လက်ရှိ ရိမ်းဂျားစ်အသင်း နည်းပြ အဖြစ် တာဝန်ယူနေတဲ့ လီဗာပူး အသင်းခေါင်းဆောင်ဟောင်း စတီဗင်ဂျရတ်က ၎င်း နည်းပြလုပ်ငန်းတွေနဲ့ ပတ်သတ်ပြီး ယာဂင်ကလော့ပ်က တောက်လျောက် အကူအညီပေး အကြံဉာဏ်တွေ ပေးနေတဲ့အကြောင်း ဖွင့်ဟပြောဆိုသွားပါတယ်။

စကော့တလန် အမှတ်ပေးလိဂ် လက်ရှိ အမှတ်ပေးဇယားမှာ ရိမ်းဂျားစ်က ဆဲလ်တစ်နဲ့ အမှတ်တူ ဂိုးကွာခြားချက်အကွာနဲ့ ဒုတိယနေရာမှာ ရှိပါတယ်။ ဂျရတ်ရဲ့ ရိမ်းဂျားစ်က ယူရိုပါလိဂ်မှာလည်း အစွမ်းပြနေပြီး ပြီးခဲ့တဲ့ အပတ်က ပေါ်တိုကို အနိုင်ကန်ထားတာပါ။ ကလော့ပ်သာ ထွက်ခွာသွားရင် ဂျရတ်က လီဗာပူးနည်းပြနေရာ ဆက်ခံလိမ့်မယ်ဆိုတဲ့ ထင်ကြေးများကလည်း ဆက်တိုက် ထွက်ပေါ်ထားပါတယ်။

ဂျရတ်ကတော့ ကလော့ပ်နဲ့ နည်းပြချင်း ရင်းနှီးနွေးထွေးတဲ့ ဆက်ဆံရေး အကြောင်း ဖွင့်ဟလိုက်ပြီး သူနဲ့ ကလော့ပ်တို့ အမြဲ အဆက်အသွယ် ရှိနေကြောင်း ပြောဆိုခဲ့ပါတယ်။

” ကျနော်တို့ချင်း မက်ဆေ့တွေ အများကြီး ပို့ဖြစ်တယ်။ ကျနော် အရင်က ပြောဖူးသလိုပဲ ထပ်ပြောပါရစေ။ သူက ကျနော့် အပေါ် အရမ်း ကောင်းတဲ့ သူပါ။ အကယ်ဒမီမှာ ကျနော်ပြန်လာပြီး သူနဲ့ စ စကားပြောတည်းက စလို့ အမြဲအကူအညီပေးနေသူ ဖြစ်တယ်။ တခါတလေ ကျနော်က စဉ်းစားတယ် ငါလုပ်နေတာ ဟုတ်မှ ဟုတ်ရဲ့လား။ ငါ့အခြေအနေမှာ သူဆို ဘယ်လို လုပ်မလဲ စသဖြင့် တွေးမိရင် သူ့ကို ဒါမျိုးတွေက အစ အသေးစိတ် ပြန်မေး ဖြစ်တယ်။ အဲဒီလိုဆို သူက ကျနော့်ကို အကြံကောင်းတွေပေးဖို့ အမြဲ အသင့် ရှိနေတယ်။ ”

” ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ကျနေ်ာတို့ချင်း မက်ဆေ့တွေ ပို့နေသေးတယ်။ ကျနော်တို့ နှစ်သင်းလုံး နိုင်ပွဲကောင်းတွေ ရထားတဲ့ သီတင်းပတ် ကောင်းပေါ့ဗျာ။ သူက တကယ်တော်တဲ့သူပါ သူ့ကို ဘယ်လို ကျေးဇူးတင်ရမှန်း မသိအောင်ပဲ။ ” လို့ ဂျရတ်က ဖွင့်ဟ ပြောကြားခဲ့ပါတယ်။

ဂျရတ်က ၎င်းဟာ အတူလက်တွဲဖူးတဲ့ နည်းပြဟောင်းတွေဆီကလည်း နမူနာကောင်းတွေ ယူကြောင်းနဲ့ ဆရာဟောင်းတွေဆီက သင်ယူခဲ့ရသမျှနဲ့ အတွေ့အကြုံတွေကနေ နည်းပြ အဖြစ် ကြိုးစားနေကြောင်း ပြောဆိုခဲ့ပါတယ်။

” ကျနော် ဆရာဟောင်းတွေဆီက အကုန် အတုယူသင်ယူပါတယ်။ ရာဖာ (ဘင်နီတက်ဇ်)၊ ဘရန်ဒန် (ရော်ဂျာ)၊ ဂျရတ် ဟူလီယာ၊ ရွိုင်းဟော့ဆန် အားလုံးပါပဲ။ သူတို့ကတော့ သိချင်မှ သိမယ် ဒါပေမယ့် သူတို့ဆီက သင်ယူခဲ့တာတွေကို ကျနော် ပြန် အသုံးချနေတာပါ။ ” လို့ ၎င်းက ဆိုပါတယ်။

Zawgyi

လက္ရွိ ရိမ္းဂ်ားစ္အသင္း နည္းျပ အျဖစ္ တာ၀န္ယူေနတဲ့ လီဗာပူး အသင္းေခါင္းေဆာင္ေဟာင္း စတီဗင္ဂ်ရတ္က ၄င္း နည္းျပလုပ္ငန္းေတြနဲ႕ ပတ္သတ္ျပီး ယာဂင္ကေလာ့ပ္က ေတာက္ေလ်ာက္ အကူအညီေပး အၾကံဥာဏ္ေတြ ေပးေနတဲ့အေၾကာင္း ဖြင့္ဟေျပာဆိုသြားပါတယ္။

စေကာ့တလန္ အမွတ္ေပးလိဂ္ လက္ရွိ အမွတ္ေပးဇယားမွာ ရိမ္းဂ်ားစ္က ဆဲလ္တစ္နဲ႕ အမွတ္တူ ဂိုးကြာျခားခ်က္အကြာနဲ႕ ဒုတိယေနရာမွာ ရွိပါတယ္။ ဂ်ရတ္ရဲ႕ ရိမ္းဂ်ားစ္က ယူရိုပါလိဂ္မွာလည္း အစြမ္းျပေနျပီး ျပီးခဲ့တဲ့ အပတ္က ေပၚတိုကို အနုိင္ကန္ထားတာပါ။ ကေလာ့ပ္သာ ထြက္ခြာသြားရင္ ဂ်ရတ္က လီဗာပူးနည္းျပေနရာ ဆက္ခံလိမ့္မယ္ဆိုတဲ့ ထင္ေၾကးမ်ားကလည္း ဆက္တိုက္ ထြက္ေပၚထားပါတယ္။

ဂ်ရတ္ကေတာ့ ကေလာ့ပ္နဲ႕ နည္းျပခ်င္း ရင္းနွီးေႏြးေထြးတဲ့ ဆက္ဆံေရး အေၾကာင္း ဖြင့္ဟလိုိက္ျပီး သူနဲ႕ ကေလာ့ပ္တို႔ အျမဲ အဆက္အသြယ္ ရွိေနေၾကာင္း ေျပာဆိုခဲ့ပါတယ္။

” က်ေနာ္တို႔ခ်င္း မက္ေဆ့ေတြ အမ်ားၾကီး ပို႔ျဖစ္တယ္။ က်ေနာ္ အရင္က ေျပာဖူးသလိုပဲ ထပ္ေျပာပါရေစ။ သူက က်ေနာ့္ အေပၚ အရမ္း ေကာင္းတဲ့ သူပါ။ အကယ္ဒမီမွာ က်ေနာ္ျပန္လာျပီး သူနဲ႔ စ စကားေျပာတည္းက စလို႔ အျမဲအကူအညီေပးေနသူ ျဖစ္တယ္။ တခါတေလ က်ေနာ္က စဥ္းစားတယ္ ငါလုပ္ေနတာ ဟုတ္မွ ဟုတ္ရဲ႕လား။ ငါ့အေျခအေနမွာ သူဆို ဘယ္လို လုပ္မလဲ စသျဖင့္ ေတြးမိရင္ သူ႔ကို ဒါမ်ိဳးေတြက အစ အေသးစိတ္ ျပန္ေမး ျဖစ္တယ္။ အဲဒီလိုဆို သူက က်ေနာ့္ကို အၾကံေကာငး္ေတြေပးဖို႔ အျမဲ အသင့္ ရွိေနတယ္။ ”

” ျပီးခဲ့တဲ့ ရက္ပိုင္းကပဲ က်ေန္ာတို႔ခ်င္း မက္ေဆ့ေတြ ပို႔ေနေသးတယ္။ က်ေနာ္တို႔ နွစ္သင္းလံုး နုိင္ပြဲေကာင္းေတြ ရထားတဲ့ သီတင္းပတ္ ေကာင္းေပါ့ဗ်ာ။ သူက တကယ္ေတာ္တဲ့သူပါ သူ႔ကုိ ဘယ္လို ေက်းဇူးတင္ရမွန္း မသိေအာင္ပဲ။ ” လို႔ ဂ်ရတ္က ဖြင့္ဟ ေျပာၾကားခဲ့ပါတယ္။

ဂ်ရတ္က ၄င္းဟာ အတူလက္တြဲဖူးတဲ့ နည္းျပေဟာငး္ေတြဆီကလည္း နမူနာေကာင္းေတြ ယူေၾကာင္းနဲ႕ ဆရာေဟာင္းေတြဆီက သင္ယူခဲ့ရသမွ်နဲ႕ အေတြ႔အၾကံဳေတြကေန နည္းျပ အျဖစ္ ၾကိဳးစားေနေၾကာင္း ေျပာဆိုခဲ့ပါတယ္။

” က်ေနာ္ ဆရာေဟာင္းေတြဆီက အကုန္ အတုယူသင္ယူပါတယ္။ ရာဖာ (ဘင္နီတက္ဇ္)၊ ဘရန္ဒန္ (ေရာ္ဂ်ာ)၊ ဂ်ရတ္ ဟူလီယာ၊ ရြိဳင္းေဟာ့ဆန္ အားလံုးပါပဲ။ သူတို႔ကေတာ့ သိခ်င္မွ သိမယ္ ဒါေပမယ့္ သူတို႔ဆီက သင္ယူခဲ့တာေတြကို က်ေနာ္ ျပန္ အသံုးခ်ေနတာပါ။ ” လို႔ ၄င္းက ဆိုပါတယ္။