မန်စီးတီးကို နိုင်လိုက်တာက လီဗာပူးအသင်းဟာ အားလုံးရဲ့ ပါးစပ်ဖျားမှာ ပိုမို ရေပန်းစားလာစေခဲ့တဲ့ အကြောင်း ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် စီးတီးကို နိုင်လိုက်တဲ့ ပွဲမှာ လီဗာပူး ကစားသမား တစ်ယောက်ကတော့ အားလုံးထက် သာလွန်တဲ့ ထူးချွန်မှုကို ပြသခဲ့ပါတယ်။ ၎င်းကတော့ ဖာဘင်ညိုပါ။ ဖာဘင်ညိုက လက်ရှိ လီဗာပူးမှာ အရေးအကြီးဆုံး ကစားသမား တစ်ယောက်လည်း ဖြစ်လာနေပါတယ်။

ဘရာဇီးသားက အင်္ဂလန်မှာ အခြေကျဖို့ အချိန်တော့ ယူခဲ့ရပါတယ်။ ဇူလိုင် ၂၀၁၈ မှာ မိုနာကိုကနေ သတင်းမကြားဘဲ ရုတ်ချည်း ပေါင် သန်း ၄၀ နဲ့ ရောက်လာတဲ့ ဖာဘင်ညိုကို အများက မျှော်လင့်ချက်ကြီးကြီးတော့ မထားခဲ့ကြပါဘူး။ လီဗာပူးကတော့ သူတို့ဟာ ရှားပါး ပါရမီရှင် ကစားသမားကို ခေါ်ယူဖြစ်လိုက်တယ် ဆိုတာ ကောင်းကောင်း သိပါတယ်။ ကလော့ပ်က ဖာဘင်ညိုကို တွန်းအား မပေးဘဲ အသင်းမှာ ဖြည်းဖြည်းချင်း အသားကျလာတာကို စိတ်ရှည်စွာ စောင့်ဆိုင်းခဲ့ပါတယ်။

ဖာဘင်ညိုရဲ့ လီဗာပူးနဲ့ ပွဲဦးထွက်က မနှစ်က စက်တင်ဘာ ချယ်ဆီးနဲ့ ကာရာဘောင်းပွဲဖြစ်ပြီး အိမ်ကွင်းမှာ ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တာပါ။ တစ်နှစ်ကျော် အကြာမှာတော့ ဖာဘင်ညိုက ချန်ပီယံ မန်စီးတီးနဲ့ ပွဲမှာ အထူးချွန်ဆုံး အစွမ်းပြသူ ဖြစ်လာခဲ့ပါပြီ။ ဖာဘင်ညိုလို ကွင်းလယ် ခံစစ်သမားဟာ လီဗာပူး နှစ်ရှည်လများ အသည်းအသန် လိုအပ်နေတဲ့ သူလည်း ဖြစ်ပါတယ်။

အသက် ၂၆ နှစ်အရွယ် ဘရာဇီးသားဟာ မန်စီးတီးကို ရင်ဆိုင်တဲ့ပွဲမှာ မယုံနိုင်လောက်စရာ အစွမ်းပြခဲ့ပြီး အဖွင့်ဂိုးကိုလည်း အဝေးကန်ချက် ပြင်းပြင်းနဲ့ သွင်းယူပေးခဲ့ပါတယ်။ အောက်တိုဘာလ စပါးကို နိုင်တဲ့ပွဲအပြီးမှာတည်းက ကလော့ပ်ဟာ ဖာဘင်ညို ကွင်းလယ်မှာ ဘယ်လောက် အခရာကျသလဲဆိုတာ ရှင်းလင်းပြောဆို ချီးကျူးခဲ့ဖူးပြီး ဖာဘင်ညိုဟာ ပြိုင်ဘက်အသင်း တိုက်စစ်တွေကို ချိုးဖျက်ရာမှာ ပါးနပ် ထူးချွန်လွန်းခဲ့ပါတယ်။

ကလော့ပ်က ဒီရာသီ ဖာဘင်ညိုကို ယုံယုံကြည်ကြည် ပွဲကစားခွင့်တွေ ပေးခဲ့ပြီး ဖာဘင်ညိုက ဒီရာသီ ပရီးမီးယားလိဂ် ၁၂ ပွဲ မှာ ၁၁ ပွဲ ပွဲထွက် ပါဝင်ထားပါတယ်။ ၎င်း မပါဝင်ခဲ့တဲ့ ပွဲကလည်း စီးတီးနဲ့ ပွဲမတိုင်ခင်မှာ ပွဲပယ်ထိမှာ စိုးတာကြောင့် ဗီလာနဲ့ပွဲမှာ ချန်လှပ်ထားရစ်ခဲ့ခြင်း ဖြစ်ပါတယ်။

ဖာဘင်ညိုမပါတဲ့ ဗီလာနဲ့ ပွဲမှာ လီဗာပူးအနေနဲ့ ပြိုင်ဘက်တိုက်စစ်ကို ခက်ခက်ခဲခဲ ထိန်းချုပ်ခဲ့ရပြီး မာနေးရဲ့ ၉၄ မိနစ်က သွင်းဂိုးကြောင့်သာ အနိုင်ရခဲ့ခြင်း ဖြစ်ပါတယ်။ ဒါက ဘရာဇီးသား မပါဝင်ချိန် ဟာကွက် ဘယ်လောက်ကြီးမားလဲ မြင်သာစေတဲ့အချက်ပါ။

ဖာဘင်ညိုကို ကလော့ပ်က လီဗာပူးရဲ့ Dyson – ဒိုင်ဆန်လို့ တင်စားဖူးပါတယ်။ ဒိုင်ဆန် ဆိုတာက အင်္ဂလန်မှာ ဖုန်စုတ်စက်တစ်မျိုး အဓိက ထုတ်တဲ့ အမှတ်တံဆိပ် ဖြစ်ပါတယ်။ ဖာဘင်ညိုဟာ ပြိုင်ဘက်တွေကို ရှင်းလင်းပေးတာကြောင်း ကလော့ပ်က ထိုသို့ တင်စားခဲ့ခြင်းပါ။

ကလော့ပ်ရဲ့ လီဗာပူး အသင်းမှာ စိတ်ချရတဲ့ ဗဟိုခံစစ်၊ ဂိုးသမားနဲ့ တိုက်စစ်အတွက် စိတ်ချရတဲ့ အင်အားတွေ ရှိထားပြီး ဖာဘင်ညိုလို ကွင်းလယ်မှာ အခရာကျတဲ့ သူ တစ်ဦး ထပ်မံ ပိုင်ဆိုင်လာရခြင်းက ၎င်းတို့ နှစ်ပေါင်းများစွာ အလှမ်းကွာနေတဲ့ အမှတ်ပေးဖလားကို သိမ်းပိုက်နိုင်ဖို့ အကြောင်းအချက် တစ်ခု အဖြစ် ပါဝင်လာခဲ့ပြီ ဖြစ်ပါတယ်။

Zawgyi

မန္စီးတီးကို နုိင္လိုက္တာက လီဗာပူးအသင္းဟာ အားလံုးရဲ႕ ပါးစပ္ဖ်ားမွာ ပိုမို ေရပန္းစားလာေစခဲ့တဲ့ အေၾကာင္း ျဖစ္ပါလိမ့္မယ္။ ဒါေပမယ့္ စီးတီးကို နုိင္လုိက္တဲ့ ပြဲမွာ လီဗာပူး ကစားသမား တစ္ေယာက္ကေတာ့ အားလံုးထက္ သာလြန္တဲ့ ထူးခၽြန္မႈကို ျပသခဲ့ပါတယ္။ ၄င္းကေတာ့ ဖာဘင္ညိဳပါ။ ဖာဘင္ညိဳက လက္ရွိ လီဗာပူးမွာ အေရးအၾကီးဆံုး ကစားသမား တစ္ေယာက္လည္း ျဖစ္လာေနပါတယ္။

ဘရာဇီးသားက အဂၤလန္မွာ အေျခက်ဖို႔ အခ်ိန္ေတာ့ ယူခဲ့ရပါတယ္။ ဇူလိုင္ ၂၀၁၈ မွာ မိုနာကိုကေန သတင္းမၾကားဘဲ ရုတ္ခ်ည္း ေပါင္ သန္း ၄၀ နဲ႕ ေရာက္လာတဲ့ ဖာဘင္ညိဳကို အမ်ားက ေမွ်ာ္လင့္ခ်က္ၾကီးၾကီးေတာ့ မထားခဲ့ၾကပါဘူး။ လီဗာပူးကေတာ့ သူတို႔ဟာ ရွားပါး ပါရမီရွင္ ကစားသမားကို ေခၚယူျဖစ္လိုက္တယ္ ဆိုတာ ေကာင္းေကာင္း သိပါတယ္။ ကေလာ့ပ္က ဖာဘင္ညိဳကို တြန္းအား မေပးဘဲ အသင္းမွာ ျဖည္းျဖည္းခ်င္း အသားက်လာတာကို စိတ္ရွည္စြာ ေစာင့္ဆိုင္းခဲ့ပါတယ္။

ဖာဘင္ညိဳရဲ႕ လီဗာပူးနဲ႕ ပြဲဦးထြက္က မနွစ္က စက္တင္ဘာ ခ်ယ္ဆီးနဲ႕ ကာရာေဘာင္းပြဲျဖစ္ျပီး အိမ္ကြင္းမွာ ၂-၁ နဲ႕ ရွံဳးနိမ့္ခဲ့တာပါ။ တစ္နွစ္ေက်ာ္ အၾကာမွာေတာ့ ဖာဘင္ညိဳက ခ်န္ပီယံ မန္စီးတီးနဲ႕ ပြဲမွာ အထူးခၽြန္ဆံုး အစြမ္းျပသူ ျဖစ္လာခဲ့ပါျပီ။ ဖာဘင္ညိဳလို ကြင္းလယ္ ခံစစ္သမားဟာ လီဗာပူး နွစ္ရွည္လမ်ား အသည္းအသန္ လိုအပ္ေနတဲ့ သူလည္း ျဖစ္ပါတယ္။

အသက္ ၂၆ နွစ္အရြယ္ ဘရာဇီးသားဟာ မန္စီးတီးကို ရင္ဆိုင္တဲ့ပြဲမွာ မယံုနုိင္ေလာက္စရာ အစြမ္းျပခဲ့ျပီး အဖြင့္ဂိုးကိုလည္း အေ၀းကန္ခ်က္ ျပင္းျပင္းနဲ႕ သြင္းယူေပးခဲ့ပါတယ္။ ေအာက္တိုဘာလ စပါးကို နုိင္တဲ့ပြဲအျပီးမွာတည္းက ကေလာ့ပ္ဟာ ဖာဘင္ညိဳ ကြင္းလယ္မွာ ဘယ္ေလာက္ အခရာက်သလဲဆိုတာ ရွင္းလင္းေျပာဆို ခ်ီးက်ဴးခဲ့ဖူးျပီး ဖာဘင္ညိဳဟာ ျပိဳင္ဘက္အသင္း တိုက္စစ္ေတြကို ခ်ိဳးဖ်က္ရာမွာ ပါးနပ္ ထူးခၽြန္လြန္းခဲ့ပါတယ္။

ကေလာ့ပ္က ဒီရာသီ ဖာဘင္ညိဳကို ယံုယံုၾကည္ၾကည္ ပြဲကစားခြင့္ေတြ ေပးခဲ့ျပီး ဖာဘင္ညိဳက ဒီရာသီ ပရီးမီးယားလိဂ္ ၁၂ ပြဲ မွာ ၁၁ ပြဲ ပြဲထြက္ ပါ၀င္ထားပါတယ္။ ၄င္း မပါ၀င္ခဲ့တဲ့ ပြဲကလည္း စီးတီးနဲ႕ ပြဲမတိုင္ခင္မွာ ပြဲပယ္ထိမွာ စိုးတာေၾကာင့္ ဗီလာနဲ႕ပြဲမွာ ခ်န္လွပ္ထားရစ္ခဲ့ျခင္း ျဖစ္ပါတယ္။

ဖာဘင္ညိဳမပါတဲ့ ဗီလာနဲ႕ ပြဲမွာ လီဗာပူးအေနနဲ႕ ျပိဳင္ဘက္တိုက္စစ္ကို ခက္ခက္ခဲခဲ ထိန္းခ်ဳပ္ခဲ့ရျပီး မာေနးရဲ႕ ၉၄ မိနစ္က သြင္းဂိုးေၾကာင့္သာ အနုိင္ရခဲ့ျခင္း ျဖစ္ပါတယ္။ ဒါက ဘရာဇီးသား မပါ၀င္ခ်ိန္ ဟာကြက္ ဘယ္ေလာက္ၾကီးမားလဲ ျမင္သာေစတဲ့အခ်က္ပါ။

ဖာဘင္ညိဳကို ကေလာ့ပ္က လီဗာပူးရဲ႕ Dyson – ဒိုင္ဆန္လို႔ တင္စားဖူးပါတယ္။ ဒိုင္ဆန္ ဆုိတာက အဂၤလန္မွာ ဖုန္စုတ္စက္တစ္္မ်ိဳး အဓိက ထုတ္တဲ့ အမွတ္တံဆိပ္ ျဖစ္ပါတယ္။ ဖာဘင္ညိဳဟာ ျပိဳင္ဘက္ေတြကို ရွင္းလင္းေပးတာေၾကာင္း ကေလာ့ပ္က ထိုသို႔ တင္စားခဲ့ျခင္းပါ။

ကေလာ့ပ္ရဲ႕ လီဗာပူး အသင္းမွာ စိတ္ခ်ရတဲ့ ဗဟိုခံစစ္၊ ဂိုးသမားနဲ႕ တိုက္စစ္အတြက္ စိတ္ခ်ရတဲ့ အင္အားေတြ ရွိထားျပီး ဖာဘင္ညိဳလို ကြင္းလယ္မွာ အခရာက်တ့ဲ သူ တစ္ဦး ထပ္မံ ပိုင္ဆိုင္လာရျခင္းက ၄င္းတို႔ နွစ္ေပါင္းမ်ားစြာ အလွမ္းကြာေနတဲ့ အမွတ္ေပးဖလားကို သိမ္းပိုက္နုိင္ဖို႔ အေၾကာင္းအခ်က္ တစ္ခု အျဖစ္ ပါ၀င္လာခဲ့ျပီ ျဖစ္ပါတယ္။