ချယ်ဆီးကို လမ်းပတ်ရောက်လာစဉ်မှာ အပြောင်းအရွှေ့ ပိတ်ခံထားရတာဖြစ်လို့ အငှားကစားသမားတွေကို စီနီယာအသင်းမှာ နေရာပေးဖို့ ဆုံးဖြတ်လာခဲ့ပြီး ဥရောပတလွှားမှာ အငှားချမှုက အရင်နှစ်တွေလောက် မများတော့ပါဘူး။

ချယ်ဆီးဟာ ကစားသမား ၂၇ ယောက်ကိုပဲ အငှားချထားပြီး အဲ့သည်ထဲမှာတော့ ချာတန်မှာ ခြေစွမ်းတောက်ပနေပြီး ဒီရာသီ ပွဲပေါင်း ၁၆ ပွဲထွက် ပွဲထွက်ကစားခွင့် ရထားတဲ့ အသက် ၁၉ နှစ်အရွယ် ဂါလယ်ဟာ၊ နှစ်ရာသီဆက် အငှားချမှုအဖြစ် အသင်းဟောင်း မိုနာကိုထံ အငှားချထားပြီး ဖာဘရီဂတ်စ်နဲ့ တွဲဘက်ကာ ခြေစွမ်းကောင်းနေတဲ့ ဘာကာယိုကိုတို့ ပါဝင်တယ်။

သူတို့နှစ်ဦးအပြင် နောက်ထပ် ကွင်းလယ်လူကတော့ စီးရီအေကလပ် အတ္တလန်တာအသင်းထံ အငှားထွက်ကစားနေတဲ့ အသက် ၂၄ နှစ်အရွယ် ခရိုအေးရှား ကွင်လယ်လူ ပါဆာလစ်လည်း ပါဝင်ပါတယ်။ သူဟာ စီးရီးအေကလပ်မှာ အောင်မြင်တဲ့ ကစားသမားဖြစ်နေပြီး ကလပ်အသင်းရဲ့ အဓိက ကစားသမားဖြစ်သလို အတ္တလန်တာအသင်းသမိုင်းမှာ ပထမဆုံးအကြိမ် ပါဝင်ယှဉ်ပြိုင်တဲ့ ချန်ပီယံလိဂ်မှာလည်း ပွဲထွက်ခွင့်ရ ကစားသမားဖြစ်နေတာပါ။

အုပ်စုတွင်းမှာ အခြေအနေမကောင်းပေမယ့် ပါဆာလစ်ဟာ ပရီးမီးယားလိဂ်ကလပ် မန်စီးတီးနဲ့ ရင်ဆိုင်ကစားစဉ်မှာ သရေရလဒ်ရဖို့ တောက်ပတဲ့ခြေစွမ်းတွေကို ပြသနိုင်ခဲ့တယ်။ သူ့ရဲ့ လက်ရှိခြေစွမ်းတွေကြောင့် လက်ရွေးစင်အသင်းက မိုဒရစ်နဲ့ နှိုင်းယှဉ်ခံထားရပြီး ကွင်းလယ်ပိုင်းအတွက် ထူးချွန်သူတစ်ဦးအဖြစ် နာမည်ရလာနေသူဖြစ်ပါတယ်။

ချယ်ဆီးမှာ ကန်တီ ကြံ့ခိုင်မှုဆိုင်ရာကနေ ပြန်ကောင်းလာပေမယ့် လော့တပ်ချိစ် ပြန်မကစားနိုင်သေးပါဘူး။ ချယ်ဆီးက ပါဆာလစ်ကို ရာသီဝက်မှာ ပြန်လည်ခေါ်ယူခွင့် မရှိဘူးလို့တော့ သိရတယ်။ အတ္တလန်တာဘက်က ကစားသမားကို စာချုပ်ပါအရ သက်သာတဲ့ ဈေးနှုန်းနဲ့ ခေါ်ယူခွင့်ကို စိတ်ဝင်စားနေပေမယ့် ကစားသမားရဲ့ အလားအလာကို မြင်လာရတဲ့နောက် ချယ်ဆီးဘက်က ခရိုအေးရှားသာကို လက်လွတ်မှာ မဟုတ်ဘူးဆိုတဲ့ အရိပ်အယောင်တွေ ပြသနေပြီဖြစ်ပါတယ်။

ZAWGYI

ခ်ယ္ဆီးကို လမ္းပတ္ေရာက္လာစဥ္မွာ အေျပာင္းအေရႊ႔ ပိတ္ခံထားရတာျဖစ္လို႔ အငွားကစားသမားေတြကို စီနီယာအသင္းမွာ ေနရာေပးဖို႔ ဆံုးျဖတ္လာခဲ့ျပီး ဥေရာပတလႊားမွာ အငွားခ်မႈက အရင္ႏွစ္ေတြေလာက္ မမ်ားေတာ့ပါဘူး။

ခ်ယ္ဆီးဟာ ကစားသမား ၂၇ ေယာက္ကိုပဲ အငွားခ်ထားျပီး အဲ့သည္ထဲမွာေတာ့ ခ်ာတန္မွာ ေျခစြမ္းေတာက္ပေနျပီး ဒီရာသီ ပြဲေပါင္း ၁၆ ပြဲထြက္ ပြဲထြက္ကစားခြင့္ ရထားတဲ့ အသက္ ၁၉ ႏွစ္အရြယ္ ဂါလယ္ဟာ၊ ႏွစ္ရာသီဆက္ အငွားခ်မႈအျဖစ္ အသင္းေဟာင္း မိုနာကိုထံ အငွားခ်ထားျပီး ဖာဘရီဂတ္စ္နဲ႔ တြဲဘက္ကာ ေျခစြမ္းေကာင္းေနတဲ့ ဘာကာယိုကိုတို႔ ပါဝင္တယ္။

သူတို႔ႏွစ္ဦးအျပင္ ေနာက္ထပ္ ကြင္းလယ္လူကေတာ့ စီးရီေအကလပ္ အတၱလန္တာအသင္းထံ အငွားထြက္ကစားေနတဲ့ အသက္ ၂၄ ႏွစ္အရြယ္ ခရိုေအးရွား ကြင္လယ္လူ ပါဆာလစ္လည္း ပါဝင္ပါတယ္။ သူဟာ စီးရီးေအကလပ္မွာ ေအာင္ျမင္တဲ့ ကစားသမားျဖစ္ေနျပီး ကလပ္အသင္းရဲ႕ အဓိက ကစားသမားျဖစ္သလို အတၱလန္တာအသင္းသမိုင္းမွာ ပထမဆံုးအၾကိမ္ ပါဝင္ယွဥ္ျပိဳင္တဲ့ ခ်န္ပီယံလိဂ္မွာလည္း ပြဲထြက္ခြင့္ရ ကစားသမားျဖစ္ေနတာပါ။

အုပ္စုတြင္းမွာ အေျခအေနမေကာင္းေပမယ့္ ပါဆာလစ္ဟာ ပရီးမီးယားလိဂ္ကလပ္ မန္စီးတီးနဲ႔ ရင္ဆိုင္ကစားစဥ္မွာ သေရရလဒ္ရဖို႔ ေတာက္ပတဲ့ေျခစြမ္းေတြကို ျပသႏုိင္ခဲ့တယ္။ သူ႔ရဲ႕ လက္ရွိေျခစြမ္းေတြေၾကာင့္ လက္ေရြးစင္အသင္းက မိုဒရစ္နဲ႔ ႏိႈင္းယွဥ္ခံထားရျပီး ကြင္းလယ္ပိုင္းအတြက္ ထူးခၽြန္သူတစ္ဦးအျဖစ္ နာမည္ရလာေနသူျဖစ္ပါတယ္။

ခ်ယ္ဆီးမွာ ကန္တီ ၾကံ႕ခိုင္မႈဆိုင္ရာကေန ျပန္ေကာင္းလာေပမယ့္ ေလာ့တပ္ခ်ိစ္ ျပန္မကစားႏုိင္ေသးပါဘူး။ ခ်ယ္ဆီးက ပါဆာလစ္ကို ရာသီဝက္မွာ ျပန္လည္ေခၚယူခြင့္ မရွိဘူးလို႔ေတာ့ သိရတယ္။ အတၱလန္တာဘက္က ကစားသမားကို စာခ်ဳပ္ပါအရ သက္သာတဲ့ ေစ်းႏႈန္းနဲ႔ ေခၚယူခြင့္ကို စိတ္ဝင္စားေနေပမယ့္ ကစားသမားရဲ႕ အလားအလာကို ျမင္လာရတဲ့ေနာက္ ခ်ယ္ဆီးဘက္က ခရိုေအးရွားသာကို လက္လြတ္မွာ မဟုတ္ဘူးဆိုတဲ့ အရိပ္အေယာင္ေတြ ျပသေနျပီျဖစ္ပါတယ္။