ကမ္ဘာကျော် အားကစားဝဘ်ဆိုဒ်ဖြစ်တဲ့ Goal ကနေပြီး ကမ္ဘာအကောင်းဆုံး ကစားသမား အယောက် ၅၀ စာရင်းကို ပြုစုပေးခဲ့ကာ နံပါတ်တစ်နေရာကို ဗန်ဒိုက် ရရှိခဲ့သလို ၅၀ ထဲက တစ်ဦးတည်းသော ဂိုးသမားအဖြစ်လည်း အယ်လီဆန် ရွေးချယ်ခံခဲ့ရတယ်။

Goal က ဆက်လက်ပြီး ရွေးချယ်မှုအဖြစ် အကောင်းဆုံး ပွဲထွက် ၁၁ ဦးစာရင်းလို့ ဆိုနိုင်မယ့် Goal Ultimate 11 ကို ထပ်မံရွေးချယ်ရာ ဘယ်အစွန်နေရာအတွက် ကမ္ဘာအကောင်းဆုံးအဖြစ် ရော်ဘတ်ဆန်က ရွေးချယ်ခံခဲ့ရပါတယ်။ ရော်ဘတ်ဆန်ဟာ သူ့ရဲ့နေရာအတွက် အကောင်းဆုံး ကစားသမား ၅ ဦးနဲ့အပြိုင် မဲပေးခံခဲ့ရပြီးမှ ကျော်ဖြတ် အနိုင်ရခဲ့တာပါ။

ရော်ဘတ်ဆန်က ပရိသတ်သတ်မဲ ၄၇% ရခဲ့ပြီး အနီးကပ် ယှဉ်ပြိုင်ဘက်အဖြစ် ရီးရဲလ်မက်ဒရစ်မှ မာဆယ်လိုက ၄၄% ရရှိခဲ့တာဖြစ်တယ်။ သူတို့ နှစ်ဦးနောက်မှာတော့ ဘာစီလိုနာမှ အယ်ဘာ၊ ဘိုင်ယန်မြူးနစ်မှ အလာဘာနဲ့ ဂျူဗင်တပ်မှ ဆန်ဒရိုတို့ ရပ်တည်ခဲ့တာဖြစ်တယ်။ ဒါဟာ ဥရောပစင်မြင့်မှာ နေရာတစ်နေရာရလာတဲ့ ရော်ဘတ်ဆန်အတွက် နောက်ထပ် မှတ်တိုင်သစ်လည်း ဖြစ်ပါတယ်။

စကော်တလန်လက်ရွေးစင်အသင်း အသင်းခေါင်းဆောင်ဖြစ်တဲ့ ရော်ဘတ်ဆန်ဟာ လီဗာပူးကို စတင်ရောက်ရှိတဲ့ နှစ်မှာတင် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပြီး ဒုတိယဆုနဲ့ ကျေနပ်ခဲ့ရတယ်။ နောက်ရာသီမှာတော့ မက်ဒရစ်က ဗိုလ်လုပွဲမှာ စပါးကို အနိုင်ရပြီး ချန်ပီယံဖြစ်ခဲ့တဲ့ လီဗာပူးအတွက် အဓိကကျတဲ့ အသင်းသားလည်းဖြစ်ပါတယ်။

ပရီးမီးယားလိဂ် အကောင်းဆုံး ဘယ်အစွန်လူအဖြစ် မနှစ်က ရွေးချယ်ခံခဲ့ရတဲ့ ရော်ဘတ်ဆန်ကို ဥရောပအဆင့်မှာတော့ မာဆယ်လိုက ကျော်ဖြတ်သွားခဲ့ပါတယ်။ ဒါပေမယ့် ချန်ပီယံလိဂ်အောင်မြင်မှု ပြည်တွင်းလိဂ်ကို လွှမ်းမိုးမှုတွေအရ ရော်ဘတ်ဆန်ဟာ မာဆယ်လိုကို နှားတစ်ဖျား ပြန်သာသွားတဲ့ အနေအထားကို ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။

ZAWGYI

ကမၻာေက်ာ္ အားကစားဝဘ္ဆိုဒ္ျဖစ္တဲ့ Goal ကေနျပီး ကမၻာအေကာင္းဆံုး ကစားသမား အေယာက္ ၅၀ စာရင္းကို ျပဳစုေပးခဲ့ကာ နံပါတ္တစ္ေနရာကို ဗန္ဒိုက္ ရရွိခဲ့သလို ၅၀ ထဲက တစ္ဦးတည္းေသာ ဂိုးသမားအျဖစ္လည္း အယ္လီဆန္ ေရြးခ်ယ္ခံခဲ့ရတယ္။

Goal က ဆက္လက္ျပီး ေရြးခ်ယ္မႈအျဖစ္ အေကာင္းဆံုး ပြဲထြက္ ၁၁ ဦးစာရင္းလို႔ ဆိုႏုိင္မယ့္ Goal Ultimate 11 ကို ထပ္မံေရြးခ်ယ္ရာ ဘယ္အစြန္ေနရာအတြက္ ကမၻာအေကာင္းဆံုးအျဖစ္ ေရာ္ဘတ္ဆန္က ေရြးခ်ယ္ခံခဲ့ရပါတယ္။ ေရာ္ဘတ္ဆန္ဟာ သူ႔ရဲ႕ေနရာအတြက္ အေကာင္းဆံုး ကစားသမား ၅ ဦးနဲ႔အျပိဳင္ မဲေပးခံခဲ့ရျပီးမွ ေက်ာ္ျဖတ္ အႏုိင္ရခဲ့တာပါ။

ေရာ္ဘတ္ဆန္က ပရိသတ္သတ္မဲ ၄၇% ရခဲ့ျပီး အနီးကပ္ ယွဥ္ျပိဳင္ဘက္အျဖစ္ ရီးရဲလ္မက္ဒရစ္မွ မာဆယ္လိုက ၄၄% ရရွိခဲ့တာျဖစ္တယ္။ သူတို႔ ႏွစ္ဦးေနာက္မွာေတာ့ ဘာစီလိုနာမွ အယ္ဘာ၊ ဘိုင္ယန္ျမဴးနစ္မွ အလာဘာနဲ႔ ဂ်ဴဗင္တပ္မွ ဆန္ဒရိုတို႔ ရပ္တည္ခဲ့တာျဖစ္တယ္။ ဒါဟာ ဥေရာပစင္ျမင့္မွာ ေနရာတစ္ေနရာရလာတဲ့ ေရာ္ဘတ္ဆန္အတြက္ ေနာက္ထပ္ မွတ္တိုင္သစ္လည္း ျဖစ္ပါတယ္။

စေကာ္တလန္လက္ေရြးစင္အသင္း အသင္းေခါင္းေဆာင္ျဖစ္တဲ့ ေရာ္ဘတ္ဆန္ဟာ လီဗာပူးကို စတင္ေရာက္ရွိတဲ့ ႏွစ္မွာတင္ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲကို တက္ေရာက္ႏုိင္ခဲ့ျပီး ဒုတိယဆုနဲ႔ ေက်နပ္ခဲ့ရတယ္။ ေနာက္ရာသီမွာေတာ့ မက္ဒရစ္က ဗိုလ္လုပြဲမွာ စပါးကို အႏုိင္ရျပီး ခ်န္ပီယံျဖစ္ခဲ့တဲ့ လီဗာပူးအတြက္ အဓိကက်တဲ့ အသင္းသားလည္းျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ အေကာင္းဆံုး ဘယ္အစြန္လူအျဖစ္ မႏွစ္က ေရြးခ်ယ္ခံခ့ဲရတဲ့ ေရာ္ဘတ္ဆန္ကို ဥေရာပအဆင့္မွာေတာ့ မာဆယ္လိုက ေက်ာ္ျဖတ္သြားခဲ့ပါတယ္။ ဒါေပမယ့္ ခ်န္ပီယံလိဂ္ေအာင္ျမင္မႈ ျပည္တြင္းလိဂ္ကို လႊမ္းမိုးမႈေတြအရ ေရာ္ဘတ္ဆန္ဟာ မာဆယ္လိုကို ႏွားတစ္ဖ်ား ျပန္သာသြားတဲ့ အေနအထားကို ေရာက္ရွိခဲ့ျပီျဖစ္ပါတယ္။