မန်ချက်စတာယူနိုက်တက် ကြယ်ပွင့် ကစားသမား ရွိုင်ကိန်းက ချယ်ဆီး လူငယ်တိုက်စစ်မှူးလေး တမ်မီ အေဗရာဟမ်ဟာ အခွင့်အရေး ရတာနဲ့ ကိုင်ဆုတ်ပြီး အစွမ်းပြနိုင်ခဲ့တဲ့ အပေါ် ထုတ်ဖော် ချီးကျူးမှု ပြုလုပ်လာပါတယ်။ အေဗရာဟမ်ဟာ ချယ်ဆီးအသင်း အတွက် ဒီရာသီ ၁၀ ဂိုး ထိ သွင်းယူ ခြေစွမ်းပြထားပါတယ်။

ဒါ့အပြင် မွန်တီနီဂရိုးနဲ့ ကစားတဲ့ အင်္ဂလန်ရဲ့ ယူရို ခြေစစ်ပွဲစဉ်မှာ ဒုတိယပိုင်းမှ လူစားဝင် ကစားသော်လည်း ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ထိုပွဲမှာ အင်္ဂလန်က ၇ ဂိုး ဂိုးမရှိနဲ့ နိုင်ခဲ့ပြီး အေဗရာဟမ်ရဲ့ အင်္ဂလန်လက်ရွေးစင် အသင်းအတွက် ပထမဆုံး သွင်းဂိုးလည်း ဖြစ်လာခဲ့ပါတယ်။ ငယ်ရွယ်ပေမယ့် ကလပ်အသင်းနဲ့ နိုင်ငံအသင်းမှာ ကစားခွင့်ရတာနဲ့ ခြေစွမ်းပြတဲ့ အေဗရာဟမ်ကို ရွိုင်ကိန်းက ချီးကျူးစကား ဆိုခဲ့တာပါ။

” သိပ် ထူးချွန်ပါတယ်။ အေဗရာဟမ်က အငှား ထွက်ကစားတယ် သူ့အချိန်သူ အကျိုးရှိအောင် သုံးခဲ့တယ်။ ဒီတော့ သူက ကလပ်အသင်းကြီးမှာရော နိုင်ငံအသင်းမှာပါ အခွင့် အရေး ရတာနဲ့ သူ ရရှိထားတဲ့ အတွေ့အကြုံတွေကို ပြန်သုံးနိုင်ခဲ့တယ်။ ဒါက လူငယ်ကစားသမားတွေ အတွက် အဓိက ကျတဲ့ အချက်ဖြစ်တယ်။ အေဗရာဟမ်ရဲ့ ကြိုးစားမှုတွေ့ အသိအမှတ် ပြုခံ ထိုက်ပါတယ်။ ” လို့ ကိန်းက ဆိုခဲ့ပါတယ်။

ကိန်းနဲ့ အတူ ချယ်ဆီး ကြယ်ပွင့်ဟောင်း အက်ရှ်လေကိုးလ်ကလည်း ITV မှာ သုံးသပ်ပြောဆိုသွားပြီး အေဗရာဟမ်ကို ချီးကျူးခဲ့ပါတယ်။ ကိုးလ်က အေဗရာဟမ်ကို ဟက်ထရစ်သွင်းသွားတဲ့ တိုက်စစ်မှူး ကိန်းနဲ့ နှိုင်းယှဉ် ပြောဆိုခဲ့တာပါ။

” သူ့ စတိုင်က ဟယ်ရီ (ကိန်း)နဲ့ ခပ်ဆင်ဆင်ပါပဲ။ ဂိုးက ဘယ်မှာဆိုတာ ကောင်းကောင်း သိသလို ဂိုးရှေ့မှာ နေရာယူချင် ယူတတ်တဲ့သူြ ဖစ်တယ်။ လောလောဆယ်မှာ ဂိုးအဖြစ် အဆုံးသတ်ဖို့ သူ့မှာ အခွင့်အရေး များများတောင် မလိုပါဘူး။ သူက အခွင့်အရေး တစ်ကြိမ် နှစ်ကြိမ်လောက် ရတာနဲ့ အသုံးချပြီး ဖြစ်တယ်။ ဒါက တိုက်စစ်မှူးကောင်းတွေရဲ့ လက္ခဏာပဲ။ ” လို့ ကိုးလ်က ဆိုခဲ့ပါတယ်။

Zawgyi

မန္ခ်က္စတာယူနုိက္တက္ ၾကယ္ပြင့္ ကစားသမား ရြိဳင္ကိန္းက ခ်ယ္ဆီး လူငယ္ တိုက္စစ္မွဴးေလး တမ္မီ ေအဗရာဟမ္ဟာ အခြင့္အေရး ရတာနဲ႕ ကိုင္ဆုတ္ျပီး အစြမ္းျပနိုင္ခဲ့တဲ့ အေပၚ ထုတ္ေဖာ္ ခ်ီးက်ဴးမႈ ျပဳလုပ္လာပါတယ္။ ေအဗရာဟမ္ဟာ ခ်ယ္ဆီးအသင္း အတြက္ ဒီရာသီ ၁၀ ဂိုး ထိ သြင္းယူ ေျခစြမ္းျပထားပါတယ္။

ဒါ့အျပင္ မြန္တီနီဂရိုးနဲ႕ ကစားတဲ့ အဂၤလန္ရဲ႕ ယူရို ေျခစစ္ပြဲစဥ္မွာ ဒုတိယပိုင္းမွ လူစား၀င္ ကစားေသာ္လည္း ဂိုးသြင္းယူနုိင္ခဲ့ပါတယ္။ ထိုပြဲမွာ အဂၤလန္က ၇ ဂိုး ဂိုးမရွိနဲ႕ နုိင္ခဲ့ျပီး ေအဗရာဟမ္ရဲ႕ အဂၤလန္လက္ေရြးစင္ အသင္းအတြက္ ပထမဆံုး သြင္းဂိုးလည္း ျဖစ္လာခဲ့ပါတယ္။ ငယ္ရြယ္ေပမယ့္ ကလပ္အသင္းနဲ႕ နုိင္ငံအသင္းမွာ ကစားခြင့္ရတာနဲ႕ ေျခစြမ္းျပတဲ့ ေအဗရာဟမ္ကို ရြိဳင္ကိန္းက ခ်ီးက်ဴးစကား ဆိုခဲ့တာပါ။

” သိပ္ ထူးခၽြန္ပါတယ္။ ေအဗရာဟမ္က အငွား ထြက္ကစားတယ္ သူ႔အခ်ိန္သူ အက်ိဳးရွိေအာင္ သံုးခဲ့တယ္။ ဒီေတာ့ သူက ကလပ္အသင္းၾကီးမွာေရာ နုိင္ငံအသင္းမွာပါ အခြင့္ အေရး ရတာနဲ႕ သူ ရရွိထားတဲ့ အေတြ႔အၾကံဳေတြကို ျပန္သံုးနုိင္ခဲ့တယ္။ ဒါက လူငယ္ကစားသမားေတြ အတြက္ အဓိက က်တဲ့ အခ်က္ျဖစ္တယ္။ ေအဗရာဟမ္ရဲ႕ ၾကိဳးစားမႈေတြ႕ အသိအမွတ္ ျပဳခံ ထိုက္ပါတယ္။ ” လို႔ ကိန္းက ဆိုခဲ့ပါတယ္။

ကိန္းနဲ႕ အတူ ခ်ယ္ဆီး ၾကယ္ပြင့္ေဟာင္း အက္ရွ္ေလကိုးလ္ကလည္း ITV မွာ သံုးသပ္ေျပာဆိုသြားျပီး ေအဗရာဟမ္ကုိ ခ်ီးက်ဴးခဲ့ပါတယ္။ ကိုးလ္က ေအဗရာဟမ္ကို ဟက္ထရစ္သြင္းသြားတဲ့ တိုက္စစ္မွဴး ကိန္းနဲ႕ နိႈင္းယွဥ္ ေျပာဆိုခဲ့တာပါ။

” သူ႔ စတိုင္က ဟယ္ရီ (ကိန္း)နဲ႕ ခပ္ဆင္ဆင္ပါပဲ။ ဂိုးက ဘယ္မွာဆိုတာ ေကာင္းေကာင္း သိသလို ဂိုးေရွ႕မွာ ေနရာယူခ်င္ ယူတတ္တဲ့သူျ ဖစ္တယ္။ ေလာေလာဆယ္မွာ ဂိုးအျဖစ္ အဆံုးသတ္ဖို႔ သူ႔မွာ အခြင့္အေရး မ်ားမ်ားေတာင္ မလိုပါဘူး။ သူက အခြင့္အေရး တစ္ၾကိမ္ နွစ္ၾကိမ္ေလာက္ ရတာနဲ႕ အသံုးခ်ျပီး ျဖစ္တယ္။ ဒါက တိုက္စစ္မွဴးေကာင္းေတြရဲ႕ လကၡဏာပဲ။ ” လို႔ ကိုးလ္က ဆိုခဲ့ပါတယ္။