ပရီးမီးယားလိဂ် ပွဲစဉ် ၁၂ အပြီးမှာတော့ အမှတ်ပေးဇယား ထိပ်ဆုံးကို လီဗာပူးဦးဆောင်ထားပြီး ထူးခြားကိစ္စအနေနဲ့ လက်စတာနဲ့ ချယ်ဆီးက မန်စီးတီးအထက်မှာ ရပ်တည်ကာ လီဗာပူးကို ဖိအားတဲ့ ကလပ်အသင်းတွေ ဖြစ်လာခဲ့ပါတယ်။

ပဲလေစ့်ကို ချယ်ဆီးက ၂-၀ နဲ့ အနိုင်ရခဲ့တဲ့ လက်စတာနဲ့ ရမှတ်တူ အနေအထားမှာ လီဗာပူးကို ၈ မှတ်အကွာက ဖိအားပေးနေတာဖြစ်တယ်။ နိုင်ငံတကာ သီတင်းပတ်အပြီးမှာတော့ မန်စီးတီးနဲ့ ချယ်ဆီးတို့ ထိပ်တိုက်တွေ့ကြမှာဖြစ်ပြီး ချယ်ဆီးရဲ့ စွမ်းဆောင်ရည်ကောင်းနဲ့ ရလဒ်ကောင်းနေမှုတွေက လက်ရှိ ချန်ပီယံကို ရင်ဆိုင်နိုင်မယ်လို့ သုံးသပ်ခံနေရတယ်။

လီဗာပူးက အမှတ်ပေးဖလားကို အနိုင်ရဖို့ ရေပန်းစားအသင်း ဖြစ်နေပေမယ့်လည်း ချယ်ဆီးနဲ့ လက်စတာရဲ့ အနေအထားကြောင်း ပြိုင်ပွဲက နှစ်ကောင်တည်းပြေးတဲ့ ပြိုင်ဘက်ပွဲ လေးသင်းထိပ်တိုက်တွေ့မှု ဖြစ်လာနေပြီလို့ ယူဆလာရတယ်။ လီဗာပူးက ဒီရာသီ ရံှူးပွဲမရှိသေးပေမယ့် ချယ်ဆီးလက်စတာက မာဆေးဆိုဒ်အသင်းကို ဖိအားပေးနိုင်မလားလို့ သတင်းသမားတွေက ဗန်ဒိုက်ကို မေးခွန်း ထုတ်ခဲ့ကြပါတယ်။

“ အဲ့လိုဖြစ်မလား ကျနော် မသိဘူးဗျ။ ဒါက မီဒီယာတွေနဲ့ ခင်ဗျားတို့တွေ ဖန်တီးနေကြတဲ့ ကိစ္စပါပဲ။ သူတို့က အရမ်းကောင်းကောင်း ကစားနိုင်နေကြပါတယ်။ သေချာကြည့်မယ်ဆိုရင် ရှက်ဖီးတောင် အကောင်းဆုံး လုပ်နေတာဖြစ်ပြီး သူတို့ကလည်း အနိုင်ယူဖို့ ခက်ခဲတဲ့ အသင်းတစ်သင်းပါ။ ဒီရာသီက ဘယ်လောက်တောင် ခက်ခဲလဲဆိုတာ ကျနော်သိသလို ခင်ဗျားတို့အားလုံးလည်း သိပါတယ်။ ကျနေ်ာတို့တွေ အခြားအသင်းကို ကျော်ပြီး ကြည့်နေဖို့ မသင့်တဲ့ အနေအထားဖြစ်ပါတယ် ” လို့ ဗန်ဒိုက်က ဖြေဆိုခဲ့တယ်။

နိုင်ငံတကာ သီတင်းပတ်အပြီး အီသီဟတ်မှာ ချယ်ဆီးဟာ မန်စီးတီးနဲ့ သွားရောက် ယှဉ်ပြိုင်ရမှာပါ။ အဆိုပါပွဲကို လမ်းပတ်ဦးဆောင်တဲ့ အသင်းက အနိုင်ရလဒ် ထွက်ပေါ်အောင် ကြိုးစားနိုင်မယ်ဆိုရင် လူငယ်တွေနဲ့ စုဖွဲ့နေတဲ့ ချယ်ဆီးဟာ စိန်ခေါ်သူဖြစ်တယ်ဆိုတာကို ကြေညာဖို့ ကြီးမားတဲ့ စွမ်းဆောင်နိုင်မှုကို လုပ်နိုင်မှာ ဖြစ်ပါတယ်။

ZAWGYI

ပရီးမီးယားလိဂ္ ပြဲစဥ္ ၁၂ အျပီးမွာေတာ့ အမွတ္ေပးဇယား ထိပ္ဆံုးကို လီဗာပူးဦးေဆာင္ထားျပီး ထူးျခားကိစၥအေနနဲ႔ လက္စတာနဲ႔ ခ်ယ္ဆီးက မန္စီးတီးအထက္မွာ ရပ္တည္ကာ လီဗာပူးကို ဖိအားတဲ့ ကလပ္အသင္းေတြ ျဖစ္လာခဲ့ပါတယ္။

ပဲေလစ့္ကို ခ်ယ္ဆီးက ၂-၀ နဲ႔ အႏုိင္ရခဲ့တဲ့ လက္စတာနဲ႔ ရမွတ္တူ အေနအထားမွာ လီဗာပူးကို ၈ မွတ္အကြာက ဖိအားေပးေနတာျဖစ္တယ္။ ႏုိင္ငံတကာ သီတင္းပတ္အျပီးမွာေတာ့ မန္စီးတီးနဲ႔ ခ်ယ္ဆီးတို႔ ထိပ္တိုက္ေတြ႔ၾကမွာျဖစ္ျပီး ခ်ယ္ဆီးရဲ႕ စြမ္းေဆာင္ရည္ေကာင္းနဲ႔ ရလဒ္ေကာင္းေနမႈေတြက လက္ရွိ ခ်န္ပီယံကို ရင္ဆိုင္ႏုိင္မယ္လို႔ သံုးသပ္ခံေနရတယ္။

လီဗာပူးက အမွတ္ေပးဖလားကို အႏုိင္ရဖို႔ ေရပန္းစားအသင္း ျဖစ္ေနေပမယ့္လည္း ခ်ယ္ဆီးနဲ႔ လက္စတာရဲ႕ အေနအထားေၾကာင္း ျပိဳင္ပြဲက ႏွစ္ေကာင္တည္းေျပးတဲ့ ျပိဳင္ဘက္ပြဲ ေလးသင္းထိပ္တိုက္ေတြ႔မႈ ျဖစ္လာေနျပီလုိ႔ ယူဆလာရတယ္။ လီဗာပူးက ဒီရာသီ ရံွဴးပြဲမရွိေသးေပမယ့္ ခ်ယ္ဆီးလက္စတာက မာေဆးဆိုဒ္အသင္းကို ဖိအားေပးႏုိင္မလားလို႔ သတင္းသမားေတြက ဗန္ဒိုက္ကို ေမးခြန္း ထုတ္ခဲ့ၾကပါတယ္။

“ အဲ့လိုျဖစ္မလား က်ေနာ္ မသိဘူးဗ်။ ဒါက မီဒီယာေတြနဲ႔ ခင္ဗ်ားတို႔ေတြ ဖန္တီးေနၾကတ့ဲ ကိစၥပါပဲ။ သူတို႔က အရမ္းေကာင္းေကာင္း ကစားႏုိင္ေနၾကပါတယ္။ ေသခ်ာၾကည့္မယ္ဆိုရင္ ရွက္ဖီးေတာင္ အေကာင္းဆံုး လုပ္ေနတာျဖစ္ျပီး သူတို႔ကလည္း အႏုိင္ယူဖို႔ ခက္ခဲတဲ့ အသင္းတစ္သင္းပါ။ ဒီရာသီက ဘယ္ေလာက္ေတာင္ ခက္ခဲလဲဆိုတာ က်ေနာ္သိသလို ခင္ဗ်ားတို႔အားလံုးလည္း သိပါတယ္။ က်ေန္ာတို႔ေတြ အျခားအသင္းကို ေက်ာ္ျပီး ၾကည့္ေနဖို႔ မသင့္တဲ့ အေနအထားျဖစ္ပါတယ္ ” လို႔ ဗန္ဒိုက္က ေျဖဆိုခဲ့တယ္။

ႏုိင္ငံတကာ သီတင္းပတ္အျပီး အီသီဟတ္မွာ ခ်ယ္ဆီးဟာ မန္စီးတီးနဲ႔ သြားေရာက္ ယွဥ္ျပိဳင္ရမွာပါ။ အဆိုပါပြဲကို လမ္းပတ္ဦးေဆာင္တဲ့ အသင္းက အႏုိင္ရလဒ္ ထြက္ေပၚေအာင္ ၾကိဳးစားႏုိင္မယ္ဆိုရင္ လူငယ္ေတြနဲ႔ စုဖြဲ႔ေနတဲ့ ခ်ယ္ဆီးဟာ စိန္ေခၚသူျဖစ္တယ္ဆိုတာကို ေၾကညာဖို႔ ၾကီးမားတဲ့ စြမ္းေဆာင္ႏုိင္မႈကို လုပ္ႏုိင္မွာ ျဖစ္ပါတယ္။