ဒီအပတ်မှာတော့ ယူနိုက်တက်ဟာ အက်စတွန်ဗီလာကို အိမ်ကွင်းမှာ ဧည့်ခံယှဉ်ပြိုင်ရမှာဖြစ်ပြီး သေချာပေါက် အနိုင်ရလဒ်ကို ရယူနိုင်မှ ဖိအားတွေကနေ ရုန်းထွက်နိုင်မှာဖြစ်ပါတယ်။

မကြာသေးခင်ကပဲ ပိုချက်တီနို ရာထူးကနေ ထုတ်ပယ်ခံခဲ့ရသလို မနေ့တုန်းက အမ်မရီ ရာထူးက ထုတ်ခံရလို့ မန်နေဂျာဆိုးရှားဟာ ဖိအားတွေ စတင်ရရှိနေပါပြီ။ ပရိသတ်တွေဘက်က ပြိုင်ဘက်အသင်းတွေရဲ့ အနေအထားကို မြင်ထားပြီဖြစ်လို့ ဒီပွဲကို အရေးနိမ့်မယ်ဆိုရင် ဆိုးရှားအပေါ် စိတ်ရှည်မှုတွေ ပေးကြတော့မှာ မဟုတ်ပါဘူး။

ယူနိုက်တက်ရဲ့ အရေးကြီး ပွဲတစ်ပွဲဖြစ်လာနိုင်တဲ့ ဗီလာနဲ့ပွဲကို လော်ရိုးက ” ကျနော်က ဗီလာရဲ့ ခြေစွမ်းကို ကောင်းကောင်းကြီး မြင်ထားပြီဖြစ်လို သူတို့က အဆင်ပြေမှာဖြစ်ပြီး တန်းဆင်းရမယ့် အနေအထားကနေ ရှောင်လွဲနိုင်မှာ ဖြစ်ပါတယ်။ ယူနိုက်တက်နဲ့ဆိုရင်တော့ ဒီပွဲက ခက်ခဲတဲ့ပွဲတစ်ပွဲ ဖြစ်လာပါလိမ့်မယ်။

ဒင်္ဂါးတစ်ပြားရဲ့ ခေါင်းနဲ့ ကျောလိုပါပဲ။ တစ်ဘက်မှာ အရမ်းကိုကောင်းတဲ့ အသင်းဖြစ်ပေမယ့် အခြားတစ်ဘက်မှာတော့ မတူညီတဲ့ အနေအထားဖြစ်ပါတယ်။ အရင်အပတ်က ရှက်ဖီးယူနိုက်တက်နဲ့ ယှဉ်ပြိုင်ရာမှာ မန်ယူနိုက်တက်ဟာ ရမှတ် တစ်မှတ်ကို ရယူနိုင်ခဲ့ပြီး ၃ မှတ်ရလောက်တဲ့ အနေအထားကိုတောင် ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ ဆိုးရှားနဲ့အတူ တိုးတက်မှုတွေအတွက် အလုပ်လုပ်ဆဲ ကာလမှာပဲ ရှိနေပါသေးတယ် ” လို့ သုံးသပ်သွားခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်နဲ့ ဗီလာပွဲအတွက် လော်ရိုးရဲ့ ပွဲရလဒ် ခန့်မှန်းကတော့ အိုထရတ်ဖိုဒ့်မှာ အိမ်ရှင်အသင်းက ၂-၀ နဲ့ အနိုရမယ်ဆိုပြီး ဖြစ်ပါတယ်။

ZAWGYI

ဒီအပတ္မွာေတာ့ ယူႏုိက္တက္ဟာ အက္စတြန္ဗီလာကို အိမ္ကြင္းမွာ ဧည့္ခံယွဥ္ျပိဳင္ရမွာျဖစ္ျပီး ေသခ်ာေပါက္ အႏုိင္ရလဒ္ကို ရယူႏုိင္မွ ဖိအားေတြကေန ရုန္းထြက္ႏုိင္မွာျဖစ္ပါတယ္။

မၾကာေသးခင္ကပဲ ပိုခ်က္တီႏို ရာထူးကေန ထုတ္ပယ္ခံခဲ့ရသလို မေန႔တုန္းက အမ္မရီ ရာထူးက ထုတ္ခံရလို႔ မန္ေနဂ်ာဆိုးရွားဟာ ဖိအားေတြ စတင္ရရွိေနပါျပီ။ ပရိသတ္ေတြဘက္က ျပိဳင္ဘက္အသင္းေတြရဲ႕ အေနအထားကို ျမင္ထားျပီျဖစ္လုိ႔ ဒီပြဲကို အေရးနိမ့္မယ္ဆိုရင္ ဆိုးရွားအေပၚ စိတ္ရွည္မႈေတြ ေပးၾကေတာ့မွာ မဟုတ္ပါဘူး။

ယူႏုိက္တက္ရဲ႕ အေရးၾကီး ပြဲတစ္ပြဲျဖစ္လာႏုိင္တဲ့ ဗီလာနဲ႔ပြဲကို ေလာ္ရိုးက ” က်ေနာ္က ဗီလာရဲ႕ ေျခစြမ္းကို ေကာင္းေကာင္းၾကီး ျမင္ထားျပီျဖစ္လုိ သူတို႔က အဆင္ေျပမွာျဖစ္ျပီး တန္းဆင္းရမယ့္ အေနအထားကေန ေရွာင္လြဲႏုိင္မွာ ျဖစ္ပါတယ္။ ယူႏုိက္တက္နဲ႔ဆိုရင္ေတာ့ ဒီပြဲက ခက္ခဲတဲ့ပြဲတစ္ပြဲ ျဖစ္လာပါလိမ့္မယ္။

ဒဂၤါးတစ္ျပားရဲ႕ ေခါင္းနဲ႔ ေက်ာလိုပါပဲ။ တစ္ဘက္မွာ အရမ္းကိုေကာင္းတဲ့ အသင္းျဖစ္ေပမယ့္ အျခားတစ္ဘက္မွာေတာ့ မတူညီတဲ့ အေနအထားျဖစ္ပါတယ္။ အရင္အပတ္က ရွက္ဖီးယူႏုိက္တက္နဲ႔ ယွဥ္ျပိဳင္ရာမွာ မန္ယူႏုိက္တက္ဟာ ရမွတ္ တစ္မွတ္ကို ရယူႏုိင္ခဲ့ျပီး ၃ မွတ္ရေလာက္တဲ့ အေနအထားကိုေတာင္ ပိုင္ဆုိင္ခဲ့တာျဖစ္ပါတယ္။ ဆိုးရွားနဲ႔အတူ တိုးတက္မႈေတြအတြက္ အလုပ္လုပ္ဆဲ ကာလမွာပဲ ရွိေနပါေသးတယ္ ” လို႔ သံုးသပ္သြားခဲ့တာျဖစ္ပါတယ္။

ယူႏုိက္တက္နဲ႔ ဗီလာပြဲအတြက္ ေလာ္ရိုးရဲ႕ ပြဲရလဒ္ ခန္႔မွန္းကေတာ့ အိုထရတ္ဖိုဒ့္မွာ အိမ္ရွင္အသင္းက ၂-၀ နဲ႔ အႏုိရမယ္ဆိုျပီး ျဖစ္ပါတယ္။