လီဗာပူးက စိတ်ဝင်းစားထားတဲ့ ပစ်မှတ်ကစားသမားက ရီးရဲလ်ကိုပဲ ပြောင်းမှာပါလို့ မိုနာကိုအသင်း ဥက္ကဌ ပြောဆို
မိုနာကိုအသင်း ဥက္ကဌဖြစ်သူ Vadim Vasilyev က ၄င်းတို့အသင်းရဲ့ တိုက်စစ်မှူးဟောင်းဖြစ်သူ အမ်ဘတ်ပီဟာ သူ့ကစားသမားဘဝမှာ ရီးရဲလ်မက်ဒရစ်အတွက် ကိုယ်စားပြုပေးဖို့ ဆန္ဒရှိသူဖြစ်ပြီး အနာဂတ်မှာ ရီးရဲလ်ကို ပြောင်းရွှေ့လိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။

အမ်ဘတ်ပီအကြောင်း ကောင်းကောင်းသိတဲ့ Vadim Vasilyev က လီဗာပူးဘက်က စိတ်ဝင်စားမှုတွေ ပြသခဲ့သလို လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်မန်နေဂျာ ဇီဒန်း အလိုရှိနေတဲ့ အမ်ဘတ်ပီရဲ့ အနာဂတ်နဲ့ ပက်သက်ပြီး ပြောဆိုရာမှာတော့ အချိန်တစ်ခုပဲ လိုတာဖြစ်ပြီး ပြင်သစ်သား တိုက်စစ်မှူးဟာ စပိန်ကိုပဲ ဦးစားပေး ရွေးချယ်မှာပါလို့ ဆိုပါတယ်။

ပြင်သစ်သတင်းဌာနကို ဖြေကြားမှု လုပ်ပေးရာမှာ မိုနာကို ဥက္ကဌက ” အမ်ဘတ်ပီက ရီးရဲလ်မက်ဒရစ်ကိုပဲ ပြောင်းပါလိမ့်မယ်။ ဘယ်အချိန်လဲဆိုတာ ကျနော် မသိပေမယ့် အဲ့တာက ဖြစ်လာမှာပါ။ ရီးရဲလ်မက်ဒရစ်က သူ့ဘဝအတွက် အရမ်းကို အရေးကြီးပါတယ်။ ၂၀၁၇ မှာတုန်းက ပီအက်ဂျီထက် ရီးရဲလ်မက်ဒရစ်က ပိုစိတ်ဝင်စားခဲ့ပေမယ့် သူက ပြင်သစ်ကနေ ထွက်သွားဖို့ စောသေးတယ်လို့ ကျနော်ကို ပြောခဲ့ပြီး ပဲရစ်က သူ့အိမ်ဖြစ်ခဲ့ပါတယ် ” လို့ ဆိုခဲ့တယ်။

ရီးရဲလ်မက်ဒစ်နဲ့ လီဗာပူးတို့ဟာ ပြင်သစ်ကလပ်နဲ့ အနာဂတ် မသေချာဖြစ်နေတဲ့ ကစားသမားကို စိတ်ဝင်စားမှု မြင့်မားတဲ့ အသင်းနှစ်သင်းဖြစ်ပြီး နှစ်သင်းလုံးကတော့ ပြင်သစ်သား တိုက်စစ်မှူးကို စိတ်ဝင်စားမှုတွေ ပြသထားခဲ့တယ်။ မန်နေဂျာ ယာဂင်ကလော့ပ်ကပဲ လီဗာပူးအတွက် အခက်အခဲက ကစားသမားကို ခေါ်ယူဖို့ ပြောင်းရွှေ့ကြေးဖြစ်ပြီး လုပ်ခလစာ ညိနှိုင်းလည်း ဖြစ်တယ်လို့ ဝန်ခံထားပါတယ်။

စပိန်ကလပ်ကလည်း အမ်ဘတ်ပီကို ခေါ်ယူဖို့ ပီအက်ဂျီနဲ့ ညိနှိုင်းဖို့ရာ ခက်ခဲမှာဖြစ်ပေမယ့် ၄င်းတို့က အခွန်နှုန်းထားအရ ကစားသမားကို လုပ်ခပိုင်းမှာ ပိုမိုပေးချေနိုင်စွမ်း ရှိထားတာလည်းဖြစ်တယ်။ မန်နေဂျာဇီဒန်းက တစ်နိုင်ငံတည်းသားကို မက်ဒရစ်အခြေစိုက်ကလပ်အတွက် ခေါ်ယူလိုနေပြီး ကမ္ဘာအကောင်းဆုံး တိုက်စစ်မှူးဖြစ်လာမယ့် အမ်ဘတ်ပီကို အလေးထားတဲ့ စကားတွေကို ပြောဆိုထားပါတယ်။

ZAWGYI