မနက်က ယှဉ်ပြိုင်ကစားတဲ့ အင်္ဂလန်နဲ့ မွန်တီနီဂရိုးပွဲမှာ အင်္ဂလန် ၇-၀ နဲ့ အနိုင်ရခဲ့ပြီး အဆိုပါပွဲမှာတော့ လီဗာပူးကစားသမားတွေဖြစ်တဲ့ ထရန့်၊ ချိန်ဘာလိန်က ပွဲထွက်လူစာရင်းက ပါဝင်ခဲ့ကာ ဂိုးမက်စ်က အရန်စာရင်းကနေ ပါဝင်ခွင့်ရခဲ့ပါတယ်။

ပွဲပယ်ကြောင့် ဟန်ဒါဆန် မပါဝင်နိုင်ခဲ့တဲ့ အဆိုပါပွဲမှာ အင်္ဂလန်အသင်းဟာ လက်ရွေးစင် ပွဲ ၁၀၀၀ မြောက်ပွဲကို ရလဒ်ကောင်းဖို့ အတောင့်တင်းဆုံး လူစာရင်းနဲ့ ပွဲထွက်ခဲ့တာပါ။ ဒါပေမယ့်လို့ ဂိုးမက်စ်ကို အင်္ဂလန်အသင်းကန်တင်းမှာ ရန်စခဲ့တဲ့ စတာလင်ကိုတော့ မန်နေဂျာဆောက်ဂိတ်က အနားပေးခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်အသင်းပရိသတ်တွေက ၎င်းတို့ရဲ့ အကောင်းဆုံး ကစားသမားကို ပွဲပယ်ခဲ့တဲ့ ဆောက်ဂိတ်ရဲ့ အရေးယူမှုကို မကျေနပ်ကြောင်း လူမှုကွန်ယက်ကနေ တုန့်ပြန်မှုတွေလုပ်ခဲ့ကြသလို ဂိုးမက်စ် လူစားဝင် ကစားဖို့ ပြင်ဆင်နေချိန်မှာတော့ လှောင်ပြောင်မှုတွေ လုပ်ခဲ့ကြပါတယ်။ ဒီဖြစ်ရပ်ဟာ အံ့အားသင့်စရာ အနေအထားဖြစ်ခဲ့ပြီး မန်နေဂျာဆောက်ဂိတ်နဲ့တကွ အင်္ဂလန်ဝါရင့်ပုဂ္ဂိုလ်တွေက ပရိသတ်တွေရဲ့ အပြုအမှုကို ဝေဖန်ခဲ့ကြတယ်။

အဆိုပါဖြစ်ရပ်အတွက် အင်္ဂလန်မန်နေဂျာတင်မကပဲ ဂိုးမက်စ်နဲ့ သူ့ရဲ့ မိသားစုဝင်တွေကလည်း အံ့အားသင့်ခဲ့ရပြီး အတော်လေးကို ယူကျုံးမရဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မန်နေဂျာဆောက်ဂိတ်နဲ့ ခရစ်ပေါဝဲလ်တို့ဟာ ပွဲအပြီးမှာ ဂိုးမက်စ်ကို နှစ်သိမ့်မှုတွေ လုပ်ပေးခဲ့ကြသလို ပွဲကြည့်စင်မှာ ရှိနေခဲ့ကြတဲ့ ဂိုးမက်စ်ရဲ့ မိသားစုဝင်တွေကလည်း စိတ်ထိခိုက်ခဲ့ကြတယ်လို့ သိရတယ်။

ဂိုးမက်စ်ဟာ ဘာအမှားမှ မလုပ်ပေမယ့် အင်္ဂလန်အသင်းရဲ့ အကောင်းဆုံး ကစားသမားတစ်ဦးနဲ့ ထိပ်တိုက်တွေ့ခဲ့တာဖြစ်ပြီး သူက ခံရသူဖြစ်ပေမယ့် စတာလင်ဘက်က ကာကွယ်ပေးခဲ့တာဖြစ်တယ်။ ဒါပေမယ့် အင်္ဂလန်ပရိသတ်တွေကတော့ ဂိုးမက်စ်ကို ဗီလိန်တစ်ဦးအဖြစ် မြင်ကြပြီး ဝေဖန်မှုတွေ ဆက်တိုက် လုပ်ဆောင်နေကြတာဖြစ်ပါတယ်။

လီဗာပူးအသင်းဘက်ကလည်း ဂိုးမက်စ်ကိစ္စအတွက် စိတ်ဆိုးဒေါသထွက်ကြောင်းကို အင်္ဂလန်အသင်းထံ သတင်းပို့ထားပြီး မနက်က ပွဲအပြီးမှာလည်း ကလပ်အသင်းရဲ့ လူမှုကွန်ယက်တွေကနေပြီး ဂိုးမက်စ်ရဲ့ပုံနဲ့တကွ အသည်းပုံကို ဖော်ပြကာ ကစားသမားဘက်က ရှိနေပါကြောင်း ထောက်ခံသွားခဲ့တယ်။ အင်္ဂလန်အသင်းပွဲမှာတော့ လီဗာပူးပရိသတ် အချို့ကလည်း You ll Never Walk Alone စာတန်းပါ ပဝါတွေနဲ့ ဂိုးမက်စ်ဘက်က ထောက်ခံသွားခဲ့တာဖြစ်ပါတယ်။

ZAWGYI

မနက္က ယွဥ္ျပိဳင္ကစားတဲ့ အဂၤလန္နဲ႔ မြန္တီနီဂရိုးပြဲမွာ အဂၤလန္ ၇-၀ နဲ႔ အႏုိင္ရခဲ့ျပီး အဆိုပါပြဲမွာေတာ့ လီဗာပူးကစားသမားေတြျဖစ္တဲ့ ထရန္႔၊ ခ်ိန္ဘာလိန္က ပြဲထြက္လူစာရင္းက ပါဝင္ခဲ့ကာ ဂိုးမက္စ္က အရန္စာရင္းကေန ပါဝင္ခြင့္ရခဲ့ပါတယ္။

ပြဲပယ္ေၾကာင့္ ဟန္ဒါဆန္ မပါဝင္ႏုိင္ခဲ့တဲ့ အဆိုပါပြဲမွာ အဂၤလန္အသင္းဟာ လက္ေရြးစင္ ပြဲ ၁၀၀၀ ေျမာက္ပြဲကို ရလဒ္ေကာင္းဖို႔ အေတာင့္တင္းဆံုး လူစာရင္းနဲ႔ ပြဲထြက္ခဲ့တာပါ။ ဒါေပမယ့္လို႔ ဂိုးမက္စ္ကို အဂၤလန္အသင္းကန္တင္းမွာ ရန္စခဲ့တဲ့ စတာလင္ကိုေတာ့ မန္ေနဂ်ာေဆာက္ဂိတ္က အနားေပးခဲ့တာျဖစ္ပါတယ္။

အဂၤလန္အသင္းပရိသတ္ေတြက ၄င္းတို႔ရဲ႕ အေကာင္းဆံုး ကစားသမားကို ပြဲပယ္ခဲ့တဲ့ ေဆာက္ဂိတ္ရဲ႕ အေရးယူမႈကို မေက်နပ္ေၾကာင္း လူမႈကြန္ယက္ကေန တုန္႔ျပန္မႈေတြလုပ္ခဲ့ၾကသလို ဂိုးမက္စ္ လူစားဝင္ ကစားဖို႔ ျပင္ဆင္ေနခ်ိန္မွာေတာ့ ေလွာင္ေျပာင္မႈေတြ လုပ္ခဲ့ၾကပါတယ္။ ဒီျဖစ္ရပ္ဟာ အံ့အားသင့္စရာ အေနအထားျဖစ္ခဲ့ျပီး မန္ေနဂ်ာေဆာက္ဂိတ္နဲ႔တကြ အဂၤလန္ဝါရင့္ပုဂၢိဳလ္ေတြက ပရိသတ္ေတြရဲ႕ အျပဳအမႈကို ေဝဖန္ခဲ့ၾကတယ္။

အဆိုပါျဖစ္ရပ္အတြက္ အဂၤလန္မန္ေနဂ်ာတင္မကပဲ ဂိုးမက္စ္နဲ႔ သူ႔ရဲ႔ မိသားစုဝင္ေတြကလည္း အံ့အားသင့္ခဲ့ရျပီး အေတာ္ေလးကို ယူက်ံဳးမရျဖစ္ခဲ့တယ္လို႔ သိရပါတယ္။ မန္ေနဂ်ာေဆာက္ဂိတ္နဲ႔ ခရစ္ေပါဝဲလ္တို႔ဟာ ပြဲအျပီးမွာ ဂိုးမက္စ္ကို ႏွစ္သိမ့္မႈေတြ လုပ္ေပးခဲ့ၾကသလို ပြဲၾကည့္စင္မွာ ရွိေနခဲ့ၾကတဲ့ ဂိုးမက္စ္ရဲ႕ မိသားစုဝင္ေတြကလည္း စိတ္ထိခိုက္ခဲ့ၾကတယ္လုိ႔ သိရတယ္။

ဂိုးမက္စ္ဟာ ဘာအမွားမွ မလုပ္ေပမယ့္ အဂၤလန္အသင္းရဲ႕ အေကာင္းဆံုး ကစားသမားတစ္ဦးနဲ႔ ထိပ္တိုက္ေတြ႔ခဲ့တာျဖစ္ျပီး သူက ခံရသူျဖစ္ေပမယ့္ စတာလင္ဘက္က ကာကြယ္ေပးခဲ့တာျဖစ္တယ္။ ဒါေပမယ့္ အဂၤလန္ပရိသတ္ေတြကေတာ့ ဂိုးမက္စ္ကို ဗီလိန္တစ္ဦးအျဖစ္ ျမင္ၾကျပီး ေဝဖန္မႈေတြ ဆက္တိုက္ လုပ္ေဆာင္ေနၾကတာျဖစ္ပါတယ္။

လီဗာပူးအသင္းဘက္ကလည္း ဂိုးမက္စ္ကိစၥအတြက္ စိတ္ဆိုးေဒါသထြက္ေၾကာင္းကို အဂၤလန္အသင္းထံ သတင္းပို႔ထားျပီး မနက္က ပြဲအျပီးမွာလည္း ကလပ္အသင္းရဲ႕ လူမႈကြန္ယက္ေတြကေနျပီး ဂိုးမက္စ္ရဲ႕ပံုနဲ႔တကြ အသည္းပံုကို ေဖာ္ျပကာ ကစားသမားဘက္က ရွိေနပါေၾကာင္း ေထာက္ခံသြားခဲ့တယ္။ အဂၤလန္အသင္းပြဲမွာေတာ့ လီဗာပူးပရိသတ္ အခ်ိဳ႔ကလည္း You ll Never Walk Alone စာတန္းပါ ပဝါေတြနဲ႔ ဂိုးမက္စ္ဘက္က ေထာက္ခံသြားခဲ့တာျဖစ္ပါတယ္။