ယာဂင်ကလော့ပ်က နာပိုလီကို သရေကျတဲ့ ပွဲအပြီးမှာပဲ အုပ်စုတွင်း နောက်ဆုံးပွဲဖြစ်တဲ့ ဆဲလ်ဘတ်နဲ့ပွဲမှာ မရံှူးဖို့လိုတဲ့ ဖိအားကို ရရှိခဲ့ပြီဖြစ်ပြီး ဒီဖိအားကို ပရိသတ်တွေကိုပါ မျှဝေခံစားစေခဲ့တာကြောင့် တောင်းပန်ကြောင်း ထုတ်ပြောလိုက်ပါတယ်။

နာပိုလီကို သရေကျမှုဟာ ဆိုးရွားတဲ့ ရလဒ်မဟုတ်ပေမယ့် တစ်ဘက်မှာ လီဗာပူးအတွက် စိတ်ပျက်စရာ ရလဒ်လည်း ဖြစ်ခဲ့တာပါ။ ဒီရလဒ်ကြောင့် လီဗာပူးဟာ ရံှူးထွက်ကို ခပ်စောစောတက်ခွင့် မရခဲ့သလို နောက်ဆုံးကစားရမယ့် ချန်ပီယံလိဂ် အုပ်စုတွင်း အဝေးကွင်းမှာ ရလဒ်ကောင်းယူရမယ့် ဖိအားကိုပါ ပိုင်ဆိုင်ခဲ့ပြီဖြစ်ပါတယ်။

ဒီဇင်ဘာမှာ သြစတြီးယားမြို့ထဲ ဈေးဝယ်ထွက်ရင်း လီဗာပူးပွဲကို ကြည့်ရဖို့ ပရိသတ်တွေက မျှော်လင့်ခဲ့ပေမယ့် အားလုံး စိတ်ကူးထားသလို အနေအထား မဟုတ်ပဲ အေးအေးဆေးဆေး ကြည့်ရမယ့်အစား အသင်းကို ဆိုးရွားတဲ့ အနေအထား မရောက်ဖို့ရာ အားပေးမှုကောင်းတွေ လုပ်ရမယ့် အနေအထားကို ရောက်သွားခဲ့တာဖြစ်တယ်။ ဒါ့အပြင် အဓိက ကစားသမားတွေကို အနားပေးမရတဲ့ ပွဲတစ်ပွဲလည်း ဖြစ်သွားခဲ့ပါတယ်။

ကလော့ပ်က “ ရလဒ်တွေက ဖြစ်လာနိုင်ဆဲပါ။ ဂရုကလည်း ဖြစ်လာနိုင်ဆဲပါပဲ။ ကျနေ်ာတို့ အကြိုက် မဟုတ်ပေမယ့် အဆင်ပြေပါတယ်။ အသင်းမှာ ပြင်းပြတဲ့ အားထုတ်မှုတွေကို ပွဲတိုင်း လိုတယ်လို့ ကျနော် မပြောချင်ဘူး ဒါပေမယ့် အခုချိန်မှာ ကျနေ်ာတို့ လိုပါပြီ။

ကျနော်တို့က လူသားတွေပါ။ ဒီနေ့ပွဲကို အနိုင်ယူနိုင်ခဲ့မယ်ဆိုင် ဆဲလ်ဘတ်နဲ့ပွဲကို အားလပ်ရက်လို အေးဆေးကစားနိုင်မယ်ဆိုတာ ကျနော်သိတယ်။ အဲ့လိဖြစ်လာဖို့ မျှော်လင့်ခဲ့ပေမယ့် ဖြစ်မလာခဲ့ဘူး။ ကျနော် တောင်းပန်ပါတယ်။ ဆဲလ်ဘတ်နဲ့ပွဲက လွယ်ကူတဲ့ပွဲ ဖြစ်လာတော့မှာ မဟုတ်ပါဘူး။ ချန်ပီယံလိဂ်က မလွယ်ကူပဲ အမြဲတမ်း ခက်ခဲပါတယ် ” လိုပ ဆိုခဲ့တာဖြစ်တယ်။

လီဗာပူးဟာ အဝေးကွင်းမှာ ဆဲလ်ဘတ်ကို အနိုင်ရမယ်ဆိုရင် အုပ်စုဗိုလ်နဲ့ နောက်တစ်ဆင့်ကို တက်မှာပါ။ သရေကျမယ်ဆိုရင်လည်း အုပ်စုကနေ တက်မှာဖြစ်ပေမယ့် အရေးနိမ့်ခဲ့မယ်ဆိုရင်တော့ နာပိုလီအသင်း ရလဒ်ကောင်းရင် နောက်တစ်ဆင့်ကို မတတ်နိုင်ပဲ အုပ်စုအဆင့်နဲ့တင် ကျေနပ်ရမှာ ဖြစ်ပါတယ်။

ZAWGYI

ယာဂင္ကေလာ့ပ္က နာပိုလီကို သေရက်တဲ့ ပြဲအျပီးမွာပဲ အုပ္စုတြင္း ေနာက္ဆံုးပြဲျဖစ္တဲ့ ဆဲလ္ဘတ္နဲ႔ပြဲမွာ မရံွဴးဖို႔လိုတဲ့ ဖိအားကို ရရွိခဲ့ျပီျဖစ္ျပီး ဒီဖိအားကို ပရိသတ္ေတြကိုပါ မွ်ေဝခံစားေစခဲ့တာေၾကာင့္ ေတာင္းပန္ေၾကာင္း ထုတ္ေျပာလိုက္ပါတယ္။

နာပိုလီကို သေရက်မႈဟာ ဆိုးရြားတဲ့ ရလဒ္မဟုတ္ေပမယ့္ တစ္ဘက္မွာ လီဗာပူးအတြက္ စိတ္ပ်က္စရာ ရလဒ္လည္း ျဖစ္ခဲ့တာပါ။ ဒီရလဒ္ေၾကာင့္ လီဗာပူးဟာ ရံွဴးထြက္ကို ခပ္ေစာေစာတက္ခြင့္ မရခဲ့သလို ေနာက္ဆံုးကစားရမယ့္ ခ်န္ပီယံလိဂ္ အုပ္စုတြင္း အေဝးကြင္းမွာ ရလဒ္ေကာင္းယူရမယ့္ ဖိအားကိုပါ ပိုင္ဆိုင္ခဲ့ျပီျဖစ္ပါတယ္။

ဒီဇင္ဘာမွာ ၾသစၾတီးယားျမိဳ႕ထဲ ေစ်းဝယ္ထြက္ရင္း လီဗာပူးပြဲကို ၾကည့္ရဖို႔ ပရိသတ္ေတြက ေမွ်ာ္လင့္ခဲ့ေပမယ့္ အားလံုး စိတ္ကူးထားသလို အေနအထား မဟုတ္ပဲ ေအးေအးေဆးေဆး ၾကည့္ရမယ့္အစား အသင္းကို ဆိုးရြားတဲ့ အေနအထား မေရာက္ဖို႔ရာ အားေပးမႈေကာင္းေတြ လုပ္ရမယ့္ အေနအထားကို ေရာက္သြားခဲ့တာျဖစ္တယ္။ ဒါ့အျပင္ အဓိက ကစားသမားေတြကို အနားေပးမရတဲ့ ပြဲတစ္ပြဲလည္း ျဖစ္သြားခဲ့ပါတယ္။

ကေလာ့ပ္က “ ရလဒ္ေတြက ျဖစ္လာႏုိင္ဆဲပါ။ ဂရုကလည္း ျဖစ္လာႏုိင္ဆဲပါပဲ။ က်ေန္ာတုိ႔ အၾကိဳက္ မဟုတ္ေပမယ့္ အဆင္ေျပပါတယ္။ အသင္းမွာ ျပင္းျပတဲ့ အားထုတ္မႈေတြကို ပြဲတိုင္း လိုတယ္လို႔ က်ေနာ္ မေျပာခ်င္ဘူး ဒါေပမယ့္ အခုခ်ိန္မွာ က်ေန္ာတို႔ လိုပါျပီ။

က်ေနာ္တုိ႔က လူသားေတြပါ။ ဒီေန႔ပြဲကို အႏုိင္ယူႏုိင္ခဲ့မယ္ဆိုင္ ဆဲလ္ဘတ္နဲ႔ပြဲကို အားလပ္ရက္လို ေအးေဆးကစားႏုိင္မယ္ဆိုတာ က်ေနာ္သိတယ္။ အဲ့လိျဖစ္လာဖို႔ ေမွ်ာ္လင့္ခဲ့ေပမယ့္ ျဖစ္မလာခဲ့ဘူး။ က်ေနာ္ ေတာင္းပန္ပါတယ္။ ဆဲလ္ဘတ္နဲ႔ပြဲက လြယ္ကူတဲ့ပြဲ ျဖစ္လာေတာ့မွာ မဟုတ္ပါဘူး။ ခ်န္ပီယံလိဂ္က မလြယ္ကူပဲ အျမဲတမ္း ခက္ခဲပါတယ္ ” လိုပ ဆိုခဲ့တာျဖစ္တယ္။

လီဗာပူးဟာ အေဝးကြင္းမွာ ဆဲလ္ဘတ္ကို အႏုိင္ရမယ္ဆိုရင္ အုပ္စုဗိုလ္နဲ႔ ေနာက္တစ္ဆင့္ကို တက္မွာပါ။ သေရက်မယ္ဆိုရင္လည္း အုပ္စုကေန တက္မွာျဖစ္ေပမယ့္ အေရးနိမ့္ခဲ့မယ္ဆိုရင္ေတာ့ နာပိုလီအသင္း ရလဒ္ေကာင္းရင္ ေနာက္တစ္ဆင့္ကို မတတ္ႏုိင္ပဲ အုပ္စုအဆင့္နဲ႔တင္ ေက်နပ္ရမွာ ျဖစ္ပါတယ္။