ချယ်ဆီးနည်းပြ လမ်းပတ်ဟာ ကစားသမားဘဝတည်းက ထူးချွန်မှန်ကန် တိကျတဲ့ ကစားသမား အဖြစ် နာမည်ကောင်း ရှိခဲ့သူ ဖြစ်ပြီး အသင်း မန်နေဂျာ ဖြစ်လာတဲ့အခါမှာလည်း ၎င်းရဲ့ စည်းကမ်းကြီးတဲ့ အလေ့အထကောင်းကို ကလပ်အသင်းမှာ ဆက်လက် ပုံဖော်နေပါတယ်။

လမ်းပတ်ရဲ့ စည်းကမ်းတိကျမှုတွေက ချယ်ဆီးအသင်း ပြုပြင်ပြောင်းလဲမှုတွေထဲ အစိတ်အပိုင်းတစ်ခု အဖြစ် ပါဝင်နေတာပါ။ ချယ်ဆီးအသင်း ထရိန်နင်က နံရံပေါ်မှာ ကစားသမားတွေ အတွက် စည်းကမ်းဖောက်ဖျက်မှုအပေါ် မူတည်ကာ ပေးအပ်ရမယ့် ဒဏ်ကြေးတွေ စာရင်း ချိတ်ဆွဲထားပါတယ်။ ထိုစာရင်း ပေါက်ကြားလာရာမှာတော့ အသင်း ထရိန်နင်ပေါ် လမ်းပတ် ဘယ်လောက် ကြပ်မတ်နေလဲ အပေါ် မြင်သာစေခဲ့ပါတယ်။

ချယ်ဆီးအသင်းသားတွေက ထရိန်နင် စတင်ချိန်ထိ ရောက်မလာသေးဘူးဆိုရင် ဒဏ်ကြေး ပေါင် နှစ်သောင်း ပေးဆောင် ရမှာ ဖြစ်ပါတယ်။ အသင်း အစည်းအဝေးတွေ တက်ရောက်ဖို့ နောက်ကျရင်တော့ တစ်မိနစ် ပေါင် ၅၀၀ နှုန်းနဲ့ ပေးရမှာ ဖြစ်ပြီး ပွဲနေ့ ဘတ်စ်ကားပေါ် မတက်ခင် ဆေးစစ်ဖို့ နောက်ကျ ရောက်လာရင် ပေါင် ၂၅၀၀ ဒဏ်ကြေး ဆောင်ရမှာပါ။

အသင်းအစည်းအဝေးအတွင်း ဖုန်းမြည်လာရင် ဖြစ်ဖြစ် စားသောက်နေစဉ် ဖုန်းလာရင် ဖြစ်ဖြစ် စီနီယာအသင်းသားတွေက ပေါင် ၁၀၀၀ ဒဏ်ကြေး ပေးရမှာပါ။ ဒါက ပွဲနေ့တွေမှာ အာရုံမပျံ့စေဖို့ ပို သတိထားခြင်း ဖြစ်တယ်လို့ သိရပါတယ်။ ကစားသမားတွေက ဒဏ်ရာ၊ ဖျားနာမှုတွေ သတင်း မပို့ရင်၊ ထရိန်နင် မစတင်ခင် အသိမပေးရင် ဒဏ်ကြေးက ပေါင် ၁၀၀၀၀ ပါ။

အဆိုပါ ဒဏ်ကြေးတွေကို လမ်းပတ်ရဲ့ နည်းပြ အဖွဲ့ဝင်တွေက စောင့်ကြည့် ကောက်ခံတာ ဖြစ်ပြီး ၁၄ ရက် အတွင်း မပေးဆောင်ရင် နှစ်ဆ ပေးရမှာ ဖြစ်ပါတယ်။ ထိုငွေတွေကို အသင်း လှုပ်ရှားမှုတွေနဲ့ လူမှုရေး ကိစ္စ အလှူ အဖြစ် ပြန် အသုံးပြုတယ်လို့ သိရပါတယ်။

လမ်းပတ်က တရားဝင် အလုပ်ကိစ္စ မရှိရင် အသင်းထရိန်နင်မှာ အေးဂျင့်တွေ လာဖို့လည်း ပိတ်ပင်ထားတာကို ဒဏ်ကြေးစာရင်းမှာ ဖော်ပြထားတာ တွေ့ရပါတယ်။

Zawgyi

ခ်ယ္ဆီးနည္းျပ လမ္းပတ္ဟာ ကစားသမားဘ၀တည္းက ထူးခၽြန္မွန္ကန္ တိက်တဲ့ ကစားသမား အျဖစ္ နာမည္ေကာင္း ရွိခဲ့သူ ျဖစ္ျပီး အသင္း မန္ေနဂ်ာ ျဖစ္လာတဲ့အခါမွာလည္း ၄င္းရဲ႕ စည္းကမ္းၾကီးတဲ့ အေလ့အထေကာင္းကို ကလပ္အသင္းမွာ ဆက္လက္ ပံုေဖာ္ေနပါတယ္။

လမ္းပတ္ရဲ႕ စည္းကမ္းတိက်မႈေတြက ခ်ယ္ဆီးအသင္း ျပဳျပင္ေျပာင္းလဲမႈေတြထဲ အစိတ္အပိုင္းတစ္ခု အျဖစ္ ပါ၀င္ေနတာပါ။ ခ်ယ္ဆီးအသင္း ထရိန္နင္က နံရံေပၚမွာ ကစားသမားေတြ အတြက္ စည္းကမ္းေဖာက္ဖ်က္မႈအေပၚ မူတည္ကာ ေပးအပ္ရမယ့္ ဒဏ္ေၾကးေတြ စာရင္း ခ်ိတ္ဆြဲထားပါတယ္။ ထိုစာရင္း ေပါက္ၾကားလာရာမွာေတာ့ အသင္း ထရိန္နင္ေပၚ လမ္းပတ္ ဘယ္ေလာက္ ၾကပ္မတ္ေနလဲ အေပၚ ျမင္သာေစခဲ့ပါတယ္။

ခ်ယ္ဆီးအသင္းသားေတြက ထရိန္နင္ စတင္ခ်ိန္ထိ ေရာက္မလာေသးဘူးဆိုရင္ ဒဏ္ေၾကး ေပါင္ နွစ္ေသာင္း ေပးေဆာင္ ရမွာ ျဖစ္ပါတယ္။ အသင္း အစည္းအေ၀းေတြ တက္ေရာက္ဖို႔ ေနာက္က်ရင္ေတာ့ တစ္မိနစ္ ေပါင္ ၅၀၀ နႈန္းနဲ႕ ေပးရမွာ ျဖစ္ျပီး ပြဲေန႔ ဘတ္စ္ကားေပၚ မတက္ခင္ ေဆးစစ္ဖို႔ ေနာက္က် ေရာက္လာရင္ ေပါင္ ၂၅၀၀ ဒဏ္ေၾကး ေဆာင္ရမွာပါ။

အသင္းအစည္းအေ၀းအတြင္း ဖုန္းျမည္လာရင္ ျဖစ္ျဖစ္ စားေသာက္ေနစဥ္ ဖုန္းလာရင္ ျဖစ္ျဖစ္ စီနီယာအသင္းသားေတြက ေပါင္ ၁၀၀၀ ဒဏ္ေၾကး ေပးရမွာပါ။ ဒါက ပြဲေန႔ေတြမွာ အာရံုမပ်႕ံေစဖို႔ ပို သတိထားျခင္း ျဖစ္တယ္လို႔ သိရပါတယ္။ ကစားသမားေတြက ဒဏ္ရာ၊ ဖ်ားနာမႈေတြ သတင္း မပို႔ရင္၊ ထရိန္နင္ မစတင္ခင္ အသိမေပးရင္ ဒဏ္ေၾကးက ေပါင္ ၁၀၀၀၀ ပါ။

အဆိုပါ ဒဏ္ေၾကးေတြကို လမ္းပတ္ရဲ႕ နည္းျပ အဖြဲ႕၀င္ေတြက ေစာင့္ၾကည့္ ေကာက္ခံတာ ျဖစ္ျပီး ၁၄ ရက္ အတြင္း မေပးေဆာင္ရင္ နွစ္ဆ ေပးရမွာ ျဖစ္ပါတယ္။ ထိုေငြေတြကို အသင္း လႈပ္ရွားမႈေတြနဲ႕ လူမႈေရး ကိစၥ အလွဴ အျဖစ္ ျပန္ အသံုးျပဳတယ္လို႔ သိရပါတယ္။

လမ္းပတ္က တရား၀င္ အလုပ္ကိစၥ မရွိရင္ အသင္းထရိန္နင္မွာ ေအးဂ်င့္ေတြ လာဖို႔လည္း ပိတ္ပင္္ထားတာကို ဒဏ္ေၾကးစာရင္းမွာ ေဖာ္ျပထားတာ ေတြ႔ရပါတယ္။