လိုင်ယွန်အသင်းဘက်က အတည်ပြုလာမှုအရ သူတို့အသင်းရဲ့ အဓိက တိုက်စစ်သမား ဒီပေးကို ခေါ်ယူခွင့်မှာ ပထမဆုံး စဉ်းစားပေးခြင်း ခံရဖို့ အခွင့်အရေး ရှိနေတဲ့ အသင်းက ယူနိုက်တက်ဖြစ်တယ်လို့ သိရပါတယ်။

နွေအပြောင်းအရွှေ့တုန်းက လီဗာပူးနဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး စပါးကပါ စိတ်ဝင်စားလာတဲ့ လိုင်ယွန်တိုက်စစ်မှူးဟာ လာမယ့် ဈေးကွက်တွေမှာ ပြင်သစ်မြေကနေ ထွက်ခွာတော့မယ်လို့ သတင်းထွက်နေခဲ့တယ်။ ၂၀၁၅ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်တွေမှာ ယူနိုက်တက်အတွက် ၃၃ ပွဲ ပါဝင်ကစားပေးခဲ့ပြီး ၂ ဂိုး သွင်းယူခဲ့တဲ့ နယ်သာလန်သားဟာ မန်ချက်စတာမြေကနေ လိုင်ယွန်ကို တိုက်ရိုက် ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၃ နှစ်လောက်က လိုင်ယွန်ကို ပေါင် ၁၅ သန်းနဲ့တင် ပြောင်းရွှေ့ခဲ့တဲ့ ဒီပေးဟာ ဒီရာသီ လီဂူးဝမ်း ၁၀ ပွဲမှာတင် သွင်းဂိုး ၇ ဂိုးထိ ရထားပြီဖြစ်ပါတယ်။ လိုင်ယွန်အသင်း အားကစားဒါရိုက်တာဖြစ်သူ Juninho က ၂၀၂၁ ခုနှစ်မှာ လိုင်ယွန်နဲ့ သက်တမ်းကုန်မယ့် ပေါင် ၄၀ တန်ကြေးရှိ ကစားသမားကို သက်တမ်းတိုးစာချုပ် ပေးထားတယ်လို့ ထုတ်ဖော်ပြောဆိုတယ်။

ဒီရက်တွေထဲမှာတော့ ဒီရာသီ လီဂူးဝမ်းရဲ့ အဆင့် ၁၄ နေရာမှာ ရပ်တည်နေတဲ့ လိုင်ယွန်ကနေ ဇန်နဝါရီမှာ ဒီပေး ထွက်ခွာလိုနေတယ်လို့လည်း သတင်းထွက်နေပါတယ်။ ကစားသမား အသင်းပြောင်းမယ်ဆိုရင် ပထမဆုံး ပြန်လည်ခေါ်ယူခွင့်အတွက် ဦးစားပေးခံရမယ့် အသင်းကလည်း ယူနိုက်တက်ဖြစ်ပါတယ်လို့ Juninho က အတည်ပြုခဲ့ပါတယ်။

လိုင်ယွန်အသင်း ဝဘ်ဆိုဒ်ကနေ ၎င်းကပဲ ” ကလပ်အသင်းတွေက ဒီပေးကို ခေါ်ယူဖို့ ကမ်းလှမ်းလိုလာပြီဆိုရင် ဦးစားပေးကတော့ ယူနိုက်တက် ဖြစ်ပါတယ်။ ဒါပေမယ့် အခုချိန်ထိ ကျနေ်ာတို့ ကမ်းလှမ်းမှုတွေ လက်ခံရရှိလာခြင်း မရှိသေးပါဘူး။ ဒီပေးက လိုင်ယွန်မှာ ပျော်နေပါတယ် ” လို့ ဆိုခဲ့ပါတယ်။

လီဗာပူးကွင်းလယ်လူ ဝိုက်နယ်ဒမ်နဲ့ ဒီပေးဟာ အရင်းနှီးဆုံး သူငယ်ချင်းတွေဖြစ်သလို လီဗာပူးအသင်းမှာ ဗန်ဒိုက်အပါအဝင် နည်းပြပအဖွဲ့ဝင်ဖြစ်တဲ့ လင်ဒါးတို့လို နယ်သာလန်သားတွေ ရှိတာကလည်း နွေတုန်းက တိုက်စစ်သမားကို ခေါ်ယူဖို့ သတင်းကြီးစေတဲ့ အချက်တစ်ချက် ဖြစ်ခဲ့တယ်။ စပါးကလည်း ဒီရာသီ ရုန်းကန်နေရမှုကို ပြန်လည် ပြင်ဆင်ဖို့ အင်အားတိုးချဲ့လိုပြီး ဒီပေးကို စောင့်ကြည့်လာတာ ဖြစ်ပါတယ်။

ZAWGYI

လိုင္ယြန္အသင္းဘက္က အတည္ျပဳလာမႈအရ သူတို႔အသင္းရဲ႕ အဓိက တိုက္စစ္သမား ဒီေပးကို ေခၚယူခြင့္မွာ ပထမဆံုး စဥ္းစားေပးျခင္း ခံရဖို႔ အခြင့္အေရး ရွိေနတဲ့ အသင္းက ယူႏုိက္တက္ျဖစ္တယ္လို႔ သိရပါတယ္။

ေႏြအေျပာင္းအေရႊ႔တုန္းက လီဗာပူးနဲ႔ သတင္းေတြ ထြက္ေပၚခဲ့ျပီး စပါးကပါ စိတ္ဝင္စားလာတဲ့ လိုင္ယြန္တိုက္စစ္မွဴးဟာ လာမယ့္ ေစ်းကြက္ေတြမွာ ျပင္သစ္ေျမကေန ထြက္ခြာေတာ့မယ္လို႔ သတင္းထြက္ေနခဲ့တယ္။ ၂၀၁၅ ခုႏွစ္နဲ႔ ၂၀၁၇ ခုႏွစ္ေတြမွာ ယူႏုိက္တက္အတြက္ ၃၃ ပြဲ ပါဝင္ကစားေပးခဲ့ျပီး ၂ ဂိုး သြင္းယူခဲ့တဲ့ နယ္သာလန္သားဟာ မန္ခ်က္စတာေျမကေန လိုင္ယြန္ကို တိုက္ရိုက္ ေျပာင္းေရႊ႔ခဲ့သူျဖစ္ပါတယ္။

လြန္ခဲ့တဲ့ ၃ ႏွစ္ေလာက္က လိုင္ယြန္ကို ေပါင္ ၁၅ သန္းနဲ႔တင္ ေျပာင္းေရႊ႔ခဲ့တဲ့ ဒီေပးဟာ ဒီရာသီ လီဂူးဝမ္း ၁၀ ပြဲမွာတင္ သြင္းဂိုး ၇ ဂိုးထိ ရထားျပီျဖစ္ပါတယ္။ လိုင္ယြန္အသင္း အားကစားဒါရိုက္တာျဖစ္သူ Juninho က ၂၀၂၁ ခုႏွစ္မွာ လိုင္ယြန္နဲ႔ သက္တမ္းကုန္မယ့္ ေပါင္ ၄၀ တန္ေၾကးရွိ ကစားသမားကို သက္တမ္းတိုးစာခ်ဳပ္ ေပးထားတယ္လို႔ ထုတ္ေဖာ္ေျပာဆိုတယ္။

ဒီရက္ေတြထဲမွာေတာ့ ဒီရာသီ လီဂူးဝမ္းရဲ႕ အဆင့္ ၁၄ ေနရာမွာ ရပ္တည္ေနတဲ့ လိုင္ယြန္ကေန ဇန္နဝါရီမွာ ဒီေပး ထြက္ခြာလိုေနတယ္လုိ႔လည္း သတင္းထြက္ေနပါတယ္။ ကစားသမား အသင္းေျပာင္းမယ္ဆိုရင္ ပထမဆံုး ျပန္လည္ေခၚယူခြင့္အတြက္ ဦးစားေပးခံရမယ့္ အသင္းကလည္း ယူႏုိက္တက္ျဖစ္ပါတယ္လို႔ Juninho က အတည္ျပဳခဲ့ပါတယ္။

လိုင္ယြန္အသင္း ဝဘ္ဆိုဒ္ကေန ၄င္းကပဲ ” ကလပ္အသင္းေတြက ဒီေပးကို ေခၚယူဖို႔ ကမ္းလွမ္းလိုလာျပီဆိုရင္ ဦးစားေပးကေတာ့ ယူႏုိက္တက္ ျဖစ္ပါတယ္။ ဒါေပမယ့္ အခုခ်ိန္ထိ က်ေန္ာတို႔ ကမ္းလွမ္းမႈေတြ လက္ခံရရွိလာျခင္း မရွိေသးပါဘူး။ ဒီေပးက လိုင္ယြန္မွာ ေပ်ာ္ေနပါတယ္ ” လို႔ ဆိုခဲ့ပါတယ္။

လီဗာပူးကြင္းလယ္လူ ဝိုက္နယ္ဒမ္နဲ႔ ဒီေပးဟာ အရင္းႏွီးဆံုး သူငယ္ခ်င္းေတြျဖစ္သလို လီဗာပူးအသင္းမွာ ဗန္ဒိုက္အပါအဝင္ နည္းျပပအဖြဲ႔ဝင္ျဖစ္တဲ့ လင္ဒါးတို႔လို နယ္သာလန္သားေတြ ရွိတာကလည္း ေႏြတုန္းက တိုက္စစ္သမားကို ေခၚယူဖို႔ သတင္းၾကီးေစတဲ့ အခ်က္တစ္ခ်က္ ျဖစ္ခဲ့တယ္။ စပါးကလည္း ဒီရာသီ ရုန္းကန္ေနရမႈကို ျပန္လည္ ျပင္ဆင္ဖို႔ အင္အားတိုးခ်ဲ႔လိုျပီး ဒီေပးကို ေစာင့္ၾကည့္လာတာ ျဖစ္ပါတယ္။