နာပိုလီနဲ့ပွဲမှာ ဒဏ်ရာရခဲ့တဲ့ ကွင်းလယ်လူ ဖာဘင်ညိုရဲ့ ဒဏ်ရာအခြေအနေကို လီဗာပူးအသင်း တရားဝင် ဝဘ်ဆိုဒ်ကနေပြီး အတည်ပြုသတင်း ထုတ်ပြန်ပေးခဲ့ပြီဖြစ်ပါတယ်။

ချန်ပီယံလိဂ်ပွဲမှာ ပထမပိုင်း ပွဲချိန် ၁၈ မိနစ်အတွင်း ဒဏ်ရာရခဲ့တဲ့ ဖာဘင်ညိုဟာ ခြေကျင်းဝတ်မှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ကာလရှည် အနားယူသွားရမှာဖြစ်ပါတယ်။ လီဗာပူးဘက်က ကစားသမားဟာ ၂၀၂၀ နှစ်သစ်ထိ အသင်းအတွက် ပွဲထွက်ပေးနိုင်မှာ မဟုတ်ဘူးလို့ ဖော်ပြခဲ့တာဖြစ်ပြီး ဒဏ်ရာက ကာလရှည်ဆိုတာကလွဲလို့ ဘယ်လောက်ကြာမြင့်မယ်ဆိုတာကိုတော့ အသိမပေးခဲ့ပါဘူး။

ဒါပေမယ့်လည်း လီဗာပူးနဲ့ နီးစပ်တဲ့ သတင်းထောက်တွေဖြစ်တဲ့ Paul Joyce ကတော့ ဒဏ်ရာဟာ ၈ ပတ်ထိ ကြာနိုင်တယ်လို့ ဆိုသွားခဲ့တယ်။ မနက်တုန်းကပဲ မေလ်းသတင်းထောက် Dominic King က ၄ ပတ်ကနေ ၆ ပတ်ကျော်လို့ ပြောဆိုထားခဲ့သေးတာဖြစ်တယ်။

ဖာဘင်ညိုဟာ နာပိုလီပွဲအပြီးမှာ ဂန္တဝင်ကြီးဒေကိုနဲ့ အတူဓါတ်ပုံရိုက်ခဲ့စဉ်က ခြေထောက်မှာ အထိန်းတပ်ထားတာကို မြင်ခဲ့ရတယ်။ သူဟာ ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းအတွက် မဲဝုဒ်မှာ စတင်ကာ ပြင်ဆင်ရတော့မှာဖြစ်ပြီး ကြံ့ခိုင်မှု အပြည့်အဝ ပြန်ကောင်းတဲ့ အချိန်ထိ မဲဝုဒ်မှာပဲ ဆက်လက် လေ့ကျင့်ရေမှာဖြစ်ပါတယ်။

လီဗာပူးအတွက် ၁၀ ပွဲလောက်ထိ လွဲချော်သွားတော့မယ့် ဖာဘင်ညိုနေရာမှာ တိုက်ရိုက်အစားထိုးဖို့ ဟန်ဒါဆန်နဲ့ လယ်လာနာတို့ရှိပြီး ယာဂင်ကလော့ပ်ဟာ ကွင်းလယ် သုံးယောက်တန်းမှာတော့ တိုက်စစ်အားသန် ကစားသမားတွေဖြစ်တဲ့ ချိန်ဘာလိန်၊ ကီတာတို့ကို ထည့်သုံးဖို့ ရှိနေပါတယ်။

Zawgyi

နာပိုလီနဲ႔ပြဲမွာ ဒဏ္ရာရခဲ့တဲ့ ကြင္းလယ္လူ ဖာဘင္ညိဳရဲ႕ ဒဏ္ရာအေျခအေနကို လီဗာပူးအသင္း တရားဝင္ ဝဘ္ဆိုဒ္ကေနျပီး အတည္ျပဳသတင္း ထုတ္ျပန္ေပးခဲ့ျပီျဖစ္ပါတယ္။

ခ်န္ပီယံလိဂ္ပြဲမွာ ပထမပိုင္း ပြဲခ်ိန္ ၁၈ မိနစ္အတြင္း ဒဏ္ရာရခဲ့တဲ့ ဖာဘင္ညိဳဟာ ေျခက်င္းဝတ္မွာ ဒဏ္ရာရရွိခဲ့တာျဖစ္ျပီး ကာလရွည္ အနားယူသြားရမွာျဖစ္ပါတယ္။ လီဗာပူးဘက္က ကစားသမားဟာ ၂၀၂၀ ႏွစ္သစ္ထိ အသင္းအတြက္ ပြဲထြက္ေပးႏုိင္မွာ မဟုတ္ဘူးလို႔ ေဖာ္ျပခဲ့တာျဖစ္ျပီး ဒဏ္ရာက ကာလရွည္ဆိုတာကလြဲလို႔ ဘယ္ေလာက္ၾကာျမင့္မယ္ဆိုတာကိုေတာ့ အသိမေပးခဲ့ပါဘူး။

ဒါေပမယ့္လည္း လီဗာပူးနဲ႔ နီးစပ္တဲ့ သတင္းေထာက္ေတြျဖစ္တဲ့ Paul Joyce ကေတာ့ ဒဏ္ရာဟာ ၈ ပတ္ထိ ၾကာနုိင္တယ္လို႔ ဆိုသြားခဲ့တယ္။ မနက္တုန္းကပဲ ေမလး္သတင္းေထာက္ Dominic King က ၄ ပတ္ကေန ၆ ပတ္ေက်ာ္လို႔ ေျပာဆိုထားခဲ့ေသးတာျဖစ္တယ္။

ဖာဘင္ညိဳဟာ နာပိုလီပြဲအျပီးမွာ ဂႏၱဝင္ၾကီးေဒကိုနဲ႔ အတူဓါတ္ပံုရိုက္ခဲ့စဥ္က ေျခေထာက္မွာ အထိန္းတပ္ထားတာကို ျမင္ခဲ့ရတယ္။ သူဟာ ျပန္လည္ထူေထာင္ေရးဆိုင္ရာ လုပ္ငန္းအတြက္ မဲဝုဒ္မွာ စတင္ကာ ျပင္ဆင္ရေတာ့မွာျဖစ္ျပီး ၾကံ႕ခိုင္မႈ အျပည့္အဝ ျပန္ေကာင္းတဲ့ အခ်ိန္ထိ မဲဝုဒ္မွာပဲ ဆက္လက္ ေလ့က်င့္ေရမွာျဖစ္ပါတယ္။

လီဗာပူးအတြက္ ၁၀ ပြဲေလာက္ထိ လြဲေခ်ာ္သြားေတာ့မယ့္ ဖာဘင္ညိဳေနရာမွာ တိုက္ရိုက္အစားထိုးဖို႔ ဟန္ဒါဆန္နဲ႔ လယ္လာနာတို႔ရွိျပီး ယာဂင္ကေလာ့ပ္ဟာ ကြင္းလယ္ သံုးေယာက္တန္းမွာေတာ့ တိုက္စစ္အားသန္ ကစားသမားေတြျဖစ္တဲ့ ခ်ိန္ဘာလိန္၊ ကီတာတို႔ကို ထည့္သံုးဖို႔ ရွိေနပါတယ္။