ယူရိုပါလိဂ်ပွဲအဖြစ် အက်စတာနဲ့ ယှဉ်ပြိုင်ရမယ့်ပွဲမှာ အသင်းခေါင်းဆောင်အဖြစ် လင်ဂတ် တာဝန်ယူမယ်လို့ ကလပ်ဘက်က အတည်ပြုထားပါတယ်။ ဒါကြောင့် အုပ်စုအဆင့်ကနေ ကျော်လွန်ခဲ့ပြီဖြစ်တဲ့ ယူရိုပါလိဂ်ပွဲမှာ မန်နေဂျာဆိုးရှားဟာ စီနီယာတွေ အများအပြားကို အနားပေးဖို့ သေချာခဲ့ပြီဖြစ်တယ်။

အသက် ၂၆ နှစ်အရွယ် ကွင်းလယ်လူဟာ အကယ်ဒမီ ကစားသမား အများအပြားကို ဦးဆောင်ကာ ပွဲထွက်မှာဖြစ်ပြီး ဒီပွဲအတွက် ကလပ်ဟာ လူငယ်ကစားသမား ၁၄ ဦးလောက်ထိကို ခေါ်ယူသွားတာဖြစ်တယ်။ မန်နေဂျာဆိုးရှားကတော့ လင်ဂတ်အနေနဲ့ သူ့အပေါ် ကျရောက်လာတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်မယ်လို့ ယုံကြည်နေတယ်။ လင်ဂတ် ကိုယ်တိုင်ကလည်း အသင်းခေါင်းဆောင် လက်ပတ်ကို ဝတ်ဆင်ရမှာကို ဂုဏ်ယူနေပါတယ်။

လင်ဂတ်က ” တကယ်ကို ဂုဏ်ယူစရာကြီးပါပဲ။ ရာသီအစတုန်းက ပြောခဲ့သလိုပဲ ကျနော်က ခေါင်းဆောင်မှုပိုင်းမှာ ပိုမို ကောင်းမွန်လာသူပါ။ ကွင်းတွင်းကော ကွင်းပြင်မှာပါ အသင်းရဲ့ အရေးကြီးတဲ့ စီနီယာ အသင်းသားတစ်ဦးပါ။ အခုချိန်မှာ ဒါကို ပြသဖို့ရာ အချိန်ကိုက်ကို ရောက်လာခဲ့ပါပြီ ” လို ဆိုခဲ့ပါတယ်။

လင်ဂတ်ကိုယ်တိုင်က ယူနိုက်တက် အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တာဖြစ်ပြီး ယူရိုပါလိဂ်ပွဲအတွက် ခရီးစဉ်မှာ သူဟာ လီဗတ်၊ အီသန် လွိုက်၊ ဘားနတ် အစရှိတဲ့ အကယ်ဒမီ ကြယ်ပွင့်တွေကို ဦးဆောင် ခေါ်ယူလာခဲ့တာပါ။ ရလဒ်က အရေးမကြီးတော့ပေမယ့် လူငယ်တွေအတွက် ဒီပွဲက အနိုင်ရဖို့ လိုအပ်မယ်ဆိုတာ လင်ဂတ်က နားလည်ထားပါတယ်။

” အကယ်ဒမီ ကစားသမားတွေက ကျနေ်ာတို့နဲ့ လေ့ကျင့်ခဲ့ပြီး နေ့တိုင်းမှာ ကောင်းကောင်း လုပ်နိုင်ပါတယ်။ သူတို့ရဲ့ အရည်အချင်းကို နေ့တိုင်း မြင်နေရတာပါ။ ဒီနေ့ပွဲမှာ ကျနေ်ာတို့ ဒီအရည်အချင်းတွေကို ပြသနိုင်ဖို့ မျှော်လင့်ပါတယ်။ ကျနေ်ာတို့ အုပ်စုနေ ကျော်လွန်ခဲ့ပြိဆိုတာ နားလည်ပါတယ်။ ဒါပေမယ့် စိတ်ဓါတ်ပိုင်းအရ ဒီပွဲကို အနိုင်ရဖို့ လိုပါတယ်။

အဲ့တာက ကျနေ်ာတို့ ပြင်ဆင်နေခြင်း အကြောင်းရင်းပါပဲ။ လူငယ်ကစားသမားတွေနဲ့အတူ သူတို့ကို ဦးဆောင်ရမှာဖြစ်ပြီး စံပြတစ်ယောက်အနေနဲ့ ရလဒ်ကောင်းဖို့အတွက် ကျနေ်ာ ကြိုးစားသွားမှာပါ ” လို့ လင်ဂတ်က ပြောဆိုခဲ့ပါတယ်။

ZAWGYI

ယူရိုပါလိဂ္ပြဲအျဖစ္ အက္စတာနဲ႔ ယွဥ္ျပိဳင္ရမယ့္ပြဲမွာ အသင္းေခါင္းေဆာင္အျဖစ္ လင္ဂတ္ တာဝန္ယူမယ္လို႔ ကလပ္ဘက္က အတည္ျပဳထားပါတယ္။ ဒါေၾကာင့္ အုပ္စုအဆင့္ကေန ေက်ာ္လြန္ခဲ့ျပီျဖစ္တဲ့ ယူရိုပါလိဂ္ပြဲမွာ မန္ေနဂ်ာဆိုးရွားဟာ စီနီယာေတြ အမ်ားအျပားကို အနားေပးဖို႔ ေသခ်ာခဲ့ျပီျဖစ္တယ္။

အသက္ ၂၆ ႏွစ္အရြယ္ ကြင္းလယ္လူဟာ အကယ္ဒမီ ကစားသမား အမ်ားအျပားကို ဦးေဆာင္ကာ ပြဲထြက္မွာျဖစ္ျပီး ဒီပြဲအတြက္ ကလပ္ဟာ လူငယ္ကစားသမား ၁၄ ဦးေလာက္ထိကို ေခၚယူသြားတာျဖစ္တယ္။ မန္ေနဂ်ာဆိုးရွားကေတာ့ လင္ဂတ္အေနနဲ႔ သူ႔အေပၚ က်ေရာက္လာတဲ့ စိန္ေခၚမႈေတြကို ရင္ဆုိင္ႏုိင္မယ္လို႔ ယံုၾကည္ေနတယ္။ လင္ဂတ္ ကိုယ္တိုင္ကလည္း အသင္းေခါင္းေဆာင္ လက္ပတ္ကို ဝတ္ဆင္ရမွာကို ဂုဏ္ယူေနပါတယ္။

လင္ဂတ္က ” တကယ္ကို ဂုဏ္ယူစရာၾကီးပါပဲ။ ရာသီအစတုန္းက ေျပာခဲ့သလိုပဲ က်ေနာ္က ေခါင္းေဆာင္မႈပိုင္းမွာ ပိုမို ေကာင္းမြန္လာသူပါ။ ကြင္းတြင္းေကာ ကြင္းျပင္မွာပါ အသင္းရဲ႕ အေရးၾကီးတဲ့ စီနီယာ အသင္းသားတစ္ဦးပါ။ အခုခ်ိန္မွာ ဒါကို ျပသဖို႔ရာ အခ်ိန္ကိုက္ကို ေရာက္လာခဲ့ပါျပီ ” လို ဆိုခဲ့ပါတယ္။

လင္ဂတ္ကိုယ္တိုင္က ယူႏုိက္တက္ အကယ္ဒမီကေန ေပၚထြက္လာခဲ့တာျဖစ္ျပီး ယူရိုပါလိဂ္ပြဲအတြက္ ခရီးစဥ္မွာ သူဟာ လီဗတ္၊ အီသန္ လိြဳက္၊ ဘားနတ္ အစရွိတဲ့ အကယ္ဒမီ ၾကယ္ပြင့္ေတြကို ဦးေဆာင္ ေခၚယူလာခဲ့တာပါ။ ရလဒ္က အေရးမၾကီးေတာ့ေပမယ့္ လူငယ္ေတြအတြက္ ဒီပြဲက အနုိင္ရဖို႔ လိုအပ္မယ္ဆိုတာ လင္ဂတ္က နားလည္ထားပါတယ္။

” အကယ္ဒမီ ကစားသမားေတြက က်ေန္ာတုိ႔နဲ႔ ေလ့က်င့္ခဲ့ျပီး ေန႔တိုင္းမွာ ေကာင္းေကာင္း လုပ္ႏုိင္ပါတယ္။ သူတို႔ရဲ႕ အရည္အခ်င္းကို ေန႔တိုင္း ျမင္ေနရတာပါ။ ဒီေန႔ပြဲမွာ က်ေန္ာတုိ႔ ဒီအရည္အခ်င္းေတြကို ျပသႏုိင္ဖို႔ ေမွ်ာ္လင့္ပါတယ္။ က်ေန္ာတုိ႔ အုပ္စုေန ေက်ာ္လြန္ခဲ့ျပိဆိုတာ နားလည္ပါတယ္။ ဒါေပမယ့္ စိတ္ဓါတ္ပိုင္းအရ ဒီပြဲကို အႏုိင္ရဖို႔ လိုပါတယ္။

အဲ့တာက က်ေန္ာတို႔ ျပင္ဆင္ေနျခင္း အေၾကာင္းရင္းပါပဲ။ လူငယ္ကစားသမားေတြနဲ႔အတူ သူတို႔ကို ဦးေဆာင္ရမွာျဖစ္ျပီး စံျပတစ္ေယာက္အေနနဲ႔ ရလဒ္ေကာင္းဖို႔အတြက္ က်ေန္ာ ၾကိဳးစားသြားမွာပါ ” လို႔ လင္ဂတ္က ေျပာဆိုခဲ့ပါတယ္။