အမှတ်ပေးဇယားကို ကြည့်မယ်ဆိုရင် လီဗာပူးက မြို့ခံပြိုင်ဘက် အဲဗာတန်ကို ရမှတ် ၂၆ မှတ်တောင် ဖြတ်ထားပြီး အမှတ်ပေးဇယားကို ဦးဆောင်သူလည်းဖြစ်နေလို့ ဒီတစ်ကြိမ် တွေ့ဆုံမှုက စိတ်ဝင်စားစရာမရှိတဲ့ သာမာန်ပွဲလေးတစ်ပွဲလို့ ယူဆကြမှုတွေရှိလာရင် အဲ့သည်သူက လီဗာပူးပွဲကို သိပ်မသိသူဖြစ်လို့ပါပဲ။

ဒီအယူအဆကို ထုတ်ပြောတဲ့သူက ယာဂင်ကလော့ပ်ပဲဖြစ်တယ်။ အဲဗာတန်က တန်းဆင်းဇုန်ကို ရောက်လုနီးနီး အနေအထားမှာ ရှိနေပြီး လီဗာပူးကို ဒီတစ်ကြိမ် အဝေးကွင်းမှာ အရေးနိမ့်မယ်ဆိုရင် တန်းဆင်းဇုန်ကို ရောက်သွားမယ့် အနေအထားဖြစ်တယ်။ လီဗာပူးအတွက်ကတော့ အမှတ်ပေးဇယားကို ဆက်လက် ဦးဆောင်ပြီး ခေါင်းမော့နေနိုင်မယ့် အခြေအနေဖြစ်တယ်။ ဒါဟာ ဘောလုံးပွဲအကြောင်းမသိတဲ့ သာမာန်ပရိသတ်တစ်ဦးရဲ့ အမြင်ဆိုရင်တော့ ဟုတ်ပါတယ်။

လီဗာပူးနဲ့ ယာဂင်ကလော့ပ်အတွက်ကတော့ မာဆေးဆိုဒ်ဒါဘီက အမှတ်ပေးပွဲတွေထဲကမှ သီးခြားခွဲထွက်နေတဲ့ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ မဟာဒါဘီပွဲဖြစ်ပါတယ်။ ဒီပွဲမှာ လီဗာပူးကို ရလဒ်ကောင်းရအောင် ယူနိုင်ရုံနဲ့တင် အဲဗာတန်ရဲ့ ပြဿနာ အားလုံးနီးပါး ဖြေရှင်းပြီး ဖြစ်သွားမှာဖြစ်သလို သူတို့ရဲ့ ရှင်သန်မှုမှာ နာကျင်ရမှုတွေနဲ့ လီဗာပူးက ခံစားသွားရမှာဖြစ်တယ်။ ဒါကို ကလော့ပ်က သတိပေးပါပါတယ်။

“ ကျနော်တို့ရဲ့ အခြေအနေ အားလုံးအရ ဒီတစ်ပွဲတည်းကို စိတ်မဝင်စားပဲ ဒီတစ်ပွဲတည်းနဲ့ ဘာတစ်ခုမှ ဖြစ်လာမှာ မဟုတ်ဘူးလို့ ထင်နေကြတယ်။ ဒေါ့မွန်မှာ ရှော်ကေးကို ရင်ဆိုင်ကစားမှုနဲ့အတူ ဒီအခြေအနေမျိုးကို ကျနော် ရင်ဆိုင်ခဲ့ဖူးပါတယ်။ ပထမ နှစ်နှစ်လောက်မှာ သူတို့ထက် ကျနေ်ာတို့က ပိုဆိုးတဲ့ အခြေအနေကို ရောက်နေတာပါ။ ဒါပေမယ့် သူတို့နဲ့ ရင်ဆိုင်ကစားတဲ့ ဒါဘီပွဲ တစ်ပွဲတည်းကို နိုင်လိုက်တာက ကျနေ်ာတို့ကို အများကြီး အကျိုးဖြစ်စေတယ်။

နောက်တော့ ကျနေ်ာတို့က သူတို့ထက် ပိုကောင်းတဲ့ အနေအထားကို အမြဲတမ်း ရောက်လာခဲ့တယ်။ ဒီတော့ သူတို့ကလည်း ကျနေ်ာတို့ကို အနိုင်ယူရင်ကိုပဲ သူတို့ပြဿနာ အားလုံးရဲ့ ၈၀% လောက်ကို ဖြေရှင်းနိုင်သလို သဘောထားလာကြတယ်။ ဒါဘီပွဲတွေက တကယ်ကို ချွင်းချက်ပွဲတွေပါ။ ဒီပွဲတွေက အမြဲတမ်း ဒီလိုပါပဲ ဒါကို ပြောင်းလဲလို့ မရနိုင်ပါဘူး ” လို့ ကလော့ပ်က ရှင်းပြခဲ့တယ်။

လီဗာပူးနဲ့ အဲဗာတန်တို့ဟာ ဒီတစ်ရာသီတည်းအတွက် ယှဉ်ပြိုင်လာတာ မဟုတ်ပါဘူး။ မာဆေးဆိုဒ်ဒါဘီဆိုတာက နှစ်ပေါင်းများစွာ သမိုင်းနဲ့ချီပြီး ယှဉ်ပြိုင်လာကြတာဖြစ်တယ်။ ဒီနှစ်တွေမှာ လီဗာပူးက အဲဗာတန်ကို ဖိနှိပ်ထားပြီး ဒီဖိနှိပ်မှုကနေ လွှတ်မြောက်ခွင့် မပေးပဲ ဆက်ချိုးနိမ့်ထားရမှာဖြစ်တယ်။

“ သမိုင်းတွေမှာ ကျနေ်ာတို့ မပါဝင်နိုင်ပါဘူး။ ပွဲမတိုင်ခင် သမိုင်းကြောင်းတွေအရ အချိန်အကြာကြီးမှာ ပထမဆုံး အနိုင်ရသူဖြစ်လာဖို့ သူတို့က ကြိုးစားလိုတာကြောင့် ယှဉ်ပြိုင်ရဖို့ရာ ကျနေ်ာတို့အတွက် ခက်ခဲစေပါတယ်။ အရင် နှစ်အနည်းငယ်မှာ အဲဗာတန်အသင်း လုပ်ပြလာတာက သူတို့ဟာ ရည်မှန်းချက်ကြီးတွေ ရှိနေတယ် ဆိုတာပါပဲ။ သူတို့က ရည်မှန်းချက်တွေရှိပါတယ်။ အဲ့သည် ရည်မှန်းချက်တွေအရ ကျနေ်ာတို့ကို သူတို့ အနိုင်ယူလိုနေပါတယ်။

ကျနေ်ာတို့ ပြသဖို့လိုပါတယ်။ ဘယ်သူတစ်ဦးမှလည်း သံသယရှိစရာ မလိုပါဘူး ဒါဘီပွဲမှာ သူတို့ကို အနိုင်ယူဖို့ဆိုတာ ကျနေ်ာတို့အတွက် ဘယ်လောက် ကြီးကျယ်တယ်ဆိုတာ ပြသရပါမယ်။ ဒါပေမယ့် မှန်ကန်တဲ့ နည်းလမ်းတွေနဲ့ပဲ ဖြစ်ရပါမယ်။ စစ်မှန်တဲ့ တိုက်ခိုက်မှု ဖြစ်လာမှာဖြစ်ပြီး ဒီပွဲအတွက် ကျနေ်ာတို့ အဆင်သင့် ဖြစ်ရပါမယ် ” လို့ ယာဂင်ကလော့ပ်က သတိပေးခဲ့တာဖြစ်ပါတယ်။

ZAWGYI

အမွတ္ေပးဇယားကို ၾကည့္မယ္ဆိုရင္ လီဗာပူးက ျမိဳ႕ခံျပိဳင္ဘက္ အဲဗာတန္ကို ရမွတ္ ၂၆ မွတ္ေတာင္ ျဖတ္ထားျပီး အမွတ္ေပးဇယားကို ဦးေဆာင္သူလည္းျဖစ္ေနလို႔ ဒီတစ္ၾကိမ္ ေတြ႔ဆံုမႈက စိတ္ဝင္စားစရာမရွိတဲ့ သာမာန္ပြဲေလးတစ္ပြဲလို႔ ယူဆၾကမႈေတြရွိလာရင္ အဲ့သည္သူက လီဗာပူးပြဲကို သိပ္မသိသူျဖစ္လို႔ပါပဲ။

ဒီအယူအဆကို ထုတ္ေျပာတဲ့သူက ယာဂင္ကေလာ့ပ္ပဲျဖစ္တယ္။ အဲဗာတန္က တန္းဆင္းဇုန္ကို ေရာက္လုနီးနီး အေနအထားမွာ ရွိေနျပီး လီဗာပူးကို ဒီတစ္ၾကိမ္ အေဝးကြင္းမွာ အေရးနိမ့္မယ္ဆိုရင္ တန္းဆင္းဇုန္ကို ေရာက္သြားမယ့္ အေနအထားျဖစ္တယ္။ လီဗာပူးအတြက္ကေတာ့ အမွတ္ေပးဇယားကို ဆက္လက္ ဦးေဆာင္ျပီး ေခါင္းေမာ့ေနႏုိင္မယ့္ အေျခအေနျဖစ္တယ္။ ဒါဟာ ေဘာလံုးပြဲအေၾကာင္းမသိတဲ့ သာမာန္ပရိသတ္တစ္ဦးရဲ႕ အျမင္ဆိုရင္ေတာ့ ဟုတ္ပါတယ္။

လီဗာပူးနဲ႔ ယာဂင္ကေလာ့ပ္အတြက္ကေတာ့ မာေဆးဆိုဒ္ဒါဘီက အမွတ္ေပးပြဲေတြထဲကမွ သီးျခားခြဲထြက္ေနတဲ့ ျပိဳင္ဆုိင္မႈ ျပင္းထန္တဲ့ မဟာဒါဘီပြဲျဖစ္ပါတယ္။ ဒီပြဲမွာ လီဗာပူးကို ရလဒ္ေကာင္းရေအာင္ ယူႏုိင္ရံုနဲ႔တင္ အဲဗာတန္ရဲ႕ ျပႆနာ အားလံုးနီးပါး ေျဖရွင္းျပီး ျဖစ္သြားမွာျဖစ္သလို သူတို႔ရဲ႕ ရွင္သန္မႈမွာ နာက်င္ရမႈေတြနဲ႔ လီဗာပူးက ခံစားသြားရမွာျဖစ္တယ္။ ဒါကို ကေလာ့ပ္က သတိေပးပါပါတယ္။

“ က်ေနာ္တုိ႔ရဲ႕ အေျခအေန အားလံုးအရ ဒီတစ္ပြဲတည္းကို စိတ္မဝင္စားပဲ ဒီတစ္ပြဲတည္းနဲ႔ ဘာတစ္ခုမွ ျဖစ္လာမွာ မဟုတ္ဘူးလို႔ ထင္ေနၾကတယ္။ ေဒါ့မြန္မွာ ေရွာ္ေကးကို ရင္ဆုိင္ကစားမႈနဲ႔အတူ ဒီအေျခအေနမ်ိဳးကို က်ေနာ္ ရင္ဆိုင္ခဲ့ဖူးပါတယ္။ ပထမ ႏွစ္ႏွစ္ေလာက္မွာ သူတို႔ထက္ က်ေန္ာတို႔က ပိုဆိုးတဲ့ အေျခအေနကို ေရာက္ေနတာပါ။ ဒါေပမယ့္ သူတို႔နဲ႔ ရင္ဆုိင္ကစားတဲ့ ဒါဘီပြဲ တစ္ပြဲတည္းကို ႏုိင္လိုက္တာက က်ေန္ာတို႔ကို အမ်ားၾကီး အက်ိဳးျဖစ္ေစတယ္။

ေနာက္ေတာ့ က်ေန္ာတုိ႔က သူတို႔ထက္ ပိုေကာင္းတဲ့ အေနအထားကို အျမဲတမ္း ေရာက္လာခဲ့တယ္။ ဒီေတာ့ သူတို႔ကလည္း က်ေန္ာတုိ႔ကို အႏိုင္ယူရင္ကိုပဲ သူတို႔ျပႆနာ အားလံုးရဲ႕ ၈၀% ေလာက္ကို ေျဖရွင္းႏုိင္သလို သေဘာထားလာၾကတယ္။ ဒါဘီပြဲေတြက တကယ္ကို ခၽြင္းခ်က္ပြဲေတြပါ။ ဒီပြဲေတြက အျမဲတမ္း ဒီလိုပါပဲ ဒါကို ေျပာင္းလဲလို႔ မရႏုိင္ပါဘူး ” လို႔ ကေလာ့ပ္က ရွင္းျပခဲ့တယ္။

လီဗာပူးနဲ႔ အဲဗာတန္တို႔ဟာ ဒီတစ္ရာသီတည္းအတြက္ ယွဥ္ျပိဳင္လာတာ မဟုတ္ပါဘူး။ မာေဆးဆိုဒ္ဒါဘီဆိုတာက ႏွစ္ေပါင္းမ်ားစြာ သမိုင္းနဲ႔ခ်ီျပီး ယွဥ္ျပိဳင္လာၾကတာျဖစ္တယ္။ ဒီႏွစ္ေတြမွာ လီဗာပူးက အဲဗာတန္ကို ဖိႏွိပ္ထားျပီး ဒီဖိႏွိပ္မႈကေန လႊတ္ေျမာက္ခြင့္ မေပးပဲ ဆက္ခ်ိဳးနိမ့္ထားရမွာျဖစ္တယ္။

“ သမိုင္းေတြမွာ က်ေန္ာတို႔ မပါဝင္ႏုိင္ပါဘူး။ ပြဲမတိုင္ခင္ သမုိင္းေၾကာင္းေတြအရ အခ်ိန္အၾကာၾကီးမွာ ပထမဆံုး အႏုိင္ရသူျဖစ္လာဖို႔ သူတို႔က ၾကိဳးစားလိုတာေၾကာင့္ ယွဥ္ျပိဳင္ရဖို႔ရာ က်ေန္ာတို႔အတြက္ ခက္ခဲေစပါတယ္။ အရင္ ႏွစ္အနည္းငယ္မွာ အဲဗာတန္အသင္း လုပ္ျပလာတာက သူတို႔ဟာ ရည္မွန္းခ်က္ၾကီးေတြ ရွိေနတယ္ ဆိုတာပါပဲ။ သူတုိ႔က ရည္မွန္းခ်က္ေတြရွိပါတယ္။ အဲ့သည္ ရည္မွန္းခ်က္ေတြအရ က်ေန္ာတို႔ကို သူတို႔ အႏုိင္ယူလိုေနပါတယ္။

က်ေန္ာတို႔ ျပသဖို႔လိုပါတယ္။ ဘယ္သူတစ္ဦးမွလည္း သံသယရွိစရာ မလိုပါဘူး ဒါဘီပြဲမွာ သူတို႔ကို အႏုိင္ယူဖို႔ဆိုတာ က်ေန္ာတို႔အတြက္ ဘယ္ေလာက္ ၾကီးက်ယ္တယ္ဆိုတာ ျပသရပါမယ္။ ဒါေပမယ့္ မွန္ကန္တဲ့ နည္းလမ္းေတြနဲ႔ပဲ ျဖစ္ရပါမယ္။ စစ္မွန္တဲ့ တိုက္ခိုက္မႈ ျဖစ္လာမွာျဖစ္ျပီး ဒီပြဲအတြက္ က်ေန္ာတို႔ အဆင္သင့္ ျဖစ္ရပါမယ္ ” လို႔ ယာဂင္ကေလာ့ပ္က သတိေပးခဲ့တာျဖစ္ပါတယ္။