ဒီအပတ်မှာ အင်္ဂလန်ရဲ့ အစဉ်အလားအကြီးဆုံး ဒါဘီပွဲတွေထဲက တစ်ပွဲဖြစ်တဲ့ မာဆေးဆိုဒ်ဒါဘီအဖြစ် လီဗာပူးနဲ့ အဲဗာတန်တို့ဟာ အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်တယ်။

ဒီနှစ်သင်းဟာ အင်္ဂလန်ရဲ့ သက်တမ်းရင့် ကလပ်အသင်းတွေပီပီ နှစ်သင်းထိပ်တိုက်တွေ့တိုင်း ပြိုင်ဆိုင်မှု ပြင်းထန်လေ့ရှိပြီး ပွဲကောင်းတွေ ဖြစ်လေ့ရှိတာဖြစ်တယ်။ လီဗာပူးမြို့ခံ ကလပ်နှစ်သင်းဟာ တစ်သင်းကအနီ၊ တစ်သင်းကအပြာဖြစ်ပေမယ့် မိသားစုဆန်ပြီး ကွင်းထဲမှာဆိုရင်တော့ ကြီးကျယ်တဲ့ ရန်သူတွေဖြစ်လေ့ရှိပါတယ်။ အဆိုပါ ပွဲကို မိတ်ဆက်ပေးမယ့်သူက ‘the Voice of Anfield’ လို့ ထင်ရှားတဲ့ ဂျော့ဆပ်တန်ပဲဖြစ်ပါတယ်။

အသက် ၇၃ နှစ်အရွယ် ဂျော့ဆပ်တန်နဲ့ ပက်သက်ပြီး ထင်ရှားတာ နှစ်ချက်ရှိပါတယ်။ ပထမတစ်ချက်က သူဟာ အန်ဖီးကွင်းမှာ ၁၉၇၀ ခုနှစ်တွေကနေ စတင်ပြီး ကုန်ခဲ့တဲ့ ၄၉ ရာသီလုံးမှာ အန်းဖီးကွင်းက အစီအစဉ်ကြေညာသူအဖြစ် မိုက်ခရိုဖုန်းနဲ့ ဂီတပိုင်းဆိုင်ရာကို တာဝန်ယူ ဖွင့်လှစ်ပေးသူဖြစ်တယ်။ နောက်တစ်ချက်ကတော့ သူဟာ လီဗာပူးရဲ့ မဟာဂန္တဝင်ကြီးတွေဖြစ်တဲ့ ကီးဂန်း၊ တော့ဟက်၊ ဟိုက်ဝေးတို့ လီဗာပူးကို ခြေချခဲ့တဲ့ နှစ်မှာပဲ အန်ဖီးကွင်းမှာ သူ့တာဝန်ကို စယူခဲ့သူ လီဗာပူးရဲ့ ရှင်သန်နေသောသမိုင်းပဲ ဖြစ်ပါတယ်။

အန်ဖီးကွင်းက ပွဲနေ့တွေမှာ သွေးပူလေ့ကျင့်ရေးတွေ စတင်တဲ့အခါ သီချင်းသံတွေ ပျံ့လွှင့်လာတာကို ကြားရပါလိမ့်မယ် အဲ့သည်သီချင်းကတော့ ဆပ်တန် ဖွင့်ပေးတဲ့ သီချင်းတွေဖြစ်တယ်။ အရေးပါဆုံးဖြစ်တဲ့ ပွဲမစခင် You’ll Never Walk Alone သီချင်းကို ဖွင့်ပေးတဲ့ ပုဂ္ဂိုလ်ကလည်း ဆပ်တန်ပဲဖြစ်ပါတယ်။ အန်ဖီးကွင်းက အဓိက ပွဲကြည့်စင် လေးခုကနေ ထွက်ပေါ်လာတဲ့ အန်ဖီးရဲ့နှလုံးသားတွေဖြစ်တဲ့ ဂန္တဝင်တေးသွားတွေကို ဖွင့်လှစ်ပေးသူ အန်ဖီးရဲ့အသံပိုင်ရှင်က ဆပ်တန်ပဲဖြစ်ပါတယ်။

၁၉၈၉ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ဟေးဘရော့ဖြစ်ရပ်ဆိုးကို ကောင်ကောင်းကြီးမီခဲ့တဲ့ ဆပ်တန်ဟာ အန်ဖီးရဲ့ အထိမ်းအမှတ်ပွဲတွေမှာ ဘယ်လို ဂီတနဲ့ သံစဉ်တွေကို ဖွင့်လှစ်ပေးရမယ်ဆိုတာ ကောင်းကောင်းကြီး သိထားသူဖြစ်တယ်။ နှစ်ပေါင်း ၃၀ ကြာ တရားမျှတမှု ရှာဖွေခဲ့ကြတဲ့ လီဗာပူးမိသားစုတွေအတွက် ဝမ်းနည်းဖွယ်ဆုံးဖြတ်ချက်အဖြစ် တောင်ယော့ရှိုင်းယားရဲအရာရှိ David Duckenfield ဟာ အပြစ်မရှိပါဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တဲ့နောက် ရက်ပိုင်းအကြာမှာ အန်ဖီးမှာ ဘရိုက်တန်ကို ဧည့်ခံစဉ် ဆပ်တန်ဟာ အန်ဖီးကွင်းရဲ့ ဒေါသ၊ ဝမ်းနည်းမှုနဲ့ နာကျဉ်းမှုတွေနဲ့ဆိုင်တဲ့ သံစဉ်တွေကို ဖွင့်လှစ်ပေးခဲ့ပါတယ်။

“When you walk through a storm
“Hold your head up high
“And don’t be afraid of the dark…”

အဆိုပါ သံစဉ်ကိုတော့ ဆပ်တန်က အန်ဖီးကွင်းထံက ၅၀၀၀၀ ကျော်သော ပရိသတ်တွေ အတူတကွ သီဆိုဖို့ ဖွင့်လှစ်ပေးတတ်သူပါ။ သူ့မှာ အထင်ကရ သံစဉ်တွေ အများကြီးလည်း ရှိပါတယ်။ The Clash ရဲ့ ‘I Fought the Law’ သီချင်း၊ နောက် ‘He Ain’t Heavy, He’s My Brother’ အရေးပါတဲ့ ‘You’ll Never Walk Alone’ အဲ့တာတွေအပြင် ဟေးဆယ်ဖြစ်ရပ် အမှတ်တရ ဟေးဘရော့ဖြစ်ရပ် အမှတ်တရတွေ အစရှိသဖြင့် သူမှာ အန်ဖီးကွင်းအတွက် ဖွင့်ပေးဖို့ သီချင်းတွေ အများကြီးရှိပါတယ်။

လီဗာပူးကို နှလုံးသားတည်းကချစ်တဲ့ ဆပ်တန်ဟာ ၁၉၇၁ ခုနှစ်ကနေစပြီး လီဗာပူးစီနီယာအသင်းနဲ့ အရန်အသင်းပွဲတွေမှာ အစီအစဉ်ကြေညာသူအဖြစ် တာဝန်ယူခဲ့သူဖြစ်တယ်။ မဟာဂန္တဝင်ကြီး ကီးဂန်းရဲ့ လီဗာပူးကစားသမားဘဝ ပွဲဦးထွက်ကို မိတ်ဆက်ပေးခဲ့တဲ့ သူဟာ သူတာဝန်ယူတဲ့ ကာလတစ်လျှောက်မှာ လီဗာပူးပွဲစဉ် အနည်းငယ်ကိုပဲ ပျက်ကွက်ခဲ့ဖူးသူဖြစ်ပါတယ်။ ၁၉၉၃ ခုနှစ်နောက်ပိုင်းမှာဆိုရင်လည်း သားဖြစ်သူ မင်္ဂလာဆောင်ပွဲလုပ်ခဲ့တဲ့ ၂၀၀၈ ခုနှစ်မှာ တစ်ကြိမ်ပျက်ကွက်ခဲ့ဖူးတာကလွဲလို့ ပွဲတိုင်းကို တက်ရောက်ပြီး သူ့တာဝန်ကို ထမ်းဆောင်ခဲ့ပါတယ်။

၂၀၀၈ ခုနှစ်က သားတော်မောင်ရဲ့ မင်္ဂလာဆောင်ကြောင့် အန်ဖီးကွင်းကို ဆပ်တန် မတက်ရောက်ခဲ့လို့ များစွာသော လီဗာပူးပရိသတ်တွေက သူ့သားထံ ဆပ်တန် အဆင်ပြေရဲ့လား? သူဘာလို့များ ပွဲကိုတက်ရောက်မကြည့်သလဲ? ဆိုတဲ့ စိုးရိမ်တကြီး သတင်းမေးစကားတွေက မင်္ဂလာဆောင်နေတဲ့ သားတော်မောင်ထံ ရောက်ရှိခဲ့ပါသေးတယ်။

အန်ဖီးကွင်းမှာ “ ကောင်းမွန်တဲ့ နေ့လည်ခင်းလေးပါ။ အမျိုးကောင်းသမီး၊ အမျိုးကောင်းသားနဲ့ အားလုံးသော ပရိသတ်အပေါင်းတို့ ” ဆိုတဲ့ နှုတ်ဆက်မှုနဲ့ စတင်တတ်တဲ့ ဆပ်တန်ဟာ သူကိုယ်တိုင်ကပဲ လီဗာပူးရဲ့ ရှင်သန်နေတဲ့ သမိုင်းအဖြစ် ကလပ်အသင်း သမိုင်းကြောင်းမှာ ပါဝင်ပေးနေတဲ့သူပါ။ နောက်ပြီး ပွဲပြီးသွားလို့ အားလုံးသော လီဗာပူးပရိသတ်တွေ အိမ်ကို ကောင်းကောင်းမွန်မွန် ပြန်ရောက်ကြပါစေကြောင်း နုတ်ခွန်းဆက်ပြီးမှ မိုက်ခရိုဖုန်းချတတ်သူကလည်း ဆပ်တန်ပဲဖြစ်တယ်။

ဆပ်တန်ဟာ လီဗာပူးကလပ်ရဲ့ သက်တမ်းအရင့်ဆုံး အမှုထမ်းတစ်ဦးဖြစ်ပြီး ကျော်ကြားလှတဲ့ လီဗာပူးဖွား ကစားသမားတွေဖြစ်တဲ့ ဖော်လာ၊ အိုဝင်တို့မှသည် ကျော်ကြားလှတဲ့ ကစားသမားတွေဖြစ် ဂျွန်ဘမ်း၊ ဖီးနေးတို့ကပါ သိကြသူဖြစ်တယ်။ ဒါပေမယ့် ဒီကနေ့ စီနီယာကစားသမားတွေကတော့ ဆပ်တန်ကို သိတဲ့သူ နည်းပါးလှပါတယ်။ အသက်အရွယ်ရနေပြီဖြစ်တဲ့ ဆပ်တန်ဟာ ပွဲနေ့တွေမှာ မနေနိုင် မထိုင်နိုင်ဖြစ်လှစွာပဲ မန်နေဂျာကြီး ယာဂင်ကလော့ပ်ကို မိတ်ဆက်ဖို့ ကြိုးစားခဲ့ပါတယ်။ ဆပ်တန်က သူ့လို အဖိုးကြီးကို ယာဂင်ကလော့ပ် သိမယ်လို့လည်း မယူဆပါဘူး မီဒီယာနဲ့ အင်တာဗျူးလုပ်အပြီး လျှေက်လမ်းကနေ လာနေတဲ့ ကလော့ပ်ကို သူဘယ်သူပါဆိုတာကို နုတ်ဆက်စကားပြောဖို့ လက်ကမ်းချိန်မှပဲ ယာဂင်ကလော့ပ်က ‘အိုး ခင်ဗျားက ကျော်ကြားလှတဲ့ အန်ဖီရဲ့ ပဲ့တင်သံပဲ’ လို့ လက်ဆွဲနုတ်ဆက်ခဲ့လို့ ဆပ်တန်က အံ့သြစွာနဲ့ ပီတိဖြစ်ခဲ့ရပါသေးတယ်။

အန်ဖီးကွင်း ဝန်ထမ်းတွေထံကနေ ဆပ်တန် ပြန်သိခဲ့ရတဲ့ လျှို့ဝှက်ချက်တစ်ခုကို သူကိုယ်တိုင် ပြန်ပြောခဲ့တာက ယာဂင်ကလော့ပ်ဟာ လီဗာပူးမန်နေဂျာအဖြစ် စီနီယာအသင်းကိုပဲ တာဝန်ယူသူမဟုတ်ပဲ ဒီဂျာမန်ာသား ဉာဏ်ကြီးရှင်ဟာ အန်ဖီးကွင်းက ဝန်ထမ်းတွေ အားလုံးနဲ့ သူတို့ရဲ့ လုပ်ငန်းတာဝန်တွေကိုလည်း တွဲပြီးသိတဲ့သူဖြစ်တယ်လို့ ဖြစ်တယ်။

သူဟာ မကြာခင်မှာတော့ အသက် ၇၄ နှစ် ပြည့်တေ့ာ့မှာဖြစ်တယ်။ ဆပ်တန်ဟာ လီဗာပူးအတွက် အမှုထမ်းရင်း အမှတ်ပေးဖလား ၁၁ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၆ ကြိမ်၊ အက်ဖ်ဖလား၊ ၆ ကြိမ်နဲ့ လိဂ်ဖလား ၈ ကြိမ်တို့ကို ကလပ်အသင်း အနိုင်ရခဲ့မှုအား မျက်မြင်ကိုယ်တွေ့ အားပေးခွင့်ရခဲ့သူလည်းဖြစ်ပါတယ်။

ဆပ်တန်က “ ဒီရာသီက ကျနော်ရဲ့ လီဗာပူး အမှုထမ်းဘဝ ၄၉ ရာသီမြောက်ပါ။ ရာသီ ၅၀ အထိ ကျနော် လုပ်လိုပါတယ်။ ဒါပေမယ့် ကျနေ်ာတို့အသင်းက Anfield Road ကိုလည်း ပြင်ဆင်တော့မှာပါ။ အဲ့ပွဲကြည်စင် ပြီးဆုံးတဲ့ထိ ဆက်ရှိရမှာကို နှစ်သက်ပါတယ်။ ဒီရာသီကိုပဲ အရင်ဆုံး ကျော်ဖြတ်ပါဦးမယ်။ ဒီနှစ်တော့ အမှတ်ပေးဖလားကို အနိုင်ရလိုပါတယ် ” လို့ ဖွင့်ဟခဲ့ပါသေးတယ်။

ဘဝတစ်ခုလုံး လီဗာပူးကို အားပေးခဲ့တဲ့ အန်ဖီးရဲ့ပဲ့တင်သံပိုင်ရှင် ဆပ်တန်ဟာ လီဗာပူးရဲ့ သမိုင်းဝင် သံစဉ်တွေကို ထိန်းသိမ်းစောက်ရှောက်သူဖြစ်ပြီး သူဖွင့်လှစ်ပေးနေတဲ့ သံစဉ်တွေက ပြီးဆုံးဖို့ အချိန် မတန်သေးပါဘူး။ ဒီတစ်ကြိမ် မာဆေးဆိုဒ်ဒါဘီမှသည် ရာသီကုန် သူမျှော်လင့်သလို လီဗာပူးအသင်း ကာလရှည် မျှော်လင့်ခဲ့တဲ့ အမှတ်ပေးဖလားကို အနိုင်ရတဲ့အခါ ဆပ်တန်ကတော့ သူ့တာဝန်အတိုင်း သီချင်းတွေနဲ့အတူ အန်ဖီးကွင်းရဲ့ပဲတင့်သံအဖြစ် အမှုတော် ထမ်းနေဦးမှာဖြစ်ပါတယ်။

ZAWGYI

ဒီအပတ္မွာ အဂၤလန္ရဲ႕ အစဥ္အလားအၾကီးဆံုး ဒါဘီပြဲေတြထဲက တစ္ပြဲျဖစ္တဲ့ မာေဆးဆိုဒ္ဒါဘီအျဖစ္ လီဗာပူးနဲ႔ အဲဗာတန္တို႔ဟာ အန္ဖီးကြင္းမွာ ယွဥ္ျပိဳင္ကစားၾကမွာျဖစ္တယ္။

ဒီႏွစ္သင္းဟာ အဂၤလန္ရဲ႕ သက္တမ္းရင့္ ကလပ္အသင္းေတြပီပီ ႏွစ္သင္းထိပ္တိုက္ေတြ႔တိုင္း ျပိဳင္ဆိုင္မႈ ျပင္းထန္ေလ့ရွိျပီး ပြဲေကာင္းေတြ ျဖစ္ေလ့ရွိတာျဖစ္တယ္။ လီဗာပူးျမိဳ႕ခံ ကလပ္ႏွစ္သင္းဟာ တစ္သင္းကအနီ၊ တစ္သင္းကအျပာျဖစ္ေပမယ့္ မိသားစုဆန္ျပီး ကြင္းထဲမွာဆိုရင္ေတာ့ ၾကီးက်ယ္တဲ့ ရန္သူေတြျဖစ္ေလ့ရွိပါတယ္။ အဆိုပါ ပြဲကို မိတ္ဆက္ေပးမယ့္သူက ‘the Voice of Anfield’ လို႔ ထင္ရွားတဲ့ ေဂ်ာ့ဆပ္တန္ပဲျဖစ္ပါတယ္။

အသက္ ၇၃ ႏွစ္အရြယ္ ေဂ်ာ့ဆပ္တန္နဲ႔ ပက္သက္ျပီး ထင္ရွားတာ ႏွစ္ခ်က္ရွိပါတယ္။ ပထမတစ္ခ်က္က သူဟာ အန္ဖီးကြင္းမွာ ၁၉၇၀ ခုႏွစ္ေတြကေန စတင္ျပီး ကုန္ခဲ့တဲ့ ၄၉ ရာသီလံုးမွာ အန္းဖီးကြင္းက အစီအစဥ္ေၾကညာသူအျဖစ္ မိုက္ခရိုဖုန္းနဲ႔ ဂီတပိုင္းဆိုင္ရာကို တာဝန္ယူ ဖြင့္လွစ္ေပးသူျဖစ္တယ္။ ေနာက္တစ္ခ်က္ကေတာ့ သူဟာ လီဗာပူးရဲ႕ မဟာဂႏၱဝင္ၾကီးေတြျဖစ္တဲ့ ကီးဂန္း၊ ေတာ့ဟက္၊ ဟိုက္ေဝးတို႔ လီဗာပူးကို ေျခခ်ခဲ့တဲ့ ႏွစ္မွာပဲ အန္ဖီးကြင္းမွာ သူ႔တာဝန္ကို စယူခ့ဲသူ လီဗာပူးရဲ႕ ရွင္သန္ေနေသာသမိုင္းပဲ ျဖစ္ပါတယ္။

အန္ဖီးကြင္းက ပြဲေန႔ေတြမွာ ေသြးပူေလ့က်င့္ေရးေတြ စတင္တဲ့အခါ သီခ်င္းသံေတြ ပ်ံ႔လႊင့္လာတာကို ၾကားရပါလိမ့္မယ္ အဲ့သည္သီခ်င္းကေတာ့ ဆပ္တန္ ဖြင့္ေပးတဲ့ သီခ်င္းေတြျဖစ္တယ္။ အေရးပါဆံုးျဖစ္တဲ့ ပြဲမစခင္ You’ll Never Walk Alone သီခ်င္းကို ဖြင့္ေပးတဲ့ ပုဂၢိဳလ္ကလည္း ဆပ္တန္ပဲျဖစ္ပါတယ္။ အန္ဖီးကြင္းက အဓိက ပြဲၾကည့္စင္ ေလးခုကေန ထြက္ေပၚလာတဲ့ အန္ဖီးရဲ႕ႏွလံုးသားေတြျဖစ္တဲ့ ဂႏၱဝင္ေတးသြားေတြကို ဖြင့္လွစ္ေပးသူ အန္ဖီးရဲ႕အသံပိုင္ရွင္က ဆပ္တန္ပဲျဖစ္ပါတယ္။

၁၉၈၉ ခုႏွစ္မွာ ျဖစ္ပြားခဲ့တဲ့ ေဟးဘေရာ့ျဖစ္ရပ္ဆိုးကို ေကာင္ေကာင္းၾကီးမီခဲ့တဲ့ ဆပ္တန္ဟာ အန္ဖီးရဲ႕ အထိမ္းအမွတ္ပြဲေတြမွာ ဘယ္လို ဂီတနဲ႔ သံစဥ္ေတြကို ဖြင့္လွစ္ေပးရမယ္ဆိုတာ ေကာင္းေကာင္းၾကီး သိထားသူျဖစ္တယ္။ နွစ္ေပါင္း ၃၀ ၾကာ တရားမွ်တမႈ ရွာေဖြခဲ့ၾကတဲ့ လီဗာပူးမိသားစုေတြအတြက္ ဝမ္းနည္းဖြယ္ဆံုးျဖတ္ခ်က္အျဖစ္ ေတာင္ေယာ့ရိႈင္းယားရဲအရာရွိ David Duckenfield ဟာ အျပစ္မရွိပါဘူးဆိုတဲ့ ဆံုးျဖတ္ခ်က္ကို ခ်မွတ္ခဲ့တဲ့ေနာက္ ရက္ပိုင္းအၾကာမွာ အန္ဖီးမွာ ဘရိုက္တန္ကို ဧည့္ခံစဥ္ ဆပ္တန္ဟာ အန္ဖီးကြင္းရဲ႕ ေဒါသ၊ ဝမ္းနည္းမႈနဲ႔ နာက်ဥ္းမႈေတြနဲ႔ဆုိင္တဲ့ သံစဥ္ေတြကို ဖြင့္လွစ္ေပးခဲ့ပါတယ္။

“When you walk through a storm
“Hold your head up high
“And don’t be afraid of the dark…”

အဆိုပါ သံစဥ္ကိုေတာ့ ဆပ္တန္က အန္ဖီးကြင္းထံက ၅၀၀၀၀ ေက်ာ္ေသာ ပရိသတ္ေတြ အတူတကြ သီဆိုဖို႔ ဖြင့္လွစ္ေပးတတ္သူပါ။ သူ႔မွာ အထင္ကရ သံစဥ္ေတြ အမ်ားၾကီးလည္း ရွိပါတယ္။ The Clash ရဲ႕ ‘I Fought the Law’ သီခ်င္း၊ ေနာက္ ‘He Ain’t Heavy, He’s My Brother’ အေရးပါတဲ့ ‘You’ll Never Walk Alone’ အဲ့တာေတြအျပင္ ေဟးဆယ္ျဖစ္ရပ္ အမွတ္တရ ေဟးဘေရာ့ျဖစ္ရပ္ အမွတ္တရေတြ အစရွိသျဖင့္ သူမွာ အန္ဖီးကြင္းအတြက္ ဖြင့္ေပးဖို႔ သီခ်င္းေတြ အမ်ားၾကီးရွိပါတယ္။

လီဗာပူးကို ႏွလံုးသားတည္းကခ်စ္တဲ့ ဆပ္တန္ဟာ ၁၉၇၁ ခုႏွစ္ကေနစျပီး လီဗာပူးစီနီယာအသင္းနဲ႔ အရန္အသင္းပြဲေတြမွာ အစီအစဥ္ေၾကညာသူအျဖစ္ တာဝန္ယူခဲ့သူျဖစ္တယ္။ မဟာဂႏၱဝင္ၾကီး ကီးဂန္းရဲ႕ လီဗာပူးကစားသမားဘဝ ပြဲဦးထြက္ကို မိတ္ဆက္ေပးခဲ့တဲ့ သူဟာ သူတာဝန္ယူတဲ့ ကာလတစ္ေလွ်ာက္မွာ လီဗာပူးပြဲစဥ္ အနည္းငယ္ကုိပဲ ပ်က္ကြက္ခဲ့ဖူးသူျဖစ္ပါတယ္။ ၁၉၉၃ ခုႏွစ္ေနာက္ပိုင္းမွာဆိုရင္လည္း သားျဖစ္သူ မဂၤလာေဆာင္ပြဲလုပ္ခဲ့တဲ့ ၂၀၀၈ ခုႏွစ္မွာ တစ္ၾကိမ္ပ်က္ကြက္ခဲ့ဖူးတာကလြဲလို႔ ပြဲတိုင္းကို တက္ေရာက္ျပီး သူ႔တာဝန္ကို ထမ္းေဆာင္ခဲ့ပါတယ္။

၂၀၀၈ ခုႏွစ္က သားေတာ္ေမာင္ရဲ႕ မဂၤလာေဆာင္ေၾကာင့္ အန္ဖီးကြင္းကို ဆပ္တန္ မတက္ေရာက္ခဲ့လုိ႔ မ်ားစြာေသာ လီဗာပူးပရိသတ္ေတြက သူ႔သားထံ ဆပ္တန္ အဆင္ေျပရဲ႕လား? သူဘာလို႔မ်ား ပြဲကိုတက္ေရာက္မၾကည့္သလဲ? ဆိုတဲ့ စိုးရိမ္တၾကီး သတင္းေမးစကားေတြက မဂၤလာေဆာင္ေနတဲ့ သားေတာ္ေမာင္ထံ ေရာက္ရွိခဲ့ပါေသးတယ္။

အန္ဖီးကြင္းမွာ “ ေကာင္းမြန္တဲ့ ေန႔လည္ခင္းေလးပါ။ အမ်ိဳးေကာင္းသမီး၊ အမ်ိဳးေကာင္းသားနဲ႔ အားလုံုးေသာ ပရိသတ္အေပါင္းတို႔ ” ဆိုတဲ့ ႏႈတ္ဆက္မႈနဲ႔ စတင္တတ္တဲ့ ဆပ္တန္ဟာ သူကိုယ္တုိင္ကပဲ လီဗာပူးရဲ႕ ရွင္သန္ေနတဲ့ သမိုင္းအျဖစ္ ကလပ္အသင္း သမိုင္းေၾကာင္းမွာ ပါဝင္ေပးေနတဲ့သူပါ။ ေနာက္ျပီး ပြဲျပီးသြားလို႔ အားလံုးေသာ လီဗာပူးပရိသတ္ေတြ အိမ္ကို ေကာင္းေကာင္းမြန္မြန္ ျပန္ေရာက္ၾကပါေစေၾကာင္း ႏုတ္ခြန္းဆက္ျပီးမွ မုိက္ခရိုဖုန္းခ်တတ္သူကလည္း ဆပ္တန္ပဲျဖစ္တယ္။

ဆပ္တန္ဟာ လီဗာပူးကလပ္ရဲ႕ သက္တမ္းအရင့္ဆံုး အမႈထမ္းတစ္ဦးျဖစ္ျပီး ေက်ာ္ၾကားလွတဲ့ လီဗာပူးဖြား ကစားသမားေတြျဖစ္တဲ့ ေဖာ္လာ၊ အိုဝင္တို႔မွသည္ ေက်ာ္ၾကားလွတဲ့ ကစားသမားေတြျဖစ္ ဂၽြန္ဘမ္း၊ ဖီးေနးတို႔ကပါ သိၾကသူျဖစ္တယ္။ ဒါေပမယ့္ ဒီကေန႔ စီနီယာကစားသမားေတြကေတာ့ ဆပ္တန္ကို သိတဲ့သူ နည္းပါးလွပါတယ္။ အသက္အရြယ္ရေနျပီျဖစ္တဲ့ ဆပ္တန္ဟာ ပြဲေန႔ေတြမွာ မေနႏုိင္ မထိုင္ႏုိင္ျဖစ္လွစြာပဲ မန္ေနဂ်ာၾကီး ယာဂင္ကေလာ့ပ္ကို မိတ္ဆက္ဖို႔ ၾကိဳးစားခဲ့ပါတယ္။ ဆပ္တန္က သူ႔လို အဖိုးၾကီးကို ယာဂင္ကေလာ့ပ္ သိမယ္လို႔လည္း မယူဆပါဘူး မီဒီယာနဲ႔ အင္တာဗ်ဴးလုပ္အျပီး ေလွ်က္လမ္းကေန လာေနတဲ့ ကေလာ့ပ္ကို သူဘယ္သူပါဆိုတာကို ႏုတ္ဆက္စကားေျပာဖို႔ လက္ကမ္းခ်ိန္မွပဲ ယာဂင္ကေလာ့ပ္က ‘အိုး ခင္ဗ်ားက ေက်ာ္ၾကားလွတဲ့ အန္ဖီရဲ႕ ပဲ့တင္သံပဲ’ လို႔ လက္ဆြဲႏုတ္ဆက္ခဲ့လုိ႔ ဆပ္တန္က အံ့ၾသစြာနဲ႔ ပီတိျဖစ္ခဲ့ရပါေသးတယ္။

အန္ဖီးကြင္း ဝန္ထမ္းေတြထံကေန ဆပ္တန္ ျပန္သိခဲ့ရတဲ့ လွ်ိဳ႕ဝွက္ခ်က္တစ္ခုကို သူကိုယ္တိုင္ ျပန္ေျပာခဲ့့တာက ယာဂင္ကေလာ့ပ္ဟာ လီဗာပူးမန္ေနဂ်ာအျဖစ္ စီနီယာအသင္းကိုပဲ တာဝန္ယူသူမဟုတ္ပဲ ဒီဂ်ာမန္ာသား ဥာဏ္ၾကီးရွင္ဟာ အန္ဖီးကြင္းက ဝန္ထမ္းေတြ အားလံုးနဲ႔ သူတို႔ရဲ႕ လုပ္ငန္းတာဝန္ေတြကိုလည္း တြဲျပီးသိတဲ့သူျဖစ္တယ္လို႔ ျဖစ္တယ္။

သူဟာ မၾကာခင္မွာေတာ့ အသက္ ၇၄ ႏွစ္ ျပည့္ေတ့ာ့မွာျဖစ္တယ္။ ဆပ္တန္ဟာ လီဗာပူးအတြက္ အမႈထမ္းရင္း အမွတ္ေပးဖလား ၁၁ ၾကိမ္၊ ခ်န္ပီယံလိဂ္ဖလား ၆ ၾကိမ္၊ အက္ဖ္ဖလား၊ ၆ ၾကိမ္နဲ႔ လိဂ္ဖလား ၈ ၾကိမ္တို႔ကို ကလပ္အသင္း အႏုိင္ရခဲ့့မႈအား မ်က္ျမင္ကိုယ္ေတြ႔ အားေပးခြင့္ရခဲ့သူလည္းျဖစ္ပါတယ္။

ဆပ္တန္က “ ဒီရာသီက က်ေနာ္ရဲ႕ လီဗာပူး အမႈထမ္းဘဝ ၄၉ ရာသီေျမာက္ပါ။ ရာသီ ၅၀ အထိ က်ေနာ္ လုပ္လိုပါတယ္။ ဒါေပမယ့္ က်ေန္ာတုိ႔အသင္းက Anfield Road ကိုလည္း ျပင္ဆင္ေတာ့မွာပါ။ အဲ့ပြဲၾကည္စင္ ျပီးဆံုးတဲ့ထိ ဆက္ရွိရမွာကို ႏွစ္သက္ပါတယ္။ ဒီရာသီကိုပဲ အရင္ဆံုး ေက်ာ္ျဖတ္ပါဦးမယ္။ ဒီႏွစ္ေတာ့ အမွတ္ေပးဖလားကို အႏုိင္ရလိုပါတယ္ ” လို႔ ဖြင့္ဟခဲ့ပါေသးတယ္။

ဘဝတစ္ခုလံုး လီဗာပူးကို အားေပးခဲ့တဲ့ အန္ဖီးရဲ႕ပဲ့တင္သံပိုင္ရွင္ ဆပ္တန္ဟာ လီဗာပူးရဲ႕ သမိုင္းဝင္ သံစဥ္ေတြကို ထိန္းသိမ္းေစာက္ေရွာက္သူျဖစ္ျပီး သူဖြင့္လွစ္ေပးေနတဲ့ သံစဥ္ေတြက ျပီးဆံုးဖို႔ အခ်ိန္ မတန္ေသးပါဘူး။ ဒီတစ္ၾကိမ္ မာေဆးဆိုဒ္ဒါဘီမွသည္ ရာသီကုန္ သူေမွ်ာ္လင့္သလိုု လီဗာပူးအသင္း ကာလရွည္ ေမွ်ာ္လင့္ခဲ့တဲ့ အမွတ္ေပးဖလားကို အႏုိင္ရတဲ့အခါ ဆပ္တန္ကေတာ့ သူ႔တာဝန္အတိုင္း သီခ်င္းေတြနဲ႔အတူ အန္ဖီးကြင္းရဲ႕ပဲတင့္သံအျဖစ္ အမႈေတာ္ ထမ္းေနဦးမွာျဖစ္ပါတယ္။