ယူနိုက်တက်မန်နေဂျာဆိုးရှားဟာ ဝေဖန်မှုတွေကို ကြံ့ကြံ့ခံရင်းက ကလပ်အသင်းကို လမ်းကြောင်းမှန်ပေး ဆွဲတင်ဖို့ ကြိုးစားနေပြီး နောက်ထပ် အပြောင်းအရွှေ့တွေအတွက် တိုက်စစ်ပိုင်းအတွက် ပြတ်သားတဲ့ အစီအစဉ်တွေကို လုပ်ဆောင်နေပြီဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ပြန်လည်တည်ထောင်မှုတွေ လုပ်ဆောင်နိုင်ဖို့ရာ ကလပ်အသင်းရဲ့ လုပ်ခပိုင်းကို ပြဿနာကြီးစေတဲ့ ဆန်းချက်ကို အငှားချခဲ့ပြီး အပြီးသတ် ရောင်းထုတ်ဖို့ထိပါ ပြင်ဆင်ထားခဲ့တာဖြစ်တယ်။ ဆန်းချက်ဟာ စီးရီးအေကလပ်မှာ အဆင်မပြေဖြစ်နေပေမယ့် ဇန်နဝါရီမှာ လုံးဝ ပြန်ခေါ်မှာ မဟုတ်ပဲ အပြီးသတ် ထွက်ခွာခွင့်ပေးဖို့ကိုပဲ တွန်းအားပေးမယ်လို့ The Athletic က ထုတ်ဖော်ခဲ့ပါတယ်။

နွေအပြောင်းအရွှေ့မှာ မန်နေဂျာသစ်ကို လူသစ်သုံးဦးပဲ ခေါ်ယူခွင့်ပေးခဲ့ပေမယ့် ကစားသမားခေါ်ယူမှုမှာ အမှတ်ကောင်းရခဲ့တဲ့ ဆိုးရှားကို ကလပ်အသင်းဘက်က ယုံကြည်လာနေခဲ့ပါပြီ။ ဂျိမ်း၊ ဘစ်ဆာကာနဲ့ မက်ဂွဲရား သုံးဦးလုံးဟာ ယူနိုက်တက်အတွက် အကျိုးဖြစ်တဲ့ ခေါ်ယူမှုတွေ ဖြစ်ခဲ့တာကြောင့် နောက်ထပ် ခေါ်ယူမှုတွေအတွက် ဆိုးရှားကို ကလပ်အသင်းဘက်က ထောက်ခံပေးမှာပါ။

နိုင်ငံတကာသီတင်းပတ်မှာ ဆိုးရှားက သူအလိုရှိတဲ့ အဓိက ကစားသမားတွေအတွက် စောင့်ကြည့်မှုတွေ လုပ်ဆောင်မှာဖြစ်တယ်။ အဲ့သည်ထဲက အရေးပါတဲ့ ကိစ္စတစ်ခုကတော့ ယူနိုက်တက်ဘက်က စိတ်ကြိုက်တွေ့နေတဲ့ တိုက်စစ်သမား ဟာလန်ကို စောင့်ကြည့်ဖို့ရာ ဆိုးရှားဟာ သူအယုံကြည်ရဆုံးသော ကင်းထောက် Simon Wells ကို ကစားသမားလေးရဲ့ ခြေစွမ်းကို လေ့လာဖို့ စေလွှတ်ခဲ့ပြီဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ကွင်းလယ်နဲ့ တိုက်စစ်ပိုင်းတွေမှာ အင်အားဖြည့်မှု လုပ်ဆောင်မယ်လို့ သတင်းကြီးထားပြီး ဆန်ချို၊ မတ်ဒီဆန်၊ ဟာလန်တို့က သတင်းအထွက်ဆုံး ကစားသမားတွေဖြစ်တယ်။ ဆိုးရှားကိုယ်တိုင်ကတော့ တစ်နိုင်ငံတည်းသာ ဟာလန်အတွက် ပထမဆုံး ခြေစွမ်းကို စတင်ကြိုးစားခဲ့ပြီ ဖြစ်ပါတယ်။

ZAWGYI

ယူႏုိက္တက္မန္ေနဂ်ာဆိုးရွားဟာ ေဝဖန္မႈေတြကို ၾကံ႕ၾကံ႕ခံရင္းက ကလပ္အသင္းကို လမ္းေၾကာင္းမွန္ေပး ဆြဲတင္ဖို႔ ၾကိဳးစားေနျပီး ေနာက္ထပ္ အေျပာင္းအေရႊ႔ေတြအတြက္ တိုက္စစ္ပိုင္းအတြက္ ျပတ္သားတဲ့ အစီအစဥ္ေတြကို လုပ္ေဆာင္ေနျပီျဖစ္ပါတယ္။

ယူႏုိက္တက္ဟာ ျပန္လည္တည္ေထာင္မႈေတြ လုပ္ေဆာင္ႏုိင္ဖို႔ရာ ကလပ္အသင္းရဲ႕ လုပ္ခပိုင္းကို ျပႆနာၾကီးေစတဲ့ ဆန္းခ်က္ကို အငွားခ်ခဲ့ျပီး အျပီးသတ္ ေရာင္းထုတ္ဖို႔ထိပါ ျပင္ဆင္ထားခဲ့တာျဖစ္တယ္။ ဆန္းခ်က္ဟာ စီးရီးေအကလပ္မွာ အဆင္မေျပျဖစ္ေနေပမယ့္ ဇန္နဝါရီမွာ လုံးဝ ျပန္ေခၚမွာ မဟုတ္ပဲ အျပီးသတ္ ထြက္ခြာခြင့္ေပးဖို႔ကိုပဲ တြန္းအားေပးမယ္လို႔ The Athletic က ထုတ္ေဖာ္ခဲ့ပါတယ္။

ေႏြအေျပာင္းအေရႊ႔မွာ မန္ေနဂ်ာသစ္ကို လူသစ္သံုးဦးပဲ ေခၚယူခြင့္ေပးခဲ့ေပမယ့္ ကစားသမားေခၚယူမႈမွာ အမွတ္ေကာင္းရခဲ့တဲ့ ဆိုးရွားကို ကလပ္အသင္းဘက္က ယံုၾကည္လာေနခဲ့ပါျပီ။ ဂ်ိမ္း၊ ဘစ္ဆာကာနဲ႔ မက္ဂြဲရား သံုးဦးလံုးဟာ ယူႏုိက္တက္အတြက္ အက်ိဳးျဖစ္တဲ့ ေခၚယူမႈေတြ ျဖစ္ခဲ့တာေၾကာင့္ ေနာက္ထပ္ ေခၚယူမႈေတြအတြက္ ဆိုးရွားကို ကလပ္အသင္းဘက္က ေထာက္ခံေပးမွာပါ။

ႏိုင္ငံတကာသီတင္းပတ္မွာ ဆိုးရွားက သူအလိုရွိတဲ့ အဓိက ကစားသမားေတြအတြက္ ေစာင့္ၾကည့္မႈေတြ လုပ္ေဆာင္မွာျဖစ္တယ္။ အဲ့သည္ထဲက အေရးပါတဲ့ ကိစၥတစ္ခုကေတာ့ ယူႏုိက္တက္ဘက္က စိတ္ၾကိဳက္ေတြ႔ေနတဲ့ တိုက္စစ္သမား ဟာလန္ကို ေစာင့္ၾကည့္ဖို႔ရာ ဆိုးရွားဟာ သူအယံုၾကည္ရဆံုးေသာ ကင္းေထာက္ Simon Wells ကို ကစားသမားေလးရဲ႕ ေျခစြမ္းကို ေလ့လာဖို႔ ေစလႊတ္ခဲ့ျပီျဖစ္ပါတယ္။

ယူႏုိက္တက္ဟာ ကြင္းလယ္နဲ႔ တိုက္စစ္ပိုင္းေတြမွာ အင္အားျဖည့္မႈ လုပ္ေဆာင္မယ္လို႔ သတင္းၾကီးထားျပီး ဆန္ခ်ိဳ၊ မတ္ဒီဆန္၊ ဟာလန္တို႔က သတင္းအထြက္ဆံုး ကစားသမားေတြျဖစ္တယ္။ ဆိုးရွားကိုယ္တိုင္ကေတာ့ တစ္ႏုိင္ငံတည္းသာ ဟာလန္အတြက္ ပထမဆံုး ေျခစြမ္းကို စတင္ၾကိဳးစားခဲ့ျပီ ျဖစ္ပါတယ္။