အာဆင်နယ်ဟာ ဒီရာသီမှာ ကစားသမားခေါ်ယူမှုကောင်းတွေ ပြုလုပ်ခဲ့ပေမယ့် စွမ်းဆောင်ရည်ပိုင်း တိုးတက်မလာခဲ့သလို ရလဒ်ပိုင်းမှာလည်း အခြေအနေဆိုးတွေကို ရင်ဆိုင်နေရတာကြောင့် နောက်ထပ် လူသစ်ခေါ်ယူမှုတွေအတွက် ပြင်ဆင်လာခဲ့ပြီလို့ Goal က ဖော်ပြပါတယ်။

ဒီရာသီမှာ လီဗာပူး၊ မန်စီးတီးပြီးရင် စိတ်လှုပ်ရှားစရာ အကောင်းဆုံး တိုက်စစ်ကို ပိုင်ဆိုင်ထားတာကြောင့် အဆိုပါ နှစ်သင်းကို အဓိက စိန်ခေါ်မယ့်အသင်းလို့ ထင်ကြေးပေးခံခဲ့ရပေမယ့် ဂန်းနားတို့ဟာ ရလဒ်ဆိုးတွေမှာပဲ ပျော်မွေ့နေခဲ့တာပါ။ ဒီအတွက် အဓိကကျတဲ့ မန်နေဂျာ အမ်မရီကို ရာထူးကနေ ထုတ်ပယ်ဖို့ တောင်းဆိုမှုတွေ ရှိခဲ့ပေမယ့်လည်း ကလပ်အသင်း ဘုတ်အဖွဲ့ကတော့ စပိန်သားမန်နေဂျာကို ဆက်လက် ထောက်ခံပေးမှာ ဖြစ်ပါတယ်။

ကလပ်ဘက်ကတော့ ကလပ်အသင်း ယိုယွင်းနေတဲ့ အားနည်းချက်ဖြစ်တဲ့ ခံစစ်ပိုင်းကို ပြုပြင်ဖို့ကိုလည်း အာရုံစိုက်လာခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ အတိုးတက်ဆုံး ဗဟိုခံစစ်သမားလို့ တင်စားခံရမှုတွေ ရှိနေတဲ့ လက်စတာအသင်းမှ အသက် ၂၃ နှစ်အရွယ် တူရကီ ခံစစ်သမား ဆိုရန်ချူကို ခေါ်ယူဖို့ စောင့်ကြည့်မှုတွေ စတင်လုပ်ဆောင်ခဲ့ပြီဖြစ်ပါတယ်။

အာဆင်နယ်ကင်းထောက်တွေက တူရကီနဲ့ အိုင်စလန်တို့ ယှဉ်ပြိုင်ကစားတဲ့ လက်ရွေးစင်ပွဲကို တက်ရောက်ပြီး ကစားသမားရဲ့ ခြေစွမ်းကို လေ့လာမှုတွေ လုပ်ခဲ့ကြတယ်။ နွေတုန်းက ခံစစ်သမားတစ်ဦးအတွက် ကမ္ဘာစံချိန်တင်ကြေးနဲ့ ယူနိုက်တက်ကို ရောက်သွားတဲ့ မက်ဂွဲရားနေရာမှာ အစားထိုးဖို့ လက်စတာက ဆိုရန်ချူကို ခေါ်ယူခဲ့ကာ ကစားသမားကလည်း မှန်ကန်တဲ့ အစားဝင်မှုဖြစ်ကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။

အာဆင်နယ်ဟာ နောက်ဆုံး ယှဉ်ပြိုင်ခဲ့တဲ့ လက်စတာနဲ့ အဝေးကွင်းပွဲကို ၂-၀ နဲ့ အရေးနိမ့်ခဲ့တာဖြစ်ပြီး အဆိုပါပွဲမှာ ပြိုင်ဘက်ခံစစ်တန်းကို အဓိက ဦးဆောင်ခဲ့တဲ့ တူရကီသားရဲ့ ခြေစွမ်းကို အထင်ကြီးတာကြောင့် အခုလို စောင့်ကြည့်လာရခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။

ZAWGYI

အာဆင္နယ္ဟာ ဒီရာသီမွာ ကစားသမားေခၚယူမႈေကာင္းေတြ ျပဳလုပ္ခဲ့ေပမယ့္ စြမ္းေဆာင္ရည္ပိုင္း တိုးတက္မလာခဲ့သလို ရလဒ္ပိုင္းမွာလည္း အေျခအေနဆိုးေတြကို ရင္ဆိုင္ေနရတာေၾကာင့္ ေနာက္ထပ္ လူသစ္ေခၚယူမႈေတြအတြက္ ျပင္ဆင္လာခဲ့ျပီလို႔ Goal က ေဖာ္ျပပါတယ္။

ဒီရာသီမွာ လီဗာပူး၊ မန္စီးတီးျပီးရင္ စိတ္လႈပ္ရွားစရာ အေကာင္းဆံုး တိုက္စစ္ကို ပိုင္ဆိုင္ထားတာေၾကာင့္ အဆိုပါ ႏွစ္သင္းကို အဓိက စိန္ေခၚမယ့္အသင္းလို႔ ထင္ေၾကးေပးခံခဲ့ရေပမယ့္ ဂန္းနားတို႔ဟာ ရလဒ္ဆိုးေတြမွာပဲ ေပ်ာ္ေမြ႔ေနခဲ့တာပါ။ ဒီအတြက္ အဓိကက်တဲ့ မန္ေနဂ်ာ အမ္မရီကို ရာထူးကေန ထုတ္ပယ္ဖို႔ ေတာင္းဆိုမႈေတြ ရွိခဲ့ေပမယ့္လည္း ကလပ္အသင္း ဘုတ္အဖြဲ႔ကေတာ့ စပိန္သားမန္ေနဂ်ာကို ဆက္လက္ ေထာက္ခံေပးမွာ ျဖစ္ပါတယ္။

ကလပ္ဘက္ကေတာ့ ကလပ္အသင္း ယိုယြင္းေနတဲ့ အားနည္းခ်က္ျဖစ္တဲ့ ခံစစ္ပိုင္းကို ျပဳျပင္ဖို႔ကိုလည္း အာရံုစိုက္လာခဲ့ျပီး ပရီးမီးယားလိဂ္ရဲ႕ အတိုးတက္ဆံုး ဗဟိုခံစစ္သမားလို႔ တင္စားခံရမႈေတြ ရွိေနတဲ့ လက္စတာအသင္းမွ အသက္ ၂၃ နွစ္အရြယ္ တူရကီ ခံစစ္သမား ဆိုရန္ခ်ဴကို ေခၚယူဖို႔ ေစာင့္ၾကည့္မႈေတြ စတင္လုပ္ေဆာင္ခဲ့ျပီျဖစ္ပါတယ္။

အာဆင္နယ္ကင္းေထာက္ေတြက တူရကီနဲ႔ အိုင္စလန္တို႔ ယွဥ္ျပိဳင္ကစားတဲ့ လက္ေရြးစင္ပြဲကို တက္ေရာက္ျပီး ကစားသမားရဲ႕ ေျခစြမ္းကို ေလ့လာမႈေတြ လုပ္ခဲ့ၾကတယ္။ ေႏြတုန္းက ခံစစ္သမားတစ္ဦးအတြက္ ကမၻာစံခ်ိန္တင္ေၾကးနဲ႔ ယူနုိက္တက္ကို ေရာက္သြားတဲ့ မက္ဂြဲရားေနရာမွာ အစားထိုးဖို႔ လက္စတာက ဆိုရန္ခ်ဴကို ေခၚယူခဲ့ကာ ကစားသမားကလည္း မွန္ကန္တဲ့ အစားဝင္မႈျဖစ္ေၾကာင္း သက္ေသျပႏုိင္ခဲ့ပါတယ္။

အာဆင္နယ္ဟာ ေနာက္ဆံုး ယွဥ္ျပိဳင္ခဲ့တဲ့ လက္စတာနဲ႔ အေဝးကြင္းပြဲကို ၂-၀ နဲ႔ အေရးနိမ့္ခဲ့တာျဖစ္ျပီး အဆိုပါပြဲမွာ ျပိဳင္ဘက္ခံစစ္တန္းကို အဓိက ဦးေဆာင္ခဲ့တဲ့ တူရကီသားရဲ႕ ေျခစြမ္းကို အထင္ၾကီးတာေၾကာင့္ အခုလို ေစာင့္ၾကည့္လာရျခင္းျဖစ္တယ္လုိ႔လည္း သိရပါတယ္။