ်တွေနဲ့ ရလဒ်အပေါ် ကျေနပ်ကြခြင်း မရှိပါဘူး။ ကလော့ပ်ကတော့ VAR စနစ်ဟာ လူသားတွေရဲ့ အဆုံးအဖြတ် ပါဝင်နေသေးတာ ဖြစ်လို့ ပြစ်မျိုးမှဲ့မထင် ပြည့်စုံတဲ့ အထို ဖြစ်မလာနိုင်ဘူးလို့ မှတ်ချက်ပြုလိုက်ပါတယ်။

” VAR စနစ်က ပိုပြီး တိုးတက် လာနိုင်တာတွေ ရှိပါတယ်။ ဒါပေမယ့် ရာနှုန်းပြည့်တော့ တိကျ မှန်ကန်မှာ မဟုတ်ဘူး ဒါကို အားလုံးလည်း သိကြမှာပါ။ ဒါပေမယ့် လောလောဆယ်ကို မှန်ကန်ခြင်း မရှိသေးလို့ ပြုပြင်သင့်တာတွေက ရှိနေသေးတယ်။ လက်ထိဘော၊ လူကျွံဘော စတာတွေကို ဒိထက် ပို ရှင်းရှင်းလင်းလင်း တိကျစွာ ကိုင်တွယ်သင့်တယ် တိုးတက်လာနိုင်သေးတယ်”

” ဒီစနစ်နဲ့ ပတ်သတ်ပြီး ယူအီးအက်ဖ်အေ အကြံက ကောင်းပါတယ။ လူသား ဒိုင်လူကြီးတွေ ဆီက တာဝန် မျှယူပေးနိုင်တာပေါ့။ ဒါပေမယ့် အမှားအယွင်းတွေ ဖြစ်နိုင်သေးတဲ့ ဟာကွက်တွေ ရှိနေသေးတယ်။ ဒါတွေက လူသားတွေက ကြည့် ဆုံးဖြတ်တာပဲ ဖြစ်တယ်။ ကျနော်တို့ လူတွေကတော့ ဘယ်သူမှ ပြီးပြည့်စုံတယ်ဆိုတာ မရှိဘူး။ ဘယ်သူကမှလည်း ပြည့်စုံတာကို မတောင်းဆိုပါဘူး။ လူတွေ လိုလားတာက မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေသာ ဖြစ်တယ်။ ” လို့ ကလော့ပ်က လတ်တလော ယူအီးအက်ဖ်အေ အခမ်းအနားက အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။

ဒီရာသီမှ ပရီးမီးယားလိဂ်မှာ စတင်ကျင့်သုံးလာတဲ့ VAR စနစ်နဲ့ ပတ်သတ်ပြီး ဝေဖန်မှု မကျေနပ်မှုတွေက ရှိနေဆဲပါ။ ကလော့ပ်ကိုယ်တိုင်လည်း မန်စီးတီးနဲ့ ပွဲမတိုင်ခင် ယခင် ပွဲစဉ်တချို့မှာ အဆုံးအဖြတ်နဲ့ ပတ်သတ်ပြီး မကျေမနပ် စောဒကတတ်မှုတွေ ရှိခဲ့ပါတယ်။

Zawgyi

လီဗာပူးမွ ဂ်ာမန္သားနည္းျပၾကီး ယာဂင္ကေလာ့ပ္က ဗီဒီယို အေထာက္အကူျပဳ VAR စနစ္က တိုးတက္လာနုိင္စရာေတြ ရွိေသာ္လည္း ဘယ္ေတာ့မွ ျပီးျပည့္စံုတဲ့ စနစ္ ျဖစ္လာမွာ မဟုတ္ေၾကာင္း မွတ္ခ်က္ျပဳခဲ့ပါတယ္။ မန္စီးတီးနဲ႕ပြဲမွာ လီဗာပူးရဲ႕ လက္ထိေဘာကို VAR နဲ႕ ျပန္စစ္ေဆးခဲ့ေပမယ့္ ျငင္းပယ္ခဲ့တာၾကာင့္ ေ၀ဖန္မႈေတြ ရွိေနပါတယ္။

ပက္ဂြာဒီယိုလာနဲ႕ မန္စီးတီးအသင္းသားေတြက ထိုေန႔က အဆံုးအျဖတ္ေတြနဲ႕ ရလဒ္အေပၚ ေက်နပ္ၾကျခင္း မရွိပါဘူး။ ကေလာ့ပ္ကေတာ့ VAR စနစ္ဟာ လူသားေတြရဲ႕ အဆံုးအျဖတ္ ပါ၀င္ေနေသးတာ ျဖစ္လုိ႔ ျပစ္မ်ိဳးမွဲ႕မထင္ ျပည့္စံုတဲ့ အထို ျဖစ္မလာနုိင္ဘူးလို႔ မွတ္ခ်က္ျပဳလိုက္ပါတယ္။

” VAR စနစ္က ပိုျပီး တိုးတက္ လာနုိင္တာေတြ ရွိပါတယ္။ ဒါေပမယ့္ ရာနႈန္းျပည့္ေတာ့ တိက် မွန္ကန္မွာ မဟုတ္ဘူး ဒါကို အားလံုးလည္း သိၾကမွာပါ။ ဒါေပမယ့္ ေလာေလာဆယ္ကို မွန္ကန္ျခင္း မရွိေသးလို႔ ျပဳျပင္သင့္တာေတြက ရွိေနေသးတယ္။ လက္ထိေဘာ၊ လူကၽြံေဘာ စတာေတြကို ဒိထက္ ပို ရွင္းရွင္းလင္းလင္း တိက်စြာ ကိုင္တြယ္သင့္တယ္ တိုးတက္လာနုိင္ေသးတယ္”

” ဒီစနစ္နဲ႕ ပတ္သတ္ျပီး ယူအီးအက္ဖ္ေအ အၾကံက ေကာင္းပါတယ။ လူသား ဒိုင္လူၾကီးေတြ ဆီက တာ၀န္ မွ်ယူေပးနုိင္တာေပါ့။ ဒါေပမယ့္ အမွားအယြင္းေတြ ျဖစ္နုိင္ေသးတဲ့ ဟာကြက္ေတြ ရွိေနေသးတယ္။ ဒါေတြက လူသားေတြက ၾကည့္ ဆံုးျဖတ္တာပဲ ျဖစ္တယ္။ က်ေနာ္တို႔ လူေတြကေတာ့ ဘယ္သူမွ ျပီးျပည့္စံုတယ္ဆိုတာ မရွိဘူး။ ဘယ္သူကမွလည္း ျပည့္စံုတာကို မေတာင္းဆိုပါဘူး။ လူေတြ လိုလားတာက မွန္ကန္တဲ့ ဆံုးျဖတ္ခ်က္ေတြသာ ျဖစ္တယ္။ ” လုိ႔ ကေလာ့ပ္က လတ္တေလာ ယူအီးအက္ဖ္ေအ အခမ္းအနားက အင္တာဗ်ဴးမွာ ေျဖၾကားခဲ့ပါတယ္။

ဒီရာသီမွ ပရီးမီးယားလိဂ္မွာ စတင္က်င့္သံုးလာတဲ့ VAR စနစ္နဲ႕ ပတ္သတ္ျပီး ေ၀ဖန္မႈ မေက်နပ္မႈေတြက ရွိေနဆဲပါ။ ကေလာ့ပ္ကိုယ္တိုင္လည္း မန္စီးတီးနဲ႕ ပြဲမတိုင္ခင္ ယခင္ ပြဲစဥ္တခ်ိဳ႔မွာ အဆံုးအျဖတ္နဲ႕ ပတ္သတ္ျပီး မေက်မနပ္ ေစာဒကတတ္မႈေတြ ရွိခဲ့ပါတယ္။