ဘွန်ဒက်လီဂါကလပ် ဒေါ့မွန်အသင်းဟာ ချယ်ဆီးတိုက်စစ်မှူး ဂျရူးကို ခေါ်ယူဖို့ ပြန်လည် စိတ်ဝင်စားလာပြီဖြစ်ပြီး ဇန်နဝါရီ အပြောင်းအရွှေ့မှာ ကမ်းလှမ်းမှု လုပ်ဖွယ်ရှိတယ်လို့ အင်္ဂလန်သတင်းဌာနတွေက ဖော်ပြလာပါတယ်။

ဒေါ့မွန်ဘက်ကတော့ ဇန်နဝါရီမှာတင် တန်းဖိုးနည်းနည်းနဲ့ ခေါ်ယူလား (သို့) ရာသီကုန်မှ အလွတ်ပြောင်းရွှေ့ခြင်းနဲ့ ခေါ်ယူဖို့လား ဆိုတာကတော့ မသဲကွဲသေးပါဘူး။ နွေတုန်းက ဒေါ့မွန်က ဂျရူးကို ခေါ်ယူခွင့်ရှိခဲ့ပေမယ့် ပြောင်းရွှေ့ကြေးကို ငြင်းဆန်ခဲ့တာပါ။ ဇန်နဝါရီမှာတော့ ပြင်သစ်သား ကမ္ဘာချန်ပီယံကို ပေါင် ၅ သန်းနဲ့တင် ခေါ်ယူခွင့်ရှိမယ်လို့ သိရတယ်။

၂၀၂၀ ယူရိုပြိုင်ပွဲမှာ ပြင်သစ်အသင်းနဲ့ ပါဝင်ခွင့်ရဖို့ ဆန္ဒရှိနေတဲ့ ဂျရူးကို ခေါ်ယူဖို့ အင်တာမီလန်ကလည်း စိတ်ဝင်စားနေပါတယ်။ ချယ်ဆီးနဲ့ စာချုပ်ကုန်တော့မယ့် အနေအထားကြောင့် ဇန်နဝါရီမှာ အင်္ဂလန်ပြင်ပ ကလပ်အသင်းတွေနဲ့ အကြိုဆွေးနွေးခွင့် ရထားတဲ့ ဂျရူးကလည်း ရာသီဝက်မှာတင် အပြီးသတ် ပြောင်းခွင့်ရဖို့ကို ပိုမို အားသန်နေပါတယ်။

တစ်ဆက်တည်းမှာပဲ အပြောင်းအရွှေ့ဆိုင်ရာ သတင်းအဖြစ် ၂၀၁၈ နွေတုန်းက ချယ်ဆီးဟာ မန်နေဂျာဆာရီရဲ့ အလိုရှိမှုကြောင့် နာပိုလီအသင်း ညာအစွန်လူ ဟိုင်ဆက်ကို ယူရို သန်း ၅၀နဲ့ ကမ်းလှမ်းခဲ့ပေမယ့် နာပိုလီဘက်က ပယ်ချခဲ့တယ်လို့ သိရပါတယ်။ ကစားသမားရဲ့ အေးဂျင့်က ဒီသတင်းကို အတည်ပြုခဲ့တာဖြစ်ပြီး အခုချိန်မှာတော့ ညာအစွန်လူဟာ နာပိုလီနဲ့ စာချုပ်ဖျက်ဖို့ နီးစပ်နေကာ အလွတ်ပြောင်းရွှေ့ကြေးနဲ့တင် ထွက်ခွာဖို့ ပြင်ဆင်နေပါတယ်။

ကစားသမားရဲ အေးဂျင့်ဖြစ်သူ Mario Giuffredi ကတော့ ” လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်က နာပိုလီက ဟိုင်ဆက်အတွက် ချယ်ဆီးထံကနေ ယူရို သန်း ၅၀ ရဖို့ထိ ရှိခဲ့တာပါ။ နာပိုလီဘက်က ကစားသမားအတွက် ပြောင်းရွှေ့ကြေး တစ်ပြားမှ မရမယ့် အနေအထားကို စွန့်စားဖို့ ရွေးချယ်ခဲ့ပါတယ် ” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

ZAWGYI

ဘြန္ဒက္လီဂါကလပ္ ေဒါ့မြန္အသင္းဟာ ခ်ယ္ဆီးတိုက္စစ္မွဴး ဂ်ရူးကို ေခၚယူဖို႔ ျပန္လည္ စိတ္ဝင္စားလာျပီျဖစ္ျပီး ဇန္နဝါရီ အေျပာင္းအေရႊ႔မွာ ကမ္းလွမ္းမႈ လုပ္ဖြယ္ရွိတယ္လို႔ အဂၤလန္သတင္းဌာနေတြက ေဖာ္ျပလာပါတယ္။

ေဒါ့မြန္ဘက္ကေတာ့ ဇန္နဝါရီမွာတင္ တန္းဖိုးနည္းနည္းနဲ႔ ေခၚယူလား (သို႔) ရာသီကုန္မွ အလြတ္ေျပာင္းေရႊ႔ျခင္းနဲ႔ ေခၚယူဖို႔လား ဆိုတာကေတာ့ မသဲကြဲေသးပါဘူး။ ေႏြတုန္းက ေဒါ့မြန္က ဂ်ရူးကို ေခၚယူခြင့္ရွိခဲ့ေပမယ့္ ေျပာင္းေရႊ႔ေၾကးကို ျငင္းဆန္ခဲ့တာပါ။ ဇန္နဝါရီမွာေတာ့ ျပင္သစ္သား ကမၻာခ်န္ပီယံကို ေပါင္ ၅ သန္းနဲ႔တင္ ေခၚယူခြင့္ရွိမယ္လို႔ သိရတယ္။

၂၀၂၀ ယူရိုျပိဳင္ပြဲမွာ ျပင္သစ္အသင္းနဲ႔ ပါဝင္ခြင့္ရဖို႔ ဆႏၵရွိေနတဲ့ ဂ်ရူးကို ေခၚယူဖို႔ အင္တာမီလန္ကလည္း စိတ္ဝင္စားေနပါတယ္။ ခ်ယ္ဆီးနဲ႔ စာခ်ဳပ္ကုန္ေတာ့မယ့္ အေနအထားေၾကာင့္ ဇန္နဝါရီမွာ အဂၤလန္ျပင္ပ ကလပ္အသင္းေတြနဲ႔ အၾကိဳေဆြးေႏြးခြင့္ ရထားတဲ့ ဂ်ရူးကလည္း ရာသီဝက္မွာတင္ အျပီးသတ္ ေျပာင္းခြင့္ရဖို႔ကို ပိုမို အားသန္ေနပါတယ္။

တစ္ဆက္တည္းမွာပဲ အေျပာင္းအေရႊ႔ဆိုင္ရာ သတင္းအျဖစ္ ၂၀၁၈ ေႏြတုန္းက ခ်ယ္ဆီးဟာ မန္ေနဂ်ာဆာရီရဲ႕ အလိုရွိမႈေၾကာင့္ နာပိုလီအသင္း ညာအစြန္လူ ဟိုင္ဆက္ကို ယူရို သန္း ၅၀နဲ႔ ကမ္းလွမ္းခဲ့ေပမယ့္ နာပိုလီဘက္က ပယ္ခ်ခဲ့တယ္လို႔ သိရပါတယ္။ ကစားသမားရဲ႕ ေအးဂ်င့္က ဒီသတင္းကို အတည္ျပဳခဲ့တာျဖစ္ျပီး အခုခ်ိန္မွာေတာ့ ညာအစြန္လူဟာ နာပိုလီနဲ႔ စာခ်ဳပ္ဖ်က္ဖို႔ နီးစပ္ေနကာ အလြတ္ေျပာင္းေရႊ႔ေၾကးနဲ႔တင္ ထြက္ခြာဖို႔ ျပင္ဆင္ေနပါတယ္။

ကစားသမားရဲ ေအးဂ်င့္ျဖစ္သူ Mario Giuffredi ကေတာ့ ” လြန္ခဲ့တဲ့ တစ္ႏွစ္ခြဲေလာက္က နာပိုလီက ဟိုင္ဆက္အတြက္ ခ်ယ္ဆီးထံကေန ယူရို သန္း ၅၀ ရဖို႔ထိ ရွိခဲ့တာပါ။ နာပိုလီဘက္က ကစားသမားအတြက္ ေျပာင္းေရႊ႔ေၾကး တစ္ျပားမွ မရမယ့္ အေနအထားကို စြန္႔စားဖို႔ ေရြးခ်ယ္ခဲ့ပါတယ္ ” လို႔ ထုတ္ေဖာ္ေျပာဆိုသြားခဲ့ပါတယ္။