ယူနိုက်တက်နဲ့ မန်စီးတီးတိုဟာ အပြောင်းအရွှေ့ ပစ်မှတ်တွေအတွက် ထိပ်တိုက်တွေ့မှုတွေ ရှိလာနေပြီး ဒီတစ်ကြိမ် ထိပ်တိုက်တွေ့မှာက အင်တာမီလန်တိုက်စစ်သမား မာတီနက်စ်ဖြစ်တယ်လို့ အင်္ဂလန်သတင်းတွေက ဖော်ပြပါတယ်။

အာဂျင်တီးနား တိုက်စစ်သမားကို ခေါ်ယူဖို့ ပထမဆုံး သတင်းထွက်လာတာက ယူနိုက်တက်ဖြစ်ပြီး ကစားသမားအတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၀၀ လောက် ပေးဖို့ လိုအပ်မှာပါ။ ကစားသမားဟာ အင်တာမီလန်နဲ့ စာချုပ်အရ ယူရို ၁၁၁ တန်း ဝန်းကျင် ပေးဖို့ လိုအပ်မယ်လို့ သိရပါတယ်။

မာတီနက်စ်ကို ခေါ်ယူဖို့ကို ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့ကလည်း စိတ်ဝင်စားနေပေမယ့် အလေးအနက် အထားဆုံးကတော့ အင်္ဂလန်ကလပ်တွေ ဖြစ်တယ်လို့ သိရတယ်။ သူဟာ ဒီရာသီ အင်တာမီလန်အတွက် ပြိုင်ပွဲစုံ ၈ ဂိုးထိ သွင်းယူထားသလို လက်ရွေးစင် အဆင့်မှာလည်း ခြေစွမ်းကောင်းတွေ ပြသနေသူဖြစ်တယ်။

မာတီနက်စ်က အဂွယ်ရိုနေရာမှာ ကာလရှည် အစားထိုးဖို့ မာတီနက်စ်ကို အလိုရှိနေတာဖြစ်ပြီး ဝါရင့်တိုက်စစ်သမားဟာ မကြာခင်မှာတော့ မန်စီးတီးနဲ့ လမ်းခွဲတော့မှာပါ။ ယူနိုက်တက်ကလည်း လူကာကူနဲ့ ဆန်းချက်စ်နေရာ အစားထိုးဖို့ တိုက်စစ်သမား အရှာထွက်နေဆဲဖြစ်ပြီး မာတီနက်စ်ကို စိတ်ကြိုက်တွေ့ထားတာဖြစ်တယ်။

ယူနိုက်တက်နဲ့ မန်စီးတီးဟာ အင်္ဂလန်လူငယ်တိုက်စစ်သမား ဆန်ချိုကို ခေါ်ယူဖို့ရာမှာလည်း အပြိုင်ဖြစ်နေကြပြီး နောက်ထပ် လှုပ်ရှားမှုအဖြစ် ယူနိုက်တက်က တိုက်စစ်သမားတွေကို ဦးစားပေးနေချိန်မှာ မန်စီးတီးကတော့ ခံစစ်သမားတွေကို အဓိက ခေါ်ယူလိုနေတာလည်း ဖြစ်ပါတယ်။

ZAWGYI

ယူႏုိက္တက္နဲ႔ မန္စီးတီးတိုဟာ အေျပာင္းအေရႊ႔ ပစ္မွတ္ေတြအတြက္ ထိပ္တိုက္ေတြ႕မႈေတြ ရွိလာေနျပီး ဒီတစ္ၾကိမ္ ထိပ္တိုက္ေတြ႔မွာက အင္တာမီလန္တိုက္စစ္သမား မာတီနက္စ္ျဖစ္တယ္လို႔ အဂၤလန္သတင္းေတြက ေဖာ္ျပပါတယ္။

အာဂ်င္တီးနား တိုက္စစ္သမားကို ေခၚယူဖို႔ ပထမဆံုး သတင္းထြက္လာတာက ယူႏုိက္တက္ျဖစ္ျပီး ကစားသမားအတြက္ ေျပာင္းေရႊ႔ေၾကး ေပါင္ သန္း ၁၀၀ ေလာက္ ေပးဖို႔ လိုအပ္မွာပါ။ ကစားသမားဟာ အင္တာမီလန္နဲ႔ စာခ်ဳပ္အရ ယူရို ၁၁၁ တန္း ဝန္းက်င္ ေပးဖို႔ လိုအပ္မယ္လို႔ သိရပါတယ္။

မာတီနက္စ္ကို ေခၚယူဖို႔ကို ဘာစီလိုနာနဲ႔ ရီးရဲလ္မက္ဒရစ္တို႔ကလည္း စိတ္ဝင္စားေနေပမယ့္ အေလးအနက္ အထားဆံုးကေတာ့ အဂၤလန္ကလပ္ေတြ ျဖစ္တယ္လို႔ သိရတယ္။ သူဟာ ဒီရာသီ အင္တာမီလန္အတြက္ ျပိဳင္ပြဲစံု ၈ ဂိုးထိ သြင္းယူထားသလို လက္ေရြးစင္ အဆင့္မွာလည္း ေျခစြမ္းေကာင္းေတြ ျပသေနသူျဖစ္တယ္။

မာတီနက္စ္က အဂြယ္ရိုေနရာမွာ ကာလရွည္ အစားထိုးဖို႔ မာတီနက္စ္ကို အလိုရွိေနတာျဖစ္ျပီး ဝါရင့္တိုက္စစ္သမားဟာ မၾကာခင္မွာေတာ့ မန္စီးတီးနဲ႔ လမ္းခြဲေတာ့မွာပါ။ ယူႏုိက္တက္ကလည္း လူကာကူနဲ႔ ဆန္းခ်က္စ္ေနရာ အစားထိုးဖို႔ တိုက္စစ္သမား အရွာထြက္ေနဆဲျဖစ္ျပီး မာတီနက္စ္ကို စိတ္ၾကိဳက္ေတြ႔ထားတာျဖစ္တယ္။

ယူႏုိက္တက္နဲ႔ မန္စီးတီးဟာ အဂၤလန္လူငယ္တိုက္စစ္သမား ဆန္ခ်ိဳကို ေခၚယူဖို႔ရာမွာလည္း အျပိဳင္ျဖစ္ေနၾကျပီး ေနာက္ထပ္ လႈပ္ရွားမႈအျဖစ္ ယူႏုိက္တက္က တိုက္စစ္သမားေတြကို ဦးစားေပးေနခ်ိန္မွာ မန္စီးတီးကေတာ့ ခံစစ္သမားေတြကို အဓိက ေခၚယူလိုေနတာလည္း ျဖစ္ပါတယ္။