အာဆင်နယ်အသင်း ရလဒ်တွေမှာ ရုန်းကန်နေရခြင်းအတွက် ခံစစ်က အဓိကပြဿနာဖြစ်နေသလို တိုက်စစ်ကို ပံ့ပိုးပေးမှုနဲ့ ခံစစ်ကို ကာကွယ်ပေးမှုတွေကြားက ကွင်းလယ်ရဲ့ ဟန်ချက်မညီမှုကလဲ အာဆင်နယ် နောက်တန်းကို ပြဿနာဖြစ်စေခဲ့တာပါ။

ပြီးခဲ့တဲ့ အမှတ်ပေးပွဲအဖြစ် ဝက်ဖို့ဒ်ကို ကန်သွင်းမှု ၃၁ ကြိမ် ခွင့်ပြုခဲ့ရပြီး ဆောက်သမ်တန်ကို ၂၁ ကြိမ် ခွင့်ပြုခဲ့ရတာက ခံစစ်ကို အကာအကွယ်ပေးဖို့ရာ ကွင်းလယ်မှာ ကြီးမားတဲ့ ပြဿနာရှိနေတယ်ဆိုတာ ပြသတာပါ။ ပြိုင်ဘက် အသင်းတွေဟာ အာဆင်နယ်ကို လွယ်လွယ် ထိူးဖောက်ပြီး ခံစစ်ဆီ တန်းသွားကာ အခွင့်အရေးတွေ ဖန်တီးနိုင်နေတာ ဖြစ်ပါတယ်။ လီနိုဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ကာကွယ်မှု ၅၈ ကြိမ် လုပ်ခဲ့ရပြီး ဘယ်ဂိုးသမားမှ သူ့လောက် မလုပ်ရပါဘူး။

မနှစ်က အာဆင်နယ်ဟာ တော်ရဲရားကို ခေါ်ယူပြီး ကွင်းလယ်ခံစစ်အတွက် စိတ်ချရပြီထင်ခဲ့တာပါ။ ဥရုဂွေးသားဟာ ခံစစ်ကြောင်းရှေ့မှာ နေရာယူပြီး ကွင်းလယ်တံတိုင်းအဖြစ် ထူးထူးခြားခြား လုပ်ပြခဲ့ပေမယ့် ဒုတိယရာသီဝက်အတွင်း ခြေစွမ်းတွေ ထိုးကျသွားခဲ့တာဖြစ်ပါတယ်။ ထိပ်တန်းကစားသမားဖြစ်လာဖို့ ခြေစွမ်းတည်ငြိမ်မှုက အရေးကြီးဆုံးဖြစ်ပြီး တော်ရဲရားဟာ သူ့ရဲ့ အလားအလာကို ပြသနိုင်ပေမယ့် တည်ငြိမ်တဲ့ခြေစွမ်းကို ထိန်းသိမ်းဖို့ လိုအပ်ခဲ့ပါတယ်။

ဒီနှစ်မှာတော့ အမ်မရီက တော်ရဲရားဟာ ကွင်းလယ်ခံစစ် တစ်ယောက်အနေနဲ့ လုံလောက်တဲ့ ဘောလုံးကျွမ်းကျင်မှုမျို းမရှိဘူးလို့ ယုံကြည်နေတာနဲ့အတူ တော်ရဲရားက ကွင်းလယ်ခံစစ်ကနေ ရှေ့ကိုပိုနည်းနည်းနေရာယူကာ ပိုပြီး တိုက်စစ် ကူညီရတဲ့နေရာမှာ ကစားခဲ့ရတာပါ။ ဘာကြောင့်လဲဆိုတော့ အထိုင်နေရာကနေပြီး သူ့ရဲ့ဘောလုံးဖြန့်ပေးမှုက တိုက်စစ်စတင်ဖို့အတွက် မလုံလောက်ကြောင်း စပိန်သားကြီးက ယူဆခြင်းကြောင့် ဖြစ်ပါတယ်။ ရလဒ်အနေနဲ့ တော်ရဲရားဟာ ပုံစံကောင်းတွေ ပျောက်ဆုံးလာပြီး ခံစစ်ဒိုင်းလို သူ့ရဲ့အရည်အသွေးတွေကို အာဆင်နယ် လွဲချော်ခဲ့ရပါတယ်။

လက်ရှိ အသင်းရဲ့ ကွင်းလယ်မှာ လှုပ်ရှားရုန်းကန်နိုင်စွမ်း ကင်းမဲ့ပြီး ရှာကာနဲ့ ဂွမ်ဒူဇီ တစ်ယောက်မှ ခံစစ်ကို ကာကွယ်မှု မပေးနိုင်ပါဘူး။ အာဆင်နယ်ရဲ့ ပြပဿနာကြီးတွေအကြောင်း ယွန်းဘတ်က ပြောဆိုခဲ့ပြီး ဒါက သေချာပေါက် ကွင်းလယ်ပဲ ဖြစ်ပါတယ်။ ကွင်းလယ်လူတွေ ဘောလုံးဆုံးရှုံးရတဲ့အခါ အာဆင်နယ် ခံစစ်က လုံးဝကို ပွင့်နေခဲ့တာပါ။ အသင်းကို ပိုပြီးကျစ်လျစ်အောင် နည်းလမ်းရှာရမှာဖြစ်ပြီး ဒါဆိုရင် ဆိုးဝါးတဲ့ ခံစစ်က အရင်ကထက် ကာကွယ်မှု ပိုရနိုင်ပါတယ်။

ယွန်းဘတ် အဖြေထုတ်ရမယ့် အဓိကနေရာက ကွင်းလယ်ခံစစ်ကို ခိုင်မာအောင် ဘယ်လိုလုပ်မလဲဆိုတာဖြစ်ပြီး ဂန်းနားအသင်းထံ ရောက်ရောက်ခြင်းမှာပဲ ပြသထားတဲ့ အလားအလာတွေအရ တော်ရဲရားဟာ အဆိုပါနေရာအတွက် ကောင်းမွန်တဲ့ အသင်းသားတစ်ဦးဖြစ်တယ်။ ခံစစ်အထိုင် တည်ငြိမ်ခြင်းမှာ အာဆင်နယ်ရဲ့ ရလဒ် ဘယ်လောက်ထိ သက်ရောက်မှုကြီးမလဲဆိုတာကို စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

ZAWGYI

အာဆင္နယ္အသင္း ရလဒ္ေတြမွာ ရုန္းကန္ေနရျခင္းအတြက္ ခံစစ္က အဓိကျပႆနာျဖစ္ေနသလို တိုက္စစ္ကို ပံ႔ပိုးေပးမႈနဲ႔ ခံစစ္ကို ကာကြယ္ေပးမႈေတြၾကားက ကြင္းလယ္ရဲ႕ ဟန္ခ်က္မညီမႈကလဲ အာဆင္နယ္ ေနာက္တန္းကို ျပႆနာျဖစ္ေစခဲ့တာပါ။

ျပီးခဲ့တဲ့ အမွတ္ေပးပြဲအျဖစ္ ဝက္ဖို႔ဒ္ကို ကန္သြင္းမႈ ၃၁ ႀကိမ္ ခြင့္ျပဳခဲ့ရၿပီး ေဆာက္သမ္တန္ကို ၂၁ ႀကိမ္ ခြင့္ျပဳခဲ့ရတာက ခံစစ္ကို အကာအကြယ္ေပးဖို႔ရာ ကြင္းလယ္မွာ ႀကီးမားတဲ့ ျပႆနာရွိေနတယ္ဆိုတာ ျပသတာပါ။ ၿပိဳင္ဘက္ အသင္းေတြဟာ အာဆင္နယ္ကို လြယ္လြယ္ ထိူးေဖာက္ၿပီး ခံစစ္ဆီ တန္းသြားကာ အခြင့္အေရးေတြ ဖန္တီးႏိုင္ေနတာ ျဖစ္ပါတယ္။ လီႏိုဟာ ဒီရာသီ ပရီးမီးယားလိဂ္မွာ ကာကြယ္မႈ ၅၈ ႀကိမ္ လုပ္ခဲ့ရၿပီး ဘယ္ဂိုးသမားမွ သူ႔ေလာက္ မလုပ္ရပါဘူး။

မႏွစ္က အာဆင္နယ္ဟာ ေတာ္ရဲရားကို ေခၚယူၿပီး ကြင္းလယ္ခံစစ္အတြက္ စိတ္ခ်ရၿပီထင္ခဲ့တာပါ။ ဥ႐ုေဂြးသားဟာ ခံစစ္ေၾကာင္းေရွ႕မွာ ေနရာယူၿပီး ကြင္းလယ္တံတိုင္းအျဖစ္ ထူးထူးျခားျခား လုပ္ျပခဲ့ေပမယ့္ ဒုတိယရာသီဝက္အတြင္း ေျခစြမ္းေတြ ထိုးက်သြားခဲ့တာျဖစ္ပါတယ္။ ထိပ္တန္းကစားသမားျဖစ္လာဖို႔ ေျခစြမ္းတည္ျငိမ္မႈက အေရးၾကီးဆံုးျဖစ္ျပီး ေတာ္ရဲရားဟာ သူ႔ရဲ႕ အလားအလာကို ျပသႏုိင္ေပမယ့္ တည္ျငိမ္တဲ့ေျခစြမ္းကို ထိန္းသိမ္းဖို႔ လိုအပ္ခဲ့ပါတယ္။

ဒီႏွစ္မွာေတာ့ အမ္မရီက ေတာ္ရဲရားဟာ ကြင္းလယ္ခံစစ္ တစ္ေယာက္အေနနဲ႔ လုံေလာက္တဲ့ ေဘာလုံးကြၽမ္းက်င္မႈမ်ိဳ းမရွိဘူးလို႔ ယုံၾကည္ေနတာနဲ႔အတူ ေတာ္ရဲရားက ကြင္းလယ္ခံစစ္ကေန ေရွ႔ကိုပိုနည္းနည္းေနရာယူကာ ပိုၿပီး တိုက္စစ္ ကူညီရတဲ့ေနရာမွာ ကစားခဲ့ရတာပါ။ ဘာေၾကာင့္လဲဆိုေတာ့ အထိုင္ေနရာကေနျပီး သူ႔ရဲ႕ေဘာလုံးျဖန္႔ေပးမႈက တိုက္စစ္စတင္ဖို႔အတြက္ မလုံေလာက္ေၾကာင္း စပိန္သားၾကီးက ယူဆျခင္းေၾကာင့္ ျဖစ္ပါတယ္။ ရလဒ္အေနနဲ႔ ေတာ္ရဲရားဟာ ပုံစံေကာင္းေတြ ေပ်ာက္ဆုံးလာၿပီး ခံစစ္ဒိုင္းလို သူ႔ရဲ႕အရည္အေသြးေတြကို အာဆင္နယ္ လြဲေခ်ာ္ခဲ့ရပါတယ္။

လက္ရွိ အသင္းရဲ႕ ကြင္းလယ္မွာ လႈပ္ရွား႐ုန္းကန္ႏိုင္စြမ္း ကင္းမဲ့ၿပီး ရွာကာနဲ႔ ဂြမ္ဒူဇီ တစ္ေယာက္မွ ခံစစ္ကို ကာကြယ္မႈ မေပးႏိုင္ပါဘူး။ အာဆင္နယ္ရဲ႕ ျပပႆနာႀကီးေတြအေၾကာင္း ယြန္းဘတ္က ေျပာဆိုခဲ့ၿပီး ဒါက ေသခ်ာေပါက္ ကြင္းလယ္ပဲ ျဖစ္ပါတယ္။ ကြင္းလယ္လူေတြ ေဘာလုံးဆုံးရႈံးရတဲ့အခါ အာဆင္နယ္ ခံစစ္က လုံးဝကို ပြင့္ေနခဲ့တာပါ။ အသင္းကို ပိုၿပီးက်စ္လ်စ္ေအာင္ နည္းလမ္းရွာရမွာျဖစ္ၿပီး ဒါဆိုရင္ ဆိုးဝါးတဲ့ ခံစစ္က အရင္ကထက္ ကာကြယ္မႈ ပိုရႏိုင္ပါတယ္။

ယြန္းဘတ္ အေျဖထုတ္ရမယ့္ အဓိကေနရာက ကြင္းလယ္ခံစစ္ကို ခိုင္မာေအာင္ ဘယ္လိုလုပ္မလဲဆိုတာျဖစ္ျပီး ဂန္းနားအသင္းထံ ေရာက္ေရာက္ျခင္းမွာပဲ ျပသထားတဲ့ အလားအလာေတြအရ ေတာ္ရဲရားဟာ အဆုိပါေနရာအတြက္ ေကာင္းမြန္တဲ့ အသင္းသားတစ္ဦးျဖစ္တယ္။ ခံစစ္အထိုင္ တည္ျငိမ္ျခင္းမွာ အာဆင္နယ္ရဲ႕ ရလဒ္ ဘယ္ေလာက္ထိ သက္ေရာက္မႈၾကီးမလဲဆိုတာကို ေစာင့္ၾကည့္ရမွာပဲ ျဖစ္ပါတယ္။