စကိုင်းစပေါ့ သတင်းဌာနက ဖော်ပြလာမှုအရ အာဆင်နယ်ဟာ မန်နေဂျာသစ်အတွက် ရှာဖွေနေရာက စီးရီးအေချန်ပီယံဟောင်း အယ်လီဂရီကို ဆက်သွယ်မှုတွေ လုပ်နေခဲ့ကာ အပြန်အလှန် ချိတ်ဆက်နေတဲ့ အခြေအနေလို့ သိရပါတယ်။

ပြီးခဲ့တဲ့နွေမှာ ဂျူဗင်တပ်ကနေ ထွက်ခွာထားတဲ့ အယ်လီဂရီဟာ စီးရီးအေချန်ပီယံ ၅ ကြိမ်၊ အီတလီဖလား ၄ ကြိမ်တို့ကို အနိုင်ရခဲ့သလို ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ၂ ကြိမ်ထိ တက်ရောက်နိုင်ခဲ့သူပါ။ သူဟာ ဒီရာသီမှာ မန်နေဂျာအလုပ်ကို အနားယူဦးမှာဖြစ်ကာ ဘယ်လိုကလပ်ကိုမှ ကိုင်တွယ်မှာ မဟုတ်ဘူးလို့ ပြောဆိုထားပါသေးတယ်။

အမ်မရီ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရပြီး နာရီပိုင်းအကြာမှာပဲ အာဆင်နယ်ဘက်က မန်နေဂျာသစ်ကို အပူတပြင်း ရှာဖွေနေတဲ့ သတင်းတွေ ပွစာကျဲလာတာပါ။ အာဆင်နယ် အကြီးတန်းအရာရှိတွေက အမ်မရီနေရာ အစားထိုးဖို့ ပိုချက်တီနိုနေရာ အစားဝင်သွားတဲ့ မော်ရင်ညိုကို အလိုရှိခဲ့ပေမယ့် ဆုံးဖြတ်ချက်တွေ မလုပ်တာကြောင့် နောက်ကျခဲ့တာဖြစ်တယ်။

အာဆင်နယ်ဟာ စီးရီးအေကလပ် နာပိုလီအသင်းက အန်ဆယ်လော့တီကိုလည်း ကမ်းလှမ်းမှုတွေ လုပ်နေကြောင်း သိရပြီး သူ့နောက်မှာတော့ ဝုဗ်မှ ဆန်တို၊ မန်စီးတီးမှ အာတီတာတို့ကလည်း နာမည်ကြီးနေပါတယ်။ စပါးမန်နေဂျာဟောင်း ပိုချက်တီနိုနဲ့ သတင်းကြီးမှုကတော့ အယ်လီဂရီ၊ အန်ဆယ်လော့တီတို့ နောက်မှာပဲ ရှိနေတာဖြစ်တယ်။

အာဆင်နယ်အသင်းရဲ့ အကြီးတန်း ပုဂ္ဂိုလ် သုံးဦးလောက်ဟာ ဒီကနေ့မှာပဲ ဆုံးဖြတ်ချက်တွေ ပြုလုပ်ကာ အမ်မရီကို ရာထူးကနေ အနားပေးခဲ့တာပါ။ သူ့နေရာမှာ ယာယီမန်နေဂျာအဖြစ် ယွန်းဘက်ကို တာဝန်ပေးကာ သီတင်းပတ်အကုန်မှာ ယှဉ်ပြိုင်ရမယ့် နော်ဝစ်ပွဲကို ရင်ဆိုင်စေမှာ ဖြစ်ပါတယ်။

ZAWGYI

စကိုင္းစေပါ့ သတင္းဌာနက ေဖာ္ျပလာမႈအရ အာဆင္နယ္ဟာ မန္ေနဂ်ာသစ္အတြက္ ရွာေဖြေနရာက စီးရီးေအခ်န္ပီယံေဟာင္း အယ္လီဂရီကို ဆက္သြယ္မႈေတြ လုပ္ေနခဲ့ကာ အျပန္အလွန္ ခ်ိတ္ဆက္ေနတဲ့ အေျခအေနလို႔ သိရပါတယ္။

ျပီးခဲ့တဲ့ေႏြမွာ ဂ်ဴဗင္တပ္ကေန ထြက္ခြာထားတဲ့ အယ္လီဂရီဟာ စီးရီးေအခ်န္ပီယံ ၅ ၾကိမ္၊ အီတလီဖလား ၄ ၾကိမ္တို႔ကို အႏုိင္ရခဲ့သလို ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲကို ၂ ၾကိမ္ထိ တက္ေရာက္ႏုိင္ခဲ့သူပါ။ သူဟာ ဒီရာသီမွာ မန္ေနဂ်ာအလုပ္ကို အနားယူဦးမွာျဖစ္ကာ ဘယ္လိုကလပ္ကိုမွ ကိုင္တြယ္မွာ မဟုတ္ဘူးလို႔ ေျပာဆိုထားပါေသးတယ္။

အမ္မရီ ရာထူးကေန ထုတ္ပယ္ခံခဲ့ရျပီး နာရီပိုင္းအၾကာမွာပဲ အာဆင္နယ္ဘက္က မန္ေနဂ်ာသစ္ကို အပူတျပင္း ရွာေဖြေနတဲ့ သတင္းေတြ ပြစာက်ဲလာတာပါ။ အာဆင္နယ္ အၾကီးတန္းအရာရွိေတြက အမ္မရီေနရာ အစားထိုးဖို႔ ပိုခ်က္တီႏိုေနရာ အစားဝင္သြားတဲ့ ေမာ္ရင္ညိဳကို အလိုရွိခဲ့ေပမယ့္ ဆံုးျဖတ္ခ်က္ေတြ မလုပ္တာေၾကာင့္ ေနာက္က်ခဲ့တာျဖစ္တယ္။

အာဆင္နယ္ဟာ စီးရီးေအကလပ္ နာပိုလီအသင္းက အန္ဆယ္ေလာ့တီကိုလည္း ကမ္းလွမ္းမႈေတြ လုပ္ေနေၾကာင္း သိရျပီး သူ႔ေနာက္မွာေတာ့ ဝုဗ္မွ ဆန္တို၊ မန္စီးတီးမွ အာတီတာတို႔ကလည္း နာမည္ၾကီးေနပါတယ္။ စပါးမန္ေနဂ်ာေဟာင္း ပိုခ်က္တီႏိုနဲ႔ သတင္းၾကီးမႈကေတာ့ အယ္လီဂရီ၊ အန္ဆယ္ေလာ့တီတို႔ ေနာက္မွာပဲ ရွိေနတာျဖစ္တယ္။

အာဆင္နယ္အသင္းရဲ႕ အၾကီးတန္း ပုဂၢိဳလ္ သံုးဦးေလာက္ဟာ ဒီကေန႔မွာပဲ ဆံုးျဖတ္ခ်က္ေတြ ျပဳလုပ္ကာ အမ္မရီကို ရာထူးကေန အနားေပးခဲ့တာပါ။ သူ႔ေနရာမွာ ယာယီမန္ေနဂ်ာအျဖစ္ ယြန္းဘက္ကို တာဝန္ေပးကာ သီတင္းပတ္အကုန္မွာ ယွဥ္ျပိဳင္ရမယ့္ ေနာ္ဝစ္ပြဲကို ရင္ဆိုင္ေစမွာ ျဖစ္ပါတယ္။