မန်ချက်စတာ ယူနိုက်တက် ဂိုးသမား ဒီဂီယာက အသင်းရဲ့ မတည်ငြိမ်တဲ့ ရလဒ်နဲ့ စွမ်းဆောင်ရည်တွေက အသင်း လူစာရင်းမှာ အရည်အချင်းကောင်းတွေ ရှိတဲ့ ကွာလတီ ကစားသမား နည်းပါးနေခြင်းကြောင့် ဖြစ်နိုင်ကြောင်း ထုတ်ဖော် ပြောဆိုလာခဲ့ပါတယ်။

ယူနိုက်တက်ဟာ ရှက်ဖီးနဲ့ ပွဲမှာ ပရီးမီးယားလိဂ်မှာ ပွဲဆက်နိုင်ပွဲ ပြန်ရဖို့ အလွန် နီးစပ်ခဲ့သော်လည်း ပွဲပြီးခါနီးမှ ပေးလိုက်ရတဲ့ ချေပဂိုးကြောင့် သရေနဲ့ ကျေနပ်ခဲ့ရပါတယ်။ ယူနိုက်တက်ဟာ ရှိတဲ့ လူနဲ့ အသင်း ထရိန်နင်မှာ အားထုတ်ကြိုးစားနေတာ မှန်သော်လည်း အမှတ်ပေးဇယား အဆင့် ၉ နေရာကနေ ပြန်ဆယ်တင်နိုင်ဖို့ တိုးတက်မှု ကြီးကြီး လိုအပ်ကြောင်း ဒီဂီယာက သိရှိထားပါတယ်။

” အသင်းကတော့ ဒီတလော ရလဒ်တွေကို မြင်တဲ့ အတိုင်းပါပဲ။ ရှက်ဖီးနဲ့ပွဲမှာ ပထမပိုင်း ကစားပုံက တော်တော် ဆိုးဆိုးပဲ။ ဒီနှစ် အဆိုးဆုံး ကစားပုံလို့တောင် ဆိုရမလိုပဲ။ ဒါပေမယ့် ဒုတိယပိုင်းမှာ အသင်းသားတွေ တုန့်ပြန်ပုံက အရေးပါခဲ့တယ်။ ဒါပေမယ့် နိုင်ပွဲ အတွက် မလုံလောက်ခဲ့ဘူး။ ”

” ကျနေ်ာတို့ အနေနဲ့ အမှတ်ပေးဇယား ထိပ်ပိုင်းနား ပြန်ရောက်ချင်ရင် ဒီလိုပွဲတွေ အနိုင် ကစားသင့်ပါတယ်။ ကျနေ်ာတို့ လေးငါးပွဲလောက် ဆက်တိုက် နိုင်ပွဲ ပြန်ရဖို့ လိုတယ်။ လောလောဆယ် အသင်း ကစားနေပုံက သိပ်မကောင်းဘူး။ ကျနော်တို့လည်း အစွမ်းကုန် အားထုတ် ကစားတယ်။ နိုင်ပွဲကြီးတွေ ယူပြီး အမှတ်ပေးဇယားမှာ မြင့်နိုင်သမျှ မြင့်မြင့်ရောက်ချင်ကြတယ်။ ဒါပေမယ့် လက်တွေ့မှာ အမှန်တရားကတော့ အဲဒီအတွက် ကျနေ်ာတို့မှာ လုံလောက်တဲ့ တည်ငြိမ်မှု မရှိဘူး။ တိုးတက်လာဖို့ အများကြီးလိုအပ်ပြီး အများကြီး လေ့ကျင့်ရဦးမယ်။ ”

” အားထုတ်မှုပိုင်းမှာ အသင်းသားတွေဘက်က လိုအပ်တာ မရှိဘူးလို့ ထင်တယ်။ ကွင်းထဲမှာ ထရိန်နင်မှာ အားလုံးက အစွမ်းကုန်ကို အားထုတ် နေတာပါ။ ပြောရမယ်ဆိုရင် တချို့နေရာတွေမှာ အသင်းလူစရင်းထဲ ကွာလတီ ကစားသမားတွေ လိုအပ်နေတယ်။ တိုက်ရည်ခိုက်ရည် မရှိလို့ အသင်းက ဒီလို ဖြစ်နေတာ မဟုတ်ပါဘူး။ ” လို့ ဒီဂီယာက ဆိုခဲ့ပါတယ်။

စပိန်သား ဂိုးသမားဟာ ယူနိုက်တက် လူစာရင်းမှာတော့ ထိပ်တန်း ကွာလတီ အသင်းသား ဖြစ်ပြီး ဒီရာသီဟာ ၎င်းအတွက် ယူနိုက်တက်နဲ့ ၉ ရာသီ မြောက် ဖြစ်ပါတယ်။ အသင်းမှာ ကြယ်ပွင့် ကစားသမားကောင်းတွေ လိုအပ်နေတယ်လို့ ဒီဂီယာက ထောက်ပြလာပေမယ့် ဆိုးရှားကတော့ ပေါ့ဘာ ပြန်လာရင် ကမ္ဘာ့အဆင့် ကစားသမားသစ် တစ်ဦး လက်မှတ်ထိုး ခေါ်ယူခြင်းနဲ့ တူတူပဲ လို့ အကောင်း မြင်ထားပါတယ်။

Zawgyi

မန္ခ်က္စတာ ယူနိုက္တက္ ဂိုးသမား ဒီဂီယာက အသင္းရဲ႕ မတည္ျငိမ္တဲ့ ရလဒ္နဲ႕ စြမ္းေဆာင္ရည္ေတြက အသင္း လူစာရင္းမွာ အရည္အခ်င္းေကာင္းေတြ ရွိတဲ့ ကြာလတီ ကစားသမား နည္းပါးေနျခင္းေၾကာင့္ ျဖစ္နုိင္ေၾကာင္း ထုတ္ေဖာ္ ေျပာဆိုလာခဲ့ပါတယ္။

ယူနိုက္တက္ဟာ ရွက္ဖီးနဲ႕ ပြဲမွာ ပရီးမီးယားလိဂ္မွာ ပြဲဆက္နုိင္ပြဲ ျပန္ရဖို႔ အလြန္ နီးစပ္ခဲ့ေသာ္လည္း ပြဲျပီးခါနီးမွ ေပးလိုက္ရတဲ့ ေခ်ပဂိုးေၾကာင့္ သေရနဲ႕ ေက်နပ္ခဲ့ရပါတယ္။ ယူနိုက္တက္ဟာ ရွိတဲ့ လူနဲ႕ အသင္း ထရိန္နင္မွာ အားထုတ္ၾကိဳးစားေနတာ မွန္ေသာ္လည္း အမွတ္ေပးဇယား အဆင့္ ၉ ေနရာကေန ျပန္ဆယ္တင္နုိင္ဖို႔ တိုးတက္မႈ ၾကီးၾကီး လိုအပ္ေၾကာင္း ဒီဂီယာက သိရွိထားပါတယ္။

” အသင္းကေတာ့ ဒီတေလာ ရလဒ္ေတြကို ျမင္တဲ့ အတိုင္းပါပဲ။ ရွက္ဖီးနဲ႕ပြဲမွာ ပထမပိုင္း ကစားပံုက ေတာ္ေတာ္ ဆိုးဆိုးပဲ။ ဒီနွစ္ အဆိုးဆံုး ကစားပံုလို႔ေတာင္ ဆိုရမလိုပဲ။ ဒါေပမယ့္ ဒုတိယပိုင္းမွာ အသင္းသားေတြ တုန္႔ျပန္ပံုက အေရးပါခဲ့တယ္။ ဒါေပမယ့္ နုိင္ပြဲ အတြက္ မလံုေလာက္ခဲ့ဘူး။ ”

” က်ေန္ာတို႔ အေနနဲ႕ အမွတ္ေပးဇယား ထိပ္ပိုင္းနား ျပန္ေရာက္ခ်င္ရင္ ဒီလိုပြဲေတြ အနိုင္ ကစားသင့္ပါတယ္။ က်ေန္ာတို႔ ေလးငါးပြဲေလာက္ ဆက္တိုက္ နုိင္ပြဲ ျပန္ရဖို႔ လိုတယ္။ ေလာေလာဆယ္ အသင္း ကစားေနပံုက သိပ္မေကာင္းဘူး။ က်ေနာ္တို႔လည္း အစြမ္းကုန္ အားထုတ္ ကစားတယ္။ နုိင္ပြဲၾကီးေတြ ယူျပီး အမွတ္ေပးဇယားမွာ ျမင့္နုိင္သမွ် ျမင့္ျမင့္ေရာက္ခ်င္ၾကတယ္။ ဒါေပမယ့္ လက္ေတြ႔မွာ အမွန္တရားကေတာ့ အဲဒီအတြက္ က်ေန္ာတို႔မွာ လံုေလာက္တဲ့ တည္ျငိမ္မႈ မရွိဘူး။ တိုးတက္လာဖို႔ အမ်ားၾကီးလိုအပ္ျပီး အမ်ားၾကီး ေလ့က်င့္ရဦးမယ္။ ”

” အားထုတ္မႈပိုင္းမွာ အသင္းသားေတြဘက္က လိုအပ္တာ မရွိဘူးလို႔ ထင္တယ္။ ကြင္းထဲမွာ ထရိန္နင္မွာ အားလံုးက အစြမ္းကုန္ကုိ အားထုတ္ ေနတာပါ။ ေျပာရမယ္ဆိုရင္ တခ်ိဳ႕ေနရာေတြမွာ အသင္းလူစရင္းထဲ ကြာလတီ ကစားသမားေတြ လိုအပ္ေနတယ္။ တိုက္ရည္ခိုက္ရည္ မရွိလို႔ အသင္းက ဒီလို ျဖစ္ေနတာ မဟုတ္ပါဘူး။ ” လို႔ ဒီဂီယာက ဆိုခဲ့ပါတယ္။

စပိန္သား ဂိုးသမားဟာ ယူနိုက္တက္ လူစာရင္းမွာေတာ့ ထိပ္တန္း ကြာလတီ အသင္းသား ျဖစ္ျပီး ဒီရာသီဟာ ၄င္းအတြက္ ယူနိုက္တက္နဲ႕ ၉ ရာသီ ေျမာက္ ျဖစ္ပါတယ္။ အသင္းမွာ ၾကယ္ပြင့္ ကစားသမားေကာင္းေတြ လိုအပ္ေနတယ္လို႔ ဒီဂီယာက ေထာက္ျပလာေပမယ့္ ဆိုးရွားကေတာ့ ေပါ့ဘာ ျပန္လာရင္ ကမၻာ့အဆင့္ ကစားသမားသစ္ တစ္ဦး လက္မွတ္ထိုး ေခၚယူျခင္းနဲ႕ တူတူပဲ လို႔ အေကာငး္ ျမင္ထားပါတယ္။