မာဆေးဆိုဒ်သား ကစားသမားဖြစ်တဲ့ ထရန့် အလက်ဇန်းဒါး-အာနိုးဟာ လီဗာပူးမှာ နှစ်တွေကြာတဲ့အထိ ထိပ်တန်းအဆင့်ခြေစွမ်းပြသနိုင်ဖို့ အရည်အသွေး ရှိတဲ့သူ ဖြစ်တယ်လို့ တစ်မြို့တည်းသားဖြစ်ပြီး လီဗာပူဂန္တဝင်လည်းဖြစ်တဲ့ စတီဗင်ဂျရတ်က ယုံကြည်နေပါတယ်။

ဂျရတ်နောက်ပိုင်း အာနိုးက ကီရာဘီအကယ်ဒမီထွက် အတောက်ပဆုံး ကစားသမား ဖြစ်ပြီး ညာနောက်ခံနေရာ အဓိကကစားတဲ့ အင်္ဂလန်သားလေးဟာ ဒီလအစောပိုင်းက အက်စ်တွန်ဗီလာကို ၂-၁ နဲ့ နိုင်ခဲ့တဲ့ပွဲမှာ သူ့ရဲ့ စီနီယာကစားသမားဘဝ ပွဲ၁၀၀ပြည့်ခဲ့ပါတယ်။အန်ဖီးကစားသမားဘဝ ထာဝရပွဲအများဆုံးစာရင်းမှာ ၇၁၀ ပွဲနဲ့ တတိယနေရာမှာရှိနေတဲ့ ဂျရတ်ထက် အာနိုးက အသက်အရွယ်တူ အနေအထားမှာ ပွဲပိုကစားထားပြီး အသက် ၂၁နှစ်မပြည့်ခင် ဥရောပချန်ပီယံ ဖြစ်ခဲ့တာပါ။

ယခင်က လီဗာပူး ယူ၁၈ နည်းပြလုပ်ခဲ့တဲ့ ဂျရတ်ဟာ အာနိုး အကယ်ဒမီမှာ ရှိစဉ်တုန်းက အတူတူ တွဲလုပ်ခဲ့ဖူးပါတယ်။ အနာဂတ် ကြယ်ပွင့်အနေနဲ့ လူငယ်နောက်ခံလူအပေါ် သူ့ရဲ့ သဘောထားနဲ့ ပတ်သက်ပြီး ဂျရတ်က အခုလို ပြောဆိုခဲ့ပါတယ်။

စတီဗင်ဂျရတ်က ” သူဘယ်လောက်ထိ တော်လာနိုင်လဲဆိုတာ မေးစရာမလိုပါဘူး။ သူက တော်ပြီးသားပါ။ အာနိုးနဲ့ ရောဘတ်ဆန်တို့က ကမ္ဘာ့အဆင့် ကစားသမားတွေပါ။ သူတို့ဟာ သူတို့နေရာမှာ အကောင်းဆုံး ကစားသမားတွေဖြစ်တယ်။ ဒါကြောင့် သူတို့တွေ ဘယ်လောက် ကောင်းနိုင်လဲဆိုတဲ့ မေးခွန်းမျိုးက မေးဖို့မလိုပါဘူး။

မေးရမှာက အာနိုးအနေနဲ့ သူတတ်နိုင်သလောက် အချိန်ကြာတဲ့အထိ ကမ္ဘာအဆင့်ခြေစွမ်းကို တည်တည်ငြိမ်ငြိမ် ထိန်းထားနိူင်မလားဆိုတာပါပဲ။ ဘာကြောင့်လဲဆိုတော့ သူက သူအလိုရှိတဲ့အရာမှန်သမျှ ဖြစ်အောင် လုပ်နိုင်တယ်။ လီဗာပူး ပရိသတ်တွေအနေနဲ့ ကျနော်တို့ဟာ ဒီလို အကောင်းဆုံး နောက်ခံလူ နှစ်ယောက်ရှိတဲ့အတွက် ပျော်ရွှင်ပါတယ်။

သူတို့ဟာ သိပ်ကိုအရေးပါပြီး လီဗာပူး အတွက် အဓိကကစားသမားတွေ ဖြစ်တယ်။ အာနိုးမှာ စိတ်အားထက်သန်မှုရှိတယ်။ အဲ့ဒါက သူ့ကို ကာလအတော်ကြာတဲ့အထိ တည်ငြိမ်မှု ရှိစေပါလိမ့်မယ်။” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

မာေဆးဆိုဒ္သား ကစားသမားျဖစ္တဲ့ ထရန္႔ အလက္ဇန္းဒါး-အာႏိုးဟာ လီဗာပူးမွာ ႏွစ္ေတြၾကာတဲ့အထိ ထိပ္တန္းအဆင့္ေျခစြမ္းျပသႏိုင္ဖို႔ အရည္အေသြး ရွိတဲ့သူ ျဖစ္တယ္လို႔ တစ္ျမိဳ႕တည္းသားျဖစ္ျပီး လီဗာပူဂႏၱဝင္လည္းျဖစ္တဲ့ စတီဗင္ဂ်ရတ္က ယုံၾကည္ေနပါတယ္။

ဂ်ရတ္ေနာက္ပိုင္း အာႏိုးက ကီရာဘီအကယ္ဒမီထြက္ အေတာက္ပဆုံး ကစားသမား ျဖစ္ၿပီး ညာေနာက္ခံေနရာ အဓိကကစားတဲ့ အဂၤလန္သားေလးဟာ ဒီလအေစာပိုင္းက အက္စ္တြန္ဗီလာကို ၂-၁ နဲ႔ ႏိုင္ခဲ့တဲ့ပြဲမွာ သူ႔ရဲ႕ စီနီယာကစားသမားဘဝ ပြဲ၁၀၀ျပည့္ခဲ့ပါတယ္။အန္ဖီးကစားသမားဘဝ ထာဝရပြဲအမ်ားဆုံးစာရင္းမွာ ၇၁၀ ပြဲနဲ႔ တတိယေနရာမွာရွိေနတဲ့ ဂ်ရတ္ထက္ အာႏိုးက အသက္အ႐ြယ္တူ အေနအထားမွာ ပြဲပိုကစားထားၿပီး အသက္ ၂၁ႏွစ္မျပည့္ခင္ ဥေရာပခ်န္ပီယံ ျဖစ္ခဲ့တာပါ။

ယခင္က လီဗာပူး ယူ၁၈ နည္းျပလုပ္ခဲ့တဲ့ ဂ်ရတ္ဟာ အာႏိုး အကယ္ဒမီမွာ ရွိစဥ္တုန္းက အတူတူ တြဲလုပ္ခဲ့ဖူးပါတယ္။ အနာဂတ္ ၾကယ္ပြင့္အေနနဲ႔ လူငယ္ေနာက္ခံလူအေပၚ သူ႔ရဲ႕ သေဘာထားနဲ႔ ပတ္သက္ၿပီး ဂ်ရတ္က အခုလို ေျပာဆိုခဲ့ပါတယ္။

စတီဗင္ဂ်ရတ္က ” သူဘယ္ေလာက္ထိ ေတာ္လာႏိုင္လဲဆိုတာ ေမးစရာမလိုပါဘူး။ သူက ေတာ္ၿပီးသားပါ။ အာႏိုးနဲ႔ ေရာဘတ္ဆန္တို႔က ကမာၻ႔အဆင့္ ကစားသမားေတြပါ။ သူတို႔ဟာ သူတို႔ေနရာမွာ အေကာင္းဆုံး ကစားသမားေတြျဖစ္တယ္။ ဒါေၾကာင့္ သူတို႔ေတြ ဘယ္ေလာက္ ေကာင္းႏိုင္လဲဆိုတဲ့ ေမးခြန္းမ်ိဳးက ေမးဖို႔မလိုပါဘူး။

ေမးရမွာက အာႏိုးအေနနဲ႔ သူတတ္ႏိုင္သေလာက္ အခ်ိန္ၾကာတဲ့အထိ ကမၻာအဆင့္ေျခစြမ္းကို တည္တည္ၿငိမ္ၿငိမ္ ထိန္းထားႏိူင္မလားဆိုတာပါပဲ။ ဘာေၾကာင့္လဲဆိုေတာ့ သူက သူအလိုရွိတဲ့အရာမွန္သမွ် ျဖစ္ေအာင္ လုပ္ႏိုင္တယ္။ လီဗာပူး ပရိသတ္ေတြအေနနဲ႔ က်ေနာ္တို႔ဟာ ဒီလို အေကာင္းဆုံး ေနာက္ခံလူ ႏွစ္ေယာက္ရွိတဲ့အတြက္ ေပ်ာ္႐ႊင္ပါတယ္။

သူတို႔ဟာ သိပ္ကိုအေရးပါၿပီး လီဗာပူး အတြက္ အဓိကကစားသမားေတြ ျဖစ္တယ္။ အာႏိုးမွာ စိတ္အားထက္သန္မႈရွိတယ္။ အဲ့ဒါက သူ႔ကို ကာလအေတာ္ၾကာတဲ့အထိ တည္ၿငိမ္မႈ ရွိေစပါလိမ့္မယ္။” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။