လီဗာပူးစီနီယာကစားသမားဖြစ်ပြီး ကုန်ခဲ့တဲ့ ၅ ရာသီအတွင်းမှာ အကောင်းအဆိုးတွေ အများကြီး ရင်ဆိုင်ခဲ့ရတဲ့ ခံစစ်မှူး လိုဗရန်ဟာ ဒီနွေမှာတုန်းက လီဗာပူးကနေ ထွက်ခွာပြီး အေစီမီလန်ကို ပြောင်းဖို့ လုပ်ဆောင်ခဲ့တယ်လို့ ဝန်ခံလိုက်ပါတယ်။

၂၀၁၈-၂၀၁၉ ဘောလုံးရာသီမှာ ဂိုးမက်စ်၊ မာတစ်တို့နောက်မှာပဲ ကစားခဲ့ရသလို ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာလည်း အရန်စာရင်းကနေ ပါဝင်ကစားခွင့် မရခဲ့တဲ့နောက် ပွဲထွက်ခွင့်အတွက် ထွက်ခွာလိုခဲ့တာဖြစ်တယ်။ ရိုးမားနဲ့ အေစီမီလန်တို့က စိတ်ဝင်စားခဲ့ပြီး အပြောင်းအရွှေ့အတွက် ညိနှိုင်းမှုတွေ လုပ်ခဲ့ကြကြောင်းကို လိုဗရန်က “ ကျနော်က အရန်ခုံမှာထိုင်ပြီး လစာတွေ ထုတ်ယူနေရတာကို ကြိုက်တဲ့သူ မဟုတ်ပါဘူး ” လို့ ပြောခဲ့တယ်။

လီဗာပူးဘက်က အဆိုပါ ကလပ်နှစ်သင်းနဲ့ ညိနှိုင်းမှုမှာ ပေါင် ၂၅ သန်း တောင်းဆိုခဲ့ပြီး တစ်သင်းက သဘောတူညီလိုက်တာနဲ့တင် အပြောင်းအရွှေ့ စတင်နိုင်မယ့် အနေအထားဖြစ်ပြီး ကလပ်တွေက ပြောင်းရွှေ့ကြေးကို လျော့ချကာ အငှားကမ်းလှမ်းမှုတွေ ပြောင်းလဲလိုခဲ့ကြတာဖြစ်တယ်။

မဲဝုဒ်မှာတော့ ကလော့ပ်နဲ့ လိုဗရန်တို့ တွေ့ဆုံကြစဉ် ဂျာမာန်သားကြီးက “ ငါတို့ မင်းကိုလိုတယ် ” လို့ စည်းရုံးခဲ့တာကြောင့် လိုဗရန်က အသင်းပြောင်းဖို့ကို နောက်ဆုတ်ခဲ့တာဖြစ်တယ်။ ယာဂင်ကလော့ပ်က “ နေရာမရဖြစ်နေတာအတွက် မင်းမပျော်ဘူးဆိုတာ ငါသိပါတယ်။ ဒါပေမယ့် သေချာပြန်စဉ်းစားပါဦး။ မင်းက ငါတို့အတွက် အရေးကြီး ကစားးသမားဖြစ်နေဆဲပါ ” ဆိုတဲ့ စည်းရုံးမှုနဲ့ လိုဗရန်ကို ဆက်ထိန်းနိုင်ခဲ့တာဖြစ်တယ်။

၂၀၁၄ ခုနှစ်မှာ အောက်သမ်တန်ကနေ အန်ဖီးထံ ပေါင် သန်း ၂၀ နဲ့ ရောက်လာခဲ့တဲ့ လိုဗရန်ဟာ ကာရေဂါအနားယူသွားပြီး ၁၂ လအကြာမှာ ရောက်လာခဲ့ပြီး လီဗာပူးကို ဦးဆောင်ပေးဖို့ ရည်ရွယ်ခံခဲ့ရသူပါ။ သူဟာ ခက်ခဲတဲ့ကာလတွေကို ရင်ဆိုင်ခဲ့ရပေမယ့် ယာဂင်ကလော့ပ် လက်ထက်မှာတော့ အသွင်ပြောင်းလာခဲ့သူဖြစ်တယ်။

၂၀၁၆ ခုနှစ်က ဒေါ့မွန်ကို အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ကစားပြီး အိပ်မက်ဆန်ဆန် ပြန်လာမှုမှာ လီဗာပူးကို နောက်တစ်ဆင့် တက်ရောက်စေတဲ့ သွင်းဂိုးကို သွင်းပေးခဲ့တဲ့ လိုဗရန်ဟာ ၂၀၁၇ ခုနှစ် အောက်တိုဘာလမှာတော့ ဝင်ဘာလေမှာ စပါးကို အရှက်တကွဲ အရေးနိမ့်မှုမှာလည်း ညံ့ဖျင်းတဲ့ စွမ်းဆောင်ရည်ကြောင့် ပထမပိုင်းမှာတင် လူစားလဲခဲ့ရတယ်။

ဒါပေမယ့်လည်း သူ့ရဲ့ ဒူပေနာပေခံတဲ့ စိတ်ဓါတ်၊ ဘောလုံးသမားတစ်ယောက်အဖြစ် အောင်မြင်လိုတဲ့ စိတ်ဓါတ်အပြင် ခံစစ်မှာ လိုအပ်တဲ့အချိန်တိုင်း ပါဝင်ကစားပေးနိုင်မှုကို ယာဂင်ကလော့ပ်က နှစ်သက်ပြီး ဒီရာသီမှာတော့ ဂိုးမက်စ်ကိုကျော်ကာ တတိယဦးစားပေး ကစားသမားအဖြစ် နေရာပြန်ပေးခဲ့တာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးစီနီယာကစားသမားျဖစ္ျပီး ကုန္ခဲ့တဲ့ ၅ ရာသီအတြင္းမွာ အေကာင္းအဆိုးေတြ အမ်ားၾကီး ရင္ဆိုင္ခဲ့ရတဲ့ ခံစစ္မွဴး လိုဗရန္ဟာ ဒီေႏြမွာတုန္းက လီဗာပူးကေန ထြက္ခြာျပီး ေအစီမီလန္ကို ေျပာင္းဖို႔ လုပ္ေဆာင္ခဲ့တယ္လို႔ ဝန္ခံလိုက္ပါတယ္။

၂၀၁၈-၂၀၁၉ ေဘာလံုးရာသီမွာ ဂိုးမက္စ္၊ မာတစ္တို႔ေနာက္မွာပဲ ကစားခဲ့ရသလို ခ်န္ပီယံလိဂ္ဗုိလ္လုပြဲမွာလည္း အရန္စာရင္းကေန ပါဝင္ကစားခြင့္ မရခဲ့တဲ့ေနာက္ ပြဲထြက္ခြင့္အတြက္ ထြက္ခြာလိုခဲ့တာျဖစ္တယ္။ ရိုးမားနဲ႔ ေအစီမီလန္တို႔က စိတ္ဝင္စားခဲ့ျပီး အေျပာင္းအေရႊ႔အတြက္ ညိႏိႈင္းမႈေတြ လုပ္ခဲ့ၾကေၾကာင္းကို လိုဗရန္က “ က်ေနာ္က အရန္ခံုမွာထိုင္ျပီး လစာေတြ ထုတ္ယူေနရတာကို ၾကိဳက္တဲ့သူ မဟုတ္ပါဘူး ” လို႔ ေျပာခဲ့တယ္။

လီဗာပူးဘက္က အဆိုပါ ကလပ္ႏွစ္သင္းနဲ႔ ညိႏိႈင္းမႈမွာ ေပါင္ ၂၅ သန္း ေတာင္းဆိုခဲ့ျပီး တစ္သင္းက သေဘာတူညီလိုက္တာနဲ႔တင္ အေျပာင္းအေရႊ႔ စတင္ႏုိင္မယ့္ အေနအထားျဖစ္ျပီး ကလပ္ေတြက ေျပာင္းေရႊ႔ေၾကးကို ေလ်ာ့ခ်ကာ အငွားကမ္းလွမ္းမႈေတြ ေျပာင္းလဲလိုခဲ့ၾကတာျဖစ္တယ္။

မဲဝုဒ္မွာေတာ့ ကေလာ့ပ္နဲ႔ လိုဗရန္တို႔ ေတြ႔ဆံုၾကစဥ္ ဂ်ာမာန္သားၾကီးက “ ငါတို႔ မင္းကိုလိုတယ္ ” လို႔ စည္းရံုးခဲ့တာေၾကာင့္ လိုဗရန္က အသင္းေျပာင္းဖို႔ကို ေနာက္ဆုတ္ခဲ့တာျဖစ္တယ္။ ယာဂင္ကေလာ့ပ္က “ ေနရာမရျဖစ္ေနတာအတြက္ မင္းမေပ်ာ္ဘူးဆိုတာ ငါသိပါတယ္။ ဒါေပမယ့္ ေသခ်ာျပန္စဥ္းစားပါဦး။ မင္းက ငါတို႔အတြက္ အေရးၾကီး ကစားးသမားျဖစ္ေနဆဲပါ ” ဆိုတဲ့ စည္းရံုးမႈနဲ႔ လိုဗရန္ကို ဆက္ထိန္းႏုိင္ခဲ့တာျဖစ္တယ္။

၂၀၁၄ ခုႏွစ္မွာ ေအာက္သမ္တန္ကေန အန္ဖီးထံ ေပါင္ သန္း ၂၀ နဲ႔ ေရာက္လာခဲ့တဲ့ လိုဗရန္ဟာ ကာေရဂါအနားယူသြားျပီး ၁၂ လအၾကာမွာ ေရာက္လာခဲ့ျပီး လီဗာပူးကို ဦးေဆာင္ေပးဖို႔ ရည္ရြယ္ခံခဲ့ရသူပါ။ သူဟာ ခက္ခဲတဲ့ကာလေတြကို ရင္ဆိုင္ခဲ့ရေပမယ့္ ယာဂင္ကေလာ့ပ္ လက္ထက္မွာေတာ့ အသြင္ေျပာင္းလာခဲ့သူျဖစ္တယ္။

၂၀၁၆ ခုႏွစ္က ေဒါ့မြန္ကို အန္ဖီးကြင္းမွာ ယွဥ္ျပိဳင္ကစားျပီး အိပ္မက္ဆန္ဆန္ ျပန္လာမႈမွာ လီဗာပူးကို ေနာက္တစ္ဆင့္ တက္ေရာက္ေစတဲ့ သြင္းဂိုးကို သြင္းေပးခဲ့တဲ့ လိုဗရန္ဟာ ၂၀၁၇ ခုႏွစ္ ေအာက္တိုဘာလမွာေတာ့ ဝင္ဘာေလမွာ စပါးကို အရွက္တကြဲ အေရးနိမ့္မႈမွာလည္း ညံ့ဖ်င္းတဲ့ စြမ္းေဆာင္ရည္ေၾကာင့္ ပထမပိုင္းမွာတင္ လူစားလဲခဲ့ရတယ္။

ဒါေပမယ့္လည္း သူ႔ရဲ႕ ဒူေပနာေပခံတဲ့ စိတ္ဓါတ္၊ ေဘာလံုးသမားတစ္ေယာက္အျဖစ္ ေအာင္ျမင္လိုတဲ့ စိတ္ဓါတ္အျပင္ ခံစစ္မွာ လိုအပ္တဲ့အခ်ိန္တိုင္း ပါဝင္ကစားေပးႏုိင္မႈကို ယာဂင္ကေလာ့ပ္က ႏွစ္သက္ျပီး ဒီရာသီမွာေတာ့ ဂိုးမက္စ္ကိုေက်ာ္ကာ တတိယဦးစားေပး ကစားသမားအျဖစ္ ေနရာျပန္ေပးခဲ့တာျဖစ္ပါတယ္။