ယူနိုက်တက် ကွင်းလယ်လူတွေဖြစ်တဲ့ မာတစ်နဲ့ တာဟစ်ချောင်တို့ဟာ ကလပ်အသင်းမှာ နေရာမရဖြစ်နေတဲ့ အနေအထားတွေကြောင့် ကလပ်အသင်းကနေ ထွက်ခွာပြီး စီးရီးအေလိဂ်ကို ပြောင်းရွှေ့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာနေပါတယ်။

ကလပ်အသင်း ပွဲထွက်လူစာရင်းမှာ တော်မီနေးနောက်ကို ရောက်နေတဲ့ မာတစ်က ရာသီကုန်ထိ မစောင့်ပဲ ဇန်နဝါရီမှာတင် စီးရီးအေကို ပြောင်းလိုနေတာပါ။ ကစားသမားကို ခေါ်ယူဖို့ အေစီမီလန်နဲ့ အင်တာမီလန်တို့က စိတ်ဝင်စားနေခဲ့ပြီး အပြောင်းအရွှေ့ကို ရာသီကုန်မှ မဟုတ်ပဲ ခပ်စောစော ဖြစ်မြောက်ဖို့ကို မာတစ်ဘက်က အလိုရှိလာပါတယ်။

နွေကတည်းက စီးရီးအေကလပ်တွေက မာတစ်ကို ခေါ်ယူလိုခဲ့ပေမယ့် ဖယ်လာနီကို တရုတ်ကလပ်ထံ လက်လွတ်ထားရပြီး ဟာရဲရားကိုပါ လက်လွတ်ထားရတဲ့ ယူနိုက်တက်ဘက်က အပြောင်းအရွှေ့ လုပ်ဆောင်ဖို့ ဆန္ဒမရှိခဲ့ပါဘူး။ ပေါ့ဘာရဲ့ အနာဂတ် မရေရာခြင်းနဲ့ လောင်းစတပ်ဖို့ ခေါ်ယူဖို့ ကြိုးစားနေတဲ့ ကာလဖြစ်ခြင်းကြောင့်လည်း မာတစ်ကို လက်မလွတ်ဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်တယ်။

မာတစ်ကတော့ ပွဲထွက်ခွင့် ပျောက်ဆုံးနေမှုအပေါ် မနှစ်မြို့ဖြစ်နေတာကြောင့် ဇန်နဝါရီမှာတင် ထွက်ခွာနိုင်ဖို့ ကြိုးစားလာတာဖြစ်တယ်။ ဒီရာသိ ပရီးမီးယားလိဂ်ပွဲ ၂ ပွဲပဲ ကစားထားရသလို ပေါ့ဘာ ဒဏ်ရာက ပြန်သက်သာလာတာကြောင့် မာတစ်ရဲ့ အခန်းကဏ္ဍဟာ ပိုမိုနည်းပါးလာဖို့ ရှိနေပါတယ်။ ၂၀၁၇ ခုနှစ်က ချယ်ဆီးကနေ ပေါင် ၃၅ သန်းနဲ့ ခေါ်ယူခြင်းခံခဲ့ရတဲ့ မာတစ်ဟာ ဒီရာသီကုန်ရင် စာချုပ်သက်တမ်း ကုန်ပြီဖြစ်ပါတယ်။

လူငယ်ကစားသမားဖြစ်တဲ့ တာဟစ်ချောင်ကလည်း ရာသီကုန်မှာ ကလပ်အသင်းနဲ့ စာချုပ်ကုန်ပြီဖြစ်တယ်။ ကစားသမားဘက်ကတော့ စာချုပ်ကိစ္စကို ကလပ်အသင်းဘက်က စီမံပါလိမ့်မယ်လို့ ပြောဆိုထားပြီး ယူနိုက်တက်ဘက်က လက်နှေးနေဆဲပါ။ ဒီအခြေအနေမှာ တာဟစ်ချောင်ကို ခေါ်ယူဖို့ စီးရီးအေကလပ် ဂျူဗင်တပ်က ကြားဝင်လာတာဖြစ်ပြီး နွေမှာ အလွတ်နဲ့ ရနိုင်ဖို့ ညိနှိုင်းမှုတွေ စတင်တော့မယ်လို့ သိရပါတယ်။

ZAWGYI

ယူႏုိက္တက္ ကြင္းလယ္လူေတြျဖစ္တဲ့ မာတစ္နဲ႔ တာဟစ္ေခ်ာင္တုိ႔ဟာ ကလပ္အသင္းမွာ ေနရာမရျဖစ္ေနတဲ့ အေနအထားေတြေၾကာင့္ ကလပ္အသင္းကေန ထြက္ခြာျပီး စီးရီးေအလိဂ္ကို ေျပာင္းေရႊ႔မယ္ဆိုတဲ့ သတင္းေတြ ထြက္ေပၚလာေနပါတယ္။

ကလပ္အသင္း ပြဲထြက္လူစာရင္းမွာ ေတာ္မီေနးေနာက္ကို ေရာက္ေနတဲ့ မာတစ္က ရာသီကုန္ထိ မေစာင့္ပဲ ဇန္နဝါရီမွာတင္ စီးရီးေအကို ေျပာင္းလိုေနတာပါ။ ကစားသမားကို ေခၚယူဖို႔ ေအစီမီလန္နဲ႔ အင္တာမီလန္တို႔က စိတ္ဝင္စားေနခဲ့ျပီး အေျပာင္းအေရႊ႔ကို ရာသီကုန္မွ မဟုတ္ပဲ ခပ္ေစာေစာ ျဖစ္ေျမာက္ဖို႔ကို မာတစ္ဘက္က အလိုရွိလာပါတယ္။

ေႏြကတည္းက စီးရီးေအကလပ္ေတြက မာတစ္ကို ေခၚယူလိုခဲ့ေပမယ့္ ဖယ္လာနီကို တရုတ္ကလပ္ထံ လက္လြတ္ထားရျပီး ဟာရဲရားကိုပါ လက္လြတ္ထားရတဲ့ ယူႏုိက္တက္ဘက္က အေျပာင္းအေရႊ႔ လုပ္ေဆာင္ဖို႔ ဆႏၵမရွိခဲ့ပါဘူး။ ေပါ့ဘာရဲ႕ အနာဂတ္ မေရရာျခင္းနဲ႔ ေလာင္းစတပ္ဖို႔ ေခၚယူဖို႔ ၾကိဳးစားေနတဲ့ ကာလျဖစ္ျခင္းေၾကာင့္လည္း မာတစ္ကို လက္မလြတ္ဖို႔ ဆံုးျဖတ္ခဲ့ျခင္းျဖစ္တယ္။

မာတစ္ကေတာ့ ပြဲထြက္ခြင့္ ေပ်ာက္ဆံုးေနမႈအေပၚ မႏွစ္ျမိဳ႕ျဖစ္ေနတာေၾကာင့္ ဇန္နဝါရီမွာတင္ ထြက္ခြာႏုိင္ဖို႔ ၾကိဳးစားလာတာျဖစ္တယ္။ ဒီရာသိ ပရီးမီးယားလိဂ္ပြဲ ၂ ပြဲပဲ ကစားထားရသလို ေပါ့ဘာ ဒဏ္ရာက ျပန္သက္သာလာတာေၾကာင့္ မာတစ္ရဲ႕ အခန္းက႑ဟာ ပိုမိုနည္းပါးလာဖို႔ ရွိေနပါတယ္။ ၂၀၁၇ ခုႏွစ္က ခ်ယ္ဆီးကေန ေပါင္ ၃၅ သန္းနဲ႔ ေခၚယူျခင္းခံခဲ့ရတဲ့ မာတစ္ဟာ ဒီရာသီကုန္ရင္ စာခ်ဳပ္သက္တမ္း ကုန္ျပီျဖစ္ပါတယ္။

လူငယ္ကစားသမားျဖစ္တဲ့ တာဟစ္ေခ်ာင္ကလည္း ရာသီကုန္မွာ ကလပ္အသင္းနဲ႔ စာခ်ဳပ္ကုန္ျပီျဖစ္တယ္။ ကစားသမားဘက္ကေတာ့ စာခ်ဳပ္ကိစၥကို ကလပ္အသင္းဘက္က စီမံပါလိမ့္မယ္လို႔ ေျပာဆိုထားျပီး ယူႏုိက္တက္ဘက္က လက္ေနွးေနဆဲပါ။ ဒီအေျခအေနမွာ တာဟစ္ေခ်ာင္ကို ေခၚယူဖို႔ စီးရီးေအကလပ္ ဂ်ဴဗင္တပ္က ၾကားဝင္လာတာျဖစ္ျပီး ေႏြမွာ အလြတ္နဲ႔ ရႏုိင္ဖို႔ ညိႏိႈင္းမႈေတြ စတင္ေတာ့မယ္လို႔ သိရပါတယ္။