ချယ်ဆီးကွင်းလယ်လူ ကန်တေက ကလပ်အသင်းရဲ့ official app နဲ့ အင်တာဗျူးမှာ သူသာ ချယ်ဆီးမန်နေဂျာဖြစ်ခဲ့ရင် ပထမဆုံး လက်မှတ်ထိုးမှုအဖြစ် ဘယ်ကစားသမားကို ခေါ်ယူမလဲဆိုတဲ့အပေါ် ဖြေဆိုမှု လုပ်ပေးခဲ့ပါတယ်။

ကမ္ဘာဖလားချန်ပီယံလည်းဖြစ်တဲ့ ကန်တေက သူအနားယူပြီးခဲ့လို့ ချယ်ဆီးကို မန်နေဂျာအဖြစ် ကိုင်တွယ်ရမယ်ဆိုရင် လက်မှတ်ထိုးရမယ့် ကစားသမားနဲ့ ပက်သက်ပြီး

” ကျနော်ကတော့ ဂျွန်တယ်ရီကို လက်မှတ်ထိုးမယ်လို့ ပြောလိုတယ်။ ဘာလို့လည်းဆိုတော့ ကျနော် ချယ်ဆီးကို ရောက်လာချိန်မှာ သူက ကလပ်အသင်းရဲ့ အဓိက တစ်ယောက်ဖြစ်ပြီး ဒီအသင်းက ဘယ်လိုအသင်းဆိုတာကို အားလုံးသိသူဖြစ်ပါတယ်။ သူ့အကြောင်းကို လူငယ်ကစားသမားအဖြစ်ကနေ စသိခဲ့ပြီး ကလပ်အသင်းကိုလည်း အများကြိး အကူအညီပေပးခဲ့သူ ဖြစ်ပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ချယ်ဆီးအသင်းကို ကိုယ်စားပြုတဲ့ ၂၂ နှစ်ကာလနဲ့အတူ ဂျွန်တယ်ရီဟာ ကလပ်အသင်း သမိုင်းတစ်လျှောက် အအောင်မြင်ဆုံး အသင်းခေါင်းဆောင်ဖြစ်ခဲ့ပြီး လက်ရှိမှာ အက်စတွန်ဗီလာအသင်းရဲ့ လက်ထောက်နည်းပြအဖြစ် တာဝန်ယူနေသူဖြစ်တယ်။ သူဟာ ချယ်ဆီးကနေ ထွက်ခွာပြီးတဲ့နောက် ချန်ပီယံရှစ်ကလပ်မှာ ကျင်လယ်ခဲ့ပြီး အဆိုပါကလပ်မှာပဲ ကစားသမားဘဝ အနားယူကာ နည်းပြအဖွဲ့ဝင်ထဲ ပါဝင်နေခဲ့တာပါ။

ကန်တေက ၂၀၁၆ ခုနှစ်မှာ လက်စတာကနေ ချယ်ဆီးအသင်းကို ရောက်လာတဲ့ ကာလကို ပြန်ပြောင်း အမှတ်ရခဲ့တယ်။ သူဟာ ပရီးမီးယားလိဂ်ဖလားကို လက်စတာနဲ့အတူ ကိုင်မြောက်ခဲ့ပြီးမှ ချယ်ဆီးကို ပြောင်းလာခဲ့တာဖြစ်တယ်။ ၂၀၁၇ မှာတော့ ချယ်ဆီးအသင်း အမှတ်ပေးဖလား အနိုင်ရမှုအတွက် အဓိကကျတဲ့ ကစားသမား ဖြစ်ခဲ့ပြန်ပါတယ်။

အဆိုပါ အပြောင်းအရွှေ့နဲ့ ပက်သက်ပြီး ကန်တေက ” ချယ်ဆီးကို ပြောင်းလာရတာအတွက် ကျနော် အရမ်းပျော်ခဲ့တယ်။ ချယ်ဆီးကစားသမား ဖြစ်ရတာကိုလည်း အရမ်း ဂုဏ်ယူပါတယ်။ ရှေ့မှာ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေအတွက်လည်း ကျနော် အာရုံစိုက်နေပါတယ် ” လို့ ဆက်လက် ပြောဆိုခဲ့ပါတယ်။

ZAWGYI

ခ်ယ္ဆီးကြင္းလယ္လူ ကန္ေတက ကလပ္အသင္းရဲ႕ official app နဲ႔ အင္တာဗ်ဴးမွာ သူသာ ခ်ယ္ဆီးမန္ေနဂ်ာျဖစ္ခဲ့ရင္ ပထမဆံုး လက္မွတ္ထိုးမႈအျဖစ္ ဘယ္ကစားသမားကို ေခၚယူမလဲဆိုတဲ့အေပၚ ေျဖဆိုမႈ လုပ္ေပးခဲ့ပါတယ္။

ကမၻာဖလားခ်န္ပီယံလည္းျဖစ္တဲ့ ကန္ေတက သူအနားယူျပီးခဲ့လို႔ ခ်ယ္ဆီးကို မန္ေနဂ်ာအျဖစ္ ကိုင္တြယ္ရမယ္ဆိုရင္ လက္မွတ္ထိုးရမယ့္ ကစားသမားနဲ႔ ပက္သက္ျပီး

” က်ေနာ္ကေတာ့ ဂၽြန္တယ္ရီကို လက္မွတ္ထိုးမယ္လို႔ ေျပာလိုတယ္။ ဘာလို႔လည္းဆိုေတာ့ က်ေနာ္ ခ်ယ္ဆီးကို ေရာက္လာခ်ိန္မွာ သူက ကလပ္အသင္းရဲ႕ အဓိက တစ္ေယာက္ျဖစ္ျပီး ဒီအသင္းက ဘယ္လိုအသင္းဆိုတာကို အားလံုးသိသူျဖစ္ပါတယ္။ သူ႔အေၾကာင္းကို လူငယ္ကစားသမားအျဖစ္ကေန စသိခဲ့ျပီး ကလပ္အသင္းကိုလည္း အမ်ားၾကိး အကူအညီေပပးခဲ့သူ ျဖစ္ပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

ခ်ယ္ဆီးအသင္းကို ကိုယ္စားျပဳတဲ့ ၂၂ ႏွစ္ကာလနဲ႔အတူ ဂၽြန္တယ္ရီဟာ ကလပ္အသင္း သမုိင္းတစ္ေလွ်ာက္ အေအာင္ျမင္ဆံုး အသင္းေခါင္းေဆာင္ျဖစ္ခဲ့ျပီး လက္ရွိမွာ အက္စတြန္ဗီလာအသင္းရဲ႕ လက္ေထာက္နည္းျပအျဖစ္ တာဝန္ယူေနသူျဖစ္တယ္။ သူဟာ ခ်ယ္ဆီးကေန ထြက္ခြာျပီးတဲ့ေနာက္ ခ်န္ပီယံရွစ္ကလပ္မွာ က်င္လယ္ခဲ့ျပီး အဆိုပါကလပ္မွာပဲ ကစားသမားဘဝ အနားယူကာ နည္းျပအဖြဲ႔ဝင္ထဲ ပါဝင္ေနခဲ့တာပါ။

ကန္ေတက ၂၀၁၆ ခုႏွစ္မွာ လက္စတာကေန ခ်ယ္ဆီးအသင္းကို ေရာက္လာတဲ့ ကာလကို ျပန္ေျပာင္း အမွတ္ရခဲ့တယ္။ သူဟာ ပရီးမီးယားလိဂ္ဖလားကို လက္စတာနဲ႔အတူ ကိုင္ေျမာက္ခဲ့ျပီးမွ ခ်ယ္ဆီးကို ေျပာင္းလာခဲ့တာျဖစ္တယ္။ ၂၀၁၇ မွာေတာ့ ခ်ယ္ဆီးအသင္း အမွတ္ေပးဖလား အႏုိင္ရမႈအတြက္ အဓိကက်တဲ့ ကစားသမား ျဖစ္ခဲ့ျပန္ပါတယ္။

အဆိုပါ အေျပာင္းအေရႊ႔နဲ႔ ပက္သက္ျပီး ကန္ေတက ” ခ်ယ္ဆီးကို ေျပာင္းလာရတာအတြက္ က်ေနာ္ အရမး္ေပ်ာ္ခဲ့တယ္။ ခ်ယ္ဆီးကစားသမား ျဖစ္ရတာကိုလည္း အရမ္း ဂုဏ္ယူပါတယ္။ ေရွ႔မွာ ရင္ဆုိင္ရမယ့္ စိန္ေခၚမႈေတြအတြက္လည္း က်ေနာ္ အာရံုစိုက္ေနပါတယ္ ” လို႔ ဆက္လက္ ေျပာဆိုခဲ့ပါတယ္။