လီဗာပူးကစားသမားတွေဖြစ်တဲ့ ဘယ်အစွန်လူ ရော်ဘတ်ဆန်နဲ့ တောင်ပံတိုက်စစ်သမား ဆာလက်တို့ဟာ ခြေကျင်းဝတ် ဒဏ်ရာတွေကြောင့် လက်ရွေးစင်အသင်းတွေကနေ အတည်ပြု နုတ်ထွက်ခဲ့ပြီဖြစ်ပြီး နိုင်ငံတကာသီတင်းပတ်တွေမှာ ပါဝင်ယှဉ်ပြိုင်မှာ မဟုတ်တော့ပါဘူး။

နှစ်ဦးလုံးဟာ နောက်ဆုံး ယှဉ်ပြိုင်ခဲ့တဲ့ မန်စီးတီးနဲ့ပွဲမှာ ဒဏ်ရာရခဲ့ကြတာဖြစ်ပြီး ပွဲမတိုင်ခင်တည်းက ရနေတဲ့ အသေးစား ဒဏ်ရာက အခြေအနေ ပိုဆိုးလာခဲ့ကြတာလို့ သိရတယ်။ ဒဏ်ရာ အသေးစိတ်ကို မထုတ်ပြန်ထားပေမယ့် ခြေကျင်းဝတ်ဒဏ်ရာတွေဟာ ပြန်သက်သာဖို့ လေးပတ်လောက် ကြာမြင့်နိုင်တယ်လို့လည်း သတင်းထွက်နေပြီး ၄၈ နာရီလောက် စောင့်ကြည့်ရမှာဖြစ်ကာ ကလပ်အသင်းထံ ပြန်ရောက်မှပဲ အတည်ပြုနိုင်မယ့် အနေအထားဖြစ်ပါတယ်။

ရော်ဘတ်ဆန်နဲ့ ဆာလက် နှစ်ဦးလုံးက လက်ရှိမှာ လက်ရွေးစင်အသင်းတွေနဲ့ ရှိနေကြပြီး နှစ်ဦးလုံး လက်ရွေးစင်ပွဲတွေကိုတော့ ဆက်လက် လိုက်ပါသွားဖွယ် ရှိနေတာဖြစ်တယ်။ ဒါဟာ ဒဏ်ရာကြောင့် အနားယူနေရပေမယ့် သူတို့ရဲ့ လက်ရွေးစင် တာဝန်ယူမှုတွေမှာ အသင်းဖော်တွေအတွက် အထောက်အကူဖြစ်စေဖို့လို့ ယုံကြည်ရတယ်။

ရော်ဘတ်ဆန်က “ ကျနော် မပါနိုင်တော့တာ တကယ်ကို စိတ်ပျက်စရာပါ။ ဘယ်လိုပွဲဖြစ်ဖြစ် ဂရုမစိုက်ပါဘူး။ ကုန်ခဲ့တဲ့ ၅ နှစ်လိုပဲ အသင်းအတွက် ကစားပေးလိုတယ်။ ဒါပေမယ့် ကုန်ခဲ့တဲ့ နှစ်ပတ်ခွဲလောက်ကတည်းက လီဗာပူးအတွက်လည်း ကောင်းကောင်း မလေ့ကျင့်နိုင်ပါဘူး။ ပွဲမတိုင်ခင် တစ်ရက်မှာပဲ လေ့ကျင့်မှု လုပ်ခဲ့ရတယ်။ ဂျန့်နဲ့ ချန်ပီယံလိဂ်ပွဲမှာ ၁၅ မိနစ်ပဲ ကစားခဲ့ပြီး အာဆင်နယ်နဲ့ ကာရာဘောင်းပွဲဆို မကစားနိုင်ခဲ့ဘူး။

အသေးအဖွဲ့ဒဏ်ရာဖြစစ်ပေမယ့် အချိန်မပေးရင် ပျောက်သွားမယ့် ဒဏ်ရာ မဟုတ်ပါဘူး။ မန်စီးတီးကို ရင်ဆိုင်ကစားတဲ့ပွဲမှာ ပွဲပြီးခါနီး ရိုဒရီနဲ့ ထိခိုက်မိတာကြောင့် ခြေကျင်းဝတ်က ပြန်ပြီး ဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာပြဿနာက ကျနော်ရဲ့ ဘောလုံးရာသီကို ဖျက်ဆီးလိုက်မှာမျိုးကို အလိုမရှိပါဘူး ” လို့ ပြောဆိုခဲ့ပါတယ်။

အီဂျစ်လက်ရွေးစင်အတွက် ကိုင်ရိုကိုရောက်နေတဲ့ ဆာလက်က အဲ့မှာပဲ ဆေးစစ်မှု ခံယူခဲ့ပြီး ဒဏ်ရာက လက်ရွေးစင်အတွက် ကစားပေးရအောင် မသက်သာတာကြောင့် ခြေအထိန်း တပ်ထားရသလို ဘယ်လောက် အနားယူရမယ်ဆိုတာ စောင့်ကြည့်နေဆဲ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးကစားသမားေတြျဖစ္တဲ့ ဘယ္အစြန္လူ ေရာ္ဘတ္ဆန္နဲ႔ ေတာင္ပံတိုက္စစ္သမား ဆာလက္တို႔ဟာ ေျခက်င္းဝတ္ ဒဏ္ရာေတြေၾကာင့္ လက္ေရြးစင္အသင္းေတြကေန အတည္ျပဳ ႏုတ္ထြက္ခဲ့ျပီျဖစ္ျပီး ႏုိင္ငံတကာသီတင္းပတ္ေတြမွာ ပါဝင္ယွဥ္ျပိဳင္မွာ မဟုတ္ေတာ့ပါဘူး။

ႏွစ္ဦးလံုးဟာ ေနာက္ဆံုး ယွဥ္ျပိဳင္ခဲ့တဲ့ မန္စီးတီးနဲ႔ပြဲမွာ ဒဏ္ရာရခဲ့ၾကတာျဖစ္ျပီး ပြဲမတိုင္ခင္တည္းက ရေနတဲ့ အေသးစား ဒဏ္ရာက အေျခအေန ပိုဆိုးလာခဲ့ၾကတာလို႔ သိရတယ္။ ဒဏ္ရာ အေသးစိတ္ကို မထုတ္ျပန္ထားေပမယ့္ ေျခက်င္းဝတ္ဒဏ္ရာေတြဟာ ျပန္သက္သာဖို႔ ေလးပတ္ေလာက္ ၾကာျမင့္ႏုိင္တယ္လို႔လည္း သတင္းထြက္ေနျပီး ၄၈ နာရီေလာက္ ေစာင့္ၾကည့္ရမွာျဖစ္ကာ ကလပ္အသင္းထံ ျပန္ေရာက္မွပဲ အတည္ျပဳႏုိင္မယ့္ အေနအထားျဖစ္ပါတယ္။

ေရာ္ဘတ္ဆန္နဲ႔ ဆာလက္ ႏွစ္ဦးလံုးက လက္ရွိမွာ လက္ေရြးစင္အသင္းေတြနဲ႔ ရွိေနၾကျပီး ႏွစ္ဦးလံုး လက္ေရြးစင္ပြဲေတြကိုေတာ့ ဆက္လက္ လိုက္ပါသြားဖြယ္ ရွိေနတာျဖစ္တယ္။ ဒါဟာ ဒဏ္ရာေၾကာင့္ အနားယူေနရေပမယ့္ သူတို႔ရဲ႕ လက္ေရြးစင္ တာဝန္ယူမႈေတြမွာ အသင္းေဖာ္ေတြအတြက္ အေထာက္အကူျဖစ္ေစဖို႔လို႔ ယံုၾကည္ရတယ္။

ေရာ္ဘတ္ဆန္က “ က်ေနာ္ မပါႏုိင္ေတာ့တာ တကယ္ကို စိတ္ပ်က္စရာပါ။ ဘယ္လိုပြဲျဖစ္ျဖစ္ ဂရုမစိုက္ပါဘူး။ ကုန္ခဲ့တဲ့ ၅ ႏွစ္လိုပဲ အသင္းအတြက္ ကစားေပးလိုတယ္။ ဒါေပမယ့္ ကုန္ခဲ့တဲ့ ႏွစ္ပတ္ခြဲေလာက္ကတည္းက လီဗာပူးအတြက္လည္း ေကာင္းေကာင္း မေလ့က်င့္ႏုိင္ပါဘူး။ ပြဲမတိုင္ခင္ တစ္ရက္မွာပဲ ေလ့က်င့္မႈ လုပ္ခဲ့ရတယ္။ ဂ်န္႔နဲ႔ ခ်န္ပီယံလိဂ္ပြဲမွာ ၁၅ မိနစ္ပဲ ကစားခဲ့ျပီး အာဆင္နယ္နဲ႕ ကာရာေဘာင္းပြဲဆို မကစားႏုိင္ခဲ့ဘူး။

အေသးအဖြဲ႔ဒဏ္ရာျဖစစ္ေပမယ့္ အခ်ိန္မေပးရင္ ေပ်ာက္သြားမယ့္ ဒဏ္ရာ မဟုတ္ပါဘူး။ မန္စီးတီးကို ရင္ဆုိင္ကစားတဲ့ပြဲမွာ ပြဲျပီးခါနီး ရိုဒရီနဲ႔ ထိခိုက္မိတာေၾကာင့္ ေျခက်င္းဝတ္က ျပန္ျပီး ဒဏ္ရာရခဲ့ပါတယ္။ ဒဏ္ရာျပႆနာက က်ေနာ္ရဲ႕ ေဘာလံုးရာသီကို ဖ်က္ဆီးလိုက္မွာမ်ိဳးကို အလိုမရွိပါဘူး ” လို႔ ေျပာဆိုခဲ့ပါတယ္။

အီဂ်စ္လက္ေရြးစင္အတြက္ ကိုင္ရိုကိုေရာက္ေနတဲ့ ဆာလက္က အဲ့မွာပဲ ေဆးစစ္မႈ ခံယူခဲ့ျပီး ဒဏ္ရာက လက္ေရြးစင္အတြက္ ကစားေပးရေအာင္ မသက္သာတာေၾကာင့္ ေျခအထိန္း တပ္ထားရသလို ဘယ္ေလာက္ အနားယူရမယ္ဆိုတာ ေစာင့္ၾကည့္ေနဆဲ ျဖစ္ပါတယ္။