ချယ်ဆီးနဲ့ ဒုတိယရာသီမှာ အကောင်းဆုံး ပုံစံတွေ ပြသထားနိုင်တာနဲ့အတူ ဝေဖန်မှုတွေကို ကျော်ဖြတ်နိုင်ခဲ့လို့ ဂျော်ဂျင်ဟိုကတော့ ဝမ်းမြောက်နေပါတယ်။

ဘရာဇီးဖွား ကွင်းလယ်လူဟာ ၂၀၁၈ နွေရာသီမှာ ဆာရီနဲ့အတူ အနောက်လန်ဒန်ကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ကစားသမားနဲ့နည်းပြကြား ခိုင်မာတဲ့ ချိတ်ဆက်မှု ရှိတာကြောင့် အကောင်းဆုံးတွေဖြစ်လာဖို့ အားလုံးက မျှော်လင့်ခဲ့ကြပေမယ့် ဂျော်ဂျင်ဟိုက ပရိသတ်တွေရဲ့ ယုံကြည်မှု ရအောင် မလုပ်နိူင်ခဲ့ပါဘူး။

သူ့ရဲ့အရည်အသွေးနဲ့ အနာဂတ် အပေါ် မေးခွန်းထုတ်မှုတွေ ရှိခဲ့ပေမယ့် အသက် ၂၇နှစ်အရွယ် ကစားသမား ဟာ သူ့ရဲ့ တကယ့်အဆင့်အတန်းကို ပြသနိုင်ခဲ့ပါတယ်။ အခုဆို သူဟာ ဖရန့်လမ်းပတ်ရဲ့ ပုံစံသစ်နဲ့အသင်းမှာ အဓိက ကစားသမား ဖြစ်လာပြီး ချီးကျူးမှုတွေ ရရှိခဲ့ပါတယ်။

သံသယရှိသူတွေကို အသံတိတ်စေခဲ့တာနဲ့ ပတ်သက်ပြီး ဂျော်ဂျင်ဟိုက “ပြောင်းလဲမှုကို ကျနော် သတိပြုမိခဲ့ပါတယ်။ ဒါကြောင့်ပဲ ကျနော် သိပ်ပျော်နေရတာပါ။ သူတို့တွေ ကျနော့်ကို အရင်နဲ့ မတူတဲ့လူအဖြစ်၊ ပြီးပြည့်စုံတဲ့ ကစားသမား အဖြစ် မြင်လာလို့ ကျေနပ်ပါတယ်။ ဒါကြောင့် အခုချိန်မှာ ကစားရတာက သိပ်ကောင်းတဲ့ အခိုက်အတန့်တွေပါပဲ။ ကိုယ်ကြိုးစားထားတဲ့အလုပ်အတွက် အသိအမှတ်ပြုခံရတဲ့ ခံစားချက်က ကျေနပ်စရာပါ။ ဒီထက်ပို ပျော်စရာကောင်းတာ မရှိနိုင်ပါဘူး။ ပရိသတ်တွေရဲ့ ထောက်ခံအားပေးမှုကို ရရှိတာ တကယ်ကို ပျော်ရပါတယ်။ ” လို့ ပြောဆိုခဲ့ပါတယ်။

အင်္ဂလန်မှာ တစ်ရာသီသာ အတွေ့အကြုံ ရှိသေးပေမယ့်လဲ ဂျော်ဂျင်ဟိုဟာ ချယ်ဆီးအသင်းရဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်လာပါတယ်။ အကယ်ဒမီကစားသမားတွေကို ယုံကြည်မှု ပေးနေတဲ့ အသင်းမှာ ကွင်းလယ်လူက ရုတ်တရက် စီနီယာတစ်ယောက် ဖြစ်သွားတာနဲ့အတူ လမ်းပတ်က သူ့ကို ဒုတိယအသင်းခေါင်ဆောင် ဖြစ်စေခဲ့ပါတယ်။

ဒီရာထူးနဲ့ပတ်သက်ပြီး ဂျော်ဂျင်ဟိုက “ဒါအတွက် တကယ် ကျေနပ်ပါတယ်။ ဒီတာဝန်ကို ကျနော် ယူနိုင်ပြီး အသင်းဖော်တွေကို ကူညီနိုင်တယ်လို့ ထင်ပါတယ်။ ဒါက ကျနော့်ကစားသမားဘဝမှာ ပုံစံအသစ်ဖြစ်ပေမယ့် လူတစ်ယောက် အနေနဲ့ ပြောင်းလဲစေတာတော့ မဟုတ်ပါဘူး။ ကျနော် ဘာမှမပြောင်းလဲသွားဘူးလို့ ထင်တယ်။ ကျနော့်ကို ကွင်းထဲမှာ လူတွေ ပိုသတိထားမိလာတာတော့ ရှိပါတယ်။ ကွင်းထဲမှာရှိနေတဲ့အခါ အမြဲတမ်း အသင်းဖော်တွေကို ကူညီချင်တယ်။ ” လို့ ဆိုပါတယ်။

ဒီရာသီမှာ ဂျော်ဂျင်ဟိုဟာ ချယ်ဆီးအတွက် ၁၇ ပွဲကစားပြီး ၄ ဂိုးနဲ့ ဖန်တီးမှု ၂ ကြိမ် ရရှိထားတာ ဖြစ်ပါတယ်။

ZAWGYI

ခ်ယ္ဆီးနဲ႔ ဒုတိယရာသီမွာ အေကာင္းဆုံး ပုံစံေတြ ျပသထားႏိုင္တာနဲ႔အတူ ေဝဖန္မႈေတြကို ေက်ာ္ျဖတ္ႏိုင္ခဲ့လို႔ ေဂ်ာ္ဂ်င္ဟိုကေတာ့ ဝမ္းေျမာက္ေနပါတယ္။

ဘရာဇီးဖြား ကြင္းလယ္လူဟာ ၂၀၁၈ ေႏြရာသီမွာ ဆာရီနဲ႔အတူ အေနာက္လန္ဒန္ကို ေရာက္ရွိလာခဲ့တာ ျဖစ္ပါတယ္။ ကစားသမားနဲ႔နည္းျပၾကား ခိုင္မာတဲ့ ခ်ိတ္ဆက္မႈ ရွိတာေၾကာင့္ အေကာင္းဆုံးေတြျဖစ္လာဖို႔ အားလုံးက ေမွ်ာ္လင့္ခဲ့ၾကေပမယ့္ ေဂ်ာ္ဂ်င္ဟိုက ပရိသတ္ေတြရဲ႕ ယုံၾကည္မႈ ရေအာင္ မလုပ္ႏိူင္ခဲ့ပါဘူး။

သူ႔ရဲ႕အရည္အေသြးနဲ႔ အနာဂတ္ အေပၚ ေမးခြန္းထုတ္မႈေတြ ရွိခဲ့ေပမယ့္ အသက္ ၂၇ႏွစ္အ႐ြယ္ ကစားသမား ဟာ သူ႔ရဲ႕ တကယ့္အဆင့္အတန္းကို ျပသႏိုင္ခဲ့ပါတယ္။ အခုဆို သူဟာ ဖရန္႔လမ္းပတ္ရဲ႕ ပုံစံသစ္နဲ႔အသင္းမွာ အဓိက ကစားသမား ျဖစ္လာၿပီး ခ်ီးက်ဴးမႈေတြ ရရွိခဲ့ပါတယ္။

သံသယရွိသူေတြကို အသံတိတ္ေစခဲ့တာနဲ႔ ပတ္သက္ၿပီး ေဂ်ာ္ဂ်င္ဟိုက “ေျပာင္းလဲမႈကို က်ေနာ္ သတိျပဳမိခဲ့ပါတယ္။ ဒါေၾကာင့္ပဲ က်ေနာ္ သိပ္ေပ်ာ္ေနရတာပါ။ သူတို႔ေတြ က်ေနာ့္ကို အရင္နဲ႔ မတူတဲ့လူအျဖစ္၊ ၿပီးျပည့္စုံတဲ့ ကစားသမား အျဖစ္ ျမင္လာလို႔ ေက်နပ္ပါတယ္။ ဒါေၾကာင့္ အခုခ်ိန္မွာ ကစားရတာက သိပ္ေကာင္းတဲ့ အခိုက္အတန္႔ေတြပါပဲ။ ကိုယ္ႀကိဳးစားထားတဲ့အလုပ္အတြက္ အသိအမွတ္ျပဳခံရတဲ့ ခံစားခ်က္က ေက်နပ္စရာပါ။ ဒီထက္ပို ေပ်ာ္စရာေကာင္းတာ မရွိႏိုင္ပါဘူး။ ပရိသတ္ေတြရဲ႕ ေထာက္ခံအားေပးမႈကို ရရွိတာ တကယ္ကို ေပ်ာ္ရပါတယ္။ ” လို႔ ေျပာဆိုခဲ့ပါတယ္။

အဂၤလန္မွာ တစ္ရာသီသာ အေတြ႕အႀကဳံ ရွိေသးေပမယ့္လဲ ေဂ်ာ္ဂ်င္ဟိုဟာ ခ်ယ္ဆီးအသင္းရဲ႕ ေခါင္းေဆာင္တစ္ဦး ျဖစ္လာပါတယ္။ အကယ္ဒမီကစားသမားေတြကို ယုံၾကည္မႈ ေပးေနတဲ့ အသင္းမွာ ကြင္းလယ္လူက ႐ုတ္တရက္ စီနီယာတစ္ေယာက္ ျဖစ္သြားတာနဲ႔အတူ လမ္းပတ္က သူ႔ကို ဒုတိယအသင္းေခါင္ေဆာင္ ျဖစ္ေစခဲ့ပါတယ္။

ဒီရာထူးနဲ႔ပတ္သက္ၿပီး ေဂ်ာ္ဂ်င္ဟိုက “ဒါအတြက္ တကယ္ ေက်နပ္ပါတယ္။ ဒီတာဝန္ကို က်ေနာ္ ယူႏိုင္ၿပီး အသင္းေဖာ္ေတြကို ကူညီႏိုင္တယ္လို႔ ထင္ပါတယ္။ ဒါက က်ေနာ့္ကစားသမားဘဝမွာ ပုံစံအသစ္ျဖစ္ေပမယ့္ လူတစ္ေယာက္ အေနနဲ႔ ေျပာင္းလဲေစတာေတာ့ မဟုတ္ပါဘူး။ က်ေနာ္ ဘာမွမေျပာင္းလဲသြားဘူးလို႔ ထင္တယ္။ က်ေနာ့္ကို ကြင္းထဲမွာ လူေတြ ပိုသတိထားမိလာတာေတာ့ ရွိပါတယ္။ ကြင္းထဲမွာရွိေနတဲ့အခါ အၿမဲတမ္း အသင္းေဖာ္ေတြကို ကူညီခ်င္တယ္။ ” လို႔ ဆိုပါတယ္။

ဒီရာသီမွာ ေဂ်ာ္ဂ်င္ဟိုဟာ ခ်ယ္ဆီးအတြက္ ၁၇ ပြဲကစားၿပီး ၄ ဂိုးနဲ႔ ဖန္တီးမႈ ၂ ႀကိမ္ ရရွိထားတာ ျဖစ္ပါတယ္။